PODCAST · news
အသံဖိုင်များ - ဗွီအိုအေ
by ဗွီအိုအေ
ဗွီအိုအေအသံလွှင့်ဌာနသည် အလယ်ပိုင်းနှင့် အရှေ့ပိုင် းဥရောပဒေသ၊ ကော့ကေးဆပ်စ်ဒေသ၊ ဗဟိုအာရှဒေသ၊ ရုရှား၊ အရှေ့အလယ်ပိုင်းနှင့် ဘော်လ်ကန်နိုင်ငံများသို့ အစီအစဉ်များ ထုတ်လွှင့်နေသည့် နိုင်ငံတကာ အသံလွှင့်ဌာနဖြစ်ပါသည်။
Episodes
-
ရိုဟင်ဂျာ အထောက်အပံ့ဖြတ်တောက်မှု ဟန့်တားဖို့ ကုလအကြီးအကဲ ကြိုးပမ်းမည် - မတ္ ၁၅, ၂၀၂၅
ဘင်္ဂလာဒေ့ရှ်ကို ရောက်နေတဲ့ ကုလအတွင်းရေးမှုးချုပ် Antonio Guterres ဟာ သောကြာနေ့မှာ Cox's Bazar ကိုသွားရောက်ခဲ့ပြီး ဒုက္ခသည်တွေ အတွက် ထောက်ပံ့မှုတွေ ဖြတ်တောက်မယ့် အစီစဉ်ကို သူတတ်နိုင်သမျှ တားဆီးဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
အပစ်ရပ်ရေးသဘောမတူရင် ရုရှားကို G7 ဒဏ်ခတ်မည် - မတ္ ၁၅, ၂၀၂၅
ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် အပစ်ရပ်ရေး အတွက် အမေရိကန်တင်သွင်းတဲ့ အကြံပြုချက်ကို ရုရှားက လက်ခံဖို့၊ လက်မခံရင် နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်မှာ ဖြစ်ကြောင်း သဘောတူဖို့ G7 စက်မှုထိပ်သီး ၇ နိုင်ငံက သောကြာနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
-
တရားရေးဌာနမှာ သမ္မတ Trump မိန့်ခွန်းပြော - မတ္ ၁၅, ၂၀၂၅
အမေရိကန် တရားစီရင်ရေး သမိုင်းမှာ မျှတမှုရှိတဲ့ ဂုဏ်ယူဖွယ် အခန်းသစ် တခုကို စတင်နေပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ သောကြာနေ့ အမေရိကန်တရားရေးဌာနမှာ ဆယ်စုနှစ်အတွင်း သမ္မတ တယောက်အနေနဲ့ ပထမဆုံးအကြိမ် သွားရောက်ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလိုပြောကြားတာ ဖြစ်ပါတယ်။
-
အသုံးစရိတ်ဥပဒေကြမ်း ကန် အထက်လွှတ်တော် အတည်ပြု - မတ္ ၁၅, ၂၀၂၅
အမေရိကန်ပြည်ထောင်စု အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းသွားမှာကို ကာကွယ်တဲ့ အနေနဲ့ အထက်လွှတ်တော်က သောကြာနေ့ ညနေပိုင်းမှာ နောက် ၆ လအတွက် အသုံးစရိတ်မူကြမ်းကို အတည်ပြု ပေးလိုက်ပါတယ်။
-
အမေရိကန်အစိုးရဆက်လက်လည်ပတ်ရေး လွှတ်တော်အမတ်တွေ ကြိုးပမ်း - မတ္ ၁၄, ၂၀၂၅
အမေရိကန်ပြည်ထောင်စု အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းမသွားဘဲ ဆက်လက်လည်ပတ်နိုင်အောင် အစိုးရယာယီအသုံးစရိတ် ဥပဒေကြမ်းကို ထောက်ခံမဲပေးမယ်လို့ အထက်လွှတ်တော် ဒီမိုကရက် ခေါင်းဆောင် Chuck Schumer ကပြောပါတယ်။
-
ကုလအတွင်းရေးမှူးချုပ် Cox's Bazar ရောက် - မတ္ ၁၄, ၂၀၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေကြတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံဘက်ကို ပြန်ချင်ကြတယ်ဆိုတာ သူရှင်းရှင်းလင်းလင်း ကြားသိခဲ့ရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ကဒီနေ့ Cox's Bazar ရောက်စဉ်မှာ ပြောကြားလိုက်ပါတယ်။
-
