စိတ်အိမ်လေး (A Small Home for the Mind) podcast artwork

PODCAST · society

စိတ်အိမ်လေး (A Small Home for the Mind)

စိတ်ပင်ပန်းနေတဲ့အချိန်တွေမှာအေးအေးလေး နားထောင်နိုင်တဲ့ နားခိုရာ Podcast လေးတစ်ခုပါ။ခဏလေး နားပြီးကိုယ့်စိတ်ကို နားလည်ပေးနိုင်ဖို့၊နည်းနည်းလေးပဲဖြစ်ဖြစ်စိတ်ရဲ့ စွမ်းအား ပြန်လည်ဖြည့်တင်းနိုင်ဖို့စကားချိုချိုလေးတွေ မျှဝေထားပါတယ်။Sate Eain Lay is a calming podcast for anyone feeling tired or needing a safe space.Let’s listen slowly — a small home for the mind. Calm • Healing • Mind

Publisher-supplied feed metadata · PodParley refreshed Aug 23, 2026 · Source feed

  1. 33

    Mirror Talk #3 — အသစ်ကနေ ပြန်စတင်ခြင်း

    တစ်ခါတလေ…အသစ်ကနေ ပြန်စတင်ခြင်းဆိုတာစိတ်လှုပ်ရှားစရာ အစအသစ်တစ်ခု မဟုတ်ပါဘူး။ပင်ပန်းနေတဲ့အချိန်မှာတောင်တစ်ခါထပ်ပြီး ပြန်စရတဲ့ ခြေလှမ်းတစ်ခု ဖြစ်နိုင်ပါတယ်။မြို့အသစ်၊ ဘာသာစကားအသစ်၊ အလုပ်အသစ်…အရင်က ရင်းနှီးခဲ့တဲ့ နေရာတွေနဲ့ လူတွေကို ထားခဲ့ပြီးဘဝတစ်ခုကို ပြန်တည်ဆောက်ရတဲ့အခါကြောက်စိတ်တွေလည်း ရှိလာတတ်ပါတယ်။ဒီနေ့ Mirror Talk မှာ…အသစ်ကနေ ပြန်စတင်ရတဲ့ အတွေ့အကြုံ၊အတိတ်ကို ကျော်ဖြတ်ပြီး ရှေ့ဆက်ဖို့ကိုယ့်ကိုယ်ကို ပြန်ပြောဖြစ်တဲ့ စကားလေးတွေကို မျှဝေထားပါတယ်။အရင်က သင်ယူခဲ့သမျှအားလုံးနဲ့နောက်ထပ်တစ်ကြိမ် ပြန်စတင်နိုင်ပါစေ။ 🌱 🌤️Podcast: စိတ်အိမ်လေး (Sate Eain Lay)Calm • Healing • Mind🎧 Listen on YouTube:https://youtube.com/@sateeainlay

  2. 32

    မမေ့နိုင်သေးတဲ့ အိပ်မက်တစ်ခု 🌙 | The Teeth Dream | Dream Stories 02

    ကျွန်မက အိပ်မက်တွေကို မကြာခဏ မက်တတ်ပါတယ်။ထူးဆန်းတဲ့အိပ်မက်တွေ၊ အမှတ်တရဖြစ်နေတဲ့အိပ်မက်တွေဆိုရင်မနက်နိုးလာတာနဲ့ ချရေးထားတတ်ပါတယ်။ဒီတစ်ခါတော့လွန်ခဲ့တဲ့ နှစ်တော်တော်ကြာက မက်ခဲ့ဖူးတဲ့သွားအိပ်မက်တစ်ခု အကြောင်း ပြန်လည်မျှဝေထားပါတယ်။တစ်ခါတလေ အိပ်မက်တွေကmessage လေးတစ်ခုလို ခံစားရတယ်။ကိုယ်မသတိထားမိသေးတဲ့အရာတစ်ခုကိုတိတ်တိတ်လေး လာပြောပြနေသလိုမျိုး…ဒီ episode လေးကို နားထောင်ပြီးကိုယ့်ကိုယ်ကိုယ် ခဏရပ်ပြီး နားထောင်ကြည့်ပါ။ 🤍သင်ရော… ဒီလိုမျိုး မမေ့နိုင်တဲ့ အိပ်မက်လေးတွေ မက်ဖူးလား...? ♡ ♥︎ ❤︎ ♡ ♡♡ ̆̈ ㅤㅤ♡🎧 Listen on YouTube:https://youtube.com/@sateeainlayCalm • Healing • MindPodcast: စိတ် အိမ်လေး (Sate Eain Lay)

  3. 31

    ဧည့်ခန်း | အမှတ်တရတွေ စုဝေးနေတဲ့အခန်း | House of Memories 02

    တစ်ခါတလေ အမှတ်တရတွေဆိုတာ ကြီးမားတဲ့အဖြစ်အပျက်တွေ မဟုတ်ပါဘူး...အတူတူကြည့်ခဲ့တဲ့ TV၊ မီးပျက်တဲ့ညတွေ၊ ကိုယ်စီ ထိုင်နေကျ နေရာလေးတွေ… ဒီလို သာမန်အချိန်လေးတွေကပဲ နှစ်တွေကြာလာတဲ့အခါ အမှတ်တရတွေ ဖြစ်လာတတ်ပါတယ်...ဒီအခန်းလေးမှာတော့…ကိုယ့်ဘေးနားမှာ တစ်ချိန်တစ်ခါ အတူရှိခဲ့ဖူးတဲ့သူတွေကိုခဏလောက် ပြန်သတိရကြရအောင် 🌙🎧 Listen on YouTube:https://youtube.com/@sateeainlayCalm • Healing • Mind

