ဒီနေ့အတွက်စကား podcast artwork

PODCAST · education

ဒီနေ့အတွက်စကား

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

Publisher-supplied feed metadata · PodParley refreshed Jun 13, 2026 · Source feed

  1. 270

    You cannot control what happens to you, but you can control your attitude toward what happens to you, and in that, you will be mastering change rather than allowing it to master you.

    ကနေဒီယန်နွယ်ဖွား အမေရိကန်လူမျိုး စိတ်ဓါတ်မြှင့်တင်ရေးဟောပြောသူနဲ့ စာရေးဆရာBrain Tracy ပြောကြားထားတဲ့ စကား တစ်ခွန်းဖြစ်ပါတယ်။ သူရေးထားထုတ်ဝေခဲ့တဲ့ စာအုပ်တွေဟာဆိုရင်ကမ္ဘာတစ်ဝန်းမှာ ဘာသာစကားပေါင်းများစွာ ဘာသာပြန်ဆို ထုတ်ဝေရတဲ့အထိအောင်မြင်တဲ့စာအုပ်တွေလည်းဖြစ်ပါတယ်။ တကယ့်ကို ဒိတ်ဒိတ်ကျဲမဟာလူသား တစ်ယောက်ရဲ့ နှုတ်ထွက် စကားကလည်း တကယ့်ကိုမှမှတ်သားစရာ ကောင်းပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ကိုယ့်မှာ ဘယ်လိုအဖြစ်အပျက်တွေ အပြောင်းအလဲတွေဖြစ်ပျက်လာမလဲဆိုတဲ့ ကံကြမ္မာကို ကျွန်တော်တို့ထိန်းချုပ်နိုင်ခြင်းမရှိ ပါဘူး။ ဘယ်အချိန်မှာဘာတွေဖြစ်သွားမလဲဆိုတာကို ကြိုတင်ပြီးတော့လည်းမသိနိုင် မမြင်နိုင် ပါဘူး။ ဒါကြောင့် ဖြစ်ပျက်လာသ မျှကိစ္စရပ်တိုင်းကို ကိုယ်က အကောင်းဘက်ကနေတွေးလို့လက်ခံနိုင်ရပါမယ်။ ကိုယ့်အနေနဲ့ ကိုယ့်အပေါ်ဖြစ်တည်လာတဲ့ အပြောင်းအလဲတွေကို သည်းညည်းမခံနိုင်တဲ့အခါမှာဆိုရင်ကိုယ့်အတွက်ပဲ ပူလောင်မှုတွေကို ဖြစ် စေနိုင်ပါတယ်။ ဖြစ်လာသမျှ အကြောင်း ကောင်းဖို့ဖြစ်လာတယ်လို့လက်ခံနိုင်ဖို့ဆိုရင် အရာတိုင်းကိုလည်း အရမ်းကြီးမျှော်လင့် ထားတာမျိုးတွေကနေ ရှောင်ကြဉ်ရပါမယ်။တစ်စုံတစ်ခုကိုလိုချင်လို့တစ်စုံတစ်ခုကိုစတေးတယ်ဆိုရင် ကိုယ်လိုချင်တဲ့ တစ်စုံ တစ်ခုမရတဲ့အခါမှာကိုယ့်အ နေနဲ့ ပူဆွေးသောကရောက်မနေဖို့ ကိုယ့်ရဲ့စိတ်ကို ကိုယ်တိုင်ကထိန်းချုပ် နိုင်ရပါမယ်။မိမိရဲ့စိတ်ကို ထိန်းချုပ်နိုင်တဲ့သူဆိုတာ လူတော်စာရင်းထဲမှာရှိနေတဲ့သူပါ။                                                                                                    

  2. 269

    The winners are those who learn to take full responsibilities for their actions. The losers are those who blame others for their failures.

