Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၁ episode artwork

Jun 30, 2023 5 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၁

from DNA Podcast Hosted by delta news agency

ဗညားမော် နွေဦးထဲက ကဗျာတွေဟာ တစိတ်တပိုင်းဟာ သေခြင်းနဲ့ ပတ်သက်တာတွေ ဖြစ်နေတတ်တာဟာ တော်လှန်ရေးနဲ့ စစ်ပွဲနဲ့ ဆက်ဆံရတဲ့ နွေဦးအရေးတော်ပုံအတွက် အဆန်းတကြယ်မဟုတ်။ အထူးအားဖြင့် အသက်ကို နှင်းထားတဲ့ နွေဦးသူရဲကောင်းများအတွက် ပိုလို့ အဆန်းတကြယ်မဟုတ်။ ဆူစူး၍လျှင်/ အပ်နှင့်ထွင်သည်/ အသင်ဘာပြောချင်သနည်း ဆိုတဲ့ တော်လှန်ရေးလို့ ခေါင်းစဉ်ပေးထားတဲ့ မောင်သာရ ရေးခဲ့တဲ့ ကဗျာကို အမှတ်ရစရာ။ ဒါပေမဲ့ ဆူးတွေက နက်နက်စူးထားတော့ ဆူးကို ထွင်လို့ မပြီးမချင်း အသည်းခိုက်အာင် နာရသူတွေ ဘယ်လောက်တောင် ရှိနေပြီလဲ။ မြသက်သက်ခိုင်က စတဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ဘယ်နှယောက်လောက်အထိ ကျွန်တော်တို့ အမည်နဲ့ တကွ မှတ်သား ကြေကွဲနိုင်ကြသလဲ။ ကျွန်တော် ဝန်ခံပါရစေ။ အိမ်ထဲထိဝင်လာ အိမ်ပေါ်ထိ တက်လာပြီး ကြောက်လို့ အဖေ့ရင်ခွင်ထဲ ပုန်းနေရှာတဲ့ အပြစ်မဲ့ ကလေးမလေးကို ပစ်သတ်သွားတဲ့ အဖြစ်က ရှိခဲ့ပြီး အဲ့ဒီကလေးမလေးရဲ့ နာမည်ကို ကျွန်တော် မေ့သွားပြီ။ အခု အပြစ်မဲ့ အညှင်းပန်း အသတ်ဖြတ်ခံရတဲ့ ပြည်သူလူထုဟာ ထောင်ဂဏန်း အရေအတွက် အတော်များလာတဲ့အခါ အမည်နာမနဲ့ လူတွေအဖြစ် မှတ်မရတော့ဘဲ ကိန်းဂဏန်းတွေအဖြစ်ပဲ ပြောင်းပြီး သိလာရတဲ့အဖြစ်ဟာ ဘယ်လောက် ရင်နာစရာကောင်းသလဲ။ သေမင်းဟာ အပြစ်မဲ့သူတွေရဲ့ အသက်တွေကို နုတ်သွားနေခဲ့တာ နိုင်ငံတော်ရဲ့ ရင်ဝကို စူးနေတဲ့ ဆူးကို နုတ်ပြီးသည့်တိုင်မှပဲ အဆုံးသတ်နိုင်တော့မှာလားလို့ တွေးမိနေတယ်။ သေမင်းရဲ့ ကိုယ်စားလှယ်တွေဟာ လေသူရဲတွေအဖြစ် အယောင်ဆောင်ပြီး တောတောင်ကြားက ရွာငယ်လေးတွေဆီ တိုက်ရိုက် ပစ်မှတ်ထား ဗုန်းကြဲ ပစ်ခတ်နေကြတာ ဒါကို စစ်ပွဲလို့ ခေါ်နေကြရတာတဲ့လား။ စစ်ခင်းသူချင်း တိုက်ခိုက်ပစ်ခတ်တဲ့ ကြားက အရပ်သား ပြည်သူတွေ ကြားညှပ်ထိခိုက်ကြတာ ဖြစ်တတ်တဲ့ သဘောရှိပေမဲ့ အရပ်သားတွေကိုပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်နေတာတွေ အရပ်သားတွေရဲ့ ရွာတွေဆီ ရမ်းသန်း ပစ်ခတ်နေကြတာတွေဟာ နွေဦးအရေးတော်ပုံက ဖယ်ရှားဖို့ပစ်မှတ်ထားကြတဲ့ စစ်ဂိုဏ်းအုပ်စုနဲ့ စစ်အာဏာရှင်စနစ်ဟာ မဖြစ်မနေကို ဒီမြေကနေ ပယ်ဖျက်ပစ်ရမယ်ဆိုတာ သေချာသထက် သေချာနေပါတယ်။ ကဗျာဆရာကတော့ သေမင်းဟာ လူမှားပြီး တမလွန်ကို ခေါ်မိပုံကို ရေးဖွဲ့တယ်။ တစ်ပြည်လုံး ဗြောင်းဆန်နေတဲ့ ဒီလို ကာလတွေမှာဖြင့် သေမင်းဟာလည်း မြေမလေးအောင် ခေါ်ဆောင်သွားရမယ့် လူဆိုးတွေရော အပြစ်မဲ့တဲ့ သာမန်လူတွေပါ ရောကောသောကော လက်မလည်အောင် ခေါ်နေရပုံ ထင်ပါရဲ့။ သတ္တန္တရ ကပ်ကြီးအတွင်း ဥပစ္ဆေဒက ကံပါလာသူတွေဟာ လူဆိုးလူမိစ္ဆာတွေနဲ့အတူ တဖြုတ်ဖြုတ် ကြွေနေကြရရှာတယ်။ ကဗျာဆရာကတော့ ပန်းတွေ ဖူးပွင့်ဖို့ ကျည်ဆန်မိုးပြိုတာလို့ တင်စားပြီး ဆိုလိုက်တယ်။ အပ်နဲ့ထွင်လို့ နာကျင်ရတာကိုလည်း ကျွန်တော်တို့ဟာ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် ကျည်ဆန်မိုးပြိုတာကိုလည်း မျက်မှောက် ပြုကြရမှာ ဖြစ်ပါတယ်။ ပန်းတွေ မဖူးမပွင့်ရခင် အပင်တွေ ကိုင်းကျိုးတာကိုလည်း ခါးစီးခံကြရမှာ ဖြစ်ပါတယ်။ “ငါတို့ဟာ/ ဘယ်ရထားမှာ လွဲခဲ့လဲ/ တခါလွဲရင်/ နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ/ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။”လို့ အောင်ချိမ့် ရေးခဲ့သလို ကျွန်တော်တို့ဟာ အရေးတော်ပုံ ရထားကြီးကို စောင့်ခဲ့ကြရတာ။ ၁၉၈၈ မှာတုန်းက လွဲခဲ့ရတယ်လို့ ဆိုရင် ၂၀၂၁ အလွန်မှာတော့ အလွဲမခံနိုင်တော့ဘူး။ အရေးတော်ပုံကာလအတွင်း သေသူတွေအတွက် သေစာ ရေးထားရပြီးရင် ရှင်သူတွေအတွက် အသက်ဓာတ် မပြယ်ဖို့ ရှင်စာရေးထားရမယ့်ပုံပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကဗျာဆရာ နိုင်မွန်အောင်သွင်ရဲ့ နွေဦးထဲက ကဗျာတပုဒ်ဖြစ်တဲ့ သေစာ ရှင်စာ ဆိုတဲ့ ကဗျာကို ကျွန်တော်တို့ ဖတ်ဖို့ ကြုံလာခဲ့ပါပြီ။ ကဗျာက ကြောင်းရေ ၁၁ ကြောင်းပဲ ရှိတဲ့ ကဗျာတိုတစ်ပုဒ်ပေမဲ့ ကျွန်တော် အစောပိုင်းက ကိုးကားခဲ့တဲ့ မောင်သာရရဲ့ ကဗျာမှာ ဆူးထွင်ဖို့ နာကျင်ရတဲ့ တော်လှန်ရေးလို ကျွန်တော်တို့တတွေ နာနာကျင်ကျင်နဲ့ စာလုံးတလုံးချင်း စာကြောင်းတကြောင်းချင်း ကဗျာထဲက ကြောက်မက်ဖွယ် နိမိတ်ပုံတွေကို အရအမိ ဖမ်းယူနိုင်အောင် ဖတ်ကြည့်ကောင်းတဲ့ သေစာ ရှင်စာပါ။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၁

0:00 5:54

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 5 minutes long.

When was this DNA Podcast episode published?

This episode was published on June 30, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.