Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၁ episode artwork

Sep 9, 2023 7 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၁

from DNA Podcast Hosted by delta news agency

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၁ ဗညားမော် နွေဦးထဲမှာ ပြည်ထဲရေးကလည်း ပြည်ထဲရေးပေါ့။ တကယ်လို့ လွမ်းတပူဆွေး သူနဲ့ ဝေးတဲ့သူတွေအဖို့ လွမ်းရေးကလည်း လွမ်းရေးပေါ့။ သာမန် အများပြည်သူတွေအဖို့ကတော့ တဖြည်းဖြည်း ဝမ်းရေးက ခက်လာနေပြီ။ ဝမ်းရေးဟာလည်း ကဗျာပါပဲလို့ ပြောချလိုက်မယ် ကြံတဲ့အခါ ကျွန်တော်ဟာ ဝန်ကြီး ပဒေသရာဇာရဲ့ လယ်သမား တျာချင်းကို အရင်ဆုံး သတိရမိတာပေါ့။ “ထမင်းကပူ၊ ဟင်းကပူ၊ ရှူရှူသာရှမ်း ငရုတ်ကယ်နှင့်”ဟာ စစ်မီးလျှံကြီးရဲ့ အဝေးနားမှာ နေနေကြသလို ဒေသတွေက အခြေခံပြည်သူတွေအဖို့တောင် ခက်နေတာဟာ နိစ္စဓူဝ ရင်ဆိုင်ဖြေရှင်းနေကြရတဲ့ ဘဝတိုက်ပွဲ ဖြစ်နေပြီ။ စစ်ရှောင်စခန်းက စစ်ပြေးပြည်သူတွေကိုတော့ ထည့်ပြောစရာတောင် မလိုတော့ဘူး။ ပဒေသရာဇာရဲ့ လယ်သမားကဗျာထဲက ဆင်းရဲလှတဲ့ လယ်သမားဟာ ဩဂဲနစ် ဟင်းသီးဟင်းရွက်တွေနဲ့ သဘာဝထဲက အကောင်ပလောင်လေးတွေရဲ့ ပရိုတိန်းဓာတ်ကိုရသေး။ တျာချင်းရဲ့ နောက်ဆုံးအပိုဒ်မှာ အလုပ်ကယ် ဧရာသာ ငုံ့ကာ လွေးနိုင်သေး လို့ ဆိုရမှာပါ။ စစ်ဂိုဏ်းအုပ်စုရဲ့ အဘက်ဘက်စီမံခန့်ခွဲမှု ညံ့ဖျင်းမှုရယ် ပြည်သူလူထု လက်မခံတဲ့ ဖီဆန်မှုရယ် နွေဦးတော်လှန်ရေးတပ်သားတွေရဲ့ တော်လှန်တိုက်ခုမှုရယ် အလုံးစုံပျက်သုဉ်းဖို့ ကြံနေပုံရတဲ့ စစ်ဂိုဏ်းသားတွေရဲ့ ရပ်ခံမှုတွေရယ် ကြားမှာ အခြေခံလူတန်းစားတွေရဲ့ ပင်မအာဟာရတွေထဲက ဆန်က တအိတ် တသိန်းနဲ့ ဆီက တပိဿာ တသောင်း ဖြစ်သွားပြီ။ ဆန်စင်ရာ ကျည်ပွေ့လိုက်တဲ့ ဖြေရှင်းမှုတွေနဲ့ ဆန် ဆီ တန်းစီ တိုးစားနေရတဲ့ လူတန်းတွေကို မြင်တွေ့ရစ ပြုပြီ။ နွေဦးထဲက ကဗျာဆရာရဲ့ ကဗျာပါဒထဲမှာ ကျွန်တော်တို့ “သမဆိုင်နံ့တွေ ပြန်ရလာတယ်” ဆိုတာကို ဖတ်လိုက်ရတယ်။ ၁၉၈၈ ခုနှစ်ရဲ့ ဟိုးဘက် မဆလ စစ်နောက်ခံ တပါတီအာဏာရှင်စနစ်ရဲ့ နှစ်ကာလများအထိ ကျွန်တော်တို့ ပြန်ရောက်သွားနေတာလား။ ကဗျာဆရာဟာ ဆိုရှယ်လစ် သရုပ်မှန် ကဗျာကို ဒီခေတ်မှာ ရေးဖို့ မကြိုးစားပါ။ သူ့ရဲ့ လူလတ်တန်းစား အခြေအနေကနေ အောက်ဆုံးအလွှာအထိ ဆင်းနှိုက်ပြီး အနိဋ္ဌာရုံတွေကို တမင် တူးဖော်မပြပါ။ ကဗျာဆရာ ဟန်နရီမိုးဟာ စစ်ရေး သွေးနံ့ မပါတဲ့ မြို့ပြထဲက စစ်နေ့များကို ရေးပါတယ်။ ပြည်ထဲရေး လွမ်းရေးတို့ကို ကွင်းလျက် ဝမ်းရေး ရှုကွက်တွေနဲ့ နွေဦးထင်ဟပ်ချက်တွေကို တဆိတ် နားထောင်ကြည့်ပါ။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၁

0:00 7:07

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 7 minutes long.

When was this DNA Podcast episode published?

This episode was published on September 9, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.