Tak ခရိုင်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နင်းရေး အထူးဇုံ သတ်မှတ်ဖို့ပြင်ဆင် - မတ္ ၁၄, ၂၀၂၅
နယ်စပ်ဒေသ လုံခြုံရေးခြိမ်းခြောက်မှုအန္တရာယ် ကာကွယ်တားဆီးရေးနဲ့ နှိမ်နင်းရေးဌာနအကြီးအကဲအဖြစ်ပါ ပူးတွဲ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး Songwit က မြန်မာနိုင်ငံအတွင်းက ရွှေကုက္ကိုနဲ့ KK Park တို့မှာ ရှိနေကြတဲ့ နိုင်ငံခြားသားတွေ နေရပ်ပြန်ပို့ရေးကိစ္စကိုလည်း သူ့ဌာနက စဉ်းစားနေကြောင်း ပြောပါတယ်။
-
ယူကရိန်းဘက်က ရပ်တည်ရေး G7 ဝန်ကြီးတွေ ဆွေးနွေး - မတ္ ၁၄, ၂၀၂၅
ကနေဒါမှာ ဒုတိယနဲ့ နောက်ဆုံးနေ့အဖြစ်ကျင်းပမယ့် G7 ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ယူကရိန်းဘက်က ဆက်လက်ရပ်တည်ရေးကို ဆွေးနွေးနေကြပါတယ်။
-
မြန်မာစစ်သားတချို့ ထိုင်းနိုင်ငံဘက် ထွက်ပြေး - မတ္ ၁၄, ၂၀၂၅
ထိုင်းနိုင်ငံနဲ့နယ်စပ် မြန်မာနိုင်ငံ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲက စစ်တပ်ရဲ့ ပူလူတူစခန်းကို KNLA/PDF တပ်တွေ ဒီနေ့သောကြာနေ့မနက်အစောပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲကြောင့် မြန်မာစစ်သားတချို့ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြ ပါတယ်။
-
နိုင်ငံခြားလုပ်သားတွေ သင်္ကြန်ခွင့်ရက်ရှည်ပေးဖို့ ထိုင်းစဉ်းစား - မတ္ ၁၄, ၂၀၂၅
အလုပ်သမား နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းမှာတရားဝင် အလုပ်လုပ်နေကြတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို သင်္ကြန်ခွင့်ရက် (၁၅) ရက်ပေးဖို့ ထိုင်းအစိုးရက စဉ်းစား နေပါတယ်။
-
တိုက်ပွဲတွေကြား ကျောက်ဖြူစီမံကိန်းတွေ ပြန်စနိုင်မယ့်အလားအလာ - မတ္ ၁၄, ၂၀၂၅
အာရက္ခတပ်တော် AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ တရုတ်စီမံကိန်းတွေရှိနေတဲ့ ကျောက်ဖြူအထိ ရောက်ရှိလာနေပြီး စီမံကိန်းဧရိယာထဲ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
-
ယူကရိန်းစစ် အပစ်ရပ်ရေး အသေးစိတ်အစီအစဉ်လိုအပ် (သမ္မတ Putin) - မတ္ ၁၄, ၂၀၂၅
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် ရပ်ဆိုင်း စေဖို့ အမေရိကန် တင်သွင်းတဲ့ အဆိုပြုချက်ကို ထောက်ခံကြောင်း ရုရှားသမ္မတ Vladimir Putin ကပြောပေမယ့် အသေးစိတ်လုပ်ဆောင်မှာတွေ ချပြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
-
ဥရောပ ယမကာအခွန် ၂၀၀% ကောက်ဖို့ Trump ခြိမ်းခြောက် - မတ္ ၁၄, ၂၀၂၅
အီယူကနေ ဝိုင်၊ ရှန်ပိန်နဲ့ တခြားယမကာတွေ တင်သွင်းမှုကို အခွန် ၂၀၀ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။
-
အမေရိကန်အစိုးရလုပ်ငန်းတွေ ရပ်တန့်နိုင်ခြေ ရင်ဆိုင်နေရ - မတ္ ၁၄, ၂၀၂၅
အမေရိကန်အစိုးရ လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်တန့်မသွားအောင် အစိုးရယာယီအသုံးစရိတ်ကို မနက်ဖြန် သောကြာနေ့ညမတိုင်ခင် လွှတ်တော်က အတည်ပြုပေးဖို့လိုပြီး လွှတ်တော်အမတ်တွေ ဆုံးဖြတ်ရမယ့် အချိန်သိပ်နီးကပ်နေပါပြီ။