  4. 30

    ဒီနေ့ကို ဒီညမှာပဲ ထားခဲ့လိုက်ပါ... | စိတ်အိမ်လေး Sleep Series 02

    ဒီနေ့ရဲ့ ပင်ပန်းမှုတွေကိုဒီညအထိ သယ်ဆောင်မလာပဲ...အတွေးတွေကို ခဏအနားပေးပြီးစိတ်ရော ကိုယ်ရော အနားယူလိုက်ပါ...ဒီနေ့ကို ဒီနေရာမှာပဲအဆုံးသတ်ခွင့်ပေးလိုက်ပါ… 🌙🤍🎧 Listen on YouTube:https://youtube.com/@sateeainlayCalm • Healing • Mind

  5. 29

    အိမ်ရှေ့တံခါး | တွေ့ဆုံခြင်းများနှင့် နှုတ်ဆက်ခြင်းများ | House of Memories 01

    တချို့လူတွေက…ကျွန်မတို့ဘဝထဲကို ဝင်လာပြီးတစ်သက်လုံး အမှတ်တရဖြစ်သွားတတ်ပါတယ်။တချို့ကတော့…နှုတ်ဆက်ခြင်းမရှိဘဲတိတ်တိတ်လေး ဝေးသွားတတ်ပါတယ်။ဒီအခန်းလေးမှာ…Tuesdays with Morrie ထဲကMorrie နဲ့ Mitch ရဲ့ ဆက်နွယ်မှုကနေတွေ့ဆုံခြင်း၊ ချစ်ခြင်းနဲ့ အမှတ်တရတွေအကြောင်းအတူတူ စဉ်းစားကြည့်ရအောင်။🎧 Listen on YouTube:https://youtube.com/@sateeainlayCalm • Healing • Mind

  6. 28

    Mirror Talk #2 — အဝေးကွာနေခြင်း ☁️

    တစ်ခါတလေ…အဝေးဆိုတာ ကီလိုမီတာနဲ့ တိုင်းတာလို့ရတဲ့ အကွာအဝေးတစ်ခုတည်း မဟုတ်ပါဘူး။တစ်ယောက်နဲ့တစ်ယောက်ကြားက ဆက်ဆံရေး…တစ်ချိန်က ဖြစ်ခဲ့တဲ့ ကိုယ်နဲ့ အခု ဖြစ်လာတဲ့ ကိုယ်ကြားက အကွာအဝေးလည်း ဖြစ်နိုင်ပါတယ်။အိမ်နဲ့ ဝေးလာတဲ့အခါ…လူတွေ ပြောင်းလဲလာတယ်။အမှတ်တရတွေ ပြောင်းလဲလာတယ်။“အိမ်” ဆိုတဲ့ အဓိပ္ပာယ်လည်း တဖြည်းဖြည်း ပြောင်းလဲလာတတ်ပါတယ်။ဒီနေ့ Mirror Talk မှာ…အရင်က “အိမ်” နဲ့ အခုရောက်နေတဲ့ “ဒုတိယအိမ်” အကြောင်း၊အိမ်နဲ့ ဝေးရာမှာ ဘဝတစ်ခုကို တည်ဆောက်လာရတဲ့ ခံစားချက်လေးတွေကို အတူတူ မျှဝေထားပါတယ်။ကျွန်မလိုပဲ အဝေးကို ထွက်လာခဲ့သူတွေအတွက်… ဘယ်နေရာပဲ ရောက်ရောက်“အိမ်” ဆိုတဲ့ အဓိပ္ပာယ်ကို ပြန်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ 🌤️Podcast: စိတ် အိမ်လေး (Sate Eain Lay)Calm • Healing • Mind🎧 Listen on YouTube:https://youtube.com/@sateeainlay

  7. 27

    အချိန်က ကုစားပေးလိမ့်မယ် | The Returning Light | Quiet Stories for the Night 15

    တစ်ချို့ဆုံးရှုံးမှုတွေကို…အချိန်ကပဲ ဖြည်းဖြည်းချင်း ကုစားပေးတတ်ပါတယ်...အရာအားလုံးက…အမြဲတမ်း ဒီအတိုင်း မနေပါဘူး...မိုးရွာပြီးရင် နေရောင် ပြန်ထွက်လာသလို…ဆုံးရှုံးမှုနောက်မှာလည်းအလင်းရောင်က တစ်နေ့တော့ ပြန်ရောက်လာတတ်ပါတယ်...ဒီညရဲ့ episode မှာ…အတိတ်ကို လက်လွှတ်ပေးဖို့အသစ်တစ်ခု ဝင်လာနိုင်ဖို့ဘဝထဲမှာ နေရာလွတ်လေးတစ်ခု ချန်ထားကြည့်ရအောင်...Quiet Stories for the Night 🌙Calm • Healing • Mind🎧 Listen on YouTube:https://youtube.com/@sateeainlay

  8. 26

    မပြီးသေးတဲ့ ပန်းချီကားတစ်ချပ် | The Unfinished Self | Quiet Stories for the Night 14

    တစ်ခါတလေ…ကိုယ်က နောက်ကျနေသလို ခံစားရတတ်တယ်...လူတိုင်းက ရှေ့ရောက်နေပြီး… ကိုယ်တစ်ယောက်တည်း ကျန်နေသလို...ဒီည episode မှာတော့“မပြီးပြည့်သေးတဲ့ ကိုယ်” အကြောင်း ပြောထားပါတယ်မပြီးသေးတာဟာ အားနည်းချက် မဟုတ်ပါဘူးသင်ဟာ…ဆေးခြယ်နေဆဲ ပန်းချီကားပါထုဆစ်နေဆဲ ရုပ်တုပါဖြစ်လာနေဆဲ လူတစ်ယောက်ပါဖြည်းဖြည်းချင်း ကိုယ့်ပုံစံနဲ့ ကိုယ် ဖြစ်လာလိုက်ပါ… 🤍🌿ကောင်းသောညပါ… Quiet Stories for the Night 🌙🎧 Listen on YouTube:https://youtube.com/@sateeainlayCalm • Healing • Mind

