EPISODE · Sep 13, 2023 · 1H
ပရိတ်ကြီး(၁၁)သုတ် - ကြာနီကန်ဆရာတော် ဦဇဋိလ
from Myanmar Dhamma Talks · host Myanmar Dhamma Talks
Myanmar Dhamma Talks YouTube https://youtube.com/@myanmardhammatalks?si=WvDmyjRewYvuZlkO ပရိတ်ကြီး ၁၁ သုတ်ကို ရှေး ရဟန်းပညာရှိ နှင့် လူပညာရှိတို့သည် လောကီအန္တရာယ် အမျိုးမျိုးကင်းစေရန်နှင့် လောကုတ္တရာအကျိုးပွားစေရန်အလို့ငှာ သုံးမျိုးသော ပိဋက ကျမ်းစာများထဲမှ ထုတ်နုတ်၍ စီရင်ထားတော်မူခဲ့ကြသည်။ မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများ ၌ သာရေး၊ နာရေး ကိစ္စများဖြစ်သော မင်္ဂလာဆောင်၊ ရှင်ပြု၊ အိမ်တက်မင်္ဂလာ၊ နှစ်သစ်ကူးမင်္ဂလာ၊ အသုဘရှုအခမ်းအနားတို့တွင် ရဟန်းတော်များက ဤ ပရိတ်ကြီး ၁၁ သုတ်အစအဆုံးကိုဖြစ်စေ၊ သက်ဆိုင်ရာသင့်တော်သည့် သုတ်တော်အချို့ကို ဖြစ်စေ ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်ပေးလေ့ရှိသည်။ အဓိပ္ပာယ် ပရိတ် ဟူသော ဝေါဟာရသည် ပရိတ္တ ဟူသော ပါဠိပုဒ်မှ ဆင်းသက်လာသည့် ပါဠိသက်ဝေါဟာရ ဖြစ်သည်။ ကာကွယ်ပေးခြင်း၊ တားဆီးပေးခြင်း ဟု အဓိပ္ပာယ်ရသည်။ မြတ်စွာဘုရားရှင်သည် မိမိ၏တပည့်သာဝကသံဃာတော်များအတွက် ဘေးအန္တရာယ်မျာအားကာကွယ်ရန်အတွက်နှင့် မလိုလားအပ်သည့် ရလဒ်များအား တားဆီးမဖြစ်ပေါ်စေရန်တို့အတွက် များလှစွာသော အန္တရာယ်ကင်းအရံအတားသုတ်တော်တို့ကို ဟောတော်မူခဲ့၏။ ထို ဟောတော်မူခဲ့သည့် အန္တရာယ်ကင်းသုတ်တော်များအနက် ၁၁ သုတ်ကို ပညာရှိရှေးသူတော်ကောင်းများကထုတ်နှုတ်၍ ပရိတ်ကြီး၁၁သုတ် ဟုသတ်မှတ်ပြီး ဗုဒ္ဓဘာသာဝင်သူတော်စင်များအား အသုံးပြုပူဇော်ရွတ်ဆိုစေသည်။ ပရိတ်ကြီး ၁၁ သုတ် မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော ပိဋကတ်တော်များမှ အန္တရာယ်ကင်းအရံအတား ပရိတ်ကြီး ၁၁ သုတ်မှာ - #မင်္ဂလသုတ် #ရတနသုတ် #မေတ္တသုတ် #ခန္ဓသုတ် #မောရသုတ် #ဝဋ္ဋသုတ် #ဓဇဂ္ဂသုတ် #အာဋာနာဋိယသုတ် #အင်္ဂုလိမာလသုတ် #ဗောဇ္ဈင်္ဂသုတ် #ပုဗ္ဗဏှသုတ် တို့ဖြစ်ကြသည်။ နိုင်ငံအလိုက် ရိုးရာဓလေ့များ ပရိတ်ကြီး(၁၁)သုတ်ဟု အသိများသည့် ပရိတ်တော်များကို မြတ်စွာဘုရားရှင်သည် လူသားတို့၏မျက် မှောက်ဘဝအကာအကွယ်နှင့်၊ အကျိုးစီးပွားဖြစ်စေရေးအတွက် သီးခြားဟောတော်မူထားခြင်း ဖြစ်ပါသည်၊၊ #sayadaw #nandamala #tayardaw #kyarnikan #zadila #paauk #chanting #pandita #dhammapada #atthakatha #mogok #vimala #meditation #method #oxford #dhamma #abhidhamma #tripitaka #koreana #mahasi #mingun #maha #thamaya #thote gone taw kon char payategyi 11 thote oxford sayadaw maha thamaya thote myanmar tayardaw mingun sayadaw mahasi sayadaw tripitaka koreana abhidhamma in daily life dhamma talk in myanmar oxford sayadaw pa auk sayadaw meditation method mogok sayadaw u vimala dhammapada atthakatha sayadaw u pandita pa auk sayadaw chanting kyarnikan sayadaw u zadila sayadaw u nandamala
Embed this episode
Ready to play
ပရိတ်ကြီး(၁၁)သုတ် - ကြာနီကန်ဆရာတော် ဦဇဋိလ
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.