ဥာဏ်သူပုန် ရေဒီယို podcast artwork

PODCAST · society

ဥာဏ်သူပုန် ရေဒီယို

တောထဲ တောင်ထဲမှာ ဆင်းရဲ ပင်ပန်ကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာ သည် ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဥာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများဖြစ်ပါတယ် ။ ထို မိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက် ကမ္ဘာ ၊ စာအုပ် စာတမ်းတွေ ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှု နဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားသော ကွက်လပ်များအား ဝင်ရောက်ဖြည့်စွက် ဥာဏ်သူပုန် ထရခြင်းဖြစ်ပါတယ်။မြန်မာပြည်ကြီး မှ ချစ်ခင်ရသော ဥာဏ်သူပုန် မိတ်ဆွေများ ရေဒီယို နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေ့နိုင်ကြပါစေဗျာ

Publisher-supplied feed metadata · PodParley refreshed Feb 3, 2024 · Source feed

  1. 11

    အိမ်တွင်းပုန်းသင်္ကြန်

    မြန်မာပြည်ဖွားတွေဟာ မြန်မာ့ဂီတနဲ့ ဘယ်လိုမှ မကင်းနိုင်ပါဘူး။ ပျင်းတွဲ့တွဲ့ကြီး မကြိုက်ဘူး၊ အိပ်ငိုက်တယ်၊ နားညည်းတယ်ဆိုရင်တောင် သူများဖွင့်ထားတာကနေ ကြားကြရပါတယ်။ ဒီလိုနဲ့ နားထဲမှာ လာစွဲနေတော့တာပါပဲ။ ဟိုးရှေးက မဟာဂီတသီချင်းတွေ၊ နှောင်းခေတ်ကာလပေါ်တေးတွေနဲ့ လက်ရှိ ရီမစ်၊ ဖြူးရှင်းတွေ လုပ်ကြတဲ့ ခေတ်တွေအထိ မြန်မာ့ဂီတသံမျိုးစုံက ဒီတိုင်းပြည်ထဲ မှီတင်းနေကြသူတွေအပေါ် လွှမ်းမိုးမှုရှိတယ်။ ဥပမာ မနက်ပိုင်းမင်္ဂလာယူဖွင့်တတ်တဲ့ မြန်မာတွေကြိုက်လှတဲ့ ကြည်နူးဖွယ်ရေကင်းသံ ဘုံဆောင်မြင့်သီချင်းဟာ မဟာဂီတအခြေခံကြိုးသီချင်းတွေထဲက တစ်ပုဒ်ပါ။ အဲ့ ခက်နေတာက မြန်မာသံတွေဆိုကြတော့မယ်ဆိုရင် မြန်မာသံတီးမှုတ်တတ်သူက မိတ်ဆွေအပေါင်းသင်းတွေထဲ ရှားပါးလေ့ရှိပါတယ်။ လူကြားထဲရှိနေတဲ့ ဂစ်တာတစ်လက်ကို လူတိုင်းကောက်တီးနိုင်ဖို့ဖြစ်နိုင်ပေမဲ့ မြန်မာသံတွေ၊ တူရိယာတွေကျတော့ နီးစပ်တဲ့သူတွေပဲ တီးတတ်မှုတ်တတ်တာ။ ဆိုင်ရာထွန်းကားတဲ့ ဒေသတွေမှာတော့ ပေါပါလိမ့်မယ်။ ဒါပေမဲ့ တစ်ပြည်လုံးအတိုင်းအတာနဲ့ဆို ရှားတယ်လို့ဆိုနိုင်ပါတယ်။ အရင်ကတော့ ပြည်ပရောက်ဆရာကြီးတွေ၊ ပညာရှင်တွေ ဆုံရင်တီးခတ်ကြတာတွေရှိပေမဲ့ အနုပညာအသိုင်းဝိုင်းကလွဲရင် သာမန်လောကမှာတော့ ရှားဆဲပါပဲ။ အကြောင်းအားလျော်စွာပဲ ဉာဏ်သူပုန်မိတ်ဆွေများထဲမှာ မြန်မာသံကီးဘုတ်၊ မောင်းဆိုင်း၊ ဒိုးအုပ်စုံတွေတီးတတ်တဲ့ လူငယ်မိတ်ဆွေတစ်ယောက် လွန်ခဲ့တဲ့ငါးနှစ်လောက်က ခင်မင်ခွင့်ရခဲ့ပါတယ်။ မင်းသားကမှာလည်း ရွှေတံဆိပ်တွေ ဆွတ်ခူးခဲ့ဖူးသူပါ။ ဒီတစ်ခါတော့ သူနဲ့ ဉာဏ်သူပုန်တင်ဆက်သူမောင်ရင်တို့ သင်္ကြန်အကြောင်း၊ ဆိုကရေးတီးအကြောင်း၊ အလကားကျော်စွာတွေအကြောင်း၊ ဖက်ခွက်စားအကြောင်း၊ အနုသဘင်လောကအကြောင်း၊ ဘွိုင်းကောက်အကြောင်းတွေကို တတ်မှတ်သလောက်ပြောဆို အလွမ်းဖြေကြမှာဖြစ်ပါတယ်။ စကားပြောရင်းနဲ့မှ ၁၀ မိနစ်ကို တစ်ကြိမ်လောက် သင်္ကြန်သီချင်းတစ်ပုဒ်စီ တီးလုံးလေးတွေတီးပြီး နားထောင်ကြသူအပေါင်းကို မပျင်းရအောင် အငြီးဖြေ တီးခတ်ဖျော်ဖြေထားပါတယ်။ အဲ့အတွက် မူလဖန်တီးသူဆရာကြီးများကို ဒီနေရာကနေ ဂါရဝပြုပါတယ်။ မြန်မာမှုတွေကို စိတ်ဝင်စားကြတဲ့ နားဆင်ကြတဲ့၊ မတောက်တခေါက်တီးခတ်ကြတဲ့ ဝါသနာရှင်၊ စေတနာရှင် မိတ်ဆွေတွေ၊ ပရိတ်သက်တွေအနေနဲ့သာ ယခုအပိုင်းကို ဝေဘင်စောကြောပြောဆိုကြတာမို့ အဆင့်မြင့်အနုပညာရှင်ကြီးများက ဗွေယူမယ်ဆိုလည်း ယူကြပါ။ ဒါဖြင့်ဉာဏ်သူပုန်ပေါ့ဒ်ကတ်စ်က ဘယ့်နှယ့်ယဉ်ကျေးမှုတော်လှန်ရေးဘာညာပြောပြီး ဒါတွေလျှောက်ပြောနေရသလဲ။ ယဉ်ကျေးမှုတွေထဲမှာ နှစ်သက်ဖွယ်ကောင်းတဲ့၊ အစွန်းရောက် ရှေးရိုးမစွဲတဲ့၊ ကိုယ်ပိုင်လက္ခဏာတွေရှိတဲ့အမှု(မြန်မာမှု) တွေ အများကြီး ကျန်ရှိနေပါသေးတယ်။ ဒါတွေကို လက်နက်သဖွယ် အသုံးချနေတဲ့ အာဏာရှင်ယန္တရားကလည်း ရှိနေပြန်တယ်။ သင်္ကြန်တွင်းမှာ အိမ်တွင်းကနေ သင်္ကြန်ကိုခံစားရင်း စကားစမြည်ပြောကြရာက ဒီအကြောင်းအရောတွေဆီ ရောက်သွားတဲ့သဘောပါပဲ။ သင်္ကြန်သီချင်းတွေကို အတတ်နိုင်ဆုံး တူညီအောင် တီးလုံးတွေချည်း တီးထားကြတာဖြစ်တဲ့အတွက် စိတ်ပါရင် နားဆင်ရင်းနဲ့ လိုက်ဆိုနိုင်ပါပြီ။ တီးပေးတဲ့ကိုလင်းကိုလည်း များစွာကျေးဇူးတင်ရှိပါတယ်။ အားလုံးကို အတာကာလကစပြီး အဆိုးအပေါင်းကနေ ဝေးကင်းကြပါစေကြောင်း မေတ္တာဖြင့် တင်ဆက်လိုက်ရပါတယ်။ နောက်ခံသီချင်းတစ်ပုဒ်ဖြစ်တဲ့ မြဝတီမင်းကြီးဦးစရေးလေပြေဆော်သွင်း(သွေး) မြူး - မြင်းတက်ယိုးဒယားသီချင်းကတော့ လွန်ခဲ့တဲ့လက တီးထားတာဖြစ်ပါတယ်။ ဒိုးအုပ်စုံ/ ကီးဘုတ် - ကိုလင်းစည်းဝါး- ကိုအောင်မြသန်းယကွင်းအိမ်ဖြည့် - မောင်ရင်သင်္ကြန်သီချင်းတွေကတော့ ဒီအပိုင်းအတွက်သီးသန့်တီးခတ်ထားတာပါ။ ကီးဘုတ် - ကိုလင်းစည်းဝါး - မောင်ရင်ဂစ်တာအိမ်ဖြည့် - မောင်ရင်ဒိုး - (သင်္ကြန်ကာလငှားရခက်၊ ဈေးကြီးလို့ မပါ)