-
Trump အစိုးရ ဖြုတ်ပစ်တဲ့ ဝန်ထမ်းတွေ ပြန်ခန့်ဖို့ တရားသူကြီး အမိန့်ထုတ် - မတ္ ၁၄, ၂၀၂၅
သမ္မတဒေါ်နယ်ထရမ့်ရဲ့ အစိုးရ အလုပ်သမား အင်အားလျှော့ချ ရေး အစီစဉ်တစိတ်တပိုင်းအဖြစ် မကြာသေးခင်ကမှ အစိုးရအေဂျင်စီ ၆ ခုကနေ အလုပ်ဖြုတ်ခံခဲ့ရသူ ထောင်ပေါင်းများစွာကို အလုပ်ပြန်ခန့်ဖို့ ကယ်လီဖိုးနီးယား ပြည်နယ် ပြည်ထောင်စု တရားသူကြီး တဦးက ကြာသပတေးနေ့မှာ အမိန့်ချခဲ့ပါတယ်။
-
ထိုင်းသံရုံးရှေ့ ကန်ရောက် မြန်မာတွေ ဆန္ဒပြ - မတ္ ၁၄, ၂၀၂၅
မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြောင့် ထိုင်းနိုင်ငံထဲ လာရောက် ခိုလှုံနေကြတဲ့ ရွှေ့ပြောင်းမြန်မာ ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေကဖမ်းပြီး မြန်မာနိုင်ငံထဲ ပြန်ပို့နေတဲ့လုပ်ရပ်ကိုချက်ချင်းရပ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းနေ မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူတွေကတောင်းဆိုလိုက်ပါတယ်။
-
ပဲခူးတိုင်း ညောင်ကျိုးစခန်း AA သိမ်းပိုက် - မတ္ ၁၄, ၂၀၂၅
ရခိုင်ပြည်နယ်က ကျောက်ဖြူ၊ စစ်တွေမြို့နယ်တွေအပါအဝင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နေရာတချို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) ကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ ရခိုင်-ပဲခူးတိုင်း အစပ်မှာ နှစ်ဘက်တိုက်ပွဲတွေ လနဲ့ချီပြင်းထန်နေပါတယ်။
-
ဒေါက်တာစင်သီယာမောင်ကို Nareasuan တက္ကသိုလ် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့် - မတ္ ၁၄, ၂၀၂၅
မြန်မာလုပ်သားတွေနဲ့ ဒုက္ခသည်တွေရဲ့ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ မဲဆောက်မြို့ အခြေစိုက် မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်ကို ထိုင်းနိုင်ငံ Nareasuan University က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ကို မတ်လ ၁၁ရက်နေ့က ချီးမြှင့်ခဲ့ပါတယ်။
-
အသည်းရောင်အသားဝါ A ပိုး ကူးစက်မှု - မတ္ ၁၃, ၂၀၂၅
မြန်မာနိုင်ငံမှာ အသည်းရောင်အသားဝါ A ပိုး ကူးစက်မှု ဘယ်လို ဖြစ်နိုင်ပါလဲ။
-
ရထားတိုက်ခိုက်ခံရမှုမှာ ခရီးသည် (၂၀၀) နီးပါး ကယ်တင်နိုင်ကြောင်း ပါကစ္စတန်ကြေညာ - မတ္ ၁၂, ၂၀၂၅
ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်အတွင်း ရထားအကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ ခရီးသည် (၁၉၀) ဦးကိုကယ်တင်နိုင်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်သူ (၃၀) ကိုသုတ်သင်နိုင်ခဲ့တယ်လို့ ပါကစ္စတန်လုံခြုံရေး တာဝန်ရှိသူတွေက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာထုတ်ဖေါ်ပြောဆိုပါတယ်။
-
သင်္ကြန်တွင်း နေရပ်ပြန်ကြမယ့် ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေ ပြန်ဝင်ခွင့်ဗီဇာတုံး ထုစရာမလို - မတ္ ၁၂, ၂၀၂၅