    လောကမှာ ၂မျိုး၂စားရှိတဲ့အောင်မြင်သူနဲ့ရှုံးနိမ့်သူဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ဟြေပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ဒီတော့ဒီစကားရဲ့ အနက်အဓိပာယ်ကို အကျယ်တဝင့်လေ့လာကြည့်ရအောင်ဗျာ။ အောင်မြင်တဲ့သူဆိုတာ သူတို့လုပ်ဆောင်တဲ့လုပ်ရပ် တွေအပေါ်မှာ ရာနှုန်းပြည့် တာဝန်ခံဖို့ ကြိုးစားတဲ့သူတွေပါတဲ့။ သိပ်ကိုမှ လေးနက်တဲ့စကားဖြစ်ပါတယ်။ကိုယ့်ကိုကိုယ် အောင် မြင်နေပြီလို့ ယုံကြည်ထားတဲ့သူတွေဒီစကားနဲ့ညီမညီကိုယ့်ဘာသာကိုယ်ချိန်ဆလို့ရပါတယ်။အောင်မြင်တယ်ဆိုတာ ဘာကိုပြောတာလဲဆိုတော့ ကိုယ်လုပ်တဲ့အလုပ်တွေ အဆင်ပြေချော့မွေ့စွာပြီးဆုံးသွားတာ၊ လူအများကကိုယ့်ကို အထင်ကြီးလေးစား တာ ဒါတွေနဲ့တင် အောင်မြင်ပြီလို့ပြောလို့မရပါဘူး။ အောင်မြင်တဲ့သူတစ်ယောက်ကကိုယ်ပြော လိုက်တဲ့စကား၊ ကိုယ်လုပ်လိုက် တဲ့အလုပ်မှန်သမျှကို ကိုယ်တိုင်၏သည်မရွေးသိတတ်နားလည်ရမှာဖြစ်သလိုကိုယ့်ရဲ့နှုတ် ထွက်စကားနဲ့ လုပ်ရပ်တိုင်းအပေါ်မှာ လည်း တာဝန်ခံမှုအပြည့်ရှိရပါမယ်။လောကမှာ အောင်မြင်ချင်တဲ့သူတွေအများကြီးပါ။ ဒါပေမယ့် အောင်မြင်ချင်ရုံနဲ့ လူတိုင်း မအောင်မြင်ပါဘူး။

  3. 268

    Cheating on a good person is like throwing away a diamond and picking up a rock.

    ကျွန်တော်တို့သက်ရှိလူသား တွေအတွက် အရေးပါအရာရောက်တဲ့ကိစ္စရပ်တွေထဲကတစ်ခုဖြစ်တဲ့ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်အတွက်ကောင်းမွန်တဲ့ မိတ်ဆွေစစ်မိတ်ဆွေမှန်တွေကို ကိုယ်ကလည်းတန်ဖိုးထားလို့ အရေး ပေးရပါမယ်။ ထို့အတူပဲ ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ် စီးပွားရေးမှာပဲဖြစ်ဖြစ်တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုဆိုတာ သိပ်ကိုမှ အရေးကြီး ပါတယ်။ ဘာကိုပဲလုပ်လုပ် တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုကိုအရင်းခံမှသာလုပ်ငန်းဆောင်တတွေက အစလည်းကောင်း နိုင်သလို အနှောင်းမှာလည်း ပြဿနာတွေမဖြစ်ဘဲ အောင်မြင်အထမြောက်ပါလိမ့်မယ်။ဒါကြောင့် ယုံကြည်မှုဆိုတာကို ကျွန်တော်တို့တတွေ ထိန်းသိမ်းတန်ဖိုးထားရပါမယ်။ ကိုယ်နဲ့သိတဲ့သူရော၊ ကိုယ်နဲ့မရင်းနှီးတဲ့သူကိုပါကိုယ့် ဘက်ကနေ အကောင်းဆုံးသောတရားမျှတမှုရှိရှိဆက်ဆံခြင်းနဲ့ ယုံကြည်မှု တွေကို တည်ဆောက်ရပါမယ်။ထို့အတူပဲ ယုံကြည်မှု ဆိုတဲ့အရာကလည်း တည်ဆောက်ဖို့သာ ခက်ခဲပေမယ့် ပျက်စီးဖို့ကတော့သိပ်ကိုမှ လွယ်ကူလွန်းလှပါတယ်။ အခုဆိုရင် ခေတ် ကာလကလည်း အမြီးကျက်အမြီးစားလုပ်တတ်တဲ့သူတစ်ချို့ကြောင့်စာရိတ္တမဏ္ဍိုင်နိမ့်ကျနေတယ်ဆိုပြီး မှတ်ချက်ပြုခံနေရတဲ့ အချိန်လည်းဖြစ်နေပါတယ်။ ဒါကြောင့်ဒီလိုအချိန်အခါမျိုးမှာ ကိုယ်က လည်းပုလင်းတူဘူးဆို့လို့အထင်မခံရလေအောင် ကိုယ့်ရဲ့ အကျင့်စာရိတ္တကိုအကောင်းမွန်ဆုံး အဖြောင့်မှန်ဆုံးထိန်းသိမ်းနိုင် ရပါမယ်။

