Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၆ episode artwork

Mar 17, 2023 7 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၆

from DNA Podcast Hosted by delta news agency

ဗညားမော် နွေဦးတော်လှန်ရေးမှာ သူရဲကောင်းအမည်သစ်တွေ ပေါ်လာတယ်။ ဗီလိန်အမည်သစ်တွေလည်း ပေါ်လာတာပဲပေါ့။ နာမည်တွေကို ဘာနဲ့ ရေးသလဲ။ စိတ်ဓာတ်နဲ့ ရေးတာပဲ၊ လုပ်ရပ်နဲ့ ရေးတာပဲ၊ ဖြတ်သန်းမှုနဲ့ ရေးတာပဲ။ အနစ်နာခံမှုလို့ မပြောရင်တောင် သူမတူ ဖြည့်ဆည်းပါဝင်မှုတွေနဲ့ ရေးရတာပဲ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျွန်မရဲ့ ရွေးချယ်မှုပါလို့ ရိုးရိုးပဲ ပြောခဲ့ဖူးပါတယ်။ စတေးပေးဆပ်မှုဆိုတာ ကာယကံရှင်က ပြောရတာမဟုတ်ဘူး။ တန်ဖိုးသိသူ ကျေးဇူးတရားကို သိသူတွေကသာ မှတ်ချက်ပြုကြရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကဗျာဆရာတစ်ဦးက ခုရက်ပိုင်း “စိုးတယ် ရန်ကုန်” ဆိုတဲ့ ကဗျာတိုလေးတစ်ပုဒ် ရေးလိုက်ပါတယ်။ “ရန်ကုန်/ ငါစိုးတယ် ရန်ကုန်/ အိပ်ချင်ယောင်ဆောင်ရင်း တကယ် အိပ်ပျော်သွားမှာ/ မေ့ချင်ယောင်ဆောင်ရင်း တကယ် မေ့သွားမှာ/ ရူးချင်ယောင်ဆောင်ရင်း တကယ် ရူးသွားမှာ/ စိုးတယ် ရန်ကုန်ရယ်။//” အဲ့ဒီကဗျာရဲ့ အောက်မှာ စာရေးဆရာတစ်ဦးက “ရန်ကုန်ကို အလစ်မပေးနဲ့၊ လူ့သဘာဝကိုလည်း မေ့မပစ်လိုက်ပါနဲ့”ဆိုပြီး မှတ်ချက်လာရေးတဲ့အခါ ကျွန်တော့်မှာ စဉ်းစားစရာက အတော်ကြီးကြီး ပေါ်သွားပါတယ်။ ဆိုးရွားဖောက်ပြန်တာတို့၊ သာယာစီးတာတို့၊ လူထုရဲ့အပူ တိုင်းပြည်ရဲ့ အပူကို မေ့ထားမယ်တို့ နောက်ဆုံး ငါ့အကျိုးစီးပွား ငါ့အာဏာတို့အထိဟာလည်း လူ့သဘာဝပဲ မဟုတ်လား။ လူဆိုတာက ဆိုးတဲ့ သဘာဝရော ကောင်းတဲ့ သဘာဝရော ရှိနေတာ အထူးတော့ ဆိုစရာမရှိပါ။ တိုင်းပြည်အရေး တော်လှန်ရေး စစ်အာဏာရှင်စနစ် ဖယ်ရှားတွန်းလှန်ရေး လုပ်နေတဲ့ အချိန်မှာ လူ့သဘာဝကို မေ့မပစ်ဖို့ တတ်သိပညာရှင်လို့ ဆိုရမယ့် စာရေးဆရာလို လူမျိုးတွေကအစ တွေးနေတယ် ဆိုရင် ဒလန်ဟာလည်း လူ့သဘာဝပဲ ဒေါက်တိုင်ဟာလည်း လူ့သဘာဝပဲ လောက်ကောင်ဟာလည်း လူ့သဘာဝပဲ အာဏာလု စစ်ဂိုဏ်းသားတွေဟာလည်း လူတွေပဲဖြစ်တဲ့အတွက် သူတို့ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကိုလည်း လူ့သဘာဝပေပဲလို့ ကျွန်တော်တို့ဟာ နားလည်ပေးထားရတော့မှာလား။ ရန်ကုန်ကို/ မြန်မာနိုင်ငံကို တကယ် အိပ်ပျော်သွားမှာ၊ တကယ် မေ့သွားမှာ၊ တကယ် ရူးသွားမှာ အခုလို မှတ်ချက်ပြုတဲ့ ပုဂ္ဂိုလ်တွေရဲ့ မှတ်ချက်အသံကို ကြားလိုက်ရတဲ့အခါ တကယ်ကို စိုးမိသွားမတတ်ပဲ။ ဒါပေမဲ့ ဗီလိန်တွေရှိသလို သူရဲကောင်းတွေလည်း ရှိလို့ လူ့သမိုင်းဟာ တက်ချည် ကျချည်ခရီးမှာ အတက်ဘက်ကို ဦးတည်နိုင်ကြတာမဟုတ်လား။ လူတွေရဲ့ ကောင်းတဲ့ သဘာဝတွေလည်းရှိတယ်။ ထက်မြက်တဲ့ သဘာဝတွေလည်း ရှိတယ်။ ထူးချွန်တဲ့ သဘာဝတွေလည်း ရှိတယ်။ အနစ်နာခံဖြည့်ဆည်းလိုတဲ့ သဘာဝတွေလည်းရှိတယ်။ အဲ့ဒီသဘာဝတွေက ပေါ်လွင်ပြီး လူထုနဲ့ အတူဖြတ်သန်းတဲ့ သမိုင်း ရှည်ကြာတဲ့အခါ လူထုခေါင်းဆောင် ဆိုတာမျိုးက ပေါ်ထွက်လာတာပဲ။ သူဟာ နိုင်ငံရေးအာဏာကို ရယူထမ်းဆောင်ရတဲ့ အခါမျိုးမှာ လက်တွေ့နိုင်ငံရေးအရ နိုင်ငံ့ခေါင်းဆောင်အဖြစ် လျှောကျကောင်း လျှောကျနိုင်တယ်။ နိုင်ငံရဲ့ ပကတိရင်ဆိုင်ဖြတ်သန်းလုပ်ရပ်တွေကြောင့် ဒီမိုကရေစီ အိုင်ကွန်ဆိုတဲ့ ကမ္ဘာထင်ရှားပုံရိပ်ကနေ မှေးမှိန်ကောင်း မှေးမှိန်နိုင်တယ်။ လူထုရဲ့စိတ်ထဲ ခတ်နှိပ်ထားတဲ့ သူ့ပုံရိပ်ကို ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေပါကွာ ဆိုတဲ့ မှတ်ချက်တွေနဲ့ ပျက်မသွားနိုင်ခဲ့ဘူး။ သူ့ရဲ့ သတ္တိသင်္ကေတတွေကို ကူးညှိတာပဲ ဖြစ်ဖြစ်၊ သူတို့ရဲ့ နဂို လူ့သဘာဝ သတ္တိတွေကြောင့်ပဲ ဖြစ်ဖြစ် ဆိုခဲ့သလို နွေဦးတော်လှန်ရေးမှာ သူရဲကောင်းအမည်သစ်တွေ များစွာ ပေါ်ပေါက်ခဲ့ပါတယ်။ စစ်ဂိုဏ်းအုပ်စုဟာ အာဃာတ ကြီးမားစွာနဲ့ သူအပါအဝင် (လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်) အရပ်သားအစိုးရရဲ့ အရေးကြီးတဲ့ ခေါင်းဆောင်တွေကို လုပ်ကြံစွပ်စွဲ အမှုပေါင်းများစွာနဲ့ ထောင်သွင်းအကျဉ်းချထားခဲ့ပေမဲ့ လူထုနဲ့ နွေဦးက မွေးထုတ်ပေးလိုက်တဲ့ ခေါင်းဆောင်တွေဟာ လူထုနဲ့အတူ အရေးတော်ပုံကြီးကို အောင်မြင်အောင် ဆင်နွှဲရုန်းကန်နေကြမှာပဲ ဖြစ်ပါတယ်။ အမည်ကောင်းဆိုတာ ဖယ်ထုတ်လို့ ရနိုင်ကောင်းတာ မဟုတ်ပါဘူး။ ပုံရိပ်ကောင်းဆိုတာ ဖယ်ထုတ်ကောင်းတာမဟုတ်ပါဘူး။ လူသားရဲ့ ကောင်းမြတ်တဲ့ သဘာဝ သတ္တိပြည့်ဝနေနဲ့ အိုင်ကွန် သင်္ကေတဆိုတာကလည်း ရုပ်ကို ချုပ်နှောင်ထားလို့ ရပေမဲ့ သူ့ရဲ့ သတ္တိစွမ်းအင်တွေကတော့ ဖြာထွက်နေတဲ့ သဘော ရှိပါတယ်။ နွေဦးထဲက ကဗျာဆရာကတော့ အရပ်သုံးစကားနဲ့ပဲ ခပ်ရိုးရိုးပြောလိုက်တယ်။ “ရှင်တို့ ပြောတော့ ကျမကို ဖမ်းထားတယ်” ဆိုတဲ့။ ကဗျာဆရာ နေမျိုးလင်းရဲ့ အားကောင်းမွန်မြတ်တဲ့ လူ့သဘာဝသတ္တိကို ဖွဲ့ဆိုထားတဲ့ ကဗျာကို နားထောင်ကြရအောင်ပါ။ သူ့ကဗျာရဲ့ တစ်နေရာမှာ ရရစ်နဲ့ ကြောက်တဲ့ ကြောက်ခဲတွေကို ရည်ညွှန်းထားတာ တွေ့ရပါလိမ့်မယ်။ လူ့သဘာဝမှာ ရရစ်နဲ့ ကြောက်တဲ့ ကြောက်ခဲတွေ ရှိသလို ယပင့်နဲ့ ကျောက်တဲ့ မာကျောကြံ့ခိုင်စွာ ခဲနေတဲ့ ကျောက်ခဲတွေလည်း ရှိနေတာကြောင့် ကျွန်တော်တို့ဟာ လိုအပ်တာထက်တော့ ပိုပြီး စိုးရွံ့ဖို့ မလိုပါခင်ဗျား။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၆

0:00 7:28

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 7 minutes long.

When was this DNA Podcast episode published?

This episode was published on March 17, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.