ထိုင်းရောက်မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေ ဧပြီလ ၁ ရက်ကနေ မေလ ၁၅ ရက်အကြား သင်္ကြန်မှာကိုယ့်နိုင်ငံအသီးသီးကို ပြန်ကြတဲ့အခါ ပြန်ဝင်ခွင့်ဗီဇာတုံး (Re-entry permit) ထုစရာမလိုဘူးလို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက မနေ့ မတ်လ ၁၁ ရက်နေ့မှာ ကြေညာပါတယ်။
-
အကူအညီဖြတ်တောက်မှုကြောင့် ရိုဟင်ဂျာကလေးငယ်တွေ အာဟာရချို့တဲ့မဲ့အရေး ကုလသတိပေး - မတ္ ၁၂, ၂၀၂၅
ရိုဟင်ဂျာဒုက္ခသည်သိန်းနဲ့ချီရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒုက္ခသည်စခန်းမှာ ကလေးငယ် တွေအာဟာရချို့တဲ့မှု အဆိုးဆုံးအခြေအနေရောက်နေပြီး နိုင်ငံတကာအကူအညီတွေ ဖြတ်တောက်ခံရရင် လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခဆိုးကြီးကို ရင်ဆိုင်ရနိုင်ကြောင်း ကုလကလေးများ ရံပုံငွေအဖွဲ့ UNICEF က ဒီနေ့ သတိပေးပါတယ်။
-
ကုလအတွင်းရေးမှူးချုပ်နဲ့ ဘင်္ဂလားဒေ့ရှ်အကြီးအကဲတို့ ရိုဟင်ဂျာဒုက္ခသည်စခန်းသွားမည် - မတ္ ၁၂, ၂၀၂၅
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် António Guterres ဟာ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ အကြံပေး Muhammad Yunus နဲ့အတူ မတ်လ ၁၄ ရက်၊ သောကြာနေ့မှာ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်မှာဖြစ်ကြောင်း Muhammad Yunus ရဲ့ လက်ထောက် ပြောခွင့်ရ Abul Kalam Azad Majumder က ပြောပါတယ်။
-
သံမဏိနဲ့ အလျူမီနီယံ သွင်းကုန်ခွန် တိုးတဲ့အစီအစဉ် အမေရိကန် ကုန်သွယ်ဖက်တွေတုံ့ပြန် - မတ္ ၁၂, ၂၀၂၅
အမေရိကန်ပြည်ထောင်စုက သံမဏိနဲ့ အလျူမီနီယံသွင်းကုန်တွေအပေါ် မတ်လ ၁၂ ရက်နေ့ကစလို့ ၂၅ ရာခိုင်နှုန်း အခွန်တိုးကောက်လိုက်ပြီး မဟာမိတ်နိုင်ငံတချို့အပေါ် အစောပိုင်းက ကင်းလွတ်ခွင့် ပေးထားတဲ့ အစီအစဉ်ကို အဆုံးသတ်လိုက်ပါတယ်။
-
၀န်ထမ်းအင်အား လျှော့ချမယ့်အစီအစဉ် ပညာရေးဝန်ကြီးဌာန ကြေညာ - မတ္ ၁၂, ၂၀၂၅
အမေရိကန်ပြည်ထေင်စုပညာရေးဝန်ကြီးဌာနအနေနဲ့ သူ့ရဲ့ဝန်ထမ်း ၁၃၀၀ ကျော်ကိုအလုပ်ကနေထုတ်ပယ်သွားမယ်လို့ အင်္ဂါနေ့တုန်းကကြေငြာပါတယ်။ ဒါဟာဝန်ထမ်း ၄၁၀၀ လောက်ရှိတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ထက်ဝက်နီးပါးကို လျှော့ချမယ့်အစီစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။
-
ယူကရိန်းအရေး ကနေဒါနိုင်ငံ G7 အစည်းအဝေးမှာ ဆွေးနွေးမည် - မတ္ ၁၂, ၂၀၂၅
G7 စက်မှုထိပ်သီး (၇) နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ကနေဒါနိုင်ငံ Quebec မှာ တွေ့ဆုံကြဖို့ ရှိပါတယ်။ ဒီအစည်းအဝေးအတွင်း ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်နဲ့ ပတ်သက်လို့လည်း ဆွေးနွေးမှာပါ။
-
မြန်မာဘဏ် ငွေထုတ်စက်တွေမှာ ငွေသားထုတ်ဖို့ အခက်ကြုံ - မတ္ ၁၂, ၂၀၂၅
မြန်မာနိုင်ငံဘဏ်လုပ်ငန်းတွေက ငွေထုတ်စက်တွေမှာ မကြာသေးခင်ကစလို့ ငွေသားထုတ်ယူရတာ အခက်အခဲတွေ ကြုံနေရတယ်လို့ ကိုယ်တိုင်သုံးစွဲသူတွေက ပြောပါတယ်။