  2. 10

    အရင်းစစ်တော့ အမြစ်ဘယ်က

    Season 3ဉာဏ်သူပုန် အပိုင်းသစ်ဉာဏ်သူပုန်ရဲ့ ဖေဖော်ဝါရီအမီတင်ဆက်တဲ့အပိုင်း ဖြစ်ပါတယ်။ နှစ်ကူးမှာ မင်္ဂလာယူဆဲဆဲလူထုကို အမင်္ဂလာနဲ့အနိဌာရုံတွေပဲ ဖြစ်စေခဲ့တဲ့ကာလအစကို စပ်စုလှတဲ့မောင်ရင်က တစ်စွန်းတစ်စ လှစ်ဟပြမှာပါ။ တကယ်လို့သင်ဟာ မှန်စီရွှေချထားတဲ့နံရံကြီးတစ်ခုကို မျက်နှာမူနေရင် ကွဲပြားလှတဲ့ ဘဝမှန်ကူကွက်တွေထဲက ကိုယ်စိုက်ကြည့်လိုက်တဲ့မှန်ကွက်ကိုပဲ မြင်ရသလိုမျိုး မောင်ရင်မြင်ခဲ့ရတဲ့ ဇာတ်ကွက်တစ်ချို့ကို ထုံးစံအတိုင်း ဥပမာဥပမေယျတွေနဲ့ နှိုင်းယှဉ်ပြောပြထားပါတယ်။ အဆွေတို့အားလုံး နားသောတဆင်ခြင်ပြီး ဒီနှစ်ဖေဖော်ဝါရီရဲ့နောက်ဆုံးနေ့မှာ ချမ်းမြေ့အားယူနိုင်ကြပါစေ၊ အကြပ်အတည်းကာလမှာ တဒင်္ဂဂယ်ပေါက်တွေ တွေ့ရှိခံစားနိုင်ကြပါစေကြောင်း နှုတ်ခွန်းဆက်လိုက်ပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  3. 9

    နားငြီးနိုင်ငံရေး

    Season 3လူတွေဟာ မိမိတို့ဘဝကို စတေးပြီးတော့ နိုင်ငံရေးတွေလုပ်နေရတာ ကြာမြင့်လှပြီဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာလူထုမှာ ပိုကြာပါတယ်။ မျိုးဆက်အသီးသီးကလည်း နားငြီးလှပြီ၊ ဒီအဆင့်ကိုကျော်လွန်ပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့၊ လွတ်လပ်စွာ ဖန်တီးနေထိုင် အသက်ရှင်ဖို့ဆိုတဲ့ မျှော်လင့်ချက်ကြောင့် မျိုးဆက်အသီးသီးလက်ဆင့်ကမ်းပြီး လွတ်မြောက်ရေးခရီးရှည်ကို ချီတက်နေကြတာပေါ့။ လွတ်လပ်မှုဆိုတာ လူတွေရဲ့ ပန်းတိုင်အနေနဲ့ရှိနေပေမဲ့ လူသားထုရဲ့ လွတ်လပ်မှုကို ဖိစီးနေတဲ့ စစ်အာဏာရှင်တွေရဲ့ ခေတ်သစ်ခြေလှမ်းတွေဖြစ်ကြတဲ့ အာဏာရှင်ချင်း နည်းပညာပိုင်းကူညီတာ၊ နိုင်ငံရေးဖိနှိပ်တဲ့ နည်းစနစ်တွေကို မျှဝေတာတွေကို အခုနောက်ပိုင်းမှာ ပိုပြီးတွင်ကျယ်လာပါတယ်။ ရွေးကောက်ပွဲကို အသုံးချတာကလည်း အဲ့ဒီနည်းတွေထဲကတစ်ခုမှန်း လူတွေသိနေကြပါပြီ။BPN က ပေါ့ဒ်ကတ်စ်တွေကို အပတ်စဉ် အဆက်မပြတ်တင်နေရာမှာ ယခုတစ်ဖန် အလှည့်ကျလာတာကတော့ ဉာဏ်သူပုန်ပဲဖြစ်ပါတယ်။ မြန်မာပြည်မှာလုပ်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဉာဏ်သူပုန်မိတ်ဆွေများ အချင်းချင်း ပြောဆိုတွေးတောကြတဲ့ အချက်တွေနဲ့ ထုံးစံအတိုင်း မောင်ရင့်ဝေဒနာတွေ၊ ဝေဘင်ချက်တွေအပြင် ရွေးကောက်ပွဲဟာအဖြေလားဆိုတဲ့ မေးခွန်းကိုလည်း တစ်စွန်းတစ်စ ဆွဲထုတ်ထား စောကြောထားပါသေးတယ်။ ဒီပေါ့ဒ်ကတ်စ်ဟာ အာဏာရှင်ချင်း သွေးစည်းညီညွတ်တဲ့ခေတ်မှာ တရားမျှတမှုကို လိုချင်သူချင်း သွေးစည်းညီညွတ်ကြဖို့အတွက် ဆော်ဩချက်တစ်ခုဖြစ်ပါလိမ့်မယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  4. 8

