Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၈ episode artwork

Mar 31, 2023 5 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၈

from DNA Podcast Hosted by delta news agency

ဗညားမော် နွေဦးထဲက ဆွေးမြေ့ဝေရီရတဲ့ ဇာတ်လမ်းတွေနဲ့ ဆို့နင့်ကြေကွဲရတဲ့ အဖြစ်အပျက်တွေဟာလည်း နွေဦးထဲကို တစ်နည်းတစ်လမ်းအားဖြည့်ပါတယ်။ ဒီနွေဦးတော်လှန်ရေးဟာ နွေဦးလေပွေလို ခဏတာ ဟိုမွှေးသည်ရမ်းနဲ့ မပြီးအပ်ဘူးဆိုတာ ကျွန်တော်တို့ကို အထပ်ထပ် သတိပေးနေတဲ့ နည်းနဲ့ပေါ့။ ငါ့တို့ ရင်းထားတာ အလွန်ကြီးမားလှ အလွန်များပြားလှတယ် ငါတို့ အလှည့်ကို မုချ ရောက်ကို ရောက်ရစေ့မယ် ဆိုတဲ့ သန္နိဋ္ဌာန်ကို ခိုင်မာအားကောင်းအောင် အထပ်ထပ် သတိပေး နေတဲ့ နည်းနဲ့ပေါ့။ ဝါးလ်ဒ်ပရက်စ် ဖိုတို ဆုကို ရသွားတဲ့ မောက်ခမ်းဝါရဲ့ မိုးဗြဲတိုက်ပွဲတစ်ခုဆီက သေလုမျောပါး သူ့ရဲဘော်ကို ပခုံးထက် သယ်ဆောင်လာတဲ့ ပီဒီအက်ဖ် ရဲ့ဘော်ရဲ့ ဓာတ်ပုံဟာ ဘယ်လောက် ဆိုနင့်ကြေကွဲစရာ ကောင်းတဲ့ မှတ်တမ်းဓာတ်ပုံလဲ၊ အဲ့ဒီလို တော်လှန်ရေးနဲ့ တစ်သားတည်း ရှိနေနိုင်တဲ့ မီဒီယာ ဓာတ်ပုံသမားတွေရဲ့ ကင်မရာမြင်ကွင်းထဲက နေ မြင်ခွင့် မှတ်တမ်းယူခွင့် မရလိုက်တဲ့ သည်နည်းနှင်နှင် မြင်ကွင်းတွေ ဒီထက် ရင်လိုက်ရပုံ မြင်ကွင်းတွေ ကျွန်တော်တို့မှာ ဘယ်လောက် ရှိနေသလဲ။ အထပ်ထပ် သတိပေးနေသယောင်ပါ၊ ကျွန်တော်တို့ရဲ့ အလှည့် ကျကျနန ပိုင်ပိုင်နိုင်နိုင် ရောက်ရဖို့ ကျွန်တော်တို့ မလျှော့တမ်း ရှေ့ဆက်ရဖို့ပေါ့။ ဒီတစ်ပတ်မှာ ဆွေးမြေ့ဝေရီရတဲ့ နွေဦးထဲက ကဗျာတစ်ပုဒ်ကို ကျွန်တော် တင်ဆက်လိုပါတယ်။ ဒီကဗျာထဲက ဇာတ်လမ်းမျိုးဟာ ယုံကြည်ချက်အတွက် ဘဝနဲ့ အသက်ကို နှင်းထားသူတွေမှာ ကြုံရတတ်ပြီး မဆန်းလှတဲ့ ဇာတ်လမ်းဘဝတောင် ဖြစ်ချင် ဖြစ်နေနိုင်ပေမဲ့ ကာယကံရှင်အတွက်ကတော့ တကယ့်ကို ဆွေးမြေ့ဝေရီဖွယ် အဖြစ်။ ဒီအတွက် ကျွန်တော်တို့ရဲ့ တော်လှန်ရေးရဲဘော်လေးတွေဟာ ခံစားချင် ခံစားကြေကွဲတယ်ဆိုရင်ပဲ သွေးနဲ့ သားနဲ့ လူသားဆန်တဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်တွေရဲ့ ဂုဏ်ရည်။ ဒါပေမဲ့ ဆိုခဲ့သလို ဒီလို အဆုံးရှုံးမျိုးကို လက်ခံရယူလိုက်ရတဲ့ ကြီးမြတ်တဲ့ နိုင်ငံနဲ့ လူမျိုးနဲ့ ချီတဲ့ အရေးတော်ပုံမှာ မျက်ရည်သုတ်ပြီး ရှေ့ဆက်ကြရမယ်ဆိုတဲ့ သန္နိဋ္ဌာန်ဟာ ဘယ်ခါမှ မလှန် မလန် ထက်သန်မြဲ ထက်သန်ဖို့ အကြောင်းပါပဲ။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၈

0:00 5:26

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 5 minutes long.

When was this DNA Podcast episode published?

This episode was published on March 31, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.