နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၈
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၈ ဗညားမော် နွေဦးမှာ နေတဲ့ ကဗျာဆရာတွေဟာ နွေဦးအကြောင်း တနည်းမဟုတ် တနည်း၊ အနည်းမဟုတ် အများ ရေးဖွဲ့နေကြတာ မဆန်းဘူးလို့ ပြောလိုက်ရင် နွေဦးကို ဖြတ်သန်းနေရပေမဲ့ နွေဦးမှာ မနေတဲ့ ကဗျာဆရာတွေရဲ့ ကဗျာတွေမှာတော့ ရွက်ကြွေလည်းမတွေ့ ပုရစ်ဖူးလည်းမတွေ့ တောမီးလည်း မတွေ့လို့ ပြောချင်သလားလို့ မမေးပါနဲ့။ ကဗျာဆရာတိုင်းဟာ လွတ်လပ်တဲ့ ရွေးချယ်မှုနဲ့ လူသားတွေဖြစ်ပါတယ်။ ဆင်စွယ်ရဲတိုက်ထဲမှာ ပျော်မွေ့နေသူရော ကန္တာရထဲ အထီးကျန်နေသူရော သူ့ကဗျာအလုပ်ကို ရိုရိုသေသေ လုပ်နေသမျှ သူ့ကို လေးစားရမှာပါ။ မနေနိုင်သူ ကဗျာဆရာတွေကတော့ ကိုယ့်နွေဦးရော လှမ်းမျှော်ကြည့်လို့ တွေ့ရသမျှ ကမ္ဘာတလွှားက ဆူပွက်လှုပ်ရှား ရုန်းကန်နေသမျှကို လှမ်းငေးရင်း နွေဦးကဗျာထဲ ရေးချမိရင် ရေးချလိုက်မှာ။ သစ္စာနီရဲ့ ရှင်တမ်းစာ ၁၃ မှာ “လူ့အသက်က တစ်ရာဖိုး သုံးပုဒ်ပါ/ ချိုတကူးနဲ့ ဂုဏ်ရည်မတူ လို/ ငါတို့. ဂါဇာအကြောင်းပြောလို့။” ဆိုတဲ့ ကဗျာပိုဒ်နဲ့ စလိုက်ပါတယ်။ အားလုံးသိပြီးသားဖြစ်မှာပါ။ ကိုယ့်ရဲ့ တကယ့်ဘဝ ဇာတ်နာပုံထက် ‘ဂုဏ်ရည်မတူ” ရုပ်ရှင်ထဲက ဇာတ်နာတာကို ကြည့်ရင်း မျက်ရည်ကျသူ ချိုတကူး အကြောင်း။ တကယ်က မဟုတ်ဘူး ထင်တယ်။ ကျွန်တော်တို့ဟာ လောကကမ်းပါးပေါ်ကနေ ထိုင်ကြည့်နေရတဲ့ ဇာတ်တွေရော ကိုယ်တိုင်ရဲ့ ဘဝတွေရော ရောထွေးဆက်နွယ် ယှက်လိမ်နေကြပြီလို့ ဆိုရမလား။ ဂါဇာနဲ့ အိုဒက်ဆာက အဖြစ်တွေက ကျွန်တော်တို့ ရုန်းကန်နေရတဲ့ နွေဦးရုန်းကန်မှုတွေကို တနည်းနည်း ဖုံးသွားမှာကို စိုးရမှာလား။ ဒီရေမြင့်တက်သလို ကမ္ဘာ့ကြီးရဲ့ ရုန်းကန်လှုပ်ရှားမှုတွေထဲမှာ ကမ္ဘာ့အစီအစဉ်သစ်ဟာ ဖြစ်သစ်လာပြီး အဲ့ဒီအစီအစဉ်သစ်ဟာ ကျွန်တော်တို့ရဲ့ အရေးတော်ပုံကိုရော ခုထက် အရေးတယူ ရိုက်ခတ် ဆုံးဖြတ်လာတာတွေ ဖြစ်လာနိုင်မလား။ အဲဒီလို ဟုတ်နိုးနိုး ဖြစ်နိုးနိုး တွေးနိုင်သမျှ ဆန့်တွေးနေတဲ့ အချိန်ပိုင်းတွေမှာ နွေဦးရဲ့ အရိပ်တွေနဲ့ ဘဝရဲ့ အရိပ်တွေထိုးကျနေတဲ့ ကမ်းပါး ကို တွေ့မိလိုက်တယ်။ ကဗျာဆရာ ထွန်းနိုင်နောင် ရေးနေတဲ့ ကမ်းပါးကဗျာစုကို ကျွန်တော် ဖတ်မိတယ်။ သူ့ရဲ့ ကမ်းပါး ၇ မှာ...
Embed this episode
No transcript yet.