Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၀ episode artwork

Jun 24, 2023 5 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၀

from DNA Podcast Hosted by delta news agency

ဗညားမော် နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦးလို့ ဒီခေါင်းစဉ်ကို စတင်လိုက်ကတည်းက တွေးမိတာ တခုရှိတယ်။ နွေဦးထဲက ကဗျာ နဲ့၊ ကဗျာထဲက နွေဦးနဲ့ ဘယ်အရာကို ပို အလေးပေးရမလဲ။ ချုံ့လိုက်ရင် နွေဦးနဲ့ ကဗျာ ဘယ်ဟာက အရင်ကျသလဲ။ ကျွန်တော့်ရဲ့ တင်ဆက်မှုတွေမှာ နွေဦးနဲ့ ကဗျာ ဟန်ချမျှတာမျိုး ရှိခဲ့သလို နွေဦးကို အလေးပေးမိတာ အခါများစွာလည်း ရှိခဲ့နိုင်ပါတယ်။ နွေဦးထဲက ကဗျာတွေကို တောလိုက်သလို လိုက်ယူရတဲ့ အခါမှာလည်း တကယ့် တည်တံ့ပြီး ကဗျာဆရာများရဲ့ ကဗျာများကို ရတတ်သလို နွေဦးထဲ ရောက်ခါမှ တော်လှန်ရေးစိတ်နဲ့ တော်လှန်ရေးအတွေ့အကြုံကို ကဗျာပေါ် တင်လိုက်တဲ့ သူတွေရဲ့ လက်ရာတွေလည်း ရတတ်ပါတယ်။ အဲ့ဒီတော့ ကဗျာကို စိတ်ထဲတည်ပြီး နွေဦးကို ဦးထိပ်တင်ရပါတယ်လို့ပဲ မယုတ်မလွန် ဆိုရတော့မှာ ဖြစ်ပါတယ်။ အချစ်နဲ့ တို့ထိလိုက်တဲ့ အခါ လူတိုင်း ကဗျာဆရာ ဖြစ်သွားကြတယ်လို့ ဆိုတဲ့ စကားကိုးလေးတခွန်းကို ပဲတင်ထပ်ကြည့်မယ် ဆိုရင်တော့ နွေဦးနဲ့ တို့ထိလိုက်တဲ့ခါ ဖြစ်လာတဲ့ ကဗျာတွေကို စိတ်ထဲ တည်ပြီး နွေဦးကို ဖော်ကျူးဖို့ နွေဦးကို ပဲ့တင်ထပ်ဖို့ နွေဦးအတွက် အားသစ်စေဖို့ စွမ်းသမျှ ကြိုးပမ်းချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နွေဦးထဲက ကဗျာတွေမှာ တချို့က ကဗျာဆန်နေနိုင်ပြီး တချို့က နွေဦးပိုသန်နေနိုပါလိမ့်မယ်။ တော်လှန်ရေးအခြေအနေကို ပိုအလင်းပေးတဲ့ ကဗျာတချို့မှာ နိမိတ်ပုံတွေ တင်စားချက်တွေ ကဗျာ့လင်္ကာရတွေ သိပ်ပါမလာတော့တာလည်း တွေ့နိုင်ပါလိမ့်မယ်။ တော်လှန်ရေးရဲ့ ဗုံနှက်သံတွေ ဆူညံလာတဲ့အခါ တိုင်သံနဲ့ ကြွေးကြော်သံတွေကပဲ ပိုလွှမ်းတက်လာတာမျိုးလည်း ကြုံနိုင်ပါတယ်။ ဒါပေမဲ့ သေချာတာက နွေဦးရော ကဗျာပါ ကျွန်တော်တို့ဆီကို ရောက်လာခဲ့တာပါပဲ။ ကဗျာထဲကို နွေဦးက ရောက်လာခဲ့ပြီး နွေဦးထဲကလည်း ကဗျာက ခုန်ထွက်လာခဲ့တာ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ကဗျာဆရာတွေဆီ ရောက်လာတဲ့ နွေဦးနဲ့ ထပ်တူ နွေဦးထဲက အစိမ်းလိုက် အရင်းအတိုင်း ထွက်လာတဲ့ ကဗျာတွေဟာလည်း ထပ်တူ အရေးကြီးပါတယ်။ ထပ်တူ တန်ဖိုးကြီးပါတယ်။ ရှင်းရှင်းပြောရရင်တော့ နွေဦးထဲက ကဗျာတွေဟာ ကဗျာပါမောက္ခတွေနဲ့ ကဗျာ ဝေဖန်ရေးဆရာတွေ ဆီကို သွားဖို့ထက် နွေဦးတော်လှန်ရေး အရေးတော်ပုံထဲက လူထုပြည်သူတွေဆီ ရောက်ဖို့ အရေးကြီးလှပါတယ်။ ဒီတပတ် ကျွန်တော် တင်ဆက်မယ့် ကဗျာဟာလည်း နွေဦးထဲကနေ ရိုးရိုးရှင်းရှင်း ခုန်ထွက်လာတဲ့ ကဗျာတပုဒ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ကဗျာဟာ ဘယ်လောက် အစိမ်းအတိုင်း ရောက်လာသလဲ ဆိုရင် ကဗျာရေးသူဟာ အချိန်ကာလပြစကားရပ်မှာတောင် တရာသီခုန်ကျော်ပြီး နွေအကုန် ဆောင်းအကူးလို့ ဖွဲ့ထားတယ်။ ဒါပေမဲ့ တော်လှန်ရေးနယ်မြေတစ်ခုက အဖြစ်အပျက်ကို အဖြောင့်အတိုင်း ရေးထားတယ်။ အဖြောင့်အတိုင်းဆိုပေမဲ့ ကွယ်ကွယ်ဝှက်ဝှက်သဘော မဟုတ်ဘဲ အပြည့်အစုံ ပြောမပြထားတာက ထူးခြားနေတယ်။ ကဗျာထဲက ပြန်ပြောသူဆီကို သူ့လူတွေ ရောက်လာတယ်။ ပြီးတော့ ပြန်သွားတယ်။ ဒါလေးပဲ။ ကဗျာက အဖြောင့်အတိုင်း ဆင်းသွားပုံဟာ ကဗျာမှ ဟုတ်ရဲ့လားတောင် မေးရလောက်မယ်။ လေသံအေးအေး ဝါကျ ရိုးရိုးတွေနဲ့ ကဗျာအဆုံးအထိ ရောက်သွားပုံဟာ ပန်းချီဆရာတယောက်က ကင်းဗတ်စ်အဖြူနောက်ခံပေါ် ဆေးတစ်ရောင်ထဲနဲ့ မျဉ်းဖြောင့် တကြောင်းကို ပေါ့ပေါ့ပါးပါး ဆွဲထားသလိုပဲ။ တနေရာမှာ ဆေးရည်က စီးကျသွားသလို “ဒီလူတွေနဲ့ ထပ်မတွေ့ရတော့မှာပဲ စိတ်ထိခိုက်ရပါတယ်.” တဲ့။ ဒါပေမဲ့ သူ့မျဉ်းကြောင်းကို ခပ်အေးအေး ဆက်ဆွဲတယ်။ အဆုံးသတ်နားမှာ စုတ်တံကို နည်းနည်းဖိဆွဲလိုက်သလို။ “ဒီလိုနဲ့ ငါဟာ တရက်ချင်းပေါ့ …” တဲ့။ ကဗျာရေးသူက AM ဖြစ်ပါတယ်။ ခေါ်သံ တော်လှန်ရေးစာစဉ်ထဲကနေ ကျွန်တော် ဒီကဗျာကို ယူခဲ့တာပါ။ ကဗျာအပြည့်အစုံကို ဖတ်ပြပါရစေ။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၀

0:00 5:37

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 5 minutes long.

When was this DNA Podcast episode published?

This episode was published on June 24, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.