Skip to content
နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး ၇၂ episode artwork

May 5, 2023 7 min

နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး ၇၂

from DNA Podcast Hosted by delta news agency

ဗညားမော် နွေဦးထဲက ကဗျာတွေဟာ အမှန်ထဲက ဆင်းသက်လာတာတွေ ဖြစ်တယ်။ သမိုင်းမှန်ထဲကို ရေးထွင်းထည့်လိုက်တာတွေလည်း ဖြစ်တယ်။ နွေဦးကဗျာရေးတဲ့ သူတွေဟာ တော်လှန်ရေးရဲ့ မြေပြင်နဲ့ တနည်းမဟုတ် တနည်း သွေးချင်း ချိတ်ဆက်ထားကြသူတွေလည်း ဖြစ်တယ်။ ဒါကြောင့်သာပဲ သူတို့ဟာ နှုတ်ဆိတ်နေနိုင်သူ တေးမြုံငှက်တွေ ဖြစ်မသွားကြဘဲ တကျီကျီ တကျာကျာအသံပေးနေသူ မုန်တိုင်းငှက်တွေ ဖြစ်နေတာပေါ့။ ဒါကြောင့်သာပဲ သူတို့ရဲ့ ကဗျာတွေထဲမှာ ကြေကြေမြေ့မြေ့ ပေါက်ပေါက်ကွဲကွဲ သံစဉ်လှိုင်းတွေ ပါနေတတ်တာပေါ့။ ရင်နဲ့ မဆန့်တဲ့အခါမျိုးမှာ သူတို့ ကဗျာတွေဟာ ရှည်ရှည်လျားလျားတွေလည်း ဖြစ်ကုန်တတ်တာပေါ့။ ကဗျာဆိုတာ ဖန်တီးစာဆိုပေမဲ့ အရင်းအမြစ်တွေက တကယ့်အစစ်အမှန်တွေ ဖြစ်တော့ သူတို့ ကဗျာတွေမှာ ရည်ညွှန်းချက်တွေလည်း ပါလာတတ်တာပေါ့။ အခု ကျွန်တော် တင်ဆက်ပေးလိုတဲ့ ကဗျာမှာ ကဗျာဆရာ နေသွင်နိုင်းက (ညီလေးနဲ့ ချစ်သောသူရဲကောင်းများသို့) လို့ ရည်ညွှန်းချက် ပြုထားပါတယ်။ ကဗျာက အတန်ငယ် ရှည်လျားသလို ကဗျာခေါင်းစဉ်ကလည်း စကားပြေဝါကျတခုစာ။ “မုန်တိုင်းရဲ့ဝင်ရိုးမှာ နှစ်ရှည်ပင် စိုက်ပျိုးဖို့ ပင်လယ်ဆီ ဓားထမ်းထွက်ခဲ့ရမယ်” လို့ ပေးထားပါတယ်။ ကဗျာပါဒတွေထဲမှာက ဘာကြောင့် ပင်လယ်ဆီ ဓားထမ်းထွက်ခဲ့ရသလဲ အကြောင်းခံကိုပါ ဖွင့်ထားတယ်။ “အအိပ်ကြီးတဲ့ဓားဟာ / သမိုင်းဘီးကို မပစ်ပေါက်နိုင်တော့/ မုန်တိုင်းရဲ့ဝင်ရိုးမှာ နှစ်ရှည်ပင် စိုက်ပျိူးဖို့ / ပင်လယ်ဆီ ဓားထမ်းထွက်ခဲ့ရမယ်။” အအိပ်ကြီးတဲ့ ဓား ဟာ ဘာ၊ ဘယ်သူဘယ်ဝါ၊ ပင်လယ်ဆီ ဓားထမ်းထွက်ခဲ့ရတဲ့အဖြစ်ဟာ ဘယ်မှာ ကဗျာဆရာက အထူးပြုဖော်ပြထားဖို့ မလိုပါ။ တိုက်ဆိုင်ခဲ့လျှင် တိုက်ဆိုင်မှုတွေကိုသာ တိုက်ရိုက် ရည်ညွှန်းပါတယ် လို့ပဲ ဆိုရမယ် ထင်ပါတယ်။ နေသွင်နိုင်းရဲ့ ကဗျာထဲမှာ ရှင်ကွဲ ကွဲရင်း သေကွဲ ကွဲဖို့ အသင့်ဖြစ်နေသူတွေ ခွေးကို အမဲလိုက်နေရသူတွေ၊ သေခန်းလည်းပြတ် ရှင်ခန်းလည်း ပြတ်ရတော့မယ့် မိတ်ဆွေတွေ။ သူရဲကောင်းတွေရဲ့ ကျေးဇူးတရားကို ခပ်နက်နက် ရေးထွင်းကြရမှာ ဖြစ်သလို ရန်သူ့အမှတ်အသားကိုလည်း အရိုးထဲထိ မမေ့ကြဖို့။ ပြီးတော့ နွေဦးတော်လှန်ရေး အရေးတော်ပုံမှာ လမ်းပေါ်သပိတ်တွေနဲ့ မရှေးမနှောင်း မိမိတို့ ဘဝ မိမိတို့ အာမခံချက်ရှိရာ လုပ်ငန်းခွင်းကနေ စွန့်ထွက်လာခဲ့သူ အမှန်တကယ် ပြည်သူ့ဝန်ထမ်း စီဒီအမ်တွေနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ ဘာလုပ်ပေးကြမလဲ၊ ကဗျာပါဒတခုထဲနဲ့ လုံလောက်ခဲ့ပါတယ်။ “ချဉ်ပေါင်းရောင်းနေတဲ့ ကျောင်းဆရာမကြီးကို အားပေးပါ” တဲ့။ ကဗျာက နည်းနည်း ရှည်တဲ့အတွက် လမ်းသွယ်သူရဲ့ စကားတွေအတွက် နေရာ များများ မယူသာနိုင်ပါ။ မုန်တိုင်းရဲ့ဝင်ရိုးမှာ နှစ်ရှည်ပင် စိုက်ပျိုးဖို့၊ ကမ္ဘာကြီးကို အစကပြန်စဖို့ ကဗျာဆရာနေသွင်နိုင်းရဲ့ ကဗျာဆီကိုသာ ကျွန်တော်တို့ တိုက်ရိုက် သွားလိုက်ကြပါစို့။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး ၇၂

0:00 7:24

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 7 minutes long.

When was this DNA Podcast episode published?

This episode was published on May 5, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.