    ဝန်ထမ်းဘဝအက်ဆေးတချို့

    Season 2အရင်လတွေမှာ BPN ရဲ့ ဉာဏ်သူပုန်မောင်ရင်တစ်ယောက် နေထိုင်မကောင်းတာနဲ့ သူ့ရဲ့ဝန်ထမ်းလောကအကြောင်း အပိုင်းဆက်မတင်နိုင်သေးဘဲ သူအရင်ကပြောခဲ့တဲ့ အပိုင်း တစ်ခုတင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝန်ထမ်းလောကရဲ့ နောက်ထပ်ဇာတ်လမ်းတိုလေး ခပ်များများနဲ့ ဉာဏ်သူပုန်နောက်တစ်ပိုင်းလာပါပြီ။ ၂၀၀၀ ခုနှစ်ဝန်းကျင်ကနေ ၂၀၂၁ ထိ သူကျင်လည်မြင်တွေ့ခဲ့ရတဲ့ စစ်တပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းဘဝတွေအပြင် သူကိုယ်တိုင်တိုက်ရိုက်ကြုံတွေ့ခဲ့ရတဲ့ မိတ်ဆွေတို့နဲ့ ဘဝတူအခြေအနေတချို့ ကို မီးဆလိုက်နဲ့ တစ်ကွက်ချင်းထိုးထားပါတယ်။ ဒီအပိုင်းဟာ ဝန်ထမ်းလောကအကြောင်း ပတ်သက်ပြီး မောင်ရင်ပြောထားတဲ့ ဒုတိယနဲ့ နောက်ဆုံးအပိုင်းဖြစ်ပါတယ်။နောက်ဆုံးမှာ သူထုတ်ထားတဲ့မေးခွန်းကိုလည်း BPN ကတဆင့် တဆိတ်ပြန်ဖြေခဲ့ကြလို့ ရပါသေးတယ်။ မာရသွန်ပြောထားတဲ့အပိုင်းဆိုတော့ နားထောင်ကြသူတွေကို သူ့လေနဲ့ပြောရရင် “နားသည်းခံတော်မူကြပါဦးဗျို့” လို့အရွှန်းဖောက်ချင်ပါတယ်။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင် ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  5. 7

    ဒဏ်ကြေအောင်ဂျင်းအုံခြင်း

    Season 2မြန်မာပြည်မှာ ဘာသာလူမျိုး ခေါင်းစဉ်အောက်က အဆင်ခြင်မဲ့ရာဇဝတ်မှုများ နေ့စဉ်ဖြစ်ပွားနေသည်။ ထိုကိစ္စသည် ခုမှဖြစ်နေခြင်းမဟုတ်။ စစ်အာဏာရှင်များကို သက်ဆိုးရှည်စေသည့်အကြောင်းရင်း တစ်ခုမှာလည်း ဘာသာလူမျိုးရေးအရေကို မသူတော်တို့က တစ်ကျိတ်တည်း တစ်ဉာဏ်တည်းခြုံ‌ကြခြင်းကြောင့်ဖြစ်သည်။ ယခုတင်သောအပိုင်းသည် ဉာဏ်သူပုန်ပေါ့ဒ်ကတ်စ်၏ "အသစ်တင်အဟောင်းပိုင်း" ဖြစ်ပါသည်။ အဟောင်းဆိုသော်လည်း ယခင်ပလက်ဖောင်းအဟောင်းများတွင် တင်ခဲ့ပြီး ယခုနောက်ပိုင်း အသစ်ဖွင့်လှစ်သော ချန်နယ်များတွင် မတင်ရသေးသည့် "ဖောင်းထုစရာအဖြာဖြာ" ကဏ္ဍမှအပိုင်းတချို့ဖြစ်သည်။ ထိုအပိုင်းများထဲမှ ဘာသာရေးဆိုင်ရာဆွေးနွေးထားသည့် အပိုင်း ၂ ပိုင်းကို "ကိုယ်ကိုးကွယ်တိုင်း အကောင်းဆုံးလား" နှင့် ယခုအပိုင်းအဖြစ် BPN ကတည်းဖြတ်ပြီး ပြန်လည်တင်ဆက်ထားပါသည်။ ဘာသာရေးအကြောင်းများမတင်ဆက်မီ ကြိုတင်ရှင်းလင်းချက်ပေးသည့် Disclaimer သဘောဆန်သော မောင်ရင်၏ အစောပိုင်းဆွေးနွေးချက်များကို "ဒဏ်ကြေအောင်ဂျင်းအုံခြင်း"တွင် နားဆင်နိုင်ကြမည်ဖြစ်ပါသည်။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင် ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  6. 6

    ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား

    Season 2ဘာပွဲလုပ်လုပ် ရှေ့ဆုံးတန်းကနေ ပွဲတိုင်းကျော် အခန့်သားထိုင်ခုံချပေးထားရတဲ့ ဌာနဆိုင်ရာဂုဏ်သရေရှိလူကြီးမင်းများရှိပါတယ်။ အဲ့ဒီလူကြီးမင်းဆိုသူတွေကနေ လမ်းဘေးမှာအော်ဟစ်နေကြတဲ့ ယစ်ထုပ်လူကြီးမင်းတွေအထိ သူတို့ရဲ့ဂုဏ်သရေဆိုတာကြီးကို ထုံးစံအတိုင်း ဉာဏ်သူပုန်ထထားပါတယ်။ဒီအပိုင်းကနေ နောက်ထပ်အပိုင်းတချို့အတွင်း မြန်မာပြည်က ဝန်ထမ်းလောကနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကြားသိကြရမှာ ဖြစ်ပါတယ်။ တချိန်က ပြည်သူတွေကို အယောင်ပြယုတ္တိတွေသွင်းပြီး တစ်ပတ်ရိုက်ခဲ့ကြတဲ့ အဖြစ်အပျက်တွေကို ဥပမာ ဥပမေယျတွေနဲ့ အစီစဉ်တင်ဆက်သူမောင်ရင်က ချေးခြောက်ကို ရည်ရွယ်ချက်ရှိရှိ ရေနှူးထားတာတွေ ပါဝင်မှာပါ။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  7. 5

    ကိုယ်ကိုးကွယ်တိုင်း အကောင်းဆုံးလား?

    Season 2အပိုင်းသစ် မတင်သေးဘူးလားလို့ အမေးများနေတဲ့ ဉာဏ်သူပုန် မိတ်ဆွေများ ခင်ဗျာဒီတစ်ပတ်မှာတော့ လက်ရှိခေတ်ရဲ့ ဘာသာရေးဓလေ့တွေနဲ့ မောင်ရင်တို့ကို ချုပ်ခြယ်မောင်းသွင်းခဲ့ကြတဲ့အကြောင်းအရာတွေ၊ မိရိုးဖလာလုပ်လာတာ မဖျက်ကောင်းဘူးဆိုပြီး ရပ်တန့်နေရတဲ့ အကြောင်းတွေကို ဉာဏ်သူပုန်ထထားပါတယ်။ နောက်ပြီးတော့ လူကြီးတွေနဲ့ ဘာသာရေး အကြောင်းကို မျက်ခွက်ပြောင် ပြောမိလို့ မောင်ရင် ကြုံတွေ့ခဲ့ရတဲ့ အကြောင်းလေးတွေကိုပါ မျှဝေထားတာမို့ တဒင်္ဂစိတ်အပန်းပြေနိုင်စေမယ့် Podcast တစ်ပုဒ်လည်းဖြစ်ပါတယ်။ Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝဆိုင်ရာ အတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ရေရှည်ရပ်တည်နိုင်ဖို့ပံ့ပိုးကူညီနိုင်ပါတယ်ခင်ဗျာ။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  8. 4

