နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၆
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၆ ဗညားမော် နွေဦးမှာ ဖြတ်သန်းရသူအတွက် နွေဦးထဲက ကဗျာဟာ သက်သာရာကို ဆောင်ကြဉ်းလာနိုင်ပါသလား။ ကဗျာဟာ စိတ်ပိုင်းဆိုင်ရာ အရ၊ နာမ်တရားအရ နားလည်လက်ခံနိုင်မှု တစုံတရာကို ယူလာတတ်တာကို အသိအမှတ်ပြုနိုင်ရင် မှန်ပါတယ်၊ ကဗျာဟာ သက်သာရာပါပဲ။ ရံဖန် ရံခါတော့ အဲ့ဒီ သက်သာရာဆိုတာ ဘဝင်ကျမှု ဖြစ်ပြီး အခါများစွာမှာတော့ သက်သာရာ ဆိုတာ ဆက်လက်နိုင်ဖို့ အင်အားဖြစ်နိုင်ပါတယ်။ ဒါကြောင့် နွေဦးကို ဖြတ်သန်းရင်း နွေဦးကဗျာတွေထဲက စာကြောင်းတချို့ကို စိတ်ထဲကဖြစ်ဖြစ် ရွတ်လိုက်ရင်း တော်လှန်ရေးတပ်သားလူငယ်လေးပဲ ဖြစ်ဖြစ်၊ ငါလုပ်နိုင်တာ ဒါပဲရှိတယ်ဆိုပြီး မီးမမှန်တဲ့မြို့ပြထဲ ဖုန်းလေးကို အလျင်မီအောင် အားသွင်းပြီး ရန်ပုံငွေဝက်ဘ်ဆိုက်ထဲဝင်ပြီး ကလစ်နေတဲ့ ပင်စင်စားလူအိုလူမင်းကြီးပဲ ဖြစ်ဖြစ် သူတို့ဟာ နှစ်နှစ်ခွဲကျော် အရေးတော်ပုံကာလကို တရက်ချင်း ဆက်လက်ချီတက်နေတာဖြစ်မယ်။ တချို့ကျတော့ သူ့လူမှုကွန်ရက်ပေါ်မှာ သူ့အတွက် သက်သာရာ ရစေတဲ့ ကဗျာပါဒလေး သုံးလေးကြောင်းကို ရိုက်တင်လိုက်လိမ့်မယ်။ သူဖွင့်တဲ့ လက်ဖက်ရည်ဆိုင်လေးရှေ့က သင်ပုန်းနက်နက်မှာ မြေဖြူနဲ့ တရက်ကို တမျိုး ကဗျာပိုဒ်လေးတွေ ကူးတင်လိမ့်မယ်။ တောထဲက တဲစခန်းလေးထဲလည်း အဲ့ဒိလို ဖြစ်သလိုလုပ်ထားတဲ့ သင်ပုန်းမျိုးလေး တွေ့ရနိုင်မယ်။ အဲ့ဒီလို သက်သာရာ ကဗျာလိုင်းလေးတွေကို ဆောင်ထားတဲ့အခါ ကဗျာက ဆောင်ပုဒ်ဖြစ်သွားမှာပေါ့။ အကိုးအကားစကား ကိုတေးရှင်းလေး ဖြစ်သွားမှာပေါ့။ ကဗျာတပုဒ်လုံးကို အားနာစရာ ဖြစ်ပေမဲ့ ဒီကောက်နုတ်ကိုးကားချက်လေးတွေက အိုးတန်ဆန်ခတ်ဖြစ်သွားတာလို့ပဲ ဖြေသိမ့်လိုက်ရမှာပေါ့။ လတ်တလော ကျွန်တော့်မှတ်ဉာဏ်သင်ပုန်းပေါ်မှာ အခုဆက်ပြောပြချင်တဲ့ ကဗျာလိုင်းလေးတွေဟာ ဆောင်ပုဒ်လေးတွေလိုလို ကိုးကားပြောလို့ကောင်းတဲ့ ကိုတေးရှင်းလေးတွေလိုလို ထင်းခနဲ ပေါ်လာနေတာကို ဒီတပတ် တင်ဆက်ချင်ပါတယ်။ နွေဦးတော်လှန်ရေး အရေးတော်ပုံဟာ မိစ္ဆာတွေ မျှော်လင့်တာထက် အတော့်ကို ခရီးရောက် အရှိန်တက်လာတဲ့အခါ ရန်သူဘက်ကဖြစ်ဖြစ် ညီအစ်ကိုမသိတသိလူတွေထဲက ဖြစ်ဖြစ် ငြိမ်းချမ်းရေးလိုလို အခြားတပါးလမ်းကြောင်းလိုလို ထင်းနေတဲ့ လမ်းကြောင်းကြီးကနေ ဖဲ့ဆင်းသွားဖို့ လမ်းရာ ပြပြလာတာ မြင်ရနေတယ်။ ကျွန်တော့်မှတ်ဉာဏ်သင်ပုန်းမှာ ခုရက်ပိုင်း ဖတ်ရတဲ့ ကဗျာလိုင်းတချို့ ရေးထည့်ထားလိုက်ရ။
Embed this episode
No transcript yet.