နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၇၇
from DNA Podcast Hosted by delta news agency
ဗညားမော် နွေဦးထဲက ကဗျာတွေကို ဘယ်မှာ ဖတ်ရမလဲ။ နွေဦးကို မျက်ကွယ်မပြု နှုတ်မဆိတ်တဲ့ ကဗျာဆရာတွေရဲ့ ဖေ့စ်ဘုခ် စာမျက်နှာတွေမှာ ဖတ်ပေါ့။ တော်လှန် လူငယ်တွေရဲ့ ဖေ့စ်ဘုခ်စာမျက်နှာတွေမှာ ဖတ်ပေါ့။ နွေဦးမှာ တော်လှန်ရေးစာစဉ်တွေ မြေပြင်မှာ သိပ်မရှိလှတောင် အွန်လိုင်းပေါ်မှ တွေ့ဖို့ မခဲယဉ်းလှဘူး အဲဒီမှာ ဖတ်ပေါ့။ တော်လှန်ရေး မီဒီယာတွေမှာ နားထောင်ပေါ့။ စိတ်ချရတဲ့ လွတ်မြောက်နယ်မြေရောက်နေတဲ့ သူတွေနဲ့ ပြည်ပ တနိုင်ငံအထိ ရောက်နေသူတွေက သူတို့ ကဗျာတွေကို သူတို့ရဲ့ ကလောင်နာမည်တွေနဲ့ ရေးတယ်။ လွတ်လွတ်လပ်လပ်ရေးတယ်။ ပြည်တွင်းမှာ နေသူတွေ အကောင့်စစ်ပဲ ဆက်သုံးသူတွေက ချိန်ချိန်ဆဆ ရေးပြီး မူရင်းကလောင်နဲ့ တွေ့နိုင်တယ်။ ပိုပြီး ရဲရဲတင်းတင်း ရေးချင်တဲ့ခါ လျှိုကလောင်နဲ့ ကလောင်ဝှက်နဲ့ တချို့လည်း သုံးတန် သုံးတယ်။ သတိထးမိသမျှ တော်လှန်ရေးစာစဉ်တွေရဲ့ အမည်တွေမှာ နွေဦးပွင့်သစ်၊ မြစ်ကွေ့၊ ဆီသို့၊ မိုလိုတော့ဖ်၊ သူပုန်ဂေဇက်၊ The Call ခေါ်သံနဲ့ နှစ်ရှည် အွန်လိုင်းမဂ္ဂဇင်းအဖြစ် တည်နေခဲ့တဲ့ မိုးမခ စသဖြင့်။ တော်လှန်ရေး သတင်းမီဒီယာတွေမှာလည်း ကဗျာတွေ ဖတ်နိုင် နားထောင်နိုင်တယ်။ ဒါကြောင့် နွေဦးထဲက ကဗျာတွေဟာ နွေဦးထဲက အွန်လိုင်းမီဒီယာနဲ့ တချို့ဒေသတွေမှာ ပုံနှိပ်မီဒီယာအဖြစ်ပါ ဖြန့်ချိနိုင်တဲ့ တော်လှန်ရေးစာစဉ်တွေမှာ အပြိုင်အရိုင်းတွေ့နိုင် ဖတ်နိုင်ပါတယ်။ ပြောခဲ့သလို ကလောင်အမျိုးမျိုးတွေ့နိုင်တာမို့ ကလောင်ကို ဖတ်ဖို့ထက် ကဗျာကို ဖတ်ဖို့က အရင်ကျနေမှာ သဘာဝကျပါတယ်။ ဘယ်လောက် သဘာဝကျပါသလဲ ဆိုရင် ဒီတပတ် တင်ဆင်ဖို့ ကဗျာကို ခေါ်သံ အွန်လိုင်းစာစဉ်က ဖြစ်ပြီး ကလောင်အနေနဲ့ Anonymous လို့ တွေ့ရမှာ ဖြစ်ပါတယ်။ အမည်မသိ၊ အမည် မဖော်ပြသော လို့ အဓိပ္ပာယ်ရပါလိမ်မယ်။ ကဗျာက အတန်ငယ် ရှည်လျားတာဖြစ်တဲ့အတွက် တင်ဆက်သူ ရှေ့ထွက်တဦး များစွာ စကားတန်ရှည်ခွင့် မရှိနိုင်ပါ။ ကဗျာ ခေါင်းစဉ်ကို နွေဦးယူလီဆီး လို့ နာမည်ပေးထားပြီး ယူလီဆီး ဆိုတာ ဟိုးမားရဲ့ မဟာကဗျာ ဩဒစ္ဆေ ထဲက သူရဲကောင်း ဇာတ်ဆောင် ဩဒစ္ဆီးယပ်စ်ရဲ့ လက်တင်လို အမည် ပါ။ အစ်သကာ ကျွန်းရဲ့ ဘုရင် ယူလီဆီးဟာ နောက်ဆုံး သူ့ရဲ့ ကျွန်းနိုင်ငံကို ပြန်လာနိုင်ခဲ့တာကို ယူပြီး နွေဦးယူလီဆီးလို့ ကဗျာခေါင်းစဉ် ပေးထားပုံရပါတယ်။ နွေဦးသူရဲကောင်း လူငယ်ရဲ့ ဖခင်ဖြစ်သူရဲ့ လေသံနဲ့ ကဗျာကို ဖွဲ့သွားပါတယ်။ နားဆင်ကြည့်ကြပါခင်ဗျား။
Embed this episode
No transcript yet.