-
KIO ဌာနချုပ် အနီး စစ်ကောင်စီ ဒရုန်းနဲ့တိုက်ခိုက် - မတ္ ၁၂, ၂၀၂၅
ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ့ ဌာနချုပ် လိုင်ဇာမြို့အနီး စစ်ကောင်စီက ဒီကနေ့ အစောပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း KIO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောလိုက်ပါတယ်။ လူနေရပ်ကွက်တွေအနီး တိုက်ခိုက်ခံရမှုမှာ သေကျေထိခိုက်တာတော့ မရှိဘူးလို့လည်း ပြောပါတယ်။
-
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားခရီးစဉ် ဘာတွေထူး - မတ္ ၁၂, ၂၀၂၅
အာဏာသိမ်းပြီးကတည်းက ပထမဦးဆုံး နိုင်ငံတော်အလည်အပတ် ခရီးစဉ်အဖြစ် သွားရောက်ခွင့်ရခဲ့တဲ့ စစ်ကောင်စီ အကြီးအကဲရဲ့ ရုရှားခရီးစဉ်ဟာ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံနေရတဲ့ ရုရှား-မြန်မာ နှစ်နိုင်ငံအတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။
-
သမ္မတအိမ်ဖြူတော်အနီး ပစ်ခတ်မှု ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေး - မတ္ ၁၀, ၂၀၂၅
အမေရိကန် သမ္မတအိမ်ဖြူတော်အနီး အထူးလုံခြုံရေးတပ်ဖွဲ့ Secret Service က အမျိုးသားတဦးကို မနေ့၊ တနင်္ဂနွေနေ့က ပစ်ခတ်ခဲ့တဲ့ကိစ္စကို ဝါရှင်တန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။
-
ရုရှား-ယူကရိန်းစစ် အဆုံးသတ်ရေးဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး ဆော်ဒီနိုင်ငံရောက်ရှိ - မတ္ ၁၀, ၂၀၂၅
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio ဟာ ဒီနေ့ Saudi Arabia နိုင်ငံကို Jeddah မြို့ကို ရောက် သွားပြီး သမ္မတ Donald Trump ဖိအားပေးတိုက်တွန်းနေတဲ့ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ရှိပါတယ်။
-
အွန်လိုင်းငွေလိမ်ဂိုဏ်းက အိန္ဒိယနိုင်ငံသား (၃၀၀) နီးပါး နေရပ်ပြန်ပို့ - မတ္ ၁၀, ၂၀၂၅
မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား (၃၀၀) နီးပါးကို ထိုင်းနိုင်ငံကတဆင့် နေရပ်ပြန်ပို့ပေးလိုက်ကြောင်း ထိုင်းတာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
-
ပဲ့ထိန်းဒုံးအများအပြား မြောက်ကိုရီးယား ပစ်ခတ်စမ်းသပ် - မတ္ ၁၀, ၂၀၂၅
မြောက်ကိုရီးယားက တနင်္လာနေ့မှာ ပဲ့ထိန်းဒုံးကျည်တော်တော်များများကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့ ကြောင်း တောင်ကိုရီးယားက ပြောပါတယ်။
We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
ABOUT THIS SHOW
ဗွီအိုအေအသံလွှင့်ဌာနသည် အလယ်ပိုင်းနှင့် အရှေ့ပိုင် းဥရောပဒေသ၊ ကော့ကေးဆပ်စ်ဒေသ၊ ဗဟိုအာရှဒေသ၊ ရုရှား၊ အရှေ့အလယ်ပိုင်းနှင့် ဘော်လ်ကန်နိုင်ငံများသို့ အစီအစဉ်များ ထုတ်လွှင့်နေသည့် နိုင်ငံတကာ အသံလွှင့်ဌာနဖြစ်ပါသည်။
HOSTED BY
ဗွီအိုအေ
CATEGORIES
Loading similar podcasts...