Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၇ episode artwork

Aug 12, 2023 6 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၇

from DNA Podcast Hosted by delta news agency

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၇ ဗညားမော် နွေဦးထဲမှာ နွေဦးကဗျာဆရာတွေဟာ ရဲရင့်တောက်ပစွာ ကျဆုံးတဲ့ သူက ကျဆုံး၊ ကျရာနေရာ နိုင်ရာဝန် ထမ်းနေရင်း ကြွေလွင့်တဲ့ သူက ကြွေလွင့်။ တိုက်ပွဲရဲ့ တိုက်ရိုက် ဘေးအန္တရာယ်ကြောင့်ပဲ ထွက်ခွာ ထွက်ခွာ၊ ဒီနွေဦးမှာ တနည်းမဟုတ် တနည်း အများမဟုတ် အနည်း ပါဝင်ပတ်သက်ဆောင်ရွက်ရင်း သွေးရိုးသားရိုးပဲ ဆုံးပါး ဆုံးပါး နွေဦးထဲက မမေ့နိုင်စရာ ကဗျာဆရာများအဖြစ် လေးမြတ်စွာ မှတ်တမ်းတင်ထားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ ခေတ်ပြိုင်၊ အဖြစ်ပြိုင် စစ်ကို ရင်ဆိုင်နေရဆဲ၊ ရုရှားတွေရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေရဆဲ ဖြစ်တဲ့ ယူကရိန်းဇာတိလည်းဖြစ်တဲ့ လက်ရှိ အမေရိကန်ကဗျာဆရာ အီလျာကာမင်းစကီးဟာ စစ်ပွဲစကတည်းက သူ့ရဲ့ဖေ့စ်ဘုခ် စာမျက်နှာမှာ သူ့မူရင်းနိုင်ငံရဲ့ ဖြစ်ပျက်ရုန်းကန်မှုတွေနဲ့ ယူကရိန်းကဗျာဆရာတွေရဲ့ ကဗျာလှုပ်ရှားမှုတွေ ကဗျာစာအုပ်တွေ ကဗျာတွေ၊ ယူကရိန်း စစ်ဘေးသင့် ပြည်သူတွေကို ထောက်ပံ့ကူညီဖို့ ရန်ပုံငွေ အစီအစဉ်တွေကို ပို့စ်တင်လေ့ရှိပါတယ်။ ဩဂုတ်လ ၇ ရက်နေ့မှာတော့ အိုဒက်ဆာမှာ အခြေစိုက် နေထိုင်ဆဲဖြစ်တဲ့ သတင်းစာဆရာကြီးနဲ့ ယဉ်ကျေးမှုဗေဒ ပညာရှင်ကြီး ယက်ဗ်ဂင်းနီ ဂိုလူဘော့ဗ်စကီးရဲ့ နာရေးကို သူက ပို့စ်တင်တဲ့အခါ “ရုရှားဖက်ဒရေးရှင်းရဲ့ ယူကရိန်းကျူးကျော်စစ် အပြည့်အဝ စတင်ပြီး အိုဒက်ဆာမှာလည်း ဗုံးသံ ဒုံးသံတွေ ကြားခဲ့ရပြီးအချိန်မှာ ကျွန်တော် ဂိုလူဘော့ဗ်စကီးဆီ စာရေးပါတယ်။ ကျွန်တော် ဘယ်လို အကူအညီပေးနိုင်မလဲ လို့။ သူက စာပြန်ခဲ့တယ်၊ “ပူတင်တွေ လာပြီး ပူတင်တွေ ထွက်သွားရမှာပဲ။ မင်း ကူချင်တယ်ဆိုရင်တော့ ကဗျာတွေ အက်ဆေးတွေ တို့ဆီကို ပို့ပေးလိုက်လေ။ ငါတို့ စာပေမဂ္ဂဇင်းတစောင်ထဲ အတူတူ ထည့်သွင်းပုံနှိပ်ကြတာပေါ့။ စစ်ကာလ အလယ်ပိုင်းမှာ ထွက်ခွာလာဖို့ အခွင့်အလမ်းတွေ အများကြီး သူရခဲ့ပေမဲ့ သူ့မြို့မှာပဲ သူ့ပြည်သူတွေနဲ့ အတူတကွ နေတယ်။ အဆုံးမရှိတဲ့ လေကြောင်းအန္တရာယ်အချက်ပေးဥဩသံတွေကြားကနေ သူက စာပေမဂ္ဂဇင်းတစောင်ကို စုစည်းပုံနှိပ် ထုတ်ဝေနေတာ။ ဒါကြောင့်ပဲ ကျွန်တော်တို့ သူ့ကို သတိရနေကြမှာ။” တဲ့။ ကျွန်တော်တို့ဆီမှာရော။ လက်ရှိ စစ်နဲ့ ဝေးရာမှာ ရှိနေပေမဲ့ အပူနဲ့ မအေးနိုင်တဲ့ ကဗျာဆရာတွေ ရှိသလို စစ်ဖြစ်ရာ ဒေသတည့်တည့်မှာ၊ သို့မဟုတ် အဲ့ဒီတဝိုက်မှာ နေထိုင်၊ တချို့လည်း စစ်ပွဲရှိရာကို တိုးဝင်သွားခဲ့တဲ့ ကဗျာဆရာတွေဟာ မများပေမဲ့ မနည်းလှပါဘူး။ တချို့လည်း ကဗျာရေးတဲ့ တော်လှန်ရေးနဲ့ စစ်ရေးမှာ ပိုပြီး ကိုယ့်ကိုယ်ကိုယ်နှစ်မြှုပ်ထားကြ၊ တချို့လည်း နွေဦးကဗျာတွေ ရေးကြ၊ တချို့ ကဗျာအီးဘုခ်တွေနဲ့ ထောက်ပံ့ရန်ပုံငွေ ရသလောက် ရှာဖွေထည့်ဝင်ကြ။ ခုန ကာမင်းစကီး ဖော်ပြသွားတဲ့ အသက် ၈၆ နှစ်မှာ ကွယ်လွန်သွားရှာသူ ဂိုလူဘော့ဗ်စကီးလို လူသားတွေဟာ စစ်ကိုက်ခဲတာ ခံရတဲ့ နိုင်ငံထဲမှာ အားခဲ ရှင်သန်ရင်ဆိုင်ကြလျက်ပါပဲ။ ကျရာနေရာ နိုင်ရာဝန် ထမ်းနေရင်း ကြွေလွင့်တဲ့ သူက ကြွေလွင့်တဲ့ထဲ ၂၀၂၃ ဇူလိုင် ၁၅ မှာ ကွယ်လွန်သွားတဲ့ လူငယ်ကဗျာဆရာ ရိုးနီအကြောင်းကိုတော့ အမေရိကန်ရောက် မြန်မာပြည်သား ကဗျာဆရာ အောင်ဝေးက ဒီလို ရေးသားလိုက်ပါတယ်။ “အားလုံးကွဲကြေ။ ကျနော်တို့ဝေးကြရပြီညီလေးကိုရိုးနီ။ လူချင်းမမြင်ဖူး၊ မတွေ့ဖူး၊မခင်မင်ဖူးပါဘဲနဲ့၊ နွေဦးမှာ၊ တော်လှန်ရေးမှာ၊ online မှာ ကဗျာရေးဖော်ချင်း၊ တိုက်ပွဲဝင်ရဲဘော်ချင်း ရင်းနှီးနှောင်ငင်ခဲ့ကြရတဲ့ ကျနော်တို့ညီအစ်ကိုနှစ်ယောက်။ အခုတော့ ရှင်ကွဲမဟုတ်၊ သေကွဲကွဲခဲ့ရပြီ ညီလေးကိုရိုးနီ။” "အတောင်ပံမဲ့ငါးတကောင်ရဲ့ရေရွတ်သံ" ဆိုတဲ့ e-book ကဗျာစာအုပ်အတွက် ကိုအောင်ဝေး ရေးပေးခဲ့တဲ့ အမှာထဲက စာသားကိုပဲ ကိုးကားရပါတော့မယ်။ "ကုန်ကုန်ပြောရလျှင် ရိုးနီရေးသမျှသည် ရိုးနီ၏ကဗျာ မဟုတ်။ မီးစွဲလောင်နေသော တိုင်းပြည်၏ ကဗျာများပဲ မဟုတ်သလော။ ……………………………………………….. အမှန်က ရိုးနီက ကဗျာဆရာမဟုတ်။ နွေဦးတော်လှန်ရေးကသာ ကဗျာဆရာဖြစ်လေသည်” လမ်းခုလတ်မှာ ကြွေလွင့်သွားရတဲ့ လူငယ်ကဗျာဆရာလေး ရိုးနီ နွေဦးတော်လှန်ရေးရဲ့ နာမတော်အောက် ရေးသွားခဲ့တဲ့ ကဗျာတပုဒ်ကို အခု ကျွန်တော် အမှတ်တရ အလေးအမြတ်ပြု ရွတ်ဆိုခွင့် ပြုပါခင်ဗျား?

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၇

0:00 6:37

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 6 minutes long.

When was this DNA Podcast episode published?

This episode was published on August 12, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.