EPISODE · Oct 26, 2024 · 4 MIN
သက်ကြီးနိုင်ကျဉ်း ၁၂၀ ကျော် ကျန်းမာရေး စောင့်ရှောက်မှု အလုံလောက်မရ
from DVB News · host Democratic Voice of Burma
https://burmese.dvb.no/post/675100 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၃၉ ယောက်အပါအဝင် သက်ကြီးနိုင်ငံရေးအကျဉ်းသား ၁၂၀ကျော် မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရဘူးလို့ စိုးရိမ်စရာအခြေအနေဖြစ်တယ်လို့ NLD ဗဟိုအလုပ်ကော်မတီဝင်က ပြောပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာ အသက် ၆၅ နှစ်နဲ့အထက် NLD ပါတီဝင် ၃၉ ယောက်၊ ပါတီဝင်မဟုတ်တဲ့သူ ၇၄ ယောက်၊ စုစုပေါင်း သက်ကြီးနိုင်ငံရေးအကျဉ်းသား ၁၂၃ ယောက် အကျဉ်းထောင်တွေမှာဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD နာယက ဦးဝင်းထိန်၊ NLD အစိုးရ တိုင်းနဲ့ပြည်နယ်အဆင့်ဝန်ကြီးချုပ်၊ ဝန်ကြီးအဖွဲ့ဝင်တွေနဲ့ အဆင့်မြင့်အရာရှိတွေပါဝင်နေတာပါ။ NLDဗဟိုအလုပ်ကော်မတီ ဦးကျော်ထွေးက "အသက် ၆၅ နှစ်အထက် နိုင်ငံရေးအကျဉ်းသားပါတီဝင် ၃၉ ဦးနဲ့ ပါတီဝင်မဟုတ်တဲ့သူ ၇၄ ဦး စုစုပေါင်း၁၂၃ ဦးရှိတယ်လို့ ကောက်ခံရရှိထားပါတယ်။ သူတို့မှာ ကျန်းမာရေးနဲ့သင့်လျော်တဲ့နေရာထိုင်ခင်း၊ အစားအစာ၊ ဆေးဝါးတွေအပြင် အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုံလောက်အောင်မရရှိတာကြောင့် အကျဉ်းထောင်ထဲမှာ နေ့စဉ်နဲ့အမျှ အသက်အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။ မကြာသေးခင်က ကွယ်လွန်သွားတဲ့ ကျနော်ရဲ့ဒုတိယဥက္ကဋ္ဌ ၂ ဒေါက်တာဇော်မြင့်မောင်ဟာ နမူနာဖြစ်ပါတယ်ဗျ"ြောပါတယ်။
Embed this episode
NOW PLAYING
သက်ကြီးနိုင်ကျဉ်း ၁၂၀ ကျော် ကျန်းမာရေး စောင့်ရှောက်မှု အလုံလောက်မရ
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.