    Special_EP: ဉာဏ်သူပုန်ရဲ့ နှစ်ဦးဂီတလက်ဆောင်

    Season 2ပြီးခဲ့တဲ့ သင်္ကြန်အကျနေ့က Fmaj7 မှ ကိုမာကျူရီရဲ့ "သင်္ကြန်သီချင်းများ" Podcast ကို နားထောင်ခဲ့ကြတာ ကြိုက်နှစ်သက်မယ်မျှော်လင့်ပါတယ်။​ ဒီနေ့အတွက်ကတော့ ဉာဏ်သူပုန် ဗားရှင်းပေါ့။ သင်္ကြန်ယဥ်ကျေးမှု၊ ဂီတ၊ သံချပ်နဲ့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွေအထိ နားထောင်သူတွေ လိုက်ပါခံစားနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေတို့ သင်္ကြန်မှာ ရေကစားဖို့ အခွင့်မသာရင်တောင် သင်္ကြန်အငွေ့အသက်လေး ရနိုင်ဖို့ ဉာဏ်သူပုန် နဲ့ Fmaj 7 တို့ကနေ သင်္ကြန် Podcast အထူးထုတ် နှစ်ပုဒ်ကို ကိုယ်တိုင်လည်း နားဆင်၊ မိတ်ဆွေများနဲ့လည်း ဝေမျှနိုင်ကြဖို့ BPN ဝိုင်းတော်သားများက ချစ်ခင်လေးစားစွာ တင်ဆက်လိုက်ရပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  9. 3

    စာကြည့်တိုက် နဲ့ AI

    Season 2ဉာဏ်သူပုန်မိတ်ဆွေတွေအားလုံး အကြပ်အတည်းကာလမှာ တဒင်္ဂဂယ်ပေါက်တွေတွေ့ပြီး ဖြေသာနိုင်ကြပါစေလို့ မောင်ရင်က နှုတ်ခွန်းဆက်လိုက်ပါတယ်။"သိပ္ပံကို စိတ်ဝင်စားတဲ့ ကလေးတွေဟာ လက်တွေ့ဘဝ စာသင်ခန်းထဲမှာတော့ အဲ့လိုမဟုတ်နေပါဘူး။ မောင်ရင်တို့ လီပေါင်းတွေကို ဘုန်းကြီးစာကျက်သလိုကျက်ခဲ့ရတာ။ ပြီးတော့ ၁၁ ၁၁ လီနဲ့ ၁၁ ၁၂ လီဆို ဝါးတားတားပဲ။ ခုနေခါ လီပေါင်းဖြောင့်အောင်ဆိုတတ်တာတောင် ကိုယ့်ကိုယ်ကိုကျေးဇူးတင်နေရတဲ့ မဟာသိပ္ပံပညာရှင်ကြီးတွေပေါ့ဗျာ။အဟုတ်ကို ဘွဲ့ရစာမတတ်ခေတ်။ မောင်ရင်တို့မျိုးဆက်ဟာ ခင်ညွှန့်ထရိန်းဆိုပြီးတောင် စကြသေးတယ်။ ခုခေတ်မျိုးဆက်ဆို မင်းအောင်လှိုင်ထရိန်းပေါ့ AI ဆိုတာပေါ်လာတော့ အာဏာနဲ့ နည်းပညာဆိုတာ ပေါင်းစပ်ပြီး စိတ်ကူးယဉ်သိပ္ပံကား မပြောနဲ့ လက်တွေ့ဘဝမှာ နှစ်ခုပေါင်းစပ်ပြီး ပြဿနာပိုကြီးလာပါတယ်။ "ဥပမာပြောရရင် စကစရဲ့ တန်ပြန်ဒရုန်းနဲ့ ထောက်လှမ်းရေးကိရိယာ တွေဟာ အခုတဖန် ခေါင်းပြန်ထောင်လာတာကို ကိုယ့်လူတို့မြင်ကြရမှာပါ။ တစ်ဖက်မှာလည်း ကိုယ်တင်လိုက်တဲ့ ပုံတစ်ပုံကြောင့် အချိန်မရွေး တစ်ရွာလုံးပြာကျသွားနိုင်တယ်။ စေတနာကနေ ဝေဒနာကို ရုတ်ချည်းပြောင်းသွားနိုင်တယ်။ ကိုယ်တင်တဲ့ ကောင်းသတင်းကို ဆိုးသတင်းဖြစ်စေချင်တဲ့အင်အားစုလည်းရှိတယ်။ ကိုယ်က သူပုန်ထနေရတာဆိုတော့ ကိုယ်ကသတိမထားတဲ့အခါ ကိုယ့်လုပ်ရပ်တွေကို လူတွေက အလွယ်တကူနဲ့ စကစလေသံငှားပြီး ကိုယ့်ကို လူယုတ်ဇာတ်သွင်း ပစ်နိုင်တယ်ဆိုတာ မမေ့ကြဖို့ လက်တို့ချင်တယ်။ တော်လှန်ရေးကို တော်လှန်ရေးပုံစံနဲ့ မသွားရင် နှောင့်နှေးကြန့်ကြာတာ ပျက်စီးရတာတွေ ဖြစ်ကြလေ့ရှိတယ်။" မောင်ရင်ရဲ့ ငယ်ဘဝ အကြောင်းလိုမျိုး မိတ်ဆွေတို့ရဲ့ ငယ်ဘဝမှာ မှတ်မှတ်ရရ အကြောင်းလေးတွေရှိရင်လည်း ပြောခဲ့ကြပါဦးနော်။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝဆိုင်ရာ အတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ကြပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  10. 2

    သက်ရှိဥာဏ်သူပုန် ဗားရှင်း ၂၀၂၄

    Season 2"ဒီအာဏာသိမ်းမှု ၄ နှစ်ရှိသွားတဲ့ကိစ္စကို ဘယ်လိုခေါင်းစဉ်တပ်မလဲ စဉ်းစားရတာ အတော်ခွကျတဲ့ကိစ္စပါ။ ဖေဖော်ဝါရီ ၁ ရက်နေ့ ရောက်တိုင်း စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး စည်းရုံးဆော်ဩတာတွေ လုပ်တဲ့အခါ ဘယ်လို ခေါင်းစဉ်တပ်ရမလဲ စဉ်းစားရတာက အလွန်ခွကျကြောင်း ဒီထဲမှာ ပါဝင်နေသူတိုင်း ကြုံကြရပါတယ်။ ဟုတ်တယ်လေ… အာဏာသိမ်း ၄ နှစ်ပြည့်လား၊ အာဏာသိမ်း နှစ်ပတ်လည်လား၊ အာဏာသိမ်း ရတုလား ဘာလား၊ ဒီကိစ္စဟာအနိဌာရုံကိစ္စကြီးဗျာ။ ဘယ်သူက မင်္ဂလာခေါင်းစဉ်တပ်ချင်မလဲ။ တပ်ရင် ကိုယ့်လူတို့လည်း ကြံ့ခိုင်ရေးက ခင်ရီတို့၊ မဘသက ဝီရသူတို့၊ ပျူစောထီးခေါင်း ဝါသဝတို့ စစ်တပ်လော်ဘီအောက်တန်းစား တစ်အုပ်တို့နဲ့ တန်းညီသွားမှာ။"အပေါ်ကစကားက စစ်အာဏာသိမ်း ၄ နှစ်ပြည့် အတွက် မောင်ရင်ရဲ့ "ဉာဏ်သူပုန်ဗားရှင်း ၂၀၂၄" ပေါ့ဒ်ကတ်စ်ထဲက ဉာဏ်သူပုန်ထမှု အချို့ ဖြစ်ပါတယ်။ Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝဆိုင်ရာ အတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ဆက်လက်ရပ်တည်ဖို့အတွက် ပံ့ပိုးကူညီနိုင်ပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  11. 1