  4. 267

    You will never understand the damage you did to someone until the same thing is done to you.

    တကယ့်ကိုမှ ဒဿနလည်းဆန်သလို ထူးခြားတဲ့စကားတစ်ခွန်းပါ။ဒီစကားက တခြားသော လူပုဂ္ဂိုလ်တွေကပြောတဲ့ပုံစံမျိုး မဟုတ်ဘဲ ကံတရားကနေပြောတဲ့ပုံစံမျိုးရေးဖွဲ့ထားတာဖြစ်ပါတယ်။ ကံ ကံဧ။်အကျိုးကို သက်ဝင် ယုံကြည်ကြတဲ့ ကျွန်တော်တို့ အတွက်တော့တကယ့်ကိုမှ မှတ်သားစရာကောင်းတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ ကိုယ်လုပ်လိုက်တဲ့အရာတစ်ခုကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် တခြားသောသူတွေကို ဘယ်လိုတွေ ထိခိုက်မှုတွေ၊ နာကျင်မှုတွေဖြစ်သွားလေမလဲဆိုတာကိုကျွန်တော်တို့ အလိုလိုမသိနိုင်ပါဘူး။ ဒါကြောင့်လည်း လွတ်ခနဲ ဆိုသလိုပြောဆိုမှုတွေ မရည်ရွယ်ပဲဖြစ်ဖြစ်ရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ်လုပ်ဆောင်ပြုမူမှုတွေဖြစ်နေကြတာဖြစ်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ဘယ်လိုအခြေအနေမျိုးမှာ ကိုယ်ရဲ့အပြုအမူတွေ အပြောအဆိုတွေက ဘယ်လိုသက်ရောက်မှုတွေရှိသလဲ ဆိုတာကို သိနိုင်မှာပါလဲ။ သေချာတာကတော့ ကိုယ့်အတွက် ကိုယ်လုပ်လိုက်သလိုပဲ ပြန်လည်ကြုံတွေ့လိုက်ရတာ၊ကိုယ့်အနေနဲ့ ခံစားလိုက်ရတဲ့အခါမှ သြော် ဒီလိုမျိုးပါလားဆိုပြီး သိသွားပါလိမ့်မယ်။ဒါဟာ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာတဲ့ အချိန်မှာ သိနိုင်ပါတယ်။

  5. 266

    There is not enough room in your mind for both worry and faith. Only you can decide which one will live there.

