EPISODE · Sep 14, 2024 · 4 MIN
နိုင်ငံတဝန်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ရာချီရှိနိုင်
from DVB News · host Democratic Voice of Burma
နိုင်ငံတဝန်း မိုးများပြီး ရေကြီးရေလျှံတာနဲ့ မြေပြိုတာကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ဝန်းကျင်အထိ ရှိလာတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေရဲ့ ကနဦး ခန့်မှန်းချက်တွေအရ သိရပါတယ်။ တောင်တရုတ်ပင်လယ်မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း ယာဂီရဲ့ အကြွင်းအကျန် လေပွေလှိုင်းက မြန်မာနိုင်ငံအထက်ပိုင်း ရှမ်းပြည်အရှေ့ပိုင်းကနေ ဝင်ရောက်ခဲ့တာကြောင့် ရှမ်းပြည်တခုလုံး၊ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ကရင်နီပြည်နယ်တို့မှာ စက်တင်ဘာ ၇ ရက်ကနေ ၁၂ ရက်အထိ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ မိုးရွာသွန်းတာနဲ့အတူ မြစ်ရေတက်တာကြောင့် လူနေအိမ်တွေ နစ်မြုပ်တဲ့အထိ ရေလျှံတဲ့ပမာဏ များခဲ့ပါတယ်။
Embed this episode
Ready to play
နိုင်ငံတဝန်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ရာချီရှိနိုင်
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.