EPISODE · Oct 23, 2024 · 1H 7M
သလ္လေခသုတ် (၁၂-၁၂) ၁၃၃၂ တပို့တွဲလကွယ်နေ့
from Mahasi Dhamma Podcast - မဟာစည်တရားတော်များ · host Buddha Sasana Nuggaha Organization
မဟာစည်ဆရာတော်ဘုရားကြီးသည် သလ္လေခသုတ်တရားတော်ကြီးကို တရားဟောရာနေရာများစွာတွင် ဟောကြားတော်မူခဲ့ပါသည်။ ထိုသို့ဌာနအသီးသီးတွင် ဟောကြားတော်မူခဲ့ရာ ရန်ကုန်သာသနာ့ရိပ်သာတွင် ၁၃၂၀-ခုနှစ် ဝါဆိုလမှ စတင်၍ သီတင်း (၇) ပတ်ကြာ တကြိမ်၊ ၁၃၃၁-ခုနှစ် နှောင်းတန်းခူး လဆန်း (၈) ရက် သင်္ကြန်အကျနေ့ မှ စတင်၍ သီတင်း (၁၂) ပတ်ကြာ တကြိမ် နှင့် ၁၃၃၂-ခုနှစ် တန်ဆောင်မုန်းလဆုတ် (၈) ရက် မှ စတင်၍ သီတင်း (၃) ပတ်ကြာ မန္တလေးမြို့၊ ရတနာပုံသာသနာ့ရိပ်သာတွင် တကြိမ် ဟောကြားတော်မူခဲ့သည်များကို ထိန်းသိမ်းရရှိခဲ့သည့် တရားတော်ဆောင်ပုဒ်စာရွက်များ မှ မှတ်တမ်းသိမှတ်ခဲ့ရပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ မဟာစည်ဆရာတော်ဘုရားကြီး ရန်ကုန်မြို့၊ သာသနာ့ရိပ်သာဖလ်ယဥ် ဓမ္မာရုံတော်ကြီး၌ ၁၃၃၁ နှောင်းတန်ခူးလဆန်း (၈) ရက် သင်္ကြန်အကျနေ့၊ အင်္ဂါနေ့ (၁၉၇၀-ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့) မှစ၍ ၁၃၃၂ ခုနှစ် တပို့တွဲလကွယ်နေ့ ဗုဒ္ဓဟူးနေ့ (၁၉၇၁-ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့) အထိ အခွင့်သာသော ဥပုသ်သီတင်းနေ့များတွင် (၁၂) သီတင်းကြာ ဟောကြားတော်မူခဲ့သော တရားတော်အသံ ၁၂-ပိုင်း ထဲမှ တရားတော်အသံ ၁၁-ပိုင်းကို စုစည်းထိန်းသိမ်းနိုင်ခဲ့ပါသည်။ ၁၃၃၂ ခုနှစ် တပို့တွဲလပြည့်နေ့ တွင်ဟောကြားတော်မူသော အပိုင်း-၁၁ ကို မစုစည်းနိုင်သေးပါ။ ထိုတရားတော်အပိုင်းများကို တွေ့ရှိခဲ့ပါလျှင် "မဟာစည်ပရိယတ္တိပဋိပတ္တိ စာပေပြန့်ပွားရေး အဖွဲ့" ဖုန်းနံပါတ် +၉၅ ၉ ၄၃၀၃၁၅၉၁, Email- [email protected] သို့ဆက်သွယ်ပေးပို့နိုင်ရန် အသိပေးအပ်ပါသည်။
NOW PLAYING
သလ္လေခသုတ် (၁၂-၁၂) ၁၃၃၂ တပို့တွဲလကွယ်နေ့
No transcript for this episode yet
Similar Episodes
Mar 26, 2026 ·1m
Jan 2, 2026 ·47m
Dec 21, 2025 ·46m