Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၃ episode artwork

Feb 24, 2023 6 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၃

from DNA Podcast Hosted by delta news agency

ဗညားမော် နွေဦးလူထု အရေးတော်ပုံထဲ နှစ်ပတ် နှစ်ခါလည်ပြီးပြီ။ ရာဇပလ္လင် ခွေးတက်တဲ့ ဒီရက်စွဲ သုံးခါကြုံပြီးပြီ။ ကျွန်တော်တို့ တိုင်းပြည် နှစ်ပတ်လည် များတယ်။ ဒီနွေဦးမှာ သူရဲကောင်းတွေ ကြယ်လိုပျံတက်တဲ့ နှစ်လည်နေ့ ဘယ်လောက် ရှိပြီလဲ။ နွေဦးထဲက ကဗျာတွေအတွက်ကတော့ အနောက်မြောက်လွင်ပြင် ကဗျာဆရာတွေက စတယ်။ မတ်လ ၃ ရက် ကဗျာဆရာ ကေဇဝင်း၊ ကဗျာဆရာမ ကြည်လင်အေး။ ဈေးဦးပေါက်တယ် ဆိုတဲ့ စကားဟာ ဒီနေရာမှာ လားလားမှ မသင့်တော်။ နောက်ပိုင်း ရွှေဘိုက စစ်ကြောရေးမှာ ကဗျာဆရာ ခက်သီ။ ဒီတော့ ကဗျာတိုင်းပြည် နှစ်ပတ်လည်မှာတော့ ဒီနှစ်ပတ်လည်ရက်စွဲတွေဟာ အရေးကြီးသွားပြီ။ နောက်ပိုင်းလည်း တိုက်ပွဲမှာ ကျသွားတဲ့ ကဗျာဆရာ၊ လွတ်မြောက်နယ်မြေဆီ ဂျာနယ်လစ်ဇင်းတာဝန်၊ စာပေတာဝန် ထမ်းဖို့ ရောက်နေရင်း လက်နက်ကြီးကျည်သင့် ကျဆုံးကဗျာဆရာ စသဖြင့် နောက်တိုးစာရင်းတွေ ထပ်ရှိလာတယ်။ ဟိုတစ်လောက ကဗျာဆရာတစ်ဦးရဲ့ အဆိုအရ တော်လှန်ရေးနယ်မြေတွေမှာ တိုက်ရိုက်မြေပြင်တာဝန်၊ သွယ်ဝိုက် စာပေတာဝန် ထမ်းဆောင်နေတဲ့ ကဗျာဆရာတွေရဲ့ အရေအတွက်ဟာ ၅၀ ကျော်ရှိတယ်လို့ သိရတယ်။ အဲ့ဒီလို တိတိကျကျမဟုတ်ဘဲ နွေဦးရဲ့ အရေးတော်ကို ကိုယ်နဲ့ စိတ်နဲ့ ထမ်းရွက်နေသူတွေ ဘယ်လောက် ရှိပြီလဲ။ မလုံခြုံ မလွတ်လပ်သေးတဲ့ နယ်မြေတွေမှာ ရှိနေတဲ့ သူတွေကတော့ ညောင်သီးလည်းစား လေးသံလည်း နားထောင်ပြီး သတိကြီးကြီးနဲ့ ပါဝင်နေကြမှာ ဖြစ်တယ်။ ကိုယ့်ကဗျာကိုယ်ရေး စိတ်အေးချမ်းသာတွေလည်း ရှိနိုင်၊ တချို့ ခံစားမှုနဲ့ နင့်ပြီး ဘာစာ ဘာကဗျာမှ ရေးမထွက်နိုင်တဲ့ ကဗျာဆရာတွေလည်း ရှိနိုင်၊ ကဗျာဆရာအမျိုးမျိုး နွေဦးတုန့်ပြန်ချက် အဖုံဖုံလို့ပဲ ဆိုနိုင်တော့မယ်။ အရေးထဲ စိတ္တဇနဲ့ ဆရီးယဲလ် ကဗျာတိမ်ညွန့်စားဖို့ အားသန်နေတဲ့ ကဗျာဆရာတွေလည်း တွေ့နိုင်တာပဲ။ ဘယ်သူတွေဟာ မိုးထဲ ရေထဲမှာ ပြည်သူတွေ သွေးကြဲစေတဲ့ အရေးအသားတွေနဲ့ ထွေပြားစေခဲ့သလဲ ဆိုတာ သမိုင်းဒေဝီကတော့ မှတ်တမ်းစီပြီး ဖြစ်နိုင်လောက်ပါတယ်။ ဒီလို အချိန်ခါမျိုးမှာ ကျဆုံးအသက်ပေးတဲ့ထိ တိုင်းပြည်နဲ့ အရေးတော်တွေအတွက် စွန့်လွှတ်စိတ်ကြီးမားခဲ့သူ ကဗျာဆရာတွေကို မမေ့မလျော့ အကြိမ်ကြိမ်ဖော်ထုတ်နေရမှာကလည်း နွေဦးထဲက ကဗျာအပေါ် ပစ်တင်ပေးလိုက်တဲ့ တာဝန်လို့ ယူဆနိုင်ပါတယ်။ ကဗျာမှာ အနုပညာမှာ ဘာတာဝန်မှ မရှိနိုင်ဘူး ဆိုတဲ့ အနုပညာသမားတွေကို ဘေးမဲ့ ပေးထားလိုက်ပါ။ နိုင်ငံနဲ့ လူထုကို ဘေးဖယ်ထားတဲ့ သူတွေကို သူတို့နဲ့ ထိုက်တန်တဲ့ နေရာတွေမှာပဲ ဘေးဖယ်ပေးထားရမှာပါပဲ။ ဒီတော့ ကဗျာတိုင်းပြည် နှစ်ပတ်လည်မှာ ကျွန်တော်တို့ဟာ အာဇာနည်ထိုက်တဲ့ ကဗျာဆရာတွေအကြောင်း စာစီကြရမှာဖြစ်ပါတယ်။ ကေဇဝင်းတို့ ခက်သီတို့ရဲ့ သူငယ်ချင်း ရေးဖော် ရဲဖော် ကဗျာဆရာတစ်ဦးက ငါ့တိုင်းပြည် နှစ်ပတ်လည် ဆိုပြီး ကဗျာတစ်ပုဒ်ရေးပါတယ်။ မိုးမခ မဂ္ဂဇင်းမှာ ဖော်ပြပါဝင်ခဲ့တဲ့ ဒီကဗျာကိုပဲ ဒီတစ်ပတ်မှာ ဖတ်ပြချင်ပါတယ်။ မင်းငြိမ်းအေး ရေးတဲ့ ကဗျာဖြစ်ပြီး သူက သူနဲ့ ပုဂ္ဂိုလ်အရ၊ ကဗျာအရ နီးခဲ့တဲ့ သူ့သူငယ်ချင်းနှစ်ဦးကို အမည်ဖော် တမ်းတ ကဗျာရေးပေမဲ့ နွေဦးမှာ စွန့်ခဲ့သူ စွန့်နေသူ ကဗျာဆရာအားလုံးကို ရည်ညွှန်းတယ်လို့ မှတ်ယူနိုင်ပါတယ်။ ကဗျာဟာ ကမ္ဘာပဲလို့ မှတ်ယူနိုင်တာဖြစ်တဲ့အတွက် နွေဦး သူရဲကောင်းများအားလုံးအတွက်လည်း လွှမ်းခြုံမိနိုင်ပါတယ်။ သူရဲကောင်းတွေရဲ့ နာမအောက်မှာ ငါ့တိုင်းပြည်နှစ်ပတ်လည် ကို နောက်တစ်ခါ စုဝေးစုံလင်စည်ကားစွာ အခမ်းအနားနဲ့တကွ ရွတ်ဆိုနိုင်ကြဖို့ ကြိုတင်ချိန်းဆိုလိုက်ပါတယ်ခင်ဗျား။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၃

0:00 6:10

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 6 minutes long.

When was this DNA Podcast episode published?

This episode was published on February 24, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.