Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၇၃ episode artwork

May 7, 2023 6 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၇၃

from DNA Podcast Hosted by delta news agency

ဗညားမော် နွေဦးတော်လှန်ရေးအရေးတော်ပုံကြီးကို မဖြစ်မနေဆင်နွှဲပါဝင်နေကြရတဲ့ ဒီကာလထဲမှာ မြန်မာနိုင်ငံသားတွေဟာ ဆေးရောင်စုံ ခေတ်ကြီးကနေ အဖြူအမည်းခေတ်ကြီးထဲ နောက်ပြန်ကျသွားကြတယ်။ ရွေးချယ်စရာနဲ့ မျှော်လင့်စရာတွေ များစွာ ပွင့်လန်းနေတဲ့ အခြေအနေကနေ ရွေးချယ်ဖို့ နှစ်ခုထဲရှိတော့တဲ့ ကျဉ်းမြောင်းတဲ့ အခြေအနေထဲ ကျသွားကြတယ်။ တချို့ဒေသက လူထုပြည်သူတွေဟာ ရွေးချယ်စရာရှိတာကို နေ့ရွှေ့ရက်ရွှေ့ စဉ်းစားချိန်ဆနေခွင့်တောင် မရနိုင်ဘဲ ချက်ချင်းကို ဆုံးဖြတ်ကြရတယ်။ လွန်ဆန်မလား ကျွန်ခံမလား။ သတ်မလား သေမလား။ ပြေးမလား လည်စင်းပေးမလား။ စစ်ဂိုဏ်းအုပ်စုရဲ့ သားသတ်သမားတွေ စစ်ကြောင်းထိုးဝင်လာတဲ့အခါ တချို့ သက်ကြီးရွယ်အိုတွေဟာ အကြိမ်ကြိမ် ပင်ပန်းဆင်းရဲစွာ စစ်ပြေးဖြစ်ရတဲ့ ဆင်းရဲကို မခံစားနိုင်၊ မကျော်လွှားနိုင်တော့ပဲ သေချင်လည်း သေပါစေတော့ ဆို လည်စင်းခံရင်း တကယ်လည်း အသတ်ခံသွားကြရတဲ့ ဖြစ်ရပ်ဆိုးတွေကို မကြားချင်လည်း ကျွန်တော်တို့ ကြားကြရတာ မဟုတ်လား။ ပုံမှန်မဟုတ်တဲ့ အခက်အခဲ အကျပ်အတည်းပဋိပက္ခတွေကို ရင်ဆိုင်နေကြရတာ ဖြစ်လေတော့ လူဆိုတာ သေမျိုးဆိုပေမဲ့ မြန်မာနိုင်ငံသားတွေအဖို့ အခုအချိန်ဟာ သေလမ်းနဲ့ နေလမ်းကြားမှာ ပါးပါးလေးရပ်နေကြရတယ်။ မြေပြင်တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာက ပိုပြီး မသေချာပေမဲ့ ဖိအားလျော့သလိုနဲ့ ပျော်ပါး စည်ကားနေတဲ့ နေရာတွေမှာလည်း အန္တရာယ်ဟာ မမျှော်လင့်ဘဲ ရောက်လာတတ်တာပဲ။ မြို့ပြပျောက်ကြားတွေရဲ့ မစ်ရှင်တွေနား ကိုယ်ရှိနေခဲ့ရင် အကြောင်းမဲ့ အစစ်မေးခံရပြီး အထောက်ထားမဲ့အဖမ်းဆီးခံရတာမျိုးနဲ့ ပုဒ်မကြီး တရားခံအဖြစ် အသတ်မှတ်ခံရတာမျိုး မကြုံဘူးလို့ မဆိုနိုင်ဘူး။ ခုလိုကာလမျိုးမှာတော့ လူတွေဟာ သေမလား ရှင်မလား အပြင် ဘယ်လို သေမလဲ ဘယ်လို နေမလဲ ဆိုတာလဲ ရွေးချယ်ရတဲ့ အခြေအနေမျိုးပဲ။ လူထုနဲ့ ဓမ္မဘက်ရပ်ခဲ့တဲ့ သူဟာ သေတာတောင် အသေလှတယ်။ နာရေးသတင်းကို ဝမ်းနည်းကြေကွဲခြင်းနဲ့ ပုံမှန်အသိမှတ်ပြုခံရတယ်။ နှစ်နှစ်ကျော်ကာလထိ အာဏာကို အကြမ်းနည်းနဲ့လည်း ပိုင်ပိုင်မဆုပ်နိုင်၊ လူထုပြည်သူအများစုကလည်း မလိုလား၊ နိုင်ငံတကာကလည်း အသိအမှတ်မပြုပေမဲ့ ဒီဘုရားမကြိုက်တဲ့ လူမိုက်တစုမှာလည်း ကိုယ်ကျိုးနဲ့ မလွန်ဆန်သာတာတွေကို အကြောင်းပြုပြီး သူ့သာဝကနဲ့ သူ့ထောက်တိုင်နဲ့ ရှိကြတယ်။ အဖြူအမည်း