Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၈ episode artwork

Aug 19, 2023 6 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၈

from DNA Podcast Hosted by delta news agency

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၈ ဗညားမော် နွေဦးထဲမှာ တော်လှန်ရေးဒီရေဟာ အီနေလို့လား။ စစ်ဂိုဏ်းအုပ်စု လည်ပင်းညှစ်ခံရတဲ့ခါ တိုင်းပြည်လည်း အသက်ရှူကျပ်လာတာပဲ။ ဒေါ်လာဈေးနှုန်းတွေ၊ ရွှေဈေးနှုန်းတွေ မိုးပေါ်ခုန်တက်သွားတာ အကြောင်းမဟုတ်ဘူး။ အရပ်သား ပြည်သူတွေရဲ့ အိုးအိမ် ရှစ်သောင်းကျော် မီးခိုးဘဝနဲ့ မိုးပေါ်တက် ပြာဖြစ်ပြီး မြေပြင်သုညဘဝရောက်သွားတာ ကိစ္စရှိတယ်။ အခြေခံစားကုန်တွေ ဈေးကြီးပြီး လူလတ်တန်းစားနဲ့ အောက်လွှာတွေ မျက်လုံးမျက်ဆံပြူးပြီး ရုန်းကန်နေကြရတာ ပြဿနာရှိတယ်။ နွေဦးထဲမှာ တော်လှန်ရေးဒီရေဟာ အီမနေပါဘူး။ ပြည်တွင်းက ပြည်သူတွေရော အရပ်ရပ်အနိုင်နိုင်ငံက မြန်မာတွေရော စစ်ညောင်းတာရှည်လာတဲ့ခါ အနည်းငယ်တော့ ပန်းလာတာ အဖြစ်မှန်ပါ။ စစ်ပြေးပြည်သူတွေရဲ့ ဒုက္ခကိုတော့ ပြောစရာကိုမလိုတော့ဘူး။ ဒီကြားထဲမှာမှ နွေဦးထဲ ပျော်ပျော်ကြီး ဖြတ်သန်းနေနိုင်တဲ့ သူတွေရှိတယ်ဆိုတာ စစ်မီးပုံကြီးနဲ့ ခပ်ဝေးဝေးလို ရှိနေတဲ့ မြိုကြီးတချို့ရဲ့ ညဘဝတွေမှာ တွေ့ရနိုင်တယ်လို့ ဆိုကြတယ်။ စစ်ဂိုဏ်းအုပ်စုရဲ့ ဒေါက်တိုင် ဝန်ထမ်းအဖွဲ့အစည်းတွေမှာ အကျင့်ပျက်ခြစားပြီး မတရားငွေရနေတဲ့ ဌာနတွေ ပုဂ္ဂိုလ်တွေရှိနေတယ်။ အထူးသဖြင့်တော့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ယူထားတဲ့ နေရာတွေပဲ။ အရပ်သားတပိုင်းအစိုးရလက်ထက်က အတိုင်းတာ တခုထိ ဟန့်သွား တန့်သွားတဲ့အကျင့်ပျက်ခြစားမှုတွေဟာ အခုတော့ အထိန်းကွပ်မဲ့ ဆပွားကြီးထွားလာပုံပဲ။ စစ်ဂိုဏ်းအုပ်စုနဲ့ အမြီးစားဘက် ခေါင်းစားဘက် ခရိုနီစီးပွားရေးသမားတွေဟာလဲ အကျပ်အတည်းတွေကြားမှာ ပန်းပန်ဆဲပဲ။ ဒိအထဲမှာမှ “အသက်ရှူမ၀တဲ့ကြပ်ခဲမှုတွေထဲက/ ဖေါက်ထွက်ချင်လို့/ ရသမျှ အရင်တူးဖေါ်ကြ” တဲ့ သူတွေလည်း ရောရောယောင်ယောင် ပါဝင်နေကြမှာပဲ။ နွေဦးထဲမျာမှ ပျော်ပျော်ကြီး ရှိနေကြပုံတွေကို ကဗျာဆရာ နိုင်မွန်အောင်သွင်က “ပျော်ပျော်ကြီး” ကဗျာမှာ ရေးဖွဲ့လိုက်ပုံရပါတယ်။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၈

0:00 6:23

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 6 minutes long.

When was this DNA Podcast episode published?

This episode was published on August 19, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.