Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၅ episode artwork

Oct 7, 2023 6 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၅

from DNA Podcast Hosted by delta news agency

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၅ ဗညားမော် နွေဦးဟာ မိုးထဲရေထဲ ရောက်နေပြီလို့ ပြောလိုက်ရင် ဒီစကားဟာ ပုံမှန်စကားမဟုတ်တော့ဘူး။ နွေဦး စကတည်းက မိုးထဲရေထဲမှာပါပဲ။ ခုနွေဦးက မိုးထဲရေထဲ ရောက်နေပြီ။ ပန်းတိုင်နီးလေ ခက်ခဲလေ၊ အောင်ပွဲရဲ့ ရနံ့ကို ရလေ အသံကွဲတွေ ထွက်လာလေ ဆိုတာ သဘာဝအတိုင်းပဲ လို့ ဆိုရမှာပဲ။ တော်လှန်ရေးဆိုတာ ခက်ခဲကြမ်းတမ်းမယ်ဆိုတာ မျှော်လင့်ထားကြပြီး ဖြစ်ပေမဲ့ လက်တွေ့ဖြတ်သန်းရတဲ့အခါမှာတော့ မှန်းတာထက် ကြမ်းတာကို တွေ့ရပြီး ရမ်းခါထွက်သွားတာတွေ။ ဗိုလ်ချုပ်တို့ ဖက်ဆစ်တွေကို မောင်းထုတ်တုန်းက တည်ပြီးတပ်ကြီးရှိခဲ့တယ်။ သူ့ တပ်ထွက်မိန့်ခွန်းကလည်း ရှင်းတယ်။ အားလုံးသိပြီးဖြစ်ပေမဲ့ ပြန် ပဲ့တင်ထပ်ပါရစေ။ “ရဲဘော်တို့အကျယ်ချဲ့ပြီး ရှည်ရှည် မပြောချင်ဘူး။ အခု စစ်မြေပြင်ကို ထွက်ရမယ်။ ဆင်းရဲမယ်၊ ငတ်မယ်၊ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရမယ်။ ဗမာပီပီ ဗမာ့သွေးကို ပြပါ။ အထက်ဗိုလ်များရဲ့ အမိန့်ကို နာခံကြပါ။ အထက်ဗိုလ်တွေကလဲ သာတူညီမျှ ရဲဘော်စိတ်ထားပါ။ ရဲဘော်တို့ကို ကတိပေးထားတဲ့ အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့ နဲ့အတူ ချီတက်မယ်။ ဗမာ့ရန်သူကို ချေမှုန်းကြ။ အနီးကပ်ဆုံး ရန်သူကို ရှာပြီး တိုက်ကြ။ ဒါပဲ။” အခုက ကိုယ့်နိုင်ငံသားချင်းတိုက်ရတယ်။ အာဏာလု ဂိုဏ်းသားတွေမှာ တည်ပြီးတပ်ကြီးရှိတယ်၊ ပြည်သူ့ဘဏ္ဍာကို ကိုယ့်ဟာမှတ်ပြီး တရားမဲ့ ဘတ်ဂျက်ဆွဲဖြည့်ဆည်းထားလို့ ဖောင်းကားနေတဲ့ လက်နက်အင်အားတွေ ရှိတယ်။ တဖက်က နွေဦးအရေးတော်ပုံတပ်သားတွေဟာ အခုမှ စစ်ပညာကို သင်ရ၊ တပ်တည်ရ၊ ရှိနှင့်ပြီး လူမျိုးစုတော်လှန်ရေးအင်အားတွေနဲ့ မဟာမိတ်ဖွဲ့ရ၊ နိုင်ငံတကာ အခင်းအကျင်းထဲ အာဏာလု စစ်ဂိုဏ်းကြီး မင်းရာမဝင်အောင် တွန်းချနိုင်ဖို့ အစိုးရအဖွဲ့ ဖွဲ့ရ၊ တော်လှန်ရေး ရန်ပုံငွေအတွက် နိုင်ငံတွင်းနဲ့ ကမ္ဘာအရပ်ရပ် ပြည်သူတွေဆီက အလှူခံရ၊ ဒေသတွင်းမဖြစ်မနေ တည်လာရတဲ့ သူတလူ ငါတမင်းတပ်ဖွဲ့တွေကို အမိန့်နဲ့ စစ်ကျင့်ဝတ်တွေနဲ့အညီ ဖြစ်အောင် စုစည်းရ။ ပြောရရင် တကယ့်ကို မိုးထဲလေထဲ ဗြဲလရမ်းအခြေအနေတွေကြားကနေ အနှစ်ခုနစ်ဆယ် မြစ်ပွားနာကြီးကို ဖဲ့ထုတ် ရှင်းဖြုတ်နေရတဲ့ တော်လှန်ရေးဖြစ်ပါတယ်။ ပြောချင်တာက တဖက်ရန်သူမှာ အရပ်သားတွေကို နေ့စဉ် ရက်ရက်စက်စက်အပေါ်စီး ထိပါးနေနိုင်တဲ့ ဒုံးနဲ့ ဗုံးနဲ့ လေတပ်ကြီးရှိပြီး ကိုယ့်ဘက်လိုလို ဒီဘက်မှာ ခေတ်ကပေးထားတဲ့ လူမှုမီဒီယာပေါ်မှာ တယောက်ချင်းစီ တဖွဲ့ချင်းစီကနေ မိုးထဲ ရေထဲက တကယ့်ကို မြေပြင်မှာ တိုက်ပွဲဝင်နေရသူတွေထက် အသံစုံထွက်နေတဲ့ အာဘောင်အာရင်းသန်သန်နဲ့ လေတပ်ကြီးက မိုးသံလေသံထက် ဆူညံလှတယ်။ ခေတ်က တိုးတက်ရှုပ်ထွေးလာတော့ အရင် ဖက်ဆစ်တော်လှန်ရေးခေတ်ထက် နွေဦးအရေးတော်ပုံက ခက်ခဲရှုပ်ထွေးပါတယ်။ နှစ်နှစ်အတွင်း ဒီလောက် စစ်ရေး နိုင်ငံရေး တိုးတက်မှုတွေ ဒီလောက် ရလာပေမဲ့ စီးပွားရေးနဲ့ လူမှုရေးမှာ ဒေသအလိုက် လောတဲ့လူက လောပြီး ကတဲ့ သူက ကနေတဲ့ လောကထဲ ရှိနေတော့ အရေးတော်ပုံ အခြေပြုရာ ပြည်သူလူထုရဲ့ ကြားမှာ ထည့်ဝင်မှု စိတ်ညွတ်မှု ယုံကြည်မှု အားပေးမှုတွေက အမျိုးမျိုးဖြစ်နေတယ်။ တိုက်ပွဲဝင်နေရမှာက မြေပြင်စစ်ပွဲဖြစ်ပွားနေတဲ့ နေရာတွေတင်မက တောရွာ မြို့ပြ နေရာအနှံ့မှာ တိုက်ပွဲအနေနဲ့ စိတ်သွင်းရင်ဆိုင်ကြဖို့ ပြည်သူလူထုအားလုံးအနေနဲ့ စိတ်အထိုင် မခိုင်လှတာကိုလည်း လက်တွေ့အခြေအနေတွေပဲ။ ဒီလို ရေထဲမိုးထဲ အခြေအနေမှာ သူ့လူ ကိုယ့်ဘက်သား ကိုယ့်လူ သူ့ဘက်သား သူ့လူ သူ့ဘက်သား ကိုယ့်လူ ကိုယ့်ဘက်သား အသံထွက်နိုင်သူများက အသံအမျိုးမျိုးထွက်နေတဲ့ နေရာမှာ နွေဦးအတွက်ကတော့ မိုးထဲ ရေထဲ အားဖြစ်စေမယ့် အသံမျိုးပဲ လိုလားအပ်တယ်။ ‘ခေါ်သံ’ သတင်းနဲ့ မီဒီယာ တော်လှန်ရေးစာမျက်နှာကနေ ခု ရက်ပိုင်း ဖတ်လိုက်ရတဲ့ ညိမ်းအေးရဲ့ မိုးထဲရေထဲ ကဗျာထဲမှာ အဲ့ဒီလို မိုးထဲရေထဲက အားဖြစ်စေမယ့်အသံကို ကြားလိုက်ရတော့ ဒီတပတ် ကျွန်တော်တို့ အဲ့ဒီကဗျာလေးကို နားထောင်လိုက်ကြရအောင်ပါ ခင်ဗျား။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၅

0:00 6:03

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 6 minutes long.

When was this DNA Podcast episode published?

This episode was published on October 7, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.