ရွေးချယ်စရာနှစ်မျိုးတည်းရှိရာမှာ အမည်းကို ရွေးချယ်တဲ့ ပညာတတ်အဝိဇ္ဇာကောင်တွေလည်း ရှိတယ်။ သင်ထား တတ်ထားတဲ့ သိမှုတတ်မှု စွမ်းရည်တွေရှိပါလျက် ကိုယ်ကျင့်တရားကောင်းမြတ်မှုကို အလေးထားမဖက်တွယ်တဲ့ လူစားမျိုးတွေပေါ့။ နောက်ထပ်လူတစ်မျိုးက ကိုယ်ကျရာတာဝန်မှာ မှန်သလား မှားသလား မေးခွန်းမထုတ်တဲ့ သူတွေ၊ ဒီနေရာမှာ အထက်က ဒါခိုင်းရင် ဒါကို လုပ်မယ် ဆိုတဲ့ သူတွေ။ စစ်ဂိုဏ်အုပ်စုဟာ သူ့ရဲ့ အုပ်ချုပ်ရေး ယန္တရားကို ဒီလိုလူစားမျိုးတွေနဲ့ ကျားကန်ထားနိုင်ခဲ့လို့ ခုချိန်ထိ မည်ကာမတ္တအစိုးရပုံစံမျိုးကို ဆက်ပြီး ချိုးနေနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ မြန်မာပြည်သူလူထုဟာ ပိုပြီး ပြတ်သားဖို့ အချိန်တန်လာပါတယ်။ ရွေးချယ်ရာ များများစားစားမရှိတဲ့ အချိန်မှာ ပုံမှန်အခြေအနေလို အသွားအလာမပျက်တဲ့ သူတွေဟာ အလိုလို တခြားတဖက်ကို မဲတင်းပေးနေသလို သက်ရောက်မှုကို ဖြစ်စေမှာ သတိချပ်သင့်ပါတယ်။ ဓမ္မဘက်၊ ပြည်သူလူထုဘက်၊ တော်လှန်ရေးဘက် ပြတ်ပြတ်သားသားဖြစ်လေ လွန်ဆွဲသလို ဖြစ်နေတဲ့ အချိန်ကြန့်ကြာမှုကို တိုတောင်းသွားစေလေပဲ ဖြစ်နိုင်ပါတယ်။ စိတြဂီဝါ ခိုမင်းရဲ့ထုံး ပိုက်ကွန်ထဲကျတဲ့ ခိုတအုပ်လုံး တချီတည်းရုန်းဖို့ ဖြစ်ပါတယ်။ နွေဦးရဲ့ ဆောင်ပုဒ်ဗားရှင်းအရဆိုရင်လည်း တသံတည်းညီ တချီတည်းရုန်းပဲ ဖြစ်ပါတယ်။ မပြတ်မသားဖြစ်နေတဲ့ ကြားလူတွေကို ကျွန်တော်တို့က အဖြူအမည်း ပြတ်ပြတ်သားသား ရွေးချယ်ဖို့ နှိုးဆော်ရမှာ ဖြစ်ပါတယ်။ စကားဦးမှာ ဆိုခဲ့သလို လွန်ဆန်မလား ကျွန်ခံမလား မေးကြရပါမယ်။ လက်တွေ့အရမဟုတ်တောင်သဘောတရားအရ သတ်မလား သေမလား မေးကြရပါမယ်။ တဆင့်တက်ပြီး ဘယ်လို သေချင်သလဲ ဘယ်လို ရှင်ချင်သလဲ မေးကြရပါမယ်။ ဘာကြောင့်ဆိုရင် ကျွန်တော်တို့ လူထုဟာ အကျိုးစီးပွားအတွက်တစ်ခုတည်းတင် တိုက်ပွဲ ဝင်နေကြရတာမဟုတ်ပါ။ တန်ဖိုးအတွက် ဓမ္မတရားအတွက်လည်း တိုက်ပွဲဝင်နေကြရတယ် ဆိုတာကို သတိချပ်ထားကြရပါမယ်။ နွေဦးကဗျာဆရာကလည်း အဲ့ဒီလိုပဲ ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်။ "ကိုယ်က ရန်သူကို ဦးအောင်မသတ်နိုင်ရင် ရန်သူကကိုယ့်ကို သတ်မှာပဲ” တဲ့။ ကဗျာဆရာ လွမ်းဝေ ဖြစ်ပါတယ်။ ကဗျာခေါင်းစဉ် ပြတ်သားဖို့ လိုတယ်လို့ ရိုးရိုးရှင်းရှင်းပဲ ပေးထားပါတယ်။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၇၃

0:00 6:33

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 6 minutes long.

When was this DNA Podcast episode published?

This episode was published on May 7, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.