    မိန်းမဆိုရင် ထမ်းပိုးနဲ့ရိုက်

    Season 1မိန်းမတွေရဲ့ အခွင့်အရေးကို မသိအမှတ်မပြုတာဟာ မိန်းမတွေကို လူလို့အသိအမှတ်မပြုတဲ့ အတွေးအခေါ်ပဲ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုရေးရာ ကိစ္စတွေ အားလုံးဟာ မိန်းမတွေနဲ့လည်း အကျုံးဝင်တယ်လို့ မောင်ရင်က ဆိုထားပါတယ်။တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရတဲ့ မီရာဘာညီအစ်မတွေအတွက် နိုဝင်ဘာလ (၂၅) ရက်နေ့ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ကျင်းပတဲ့ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာကာလလှုပ်ရှားမှုဟာ အဲဒီနေ့ကစပါတယ်။ မြန်မာနိုင်ငံမှာလည်း အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း အမျိုးသမီး (၁၂၀၀) ကျော် သေဆုံးခဲ့ရပါတယ်။ ဉာဏ်သူပုန်နဲ့ Burma Podcast Network မှ (၁၆) ရက်တာ ကာလလှုပ်ရှားမှုအတွင်း စနစ်ဆိုးတွေ ဓလေ့ဆိုးတွေကို အံတုနေကြသော အမေများ၊ ညီမများ၊ အဒေါ်များ အပါအဝင် အမျိုးသမီးတစ်ဦး တစ်ယောက်ချင်းစီတိုင်းကို ချစ်ခြင်းလေးစားခြင်းဖြင့် တင်ဆက်လိုက်ရပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  12. 0

    ယာနားနီးချင်းဆွေမျိုးရင်း

    Season 1🔊 အပိုင်းသစ်မှာ  ထိုင်း-မြန်မာ ဆက်ဆံရေးနှင့် မြန်မာပြည်၏ အရေးပေါ်အခြေအနေကို ဖြေရှင်းရန် အာဆီယံ၏ အခန်းကဏ္ဍကို ဉာဏ်သူပုန် Podcast Host - မောင်ရင်မှ အတွေးချဲ့ထွင်ဆွေးနွေးထားပါတယ်။ 🇹🇭🇲🇲 အဓိကမေးခွန်းတွေကအာဆီယံ ဘယ်လောက် တာဝန်ယူမှုရှိသလဲ? ထိုင်း-မြန်မာ ဆက်ဆံရေး အကောင်းထက် အဆိုးဘက်ဦးတည်နေသလား?အထောက်ထားမဲ့ မြန်မာနိုင်ငံသားများရဲ့ ရုန်းကန်မှုတွေဘယ်တော့ ရပ်တန့်နိုင်မလဲ? 🎧မိတ်ဆွေများ နားဆင်နိုင်ရန် ဝေမျှလိုက်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  13. -1

    သဘာဝဘေးမှတ်စု

    Season 1ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာဟာ မူရင်းစွဲရှိတဲ့ ဒုက္ခတွေရဲ့ စံချိန်ကိုကျော်လွန်ပြီး လူဦးရေရဲ့ ၃ ပုံ ၁ ပုံဖြစ်တဲ့ ပြည်သူ ၁၈ သန်းကျော်က အကူအညီလိုအပ်နေတဲ့ ဘဝကို ရောက်နေပါတယ်။ ဒီလိုရေကြီး၊ မြေပြို၊ မုန်တိုင်းတိုက်၊ မိုးခေါင်၊ မိုးကြီး၊ အပူလိုင်းဖြတ် စတဲ့ဘေးတွေဟာ မောင်ရင်တို့ ခေတ်သစ်ကမ္ဘာရဲ့ သာမန်နေ့တွေပါပဲ All friend ဆိုတဲ့သဘောတွေ ဖြစ်လာမှာမို့ ဒါတွေနဲ့ လိုက်လျောညီထွေ နေသားကျအောင် ကြံဖန်အသက်ရှင်ကြရမယ့် အခြေအနေတစ်ခုဖြစ်နေပြီလို့ ပညာရှင်တွေက ပြောနေကြပြီ ဖြစ်ကြောင်း မောင်ရင်က “သဘာဝဘေးမှတ်စု” ဆိုပြီး ဉာဏ်သူပုန်ထထားပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  14. -2

    ရေဘေးသင့်ခြင်း

    Special Episodeရေဘေးသင့်ခြင်း-----------------မုန်တိုင်းက အခြားနိုင်ငံတွေကိုလည်း ဖြတ်သွားပေမယ့်အနှစ် ၆၀ကျော် အကုသိုလ်တွေကတော့ကမ္ဘာပေါ်က မြေနိမ့်ရာ နိုင်ငံတစ်ခုဆီကိုပဲ စုပြုံပြီး စီးဝင်လာတယ် ။ငါတို့ရဲ့ အတိတ်ကံကတော့ မဆလနဲ့ နဝတခေတ်ဖြစ်ပြီး၂၀၀၈မှာကတည်းက ငါတို့ တခါသေဖူးပြီးသား ။ငယ်ငယ်တုန်းက မြန်မာ့ရုပ်မြင်သံကြားထဲမှာတော့ရေက တခါမှ မကြီးခဲ့ဖူးသလိုပဲ ၊မရှိတော့တဲ့ ဒီရေတောနဲ့ သစ်တောတွေကို စေတီအဆူဆူနဲ့ ကာလိုက်တယ် ။ပျောက်ကွယ်သွားတဲ့ မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းက ရွာတွေဆိုတာပေါ်လစီကားတွေမှာ ပါလေ့မရှိတော့နဂိုကတည်းက တည်ရှိမှန်းလည်း ဘယ်သူမှ မသိခဲ့ပါဘူး ။အခုတော့ တောင်ပေါ်တွေရော အညာတွေရော စေတီတွေရောမုန်တိုင်းနဲ့အဝေးကြီးမို့ စိတ်ချလက်ချအိပ်စက်နေသူတွေရဲ့အိမ်ထဲအထိပါ ရေက ဝင်လာနေခဲ့ပြီ ။ခုနစ်လွှာက လူငယ်တစ်ယောက်တောင် ရေစီးနဲ့ မျှောပါပြီးချင်းမိုင်ရောက်လိုရောက်ကွန်ဒိုနဲ့နေတဲ့ လုပ်ငန်းရှင်တစ်ယောက်လည်း ရေစီးနဲ့ ပါသွားပြီးစစ်ကြောရေးကို ရောက်လိုရောက်ရိုးရှင်းတဲ့ ကျေးလက်ဘဝမှာပဲ အေးအေးဆေးဆေးနေတော့မယ်ဆိုတဲ့ရွာလေးလည်း မြေပြိုတဲ့အထဲ ပါသွားပြီ ။ရေဘေးသင့်နေသူတွေဟာ ဘာသာရေးတရားခွင်က ပြစ်ဒဏ်ကြောင့်နှစ်ခါသေနေရတယ် ။ဝေသာလီပြည်ထဲ ဝင်လာတဲ့ ဘီလူးက ဆရာတော်ဘုရားကိုယ်တိုင်ပဲဆိုတာလူငယ်တွေက အနံ့ခံမိသွားတယ် ။ဒီကာလမှာ သူတို့တတွေအားလုံး မိဂဒဝုန်ထဲ ရောက်နေတဲ့ ကောင်တွေချည်းပဲလေ ။သုံးနှစ်အတွင်းမှာ အားလုံး ဆူးခက်သရဖူတွေ ကိုယ်စီနဲ့ပဲလေ ။ရေက မြို့နေကလေးတွေရဲ့ခေါင်းထဲမှာပါ စီးဝင်နေတော့တော်လှန်ရေးကလည်း တောထဲမှာလောက်ပဲ မဟုတ်ဘူး ။ငါ ဒုက္ခခြေကျင်းတန်းလန်းနဲ့ ဖြစ်တုန်းကတော့ စိတ်ငြိမ်ဆေးတစ်ကဒ်ကိုပါဠိစာသားတွေနဲ့ ရေးထားတဲ့ စာအုပ်ထက် ပိုယုံကြည်ဖူးတယ် ။အခုလည်း ကိုယ်တိုင် ရေထဲမျှောနေရာကနေရေနစ်နေသူကို လှမ်းကယ်နေသူတွေ ငါမြင်နေရတယ် ။ငါ သူတို့ အရေပြားကို မမြင်ဘူး ၊ငါ မြင်တာ မြန်မာတစ်ယောက်က မြန်မာတစ်ယောက်ကို ကယ်နေတာ ။ငါ့လူငယ်ဘဝမှာတင် ရေဘေးအတွက် ဗော်လန်တီယာလုပ်ဖူးတာ အကြိမ်ကြိမ် ၊ငါလှူသလို နိုင်ငံတော်ကလည်း ရေဘေးဆို ဘုရားဆင်းတုတွေပါပျော်ပျော်ကြီး လှူကြတယ် ၊လှူချင်လွန်းလို့ နောက်နှစ်တွေမှာ ကပ်မဆိုက်မှာကိုတောင်သူတို့ စိုးရိမ်ပူပန်ကြတယ် ။သူတို့ တိုက်လေယာဉ်တွေနဲ့တိုင်းပြည်ကို အပေါက်တွေ မပြတ်ဖေါက်ပေးဆဲပဲ ။ရေကြီးနေတဲ့ ဗီဒီယိုအောက်မှာမီးလောင်နေတဲ့ စစ်ရှောင်စခန်း ဗီဒီယို တက်လာတယ် ။ကဗျာဆရာတွေလည်း ဒုက္ခဝဲဂယက်ထဲရွှံ့နွံလို အထပ်ထပ်ဖြစ်နေတဲ့ နိမိတ်ပုံတွေကို မနည်းရွေးထုတ်နေရပုံပဲ ။ရေဘေးအလှူခံနေတဲ့ ဘယ်သူမှလည်း We are the world ကို မဆိုတော့ဘူး ။ကမ္ဘာကြီးနဲ့ သူတို့ အဝေးကြီးမှန်းလည်း သိသွားကြပြီ ။အေအိုင်ကတော့ မြန်မာ့ရုပ်မြင်သံကြားနဲ့ ပြောင်းပြန်ငါတို့နိုင်ငံကိုမီးလောင်နေတဲ့ တဲအိမ်တွေ အဖြစ် သိထားတယ် ။ငိုယိုပြေးလွားနေတဲ့ ကလေးတွေအဖြစ် သိထားတယ် ။(မြန်မာကလေးတွေရဲ့မျက်နှာကိုတော့ မြင်ဖူးပုံမရလို့ ထိုင်းကလေးတွေ မျက်နှာပဲ ထည့်လေ့ရှိတယ် )ပြီးတော့ အလွန်အကျွံရွှေရောင်သန်းနေတဲ့ စေတီတွေ ရှိရာအရပ်အဖြစ် သိထားတယ် ။လူမှုကွန်ယက်ကြောင့် လူမျိုးရေးပြဿနာတက်တဲ့ နိုင်ငံအဖြစ် အထူး သိထားတယ် ။ကမ္ဘာကြီးရဲ့ မျက်လုံးထဲမှာတော့ ငါတို့အားလုံး ဘာနားနားတွေ ဖြူဖြူထွေးတွေချည်းပဲ ။ဘာတတ်နိုင်မလဲရေပြန်ကျသွားတဲ့ တစ်နေ့တော့ အားလုံး အရှိအတိုင်း တွေ့ရမယ် ။ဒီမြေပေါ်မှာ လက်သီးဆုပ်ထားတဲ့ အရိုးစုတွေ ၊အမြဲတမ်းပူနွေးနေမယ့် ကျည်ခွံတွေ ၊ဂရင်းကင်ညွန်ချောက်နက်တမျှ စိတ်ဒဏ်ရာတွေနဲ့အဖြစ်အပျက်တွေ စီထပ်ထားတဲ့ ပိရမစ်ကြီးတွေ ၊ကြေကွဲလွမ်းဆွတ်ဖွယ်အပြည့်နဲ့ တာ့ချ်မဟာတွေဓမ္မနဲ့ အဓမ္မ နယ်မြေကို ပြတ်ပြတ်သားသားပိုင်းခြားထားတဲ့လူငယ်တွေရဲ့အသက်တစ်ခုစီနဲ့ တည်ဆောက်ခဲ့သော မဟာတံတိုင်းကြီးတစ်ခုပြီးတော့ ကမ္ဘာကြီးကို လှောင်ရယ်နေမယ့် ဝိညာဉ်တွေ ၊ပြီးတော့ သင်တို့ စိုက်ပျိုးခဲ့သမျှ လွတ်လပ်ငြိမ်းချမ်းသော တောအုပ်လည်း မပါမဖြစ်ပေါ့ ။လောလောဆယ် ရေပြန်မကျသရွေ့တော့ ရေတွေသာ ငါ မြင်နေရတယ် ။အိပ်မက်ထဲအထိ စီးဝင်နေတဲ့ ရေတွေ ။M.Y.P

  15. -3

    သိုက်ကြိုးဖြတ်ရင် တကယ်ပြတ်လား။

    Season 1မြန်မာ့လူ့အဖွဲ့စည်းမှာ "အောင် လံ ထူ စစ် သူ ကြီး ပွဲ" ဆိုပြီး တတွတ်တွတ်ရွတ်ကြတဲ့ မဟာဘုတ်ဗေဒင်အရ သိုက်ဖွားလို့ သတ်မှတ်ခံရသူ‌တွေကို သိုက်က လာခေါ်တတ်တယ်လို့ ပြောကြတယ်။ တကယ့်သိုက်ဖွားအဟောမှာ ဒါတွေမပါ‌‌ပေမဲ့ လုပ်စားတွေရဲ့ အဟောမှာ သိုက်ကလာမခေါ်ချင်ရင် သိုက်ကြိုးဖြတ်ပေးရတယ်လို့ ဆို‌ကြတယ်။ ဒီအပိုင်းမှာ သိုက်ကြိုးဖြတ်ဖူးတဲ့ မောင်ရင့် အတွေ့အကြုံတချို့ကို ဖောက်သည်ချထားပါတယ်။ ပြီးတော့ လူတကာသတ်မှတ်တဲ့ အနက်ရောင်ဟာ တကယ့် အမင်္ဂလာ အရာင်လားဆိုတဲ့ အကြောင်းလည်း ဆွေးနွေးတင်ပြ ဉာဏ်သူပုန်ထ ထားပါ‌သေးတယ်။ Burma Podcast Network ကနေ နယ်ပယ်စုံ အကြောင်းအရာစုံက အကြောင်းအရာတွေကို မိတ်ဆွေတို့အတွက် အားကျိုးတက်ဖွယ် တင်ဆက်နေပါတယ်။YouTube, Facebook, Spotify, MMInfo စတဲ့ Platform အစုံမှာ Podcast များကို ကြည့်ရှု နားဆင် နိုင်ပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  16. -4

    နှစ်ပြန်ကြော်သာ အမိ နှစ်ပြန်ကြော်သာ အဖ

    Season 1ကိုယ့်လူတို့ရေ ဒီတိုင်းပြည်က လူငယ်မှန်ရင် နှစ်ပြန်ကြော်ကိုတော့ ဖြတ်သန်းဖူးတာပဲလို့ မောင်ရင်က ဆိုပါတယ်။ မိတ်ဆွေတို့ရော မောင်ရင်နဲ့ အတွေးသဘောထားချင်း ထပ်တူကျရဲ့လား။ လူငယ်တွေ၊ အခြေခံလူတန်းစားတွေအတွက် ပေါင်းကူးတံတားလို ဖြစ်နေတဲ့ နှစ်ပြန်ကြော်ဋီကာကို မောင်ရင်က ဉာဏ်သူပုန် ထ ထားပါတယ်။ Burma Podcast Network ကနေ နယ်ပယ်စုံ အကြောင်းအရာစုံတို့ကို မိတ်ဆွေတို့အတွက် အားကျိုးတက်ဖွယ် တင်ဆက်နေပါတယ်။ Burma Podcast Network ရဲ့ Podcasts များကို YouTube, Facebook, Spotify, MMInfo စတဲ့ Platform အစုံမှာ သွားရောက် နားဆင်နိုင်ပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  17. -5

    အယ်ဖရက်နိုဘယ် မှသည် အောင်ဆန်းစုကြည်

    Season 1၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ မြန်မာမြေမှာ နိုဘယ်ဆုရှင်တစ်ဦး မွေးဖွားခဲ့ပါတယ်။အဆိုပါ ရှားရှားပါးပါး မြန်မာပြည်က အာဂအမျိုးသမီးကြီးတစ်ဦးရဲ့ (၇၉) နှစ်ပြည့် မွေးနေ့အကြောင်းပြုပြီး နိုဘယ်ဆုရှင်တွေအကြောင်းကို မောင်ရင်က ဉာဏ်သူပုန်ထလိုက်ရပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  18. -6

    သိန်းဖေ၊ မောင်ရင် ပြောသည့် Podcastဆိုသည်မှာ

    Season 1Burma Podcast Network ဆိုတဲ့ မြန်မာပြည်ရဲ့ ပထမဆုံးသော Podcast Network ပေါ်ပေါက်လာဖို့ အားထုတ်ခဲ့ကြတဲ့ မောင်ရင်နဲ့သိန်းဖေ ဆိုတဲ့ လူငယ်နှစ်ယောက် အာထုကြတဲ့ အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းမှာ မြန်မာပြည်ရဲ့ ရှေးယခင်ထဲက ဆရာကြီးဦးဂုဏ်မာန်တို့၊ ဦးသုမောင်​၊ ဦးဝင်ဖေအစရှိတဲ့ ဆရာကြီးများကစလို့ ယနေ့ခေတ် ဉာဏ်သူပုန်၊ ကိုကျားပေါက်၊ ​စကားမစပ်၊ ဦးငြိမ်းဝေ အစရှိတဲ့ Podcasters များအကြောင်း ဉာဏ်မှီသလောက် ဆွေးနွေးထားပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  19. -7

    Special_Ep: ဆူးများကို ထွင်နှုတ်ခြင်း အပိုင်း ၂

    Season 1ကြာရှည်သွားတဲ့ မပြေလည်မှုတွေမှာ မိတ်ဆွေတို့ ထုံသွားကြပြီလား။ အမှန်တရားအတွက် တိုက်ပွဲဝင်နေရတဲ့ ခင်ဗျားတို့ ကျွန်တော်တို့ မိတ်ဆွေလူငယ်တွေ၊ ပညာတတ်ချစ်စရာ လူသားတွေကို စစ်ပွဲတွေက ဘယ်လို ပြောင်းလဲပစ်လိုက်မလဲ။ ဘယ်အချိန် နှုတ်ဆက်သွားရမလဲမသိတဲ့ စိတ်တွေနဲ့ ကျုပ်တို့ ဘယ်လို ရှေ့ဆက်ကြမလဲ။ လေးလေးပင်ပင်နဲ့ပဲ Season 1 ကို နှုတ်ဆက်လိုက်ပါတယ်။ ဉာဏ်သူပုန်ထ နိုင်ကြပါစေ။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  20. -8

    Special_Ep: ဆူးများကို ထွင်နှုတ်ခြင်း အပိုင်း ၁

    Season 1အိပ်ပျော်ရဲ့လား မိတ်ဆွေ၊ စိတ်ပျော်ရဲ့လား မိတ်ဆွေ။ ကျွန်တော်တို့ ဉာဏ်သူပုန် မိတ်ဆွေတွေလည်း တွေးရင်း ရုန်းကန်ရင်း ဒီခေတ်ပျက်ကြီးကို လှော်ခတ်လျှက်ရှိပါတယ်။ မောင်ရင်နဲ့သိန်းဖေက ဒီအပိုင်းမှာ ဆရာကြီး ရွှေဥဒေါင်း စကားဖြစ်တဲ့ ဆူးလေးတွေ စိတ်မှာ တစ်ချောင်းပြီး တစ်ချောင်း စိုက်ခဲ့တဲ့အကြောင်းကို ချဲ့ကား ဉာဏ်သူပုန်ထကြတာလေး နားဆင်ကြပါဦး။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  21. -9

    သရော်တဲ့ ယဥ်ကျေးမှု

    Season 1ဒီနှစ်ကတော့ ၂၀၂၄ ဖြစ်နေပါပြီ။ ၂၀၂၁ ရဲ့ အကျည်းတန် နေ့ရက်တွေထဲက ချစ်စရာလူထုလှုပ်ရှားမှုတွေ မှိုလိုပေါက်ခဲ့ပါတယ်။ Gen Z ဆိုတဲ့မျိုးဆက်ဟာ နှစ် ၇၀ Standard Army ဆိုတဲ့ ဖက်ဆစ် စစ်တပ်ကြီးကို တော်လှန်သရော်ခဲ့ကြသူများ ဖြစ်ပါတယ်။ ဖက်ဆစ်စစ်တပ်က လူရမ်းကားတွေကို "မင်းတို့ ကောင်တွေ လက်နက်ချ မဟုတ်ရင် မူစကူးဒူးတွေ ဖြစ်ကုန်မယ်" လို့ အော်ခဲ့ကြတဲ့ သရော်တတ်သော တိုင်းပြည်အတွက် ဘဝပေးနေကြတဲ့ လူငယ်တွေအကြောင်း နားဆင်ကြည့်ကြရအောင်။ Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင် ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝဆိုင်ရာ အတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုထဲသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ကြပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  22. -10

    ငါတို့ခေတ်ရဲ့ အစုအဖွဲ့

    Season 1ပါဝါရိန်းဂျားတောင် လူဆိုးကိုနိုင်ဖို့ ပေါင်းစပ် စက်ရုပ်လုပ်ပြီး ချကြရပါတယ် ဆိုတော့ အစုအဖွဲ့စိတ်က ဘယ်လောက်အရေးကြီးလဲ မိတ်ဆွေစဥ်းစားပေါ့။ ဒီအပိုင်းကတော့ ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပနေချိန်ကာလမှာ မောင်ရင်တစ်ယောက် ကမ္ဘာကြည့်ကြည့်ဖို့ ခေါင်းပြူကြည့်ရင်း မြန်မာနိုင်ငံကြီးမှာ အစုအဖွဲ့လိုက် ခေတ်အဆက်ဆက် ရန်ဖြစ်နေကြတာတွေ၊ စုစည်းညီညွတ်ဖို့ မဖြစ်နိုင်အောင် စစ်တပ်က သင်းခွဲသတ်ထားတာတွေ၊ မတူယဥ်တွဲနေထိုင်နိုင်ဖို့ နည်းအမျိုးမျိူးနဲ့ ပိတ်ပင်ပြီး လူမျိုးရေးဂျင်းထည့်ခံရတာတွေကို ဉာဏ်သူပုန်ထကြည့်လိုက်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  23. -11

    ဝါသနာကို ဖျာကာမရ

    Season 1ဒီအပိုင်းကတော့ ဆရာဝန်၊ စစ်ဗိုလ်၊ အင်ဂျင်နီယာ ခေတ်စားတဲ့ မြန်မာပြည်မှာ လူငယ်တွေအတွက် ဝါသနာနဲ့ အလုပ်အကိုင် ထပ်တူကျဖို့၊ ရူပဗေဒ ပညာရှင်တစ်ယောက်၊ သင်္ချာပညာရှင်တစ်ယောက်၊ ဂီတပါရဂူတစ်ယောက်ဖြစ်လာဖို့ ဘယ်လောက်ခက်ခဲမလဲဆိုတာ မိတ်ဆွေတို့နဲ့အတူ ဉာဏ်သူပုန်ထကြည့်ချင်ပါတယ်။ နားဆင်ကြပါဦးဗျာ။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  24. -12

    ဒစ်ဂျစ်တယ်လူ့အန္တများ

    Season 1ဒီနေ့ကတော့ သိန်းဖေ သူပုန်ထမယ့် အလှည့်ဖြစ်ပါတယ်။ သိန်းဖေတို့လို ဝူခုန်းကားကို သူများအိမ်လှေကားခွင်မှာ တိုးဝှေ့ကြည့်ခဲ့ရတဲ့ မျိုးဆက်တွေဟာ အခုဆို ၂၉-၃၀ အရွယ်တွေ ဖြစ်လောက်ရောပေါ့။ ငါကြီးလာရင် တီဗီအပိုင်နဲ့ အဝကြည့်မယ်ဆိုတဲ့ အချိန်မှာ နိုင်ငံတော်ဆိုတာကြီးက မီးဖြတ်ချလိုက်တယ်။ လူတစ်ယောက် ဖုန်းတစ်လုံးကိုင်နိုင်ချိန်မှာ အင်တာနက်တွေ ဖြတ်တောက်ပစ်လိုက်တယ်။ လူငယ်တွေ တကယ် နှုတ်ဆိတ်သွားပြီလား? ရှေးရိုးစွဲနေကျ အမေတွေ၊ အဖွားတွေ၊ နဂါးတွေ၊ ကနားတွေ၊ ဘုရားတွေက နေရာယူလာကြပြီ မိတ်ဆွေ။ အစုအဖွဲ့လိုက် လူညွန့်တုံးသွားအောင် ဆယ်လီဘရစ်တီနဲ့ စစ်ဗိုလ်ချုပ် ကတိပြုခဲ့ကြတယ်။ အနာဂတ်ကို မြင်နေရဲ့သားနဲ့ ဆီဝင်တန်းစီနေရလို့ အရာရာ နောက်ကျကျန်ခဲ့ရတဲ့ မြန်မာနိုင်ငံလူငယ်များ ခင်ဗျာ..သိန်းဖေနှင့်အတူ ဉာဏ်သူပုန်ထရင်း အိမ်မက်များဆီ ဆက်လျှောက်လှမ်းနိုင်ကြပါစေ...။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  25. -13

    ငယ်ဘဝ ပညာရပ်ဝန်း

    Season 1ဉာဏ်သူပုန်မိတ်ဆွေတို့ရေ..ခင်ဗျားတို့ ကျုပ်တို့ စာတတ်၊ ပညာတတ်ကြီးဖြစ်ဖို့ ကျောင်းမှာဘာတွေသင်ခဲ့ကြရလဲ? မောင်ရင်ပြောတဲ့ ငယ်ဘဝပညာရပ်ဝန်းအကြောင်း နားသောတဆင်ကြည့်ကြရအောင်ဗျို့!Spotify, Apple Podcasts နဲ့ BPN ရဲ့ YouTube Channel တွေမှာ Podcast အစအဆုံးကို နားသောတ ဆင်နိုင်ပါပြီ။ နားထောင်ပြီး သဘောကျတယ်ဆိုရင် BPN ရဲ့ Facebook နဲ့ YouTube Channel တွေကို Like, Subscribe & Share လုပ်ပေးခြင်းအားဖြင့် Support နိုင်ပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  26. -14

    အဟောင်းတွေကိုပယ်ပါ၊ အကောင်းတွေကိုမပယ်ပါနဲ့

    Season 1ဒီပေါ့ဒ်ကတ်စ်လေးကို ရင်ဘက်တူတဲ့ မိတ်ဆွေတွေစုစည်းပြီး ကိုယ့်လူတို့ အချင်းချင်းကြားထဲမှာ ဆွေးနွေးစရာလေးတွေ ဆွေးနွေးကြဖို့ တိုင်ပင်ရင်း လုပ်ဖြစ်တာပါ။ လက်ရှိအသက်အထိ ဖြတ်သန်းလာကြတဲ့အခါမှာ မောင်ရင်တို့ မျိုးဆက် အဆက်ဆက် ကြုံခဲ့ရတဲ့ ယဉ်ကျေးမှုဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ၊ ဓလေ့ထုံးတမ်းဆိုင်ရာ ဖိနှိပ်ခံရမှုတွေကို သူငယ်ချင်းအချင်းချင်း နှီးနှောဖလှယ်ပြီး အမြင်တွေ တိုက်ကြည့်ကြဖို့ ရည်ရွယ်ချက်ထားပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

တောထဲ တောင်ထဲမှာ ဆင်းရဲ ပင်ပန်ကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာ သည် ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဥာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများဖြစ်ပါတယ် ။ ထို မိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက် ကမ္ဘာ ၊ စာအုပ် စာတမ်းတွေ ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှု နဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားသော ကွက်လပ်များအား ဝင်ရောက်ဖြည့်စွက် ဥာဏ်သူပုန် ထရခြင်းဖြစ်ပါတယ်။မြန်မာပြည်ကြီး မှ ချစ်ခင်ရသော ဥာဏ်သူပုန် မိတ်ဆွေများ ရေဒီယို နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေ့နိုင်ကြပါစေဗျာ

HOSTED BY

BurmaPodcastNetwork

CATEGORIES

Frequently Asked Questions

How many episodes does ဥာဏ်သူပုန် ရေဒီယို have?

ဥာဏ်သူပုန် ရေဒီယို currently has 26 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is ဥာဏ်သူပုန် ရေဒီယို about?

တောထဲ တောင်ထဲမှာ ဆင်းရဲ ပင်ပန်ကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာ သည် ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဥာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများဖြစ်ပါတယ် ။ ထို မိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက် ကမ္ဘာ ၊ စာအုပ် စာတမ်းတွေ ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှု...

How often does ဥာဏ်သူပုန် ရေဒီယို release new episodes?

ဥာဏ်သူပုန် ရေဒီယို has 26 episodes. Check the episode list to see recent publication dates and frequency.

Where can I listen to ဥာဏ်သူပုန် ရေဒီယို?

You can listen to ဥာဏ်သူပုန် ရေဒီယို on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts ဥာဏ်သူပုန် ရေဒီယို?

ဥာဏ်သူပုန် ရေဒီယို is created and hosted by BurmaPodcastNetwork.
URL copied to clipboard!