  9. 25

    Mirror Talk #1 — နေခဲ့ဖူးတဲ့ မြို့လေး 🌥️

    တစ်ခါတလေ…အရင်တုန်းက မြင်ခဲ့တဲ့ မြင်ကွင်းတွေ၊လျှောက်ခဲ့တဲ့ လမ်းတွေ၊ကြားခဲ့တဲ့ အသံတွေကို သတိရမိတယ်။ဒီ Mirror Talk 1 လေးမှာ ကျွန်မ နေခဲ့ဖူးတဲ့ မြို့လေး၊ မိသားစု၊ သူငယ်ချင်းတွေ၊ နေ့စဉ်ဘဝရဲ့ အမှတ်တရလေးတွေအကြောင်း ပြောပြထားပါတယ်။အဝေးကို ထွက်လာခဲ့သူတွေအတွက်လည်း…အဲ့ဒီနေရာမှာပဲ ကျန်နေခဲ့သူတွေအတွက်လည်း…ဒီအမှတ်တရလေးတွေထဲမှာ ကိုယ့်ကိုယ်ကို ပြန်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ 🌤️Podcast: စိတ်အိမ်လေး (Sate Eain Lay)Calm • Healing • Mind🎧 Listen on YouTube:https://youtube.com/@sateeainlay

  10. 24

    ပခုံးပေါ်က ဝန်ထုပ် | The Weight You Carry | Quiet Stories for the Night 13

    တစ်ခါတလေ… ပင်ပန်းနေတာကအားနည်းလို့ မဟုတ်ပါဘူးအချိန်အတော်ကြာ ကြိုးစားခဲ့လို့ပါ...ဒီနေ့ရဲ့ episode မှာ…သင်တစ်ယောက်တည်း ထမ်းထားမိတဲ့ ဝန်တွေ၊ မလိုအပ်တော့တဲ့ တာဝန်ယူမှုတွေ၊ အနားယူခြင်းရဲ့ အဓိပ္ပါယ်ကို တိတ်တိတ်လေး အတူတူ စဉ်းစားကြည့်ကြရအောင်...အရာအားလုံးကို သင်တစ်ယောက်တည်း သယ်ထားစရာမလိုပါဘူး 🤍🌿Quiet Stories for the Night 🌙🎧 Listen on YouTube:https://youtube.com/@sateeainlay

  11. 23

    အိပ်မပျော်တဲ့ ညများအတွက်... 🌙 | Sleep Series

    ဒီည…အိပ်မပျော်သေးဘူးလား…အတွေးတွေ များနေသေးလား…ဒီ Sleep Series ကနေည...မှာ အနားယူနိုင်ဖို့နူးနူးညံ့ညံ့ စကားပြောပေးထားပါတယ်။အခုညအတွက်တော့…မနက်ဖြန်ရဲ့ အရာတွေကိုခဏလောက် ထားထားလိုက်ရအောင်…ဒီညရဲ့ သင်ကတော့…နားရုံပဲ နားလိုက်ပါ… 🌙🤍🎧 Listen on YouTube:https://youtube.com/@sateeainlay

  12. 22

    တိတ်ဆိတ်တဲ့ ခွန်အား | Silent Resilience | Quiet Stories for the Night 12

    ကျယ်လောင်တဲ့ အသံတွေထက်…တိတ်ဆိတ်တဲ့ ခွန်အားကပိုပြီး အေးချမ်းတယ်။ဒီနေ့အထိ ရောက်လာနိုင်ခဲ့တာက…သင့်ရဲ့ တိတ်ဆိတ်တဲ့ ခွန်အားကြောင့်ပါပဲ။Quiet Stories for the Night 🌙🎧 Listen on YouTube:https://youtube.com/@sateeainlay

  13. 21

    ကျိုးပဲ့ခဲ့တဲ့ လမ်း 🌠 | Regret & Past Mistakes | Quiet Stories for the Night 11

    ဒီညမှာ…အတိတ်က အမှားတွေ၊ မပြောသင့်ခဲ့တဲ့ စကားတွေ၊ မလုပ်ဖြစ်ခဲ့တဲ့ အရာတွေကိုပြန်တွေးနေမိပါသလား…ဒီ Episode လေးမှာနောင်တ၊ အမှား၊ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ခြင်းအကြောင်းတိတ်တိတ်လေး ပြောပြထားပါတယ်…Quiet Stories for the Night 🌙Podcast: စိတ် အိမ်လေး (Sate Eain Lay)🎧 Listen on YouTube:https://youtube.com/@sateeainlay

  14. 20

    လမ်းတစ်လျှောက်က အလှတရား | The Journey Continues | Quiet Stories for the Night 10

    ဒီ episode မှာဘဝဟာ အဆုံးမှတ်တစ်ခုကိုပဲ သွားနေတာမဟုတ်ပါဘူး…လမ်းတစ်လျှောက်က အလှတရားတွေ၊ အမှတ်တရတွေ...လက်ရှိအခိုက်အတန့်တွေအကြောင်းအတူတူ အေးအေးဆေးဆေး တွေးကြည့်ကြရအောင်… 🌿Quiet Stories for the Night 🌙Podcast: စိတ် အိမ်လေး (Sate Eain Lay)🎧 Listen on YouTube:https://youtube.com/@sateeainlay

  15. 19

    စိတ်ထဲက ဥယျာဉ်တစ်ခု | The Garden of Gratitude | Quiet Stories for the Night 09

    တစ်ခါတလေမှာ မရှိသေးတာတွေကိုပဲ အာရုံထားနေမိတတ်ပြီး ရှိပြီးသားအရာလေးတွေကို သတိမထားမိတတ်ကြပါဘူး... ဒီ episode မှာတော့ ကိုယ့်စိတ်ထဲက အတွေးတွေ… ခံစားချက်တွေ… မျှော်လင့်ချက်တွေ… ကျေးဇူးတင်မှုတွေနဲ့ ပြည့်နေတဲ့ “ဥယျာဉ်လေး” ကို ခဏလေး ရပ်ပြီး ကြည့်ကြရအောင်…တစ်ကယ်တော့… ကျေးဇူးတင်ခြင်းဆိုတာ အရာအားလုံးကို ပိုင်ဆိုင်ထားခြင်းမဟုတ်ပါဘူး… ကိုယ့်မှာ ရှိနေပြီးသားအရာတွေကို ကျေနပ်လာခြင်းပါပဲ…Quiet Stories for the Night 🌙Podcast: စိတ် အိမ်လေး (Sate Eain Lay)🎧 Listen on YouTube:https://youtube.com/@sateeainlay

  16. 18

    တိတ်ဆိတ်မှုထဲက ပျော်ရွှင်မှု | The Music in the Silence | Quiet Stories for the Night 08

    တစ်ခါတစ်လေ…ဘဝက ထိန်းချုပ်လို့မရတဲ့ ပင်လယ်ကြီးလို ဖြစ်နေတတ်ပါတယ်။ဒီ episode မှာတော့ဘဝကို ဘယ်လို အေးအေးဆေးဆေး တုံ့ပြန်နိုင်မလဲ…တိတ်ဆိတ်မှုထဲမှာ ပျော်ရွှင်မှုကို ဘယ်လိုရှာတွေ့နိုင်မလဲဆိုတာကို အေးအေးလေး နားထောင်ကြည့်ရအောင် 🍃Quiet Stories for the Night 🌙🎧 Listen on YouTube:https://youtube.com/@sateeainlay

  17. 17

    အမှောင်ထဲက အလင်း | Courage in the Unknown | Quiet Stories for the Night 07

    တစ်ခါတစ်လေကိုယ်သွားချင်တဲ့လမ်းရှိပေမယ့်ပထမခြေလှမ်းကို မလှမ်းနိုင်တဲ့အချိန်တွေ ရှိတတ်ပါတယ်…ဒီ Episode မှာရဲစွမ်းသတ္တိဆိုတာReady ဖြစ်မှ မဟုတ်ပဲမသေချာတဲ့အချိန်မှာတောင် လှမ်းလိုက်တဲ့ ခြေလှမ်းဖြစ်ကြောင်းကိုတိတ်တိတ်လေးပြောထားပါတယ်…Quiet Stories for the Night 🌙🎧 Listen on YouTube:https://youtube.com/@sateeainlay

  18. 16

    နှလုံးသားတွေကြားက တံတားတစ်စင်း | The Bridge Between Hearts | Quiet Stories for the Night 06

    တစ်ခါတလေ ကျွန်မတို့ မပြောဖြစ်တဲ့ စကားတွေက နှလုံးသားတွေကြားမှာ အကွာအဝေးတွေ ဖြစ်စေနိုင်ပါတယ်။ဒီ Episode မှာ ဆက်ဆံရေးဆိုတာ တံတားတစ်စင်းလိုဖြစ်ပြီး မထိန်းသိမ်းရင် ဆက်ဆံရေးတွေ ဘယ်လို ပျက်စီးသွားနိုင်လဲဆိုတာကို တိတ်တိတ်လေး မျှဝေထားပါတယ်။ဒီည…ကိုယ်ချစ်တဲ့သူတွေနဲ့ အတူရှိနိုင်ပါစေ။မပြောဖြစ်တဲ့ စကားတွေကိုလည်း တစ်နေ့တော့ ပြောနိုင်ပါစေ… ✨Quiet Stories for the Night 🌙Podcast: စိတ် အိမ်လေး (Sate Eain Lay)🎧 Listen on YouTube:https://youtube.com/@sateeainlay

  19. 15

    နှလုံးသားထဲက ကြေးမုံ 🪞 | The Mirror in the Heart | Quiet Stories for the Night 05

    တစ်ခါတစ်လေ…ကျွန်မတို့ဟာသူများကိုသာ ကြည့်နေပြီးကိုယ့်ကိုယ်ကိုယ် မကြည့်ဖြစ်တာတွေ ရှိတတ်ပါတယ်…ဒီ Episode မှာကိုယ့်ကိုယ်ကို သိမြင်ခြင်း၊လက်ခံနိုင်ခြင်းနဲ့အတွင်းစိတ် အေးချမ်းမှုအကြောင်းကိုနူးညံ့စွာ ဝေမျှထားပါတယ်...ဒီညနှလုံးသားထဲက ကြေးမုံတစ်ခုပေါ်မှာကိုယ့်ကိုယ်ကို တိတ်တဆိတ် ကြည့်လိုက်ပါ…သင် လုံလောက်ပြီးသားပါ ✨Quiet Stories for the Night 🌙Podcast: စိတ်အိမ်လေး (Sate Eain Lay)🎧 Listen on YouTube:https://youtube.com/@sateeainlay

  20. 14

    ကန္တာရထဲက ရေတစ်စက် 💧 | The Water in the Desert | Quiet Stories for the Night 04

    တစ်ခါတစ်လေ…ဘဝဟာ ကန္တာရတစ်ခုလို ခံစားရတတ်ပါတယ်။ခြောက်သွေ့ပြီး… လမ်းမမြင်ရသလို… တိတ်ဆိတ်နေတဲ့အချိန်တွေ…ဒါပေမယ့်…ကန္တာရထဲမှာတောင် ဝှက်ထားတဲ့ ရေရှိနေတတ်သလို အခက်အခဲတွေထဲမှာတောင် မျှော်လင့်ချက် ရှိနေတတ်ပါတယ်။ဒီ episode မှာမျှော်လင့်ချက်နဲ့ ဇွဲလုံ့လကိုဘယ်လိုတွဲဖက်ပြီး ဆက်လျှောက်မလဲဆိုတာ မျှဝေထားပါတယ် 🌙တစ်ခါတစ်လေအရာကြီးတွေ မလိုပါဘူး…ရေတစ်စက်လေးလို သေးငယ်တဲ့ မျှော်လင့်ချက်တစ်ခုကပဲနောက်တစ်လှမ်း ဆက်လျှောက်နိုင်အောင် လုံလောက်ပါတယ် 💧ဒီည တိတ်တိတ်လေး နားထောင်ပြီးစိတ်အေးအေးနဲ့ အနားယူနိုင်ပါစေ။Quiet Stories for the Night 🌙Podcast: စိတ် အိမ်လေး (Sate Eain Lay)🎧 Listen on YouTube:https://youtube.com/@sateeainlay

  21. 13

    ကျောက်တုံးအောက်က မျိုးစေ့ 🌱 | The Seed Under the Stone | Quiet Stories for the Night 03

    ဒီည…သင် မအောင်မြင်မှုတွေကြောင့် စိတ်ပင်ပန်းနေတဲ့အချိန်…သင်ဟာ ကျောက်တုံးအောက်က မျိုးစေ့လို ဖိခံထားရသလို ခံစားနေရနိုင်ပါတယ်။ဒါပေမယ့်…မျိုးစေ့တွေဟာ အမှောင်ထဲမှာပဲ သူတို့ရဲ့အားကို စုဆောင်းတတ်ကြတယ်…ဒီ episode မှာHelen Keller ရဲ့ ဇာတ်လမ်းမှတစ်ဆင့်အခက်အခဲတွေကို အင်အားအဖြစ် ပြောင်းလဲနိုင်တဲ့ အကြောင်းကို မျှဝေထားပါတယ်။🌱 သင့်ဘဝမှာရှိတဲ့ “ကျောက်တုံး” ကသင့်ရဲ့ အဆုံးသတ်မဟုတ်ပါဘူး…ဒါဟာ သင့်ကို တိုးတက်စေမယ့် အစပါ။ဒီည တိတ်တိတ်လေး နားထောင်ပြီးစိတ်အေးအေးနဲ့ အနားယူနိုင်ပါစေ။Quiet Stories for the Night 🌙Podcast: စိတ် အိမ်လေး (Sate Eain Lay)🎧 Listen on YouTube:https://youtube.com/@sateeainlay

  22. 12

    Dream 01: The Moving Land of Blue Roofs — အပြာရောင်ခေါင်မိုးများ၏ လှုပ်ရှားနေသောမြေ

    ကျွန်မက အိပ်မက်တွေကို မကြာခဏ မက်တတ်ပါတယ်။ထူးဆန်းတဲ့အိပ်မက်တွေ၊ အမှတ်တရဖြစ်နေတဲ့အိပ်မက်တွေဆိုရင်မနက်နိုးလာတာနဲ့စာအုပ်ထဲမှာပဲ ဖြစ်ဖြစ်၊ ဖုန်းထဲမှာပဲ ဖြစ်ဖြစ်ချရေးထားတတ်တဲ့ အကျင့်ရှိပါတယ်။ကိုယ့်အိပ်မက်လေးတွေကိုအချိန်ကြာတဲ့ထိ မမေ့မလျော့အောင်ရယ်၊ပုံပြင်လေးတစ်ပုဒ်လို ပြန်လည် မျှဝေချင်တဲ့စိတ်နဲ့ဒီ video လေးကို ပြုလုပ်ထားတာပါ။ဒီအိပ်မက်လေးကတော့ဒီနှစ်အစပိုင်းမှာ မက်ခဲ့တဲ့အမှတ်တရတစ်ခုပါ။အိပ်မက်တစ်ခုလုံးမှာတောတောင်တွေ၊ ရေတွေ၊အပြာရောင်ခေါင်မိုးအိမ်လေးတွေနဲ့အရမ်းကို လှပပြီး ငြိမ်းချမ်းနေခဲ့တယ်။နိုးလာတဲ့အချိန်တောင်အဲဒီအိပ်မက်ကို ပြန်တွေးမိတိုင်းစိတ်ထဲမှာ တိတ်တိတ်လေး ပျော်ရွှင်ရတယ်။ဒီ video လေးကို ကြည့်ပြီးသင့်ဆီကိုလည်းအပျော်လေးတွေ ကူးစက်သွားပါစေ ♡🎧 Listen on YouTube:https://youtube.com/@sateeainlay

  23. 11

    စိုးရိမ်ပူပင်နေရတဲ့ည | Boat in the Storm 🌊 | Quiet Stories for the Night 02

    ဒီည…စိတ်ပင်ပန်းနေတဲ့ အချိန်တွေ၊ဘဝက မုန်တိုင်းတစ်ခုလို ဖြစ်နေတဲ့အခါတွေအတွက်ပါ။တစ်ခါတလေကိုယ်ကိုယ်တိုင်လှိုင်းတွေကြားထဲမှာလမ်းမတွေ့တဲ့ လှေငယ်တစ်စင်းလို ခံစားရတတ်ပါတယ်…ဒါပေမယ့် မုန်တိုင်းကို မထိန်းနိုင်လည်းဘယ်လို တုံပြန်မလဲဆိုတာကိုတော့သင်ပဲ ရွေးချယ်နိုင်ပါတယ်။ဒီည တိတ်တိတ်လေး နားထောင်ပြီးစိတ်အေးအေးနဲ့ အနားယူနိုင်ပါစေ။Quiet Stories for the Night 🌙Podcast: စိတ် အိမ်လေး (Sate Eain Lay)🎧 Listen on YouTube:https://youtube.com/@sateeainlay?si=aTdj8n5pkwlo-bU-

  24. 10

    သင် တစ်ယောက်တည်း မဟုတ်ပါဘူး | You Are Not Alone 🌙 | Quiet Stories for the Night 01

    ဒီည…သင် တစ်ယောက်တည်းလို ခံစားနေရလား?လူတွေကြားထဲမှာတောင်တစ်ယောက်တည်းလို ခံစားရတဲ့ အချိန်တွေလူတိုင်းမှာ ရှိတတ်ပါတယ်။ဒါပေမယ့်…ဒီ Podcast လေးက သင့်ကိုတစ်ခုကို ပြောပြပေးချင်ပါတယ်။သင် တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီည တိတ်တိတ်လေး နားထောင်ပြီးစိတ်အေးအေးနဲ့ အနားယူနိုင်ပါစေ။Quiet Stories for the Night 🌙Podcast: စိတ် အိမ်လေး (Sate Eain Lay)🎧 Listen on YouTube:https://youtube.com/@sateeainlay?si=aTdj8n5pkwlo-bU-

  25. 9

    Episode 10: မှောင်မိုက်တဲ့ လမ်းထဲက မီးအလင်းငယ်လေး (Light Inside the Tunnel)

    ဘဝမှာ မှောင်မိုက်တဲ့ လမ်းထဲမှာ လျှောက်နေသလို ခံစားရတတ်ပါတယ်။ ရှေ့ကို ဘယ်လိုဆက်သွားရမလဲ မသေချာတဲ့အချိန်တွေ ရှိနိုင်ပါတယ်။Season 1 ရဲ့ နောက်ဆုံး episode ဖြစ်တဲ့“မှောင်မိုက်တဲ့ လမ်းထဲက မီးအလင်းငယ်လေး” မှာ ဘဝရဲ့ လမ်းဆုံတွေ၊ သံသယတွေ၊ယုံကြည်ချက်နဲ့ မျှော်လင့်ချက်အကြောင်း တိတ်တိတ်လေး ပြောထားပါတယ်။တစ်ခါတစ်လေ ရှေ့ကို ဆက်သွားနိုင်ဖို့ မီးအလင်းလေးတစ်ခုလောက်ပဲ လုံလောက်ပါတယ် ... 🤍🎧 Listen on YouTube:https://youtube.com/@sateeainlay?si=aTdj8n5pkwlo-bU-🌱 Podcast: စိတ် အိမ်လေး (Sate Eain Lay)Calm • Healing • Mind

  26. 8

    Episode 9: Boundary ထားတာ တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး (Boundaries Are Not Selfish)

    ငယ်စဉ်ကတည်းက မိဘ၊ မိသားစု၊ သူငယ်ချင်းတွေ နောက်ကို လိုက်နေရင်း . . .“ငါ့ကိုယ်ငါ ဘာလိုချင်လဲ?”လို့ ကိုယ့်ကိုယ်ကို မေးဖူးကြသလား။ဒီ Episode မှာ Yes လို့ အမြဲပြောနေရတဲ့အကြောင်း၊ “အားနာ” လို့ဆိုပြီး ကိုယ်မလုပ်ချင်တဲ့အရာတွေ လုပ်ပေးနေရတဲ့အကြောင်း၊ နောက်ဆုံးမှာ နယ်နိမိတ် (Boundary) ကို ဘာကြောင့် လိုအပ်လာတာလဲ ဆိုတာကို တိုးတိုးလေးပြောထားပါတယ်။ကိုယ့်ကိုယ်ကို ဦးစားပေးခြင်းဟာ တစ်ကိုယ်ကောင်းဆန်ခြင်းမဟုတ်ပါဘူး။“It is self-respect. It is self-protection. It is self-love.”ဒီနေရာမှာ မင်း လုံလောက်ပါတယ် ... 🤍🎧 Listen on YouTube:https://youtube.com/@sateeainlay?si=aTdj8n5pkwlo-bU-🌱 Podcast: စိတ် အိမ်လေး (Sate Eain Lay)Calm • Healing • Mind

  27. 7

    Episode 8: ကူညီပေးနိုင်တဲ့ လူတွေကို ဘယ်လိုရှာမလဲ (Finding Your People)

    လူတွေ အများကြီးကြားမှာရှိနေပေမယ့်တစ်ယောက်တည်းလို ခံစားရဖူးလား? ...Support ဆိုတာ အကြံပေးနိုင်တဲ့သူ မဟုတ်ပါဘူး။ သင့်အောင်မြင်မှုကို ပြိုင်ဆိုင်မှုလို မမြင်တဲ့သူ၊ သင့်နယ်နိမိတ်ကို လေးစားတဲ့သူ၊ သင့်ဘေးမှာ တည်ငြိမ်စွာ ရပ်တည်ပေးနိုင်တဲ့သူတွေပါ။ဒီ episode မှာ Healthy community ဆိုတာ ဘာလဲ၊ "Red flags နဲ့ Safe people" ကို ဘယ်လိုခွဲခြားမလဲဆိုတာ နူးညံ့စွာ ဆွေးနွေးထားပါတယ်။မင်းရဲ့ လူတွေကို ရှာဖို့ မင်းကိုယ့်ကိုယ်ကို အရင် နားထောင်ရပါမယ်။ဒီနေရာမှာ မင်း လုံလောက်ပါတယ် ... 🤍🎧 Listen on YouTube:https://youtube.com/@sateeainlay?si=aTdj8n5pkwlo-bU-🌱 Podcast: စိတ် အိမ်လေး (Sate Eain Lay)Calm • Healing • Mind

  28. 6

    Episode 7: ကိုယ့်ကိုယ်ကို နားလည်ခြင်း (Self-Awareness & Personal Growth)

    အသက်ကြီးလာတဲ့အခါ ကိုယ့်အတိတ်ကို ပြန်လှန်ကြည့်မိလာတယ်။ဒီ episode မှာ ကိုယ့်ကိုယ်ကို နားလည်လာခြင်း၊ ကိုယ့်အမှားတွေကို အပြစ်မတင်ဘဲ လက်ခံနိုင်ခြင်း၊ အတင်းမလုပ်ဘဲ တိုးတက်နိုင်ခြင်းအကြောင်း နူးညံ့စွာ မျှဝေထားပါတယ်။Self-awareness ဆိုတာ ကိုယ့်အမှားကို ရှာဖွေတာမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ပိုနားလည်လာခြင်းပါ။✨ “ငါဟာ အခု ရောက်နေတဲ့ နေရာက ရောက်သင့်တဲ့ နေရာပဲ”ဒီ episode က ကိုယ့်လမ်းကို ယုံကြည်ဖို့၊ ကိုယ့်ကိုယ်ကို ပိုနူးညံ့လာဖို့တိတ်တိတ်လေး နားထောင်နိုင်တဲ့ အချိန်လေး ဖြစ်ပါစေ 。。。🎧 Listen on YouTube:⁠⁠https://youtube.com/@sateeainlay?si=aTdj8n5pkwlo-bU-⁠⁠🌱 Podcast: စိတ် အိမ်လေး (Sate Eain Lay)Calm • Healing • Mind

  29. 5

    Episode 6: ကလေးဘဝက စိတ်ဒဏ်ရာတွေ (Childhood emotional wounds)

    ကလေးတိုင်းမှာ ကိုယ့်အတွက် အရေးကြီးဆုံး အရာတစ်ခုရှိတယ်။ လုံခြုံမှု၊ နားထောင်ခံရခြင်း၊ ယုံကြည်မှု၊ ချစ်ခြင်း…အဲ့ဒီအရာတွေ မရဘဲ ... အကြိမ်ကြိမ် ခံစားခဲ့ရတဲ့အခါ အသံမထွက်တဲ့ ဒဏ်ရာတွေ ဖြစ်လာနိုင်ပါတယ်။ဒီ episode မှာ ကလေးဘဝက emotional wounds တွေ အရွယ်ရောက်ပြီးနောက် ဘယ်လိုပုံစံနဲ့ ပေါ်လာနိုင်လဲ နဲ့ နူးညံ့စွာ ဘယ်လို သတိပြုနိုင်လဲ ဆိုတာကို တိတ်တိတ်လေး ဆွေးနွေးထားပါတယ်။ဒီ အပိုင်းက အားလုံးနားထောင်ဖို့ မလိုပါဘူး။အဆင်မပြေသလို ခံစားရရင် ခဏနားပါ ☁️မင်း တစ်ယောက်တည်း မဟုတ်ပါဘူး 。。。🎧 Listen on YouTube:⁠https://youtube.com/@sateeainlay?si=aTdj8n5pkwlo-bU-⁠🌱 Podcast: စိတ် အိမ်လေး (Sate Eain Lay)Calm • Healing • Mind

  30. 4

    Episode 5: အတွေး → လုပ်ရပ် → အကျင့် → ကိုယ်ရည်ကိုယ်သွေး (Thought → Act → Habit → Character)

    အတွေးသေးသေးလေးတွေက ကိုယ့်ဘဝရဲ့ ဦးတည်ရာကို တဖြည်းဖြည်း ဖန်တီးနေပါတယ်။ဒီ episode မှာ အတွေး → စကား → လုပ်ရပ် → အကျင့် ဆိုတဲ့ chain လေးတစ်ခုက ကံကြမ္မာအထိ ဘယ်လို ချိတ်ဆက်နေသလဲဆိုတာကို ရိုးရိုးလေးနဲ့ မျှဝေထားပါတယ်။ဒီနေ့ ကိုယ့်အတွေးကို နည်းနည်းလေး သတိထားကြည့်ဖို့ပါ။🎧 Listen on YouTube:https://youtube.com/@sateeainlay?si=aTdj8n5pkwlo-bU-🌱 Podcast: စိတ် အိမ်လေး (Sate Eain Lay)Calm • Healing • Mind

  31. 3

    Episode 4: စတင်ရခက်တဲ့နေ့တွေ (When starting feels hard)

    အလုပ်ကို စတင်ဖို့ ခက်နေသူတွေ၊ စိတ်ဖိစီးမှုနဲ့ အားနည်းမှု ခံစားနေသူတွေ အတွက် အေးအေးဆေးဆေး နားဆင်နိုင်တဲ့ podcast လေးပါ။“You’re protecting yourself, not failing” 

  32. 2

    Episode 3: ကိုယ့်ကိုယ်ကို မထိခိုက်အောင် ဘယ်လိုစကားပြောမလဲ (How we talk to ourselves)

    ဒီ episode မှာတော့ ကိုယ့်ကိုယ်ကို မထိခိုက်အောင် ကိုယ့်အတွင်းစိတ်နဲ့ဘယ်လို စကားပြောရမလဲဆိုတာကို နူးညံ့စွာ မျှဝေထားပါတယ်။Inner voice နှစ်မျိုး— တားဆီးတဲ့ အသံနဲ့ အားပေးတဲ့ အသံ— ကို ဘယ်လို နားထောင်ရမလဲ . . .ဒီ episode က ကိုယ့်ကိုယ်ကို ပြောင်းခိုင်းတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို နူးညံ့စွာ နားထောင်တတ်ဖို့ပါ 🤍 🎧 Listen on YouTube:https://youtube.com/@sateeainlay?si=aTdj8n5pkwlo-bU-🌱 Podcast: စိတ်အိမ်လေး (Sate Eain Lay)Calm • Healing • Mind

  33. 1

    Episode 2: စိတ်က စွမ်းအားဖြစ်နိုင်သလို ဝန်လည်းဖြစ်နိုင်တယ် (The mind can be power, or weight)

    တစ်ခါတလေ စိတ်က ကိုယ့်ကိုယ်ကို ရှေ့ကို ဆွဲခေါ်ပေးတဲ့ စွမ်းအားဖြစ်နိုင်သလို တစ်ခါတလေတော့ မမြင်ရတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ကိုယ့်ကိုယ်ကို ဆွဲချထားတတ်ပါတယ်။ဒီ episode မှာ နေ့စဉ်ဘဝထဲမှာ စိတ်က ဘယ်လို သက်ရောက်နေလဲ၊မသိမသာ ဝင်လာတဲ့ အတွေးတွေက ဘဝကို ဘယ်လို ပြောင်းလဲစေနိုင်လဲ ဆိုတာ ပြောသွားချင်ပါတယ်။စိတ်ပင်ပန်းနေတဲ့နေ့တွေမှာ ခဏလေး နားခိုနိုင်တဲ့ အသံတစ်ခု ဖြစ်ပါစေ 🤍Your mind can be your strength, or the weight you carry every day. Be kind to yourself.

  34. 0

    Episode 1: ပင်ပန်းနေတာက မင်း အမှားမဟုတ်ပါဘူး (Being tired doesn’t mean you’re weak)

    ဒီ Episode မှာ ပင်ပန်းနေတာက အားနည်းချက် မဟုတ်ဘူးဆိုတာ တိတ်တိတ်လေး နားထောင်ကြမယ်။မင်း မမှားပါဘူး၊ မင်း မကျန်ခဲ့ပါဘူး၊ ဒီနေရာမှာ မင်း လုံလောက်ပါတယ်။စိတ်ပင်ပန်းနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို နည်းနည်းလေး နားလည်ပေးနိုင်ဖို့ ဒီနေရာကို ရောက်လာခဲ့ရင် လုံလောက်ပါတယ်။Take a small pause, listen quietly to yourself, and remember: you are enough.

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

စိတ်ပင်ပန်းနေတဲ့အချိန်တွေမှာအေးအေးလေး နားထောင်နိုင်တဲ့ နားခိုရာ Podcast လေးတစ်ခုပါ။ခဏလေး နားပြီးကိုယ့်စိတ်ကို နားလည်ပေးနိုင်ဖို့၊နည်းနည်းလေးပဲဖြစ်ဖြစ်စိတ်ရဲ့ စွမ်းအား ပြန်လည်ဖြည့်တင်းနိုင်ဖို့စကားချိုချိုလေးတွေ မျှဝေထားပါတယ်။Sate Eain Lay is a calming podcast for anyone feeling tired or needing a safe space.Let’s listen slowly — a small home for the mind. Calm • Healing • Mind

HOSTED BY

စိတ်အိမ်လေး (Sate Eain Lay)

Frequently Asked Questions

How many episodes does စိတ်အိမ်လေး (A Small Home for the Mind) have?

စိတ်အိမ်လေး (A Small Home for the Mind) currently has 34 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is စိတ်အိမ်လေး (A Small Home for the Mind) about?

စိတ်ပင်ပန်းနေတဲ့အချိန်တွေမှာအေးအေးလေး နားထောင်နိုင်တဲ့ နားခိုရာ Podcast လေးတစ်ခုပါ။ခဏလေး နားပြီးကိုယ့်စိတ်ကို နားလည်ပေးနိုင်ဖို့၊နည်းနည်းလေးပဲဖြစ်ဖြစ်စိတ်ရဲ့ စွမ်းအား ပြန်လည်ဖြည့်တင်းနိုင်ဖို့စကားချိုချိုလေးတွေ မျှဝေထားပါတယ်။Sate Eain Lay is a calming podcast for anyone feeling tired or needing a...

How often does စိတ်အိမ်လေး (A Small Home for the Mind) release new episodes?

စိတ်အိမ်လေး (A Small Home for the Mind) has 34 episodes. Check the episode list to see recent publication dates and frequency.

Where can I listen to စိတ်အိမ်လေး (A Small Home for the Mind)?

You can listen to စိတ်အိမ်လေး (A Small Home for the Mind) on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts စိတ်အိမ်လေး (A Small Home for the Mind)?

စိတ်အိမ်လေး (A Small Home for the Mind) is created and hosted by စိတ်အိမ်လေး (Sate Eain Lay).
URL copied to clipboard!