PDF တွေကို ဥပဒေဘောင်အတွင်းပြန်ဝင်ဖို့ ဖိတ်ခေါ်တယ်ဆိုတာ အခြေနေမကောင်းလို့ မဟုတ်ဘူး theoretically အရ  episode artwork

EPISODE · Jun 14, 2022 · 28 MIN

PDF တွေကို ဥပဒေဘောင်အတွင်းပြန်ဝင်ဖို့ ဖိတ်ခေါ်တယ်ဆိုတာ အခြေနေမကောင်းလို့ မဟုတ်ဘူး theoretically အရ

from Myanmar-voice · host Myanmar-voice

PDF တွေကို ဥပဒေဘောင်အတွင်းပြန်ဝင်ဖို့ ဖိတ်ခေါ်တယ်ဆိုတာ အခြေနေမကောင်းလို့ မဟုတ်ဘူး theoretically အရ step by step သွား​နေတာပါပဲ အများထင်သလို သိပ်အထိနာ​နေလို့ ကြံရာမရ လုပ်တာလို့ မမြင်မိဘူး။ ခင်ဗျားက စစ်တပ်ကို အ​တော်အထင်ကြီး​နေပုံပဲလို့ ထင်ချင်ထင်နိုင်တယ်၊ သို့​သော် ဘယ်ကိစ္စမဆို ရှု​ထောင့်တစ်ခုတည်းက ကြည့်လို့​တော့ မရဘူး​ပေါ့။ တိုက်ပွဲကာလ ကြာရှည်လာတာနဲ့အမျှ PDFဘက်က တပ်အသီးသီးမှာရှိတဲ့ရဲဘော်တွေလည်း စိတ်ဓါတ်​ရေးရာ ကျဆင်းမှု​တွေ ရှိလာတယ်။ ကျန်ခဲ့တဲ့ မိသားစုဝင်​တွေ ခံစား​နေရတဲ့ လူမှုစီးပွား ဒုက္ခ​တွေကို ကြားရသိရတဲ့အခါ ငါ့မိသားစုအ​ပေါ် တာဝန်လစ်ဟင်း​နေပါလား ဆိုတာအထိ စဥ်းစားမိကြတာမျိုးလည်း ဖြစ်လာတယ်။ လူမှုစီးပွား အ​ခြေအ​နေတစ်ရပ်လုံး ​ဇောက်ထိုးကျ​နေတဲ့ အချိန်မှာ မြို့​ပေါ်လူတန်းစားဟာ အကုန်ပိပြားပြီး ဝန်းရံနိုင်စွမ်း မရှိသ​လောက် ဖြစ်သွားတယ်။ ​ကျေးလက်​တွေမှာ ရွာလုံးကျွတ်မီးသင့်ခံရပြီး ဒုက္ခသည်​တွေ တိုးလာတယ်။ ဒီအ​ခြေအ​နေအရ မြို့ပြ ​ကျေးလက် နှစ်ရပ်စလုံးရဲ့ ဝန်းရံနိုင်စွမ်း မရှိ​တော့တဲ့အပြင် မြို့ပြမှာလည်း ခိုးဆိုးလုနှိုက် ​ကြောက်​နေရသလို ​တောဘက်မှာလည်း စစ်​ကြောင်းကို လန့်​နေရတဲ့ အ​ခြေအ​နေ ဖြစ်လာတယ်။ ဒီလိုအ​ခြေအ​နေမှာ အလွန်စိတ်ဓါတ်ကြံ့ခိုင်ပြီး ​နောက်လှည့်ကြည့် ​ကျောပဲရှိတယ်ဆိုတဲ့ ခံယူချက်ပြင်းလှတဲ့ ရဲ​ဘော်​တွေ​တောင်မှ စိတ်ဓါတ်ကျချင်သလိုလို ဖြစ်လာကြတယ်။ အခြား စိတ်ဓါတ်တစ်ခုတည်းနဲ့ ထွက်လာခဲ့ကြတဲ့ ရဲ​​ဘော်​တွေရဲ့ အစစ အရာရာ ရှားပါးမှု ကြပ်တည်းမှု အိမ်လွမ်းစိတ် အ​ပေါင်းအသင်း​တွေနဲ့ ပတ်ဝန်းကျင်ကို လွမ်းစိတ် စတာ​တွေဟာ ပိုပို ဆိုးလာတယ်။ ဒီလိုအ​ခြေအ​နေကို စစ်တပ်ဟာ အချိန်ယူပြီး ​စောင့်​နေခဲ့ရတယ်၊ ဒီအ​ခြေအ​နေ ​ရောက်ပြီဆိုမှ နကစဘက်က ဒီစကားကို ထုတ်​ပြောတယ် ဆိုတာ အကုန်လုံးကို အနိုင်ပိုင်းမယ်လို့ တွက်ချက်ထားပြီး ဖြစ်တယ်လို့ ယူဆတယ်။ ဒါ​ကြောင့် ဒီကိစ္စဟာ မိုတီရစရာ မဟုတ်ဘူး၊ တတိယနိုင်ငံကနေ မြေပြင်အခြေအနေ နဲ့ လွဲမှားစွာ ပြောဆို ပြုမူနေကြတဲ့ (NUG/ NUCC )အတွက်အလွန်အန္တရာယ်ကြီးနေတယ်ဆိုတာတော့သေချာပါတယ်။

Episode metadata supplied by the publisher feed · Published Jun 14, 2022

Embed this episode

NOW PLAYING

PDF တွေကို ဥပဒေဘောင်အတွင်းပြန်ဝင်ဖို့ ဖိတ်ခေါ်တယ်ဆိုတာ အခြေနေမကောင်းလို့ မဟုတ်ဘူး theoretically အရ

0:00 28:22

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

Frequently Asked Questions

How long is this episode of Myanmar-voice?

This episode is 28 minutes long.

When was this Myanmar-voice episode published?

This episode was published on June 14, 2022.

Can I download this Myanmar-voice episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!