    ဆန့်ကျင်ဘက်စကားလုံးနှစ်လုံးရဲ့ အဓိပာယ်နဲ့အတူအကျိုးသက်ရောက်မှုတွေကိုတွေးကြည့်လိုက်တိုင်းထင်ရှားပေါ်လွင်စေမယ့်စကားတစ်ခွန်းဖြစ်ပါတယ်။ အဲဒီစကားလုံးနှစ်လုံးကတော့ Worry ဆိုတဲ့ စိုးရိမ်ပူပန်သောကဆိုတဲ့စကားလုံးရယ်။ Faith ဆိုတဲ့ အကြွင်းမဲ့ယုံကြည်မှုဆိုတဲ့ စကားလုံးတွေပဲဖြစ်ပါတယ်။ ဒီနှစ်လုံးကတော့အဓိပာယ်အရဆိုရင် နှစ်ဦးနှစ်ဖက်ဆန့်ကျင်နေတဲ့ စကားလုံးတွေပါ။ အဲဒီ နှစ်ခုထဲကကိုယ့်အနေနဲ့တစ်ခုမဟုတ်တစ်ခုကိုပဲ ကျွန်တော်တို့တွေရဲ့အတွေးထဲကို အဝင်ခံနိုင်ပါတယ်။ Worry ဆိုတဲ့ စိုးရိမ်ပူပန်သောက။ စိုးရိမ်မှု၊ပူပန်သောကဆိုတာ တွေးနေ တဲ့သူအတွက် အပူမီးတွေကိုသာ ဖြစ်စေနိုင်ပါတယ်။ ဘာများဖြစ်သွားမလဲ။တစ်ခုခုများလွဲချော်သွားလေမလား။ တစ်ခုခုများ ဖြစ်သွားမလား။ အောင်မှအောင်မြင်ပါ့မလားစတဲ့စတဲ့စိုးရိမ်ပူပန်မှုတွေကအတွေးထဲကိုရောက်ပြီဆိုတာနဲ့ ကိုယ်လုပ်ရမယ့် အလုပ်ထဲမှာအနှောင့်အယှက်တွေဖြစ်စေပြီးပူလောင်မှုဝေဒနာကိုခံစားရစေနိုင်သလို လုပ်ဆောင်မှုတွေကိုနှောင့်နှေးစေနိုင်ပါ တယ်။ အစိုးရိမ်ကြီးတဲ့သူဆိုတာကိုယ်ရဲ့လုပ်ဆောင်မှုတွေကလည်းအောင်မြင်မှုတွေဆီကို နှောင့်နှေးကြန့်ကြာမှရောက်စေနိုင် သလိုမဖြစ်သေးတဲ့ကိစ္စအပေါ်ပူပန်လွန်းပြီးမိုးပြိုမှာစိုးလို့ခြေထောင်အိပ်တဲ့ တစ်တီတူးငှက်လိုဖြစ်နေတတ်ပါတယ်။ ဒါကတော့ စိုးရိမ်ပူပန်ခြင်းဆိုတဲ့Worry ရဲ့ အဓိပာယ်နဲ့ အကျိုး သက်ရောက်မှုတွေပဲဖြစ်ပါတယ်။

  6. 265

    Keep the faith. It will all be worth it in the end.

    ဘဝမှာ အခက်အခဲကြီးကြီးမားမားတွေကို ရင်ဆိုင်နေရလို့စိတ်ပျက်အားငယ်နေ ကြတဲ့သူတွေအတွက် အားတက်စရာစကား တစ်ခွန်းပါ။ ဘဝဆိုတာ ဘယ်အရာမှ အလကားမရနိုင်ပါဘူး။အားစိုက်ထုတ်မှု တစ်စုံတစ်ရာကိုတော့ ပေးဆပ်ရမှာပါ။ တစ်ချို့လူ တွေအတွက် တစ်ချို့အရာတွေကကံတရားလို့ခေါ်တဲ့ လုပ်ရပ်တွေတိုက်ဆိုင်မှု ကြောင့် အလွယ်တကူရကောင်းရမှာပါ။ တစ်ချို့အတွက်တော့ခက်ခက်ခဲခဲ ကြိုးပမ်းရတာမျိူးလည်းဖြစ်ချင်ဖြစ်မှာပါ။ အခက်အခဲ ကြီးကြီးမားမားနဲ့ ကြုံတွေ့ရပြီးကျော် ဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့်လည်း အောင်မြင်မှုမရဘဲ ခဏခဏရှုံးနိမ့်နေတဲ့အခိုက်အတန့်တွေလည်း ရှိကောင်းရှိမှာပါ။ အဲဒီလိုအခြေအနေနဲ့ ကြုံရရင် များသောအားဖြင့်စိတ်ပျက်အားငယ်လေ့ရှိပါတယ်။ ဆက်လို့ကြိုးစားချင်စိတ် မရှိတော့လောက် အောင် စိတ်ဓါတ်ကျတတ်ပါတယ်။ဒါပေမယ့် သေသေချာချာ စဉ်းစားကြည့်ပါ။ အရည်အသွေးကောင်းတဲ့ပစ္စည်းဆိုရင် တန်ဖိုးမြင့်မြင့်ပေးဝယ်ရတတ်ပါတယ်။ဈေးချိုတဲ့ပစ္စည်းကတော့ အရည်အသွေးပိုင်းမှာ နည်းမှာသေချာပါတယ်။ ဒါကြောင့် ကိုယ့်မှာ အခက်အခဲတွေများလာရင်ပေးဆပ်ရတာများလာရင် သေချာပါတယ်။ ပြန်လည်ရရှိ မယ့် အကျိုးအမြတ် ကလည်း မြင့်မားမှာပါ။ပိုပြီးခက်ခဲလေ ပိုပြီး တန်ဖိုးမြင့်လေပါပဲ။ အဓိကကတော့ မရရတဲ့အထိ ကြိုးစားဖို့ အောင်မြင်ပြီးမြောက်တဲ့အထိလုပ်ဆောင်ဖို့ပါပဲ။

  7. 264

    Sunsets are proof that no matter what happens, every day can end beautifully.

    တစ်နေ့တာလုံးမှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အကောင်းဆုံးသောရလာဒ်တွေ၊ အကောင်းဆုံးသောမျှော်လင့်ချက်တွေမရှိတော့ရင် တောင် မှ ဘယ်တော့မှ စိတ်ဓါတ်ကျအားမငယ်ဖို့အတွက် သွယ်ဝှိက်သောနည်းနဲ့ပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ ဘဝရဲ့ရှင်သန်ရာနေ့ရက်တိုင်းမှာအခက်အခဲတွေ၊ အတားအဆီးတွေ၊ စိန်ခေါ်မှုတွေ အများကြီးကို ကြုံတွေ့နိုင်ပါတယ်။ ထို့အတူပဲကိုယ်လုပ်ဆောင်ကြိုးပမ်းထားတဲ့အရာတွေကလည်းအောင်မြင်တဲ့အခါလည်းအောင်မြင်နိုင်သလို အောင်မြင်ခြင်းမရှိဘဲမလိုချင်တဲ့ ရှုံးနိမ့်မှုတွေလည်းဖြစ်နိုင်ပါတယ်။ သဘာဝတရားကြီးကပေးတဲ့ဘဝရဲ့ သင်ခန်းစာတွေကိုလိုက်လံလေ့လာရင်းနဲ့လည်းကိုယ်လိုချင်တဲ့အရာတွေရော၊ ကိုယ်မလိုချင်တဲ့ အရာတွေကိုပါ ရနိုင်ပါသေးတယ် ။ ဘာတွေပဲဖြစ်ဖြစ် ဘဝဆိုတာ ဘဝပါပဲ။ အဲဒီအက္ခရာ၂လုံးတည်းနဲ့ဖွဲ့တည်ထားတဲ့ရှုပ်ထွေး ပွေလီတဲ့ ကိစ္စရပ်ပေါင်းများစွာရော ပျွန်းပေါင်းစုံနေတဲ့ ဘဝမှာ ကိုယ့်အတွက်အကောင်းတွေချည်းကိုပဲမျှော်လင့်နေလို့မရသလို၊ အဆိုးတွေချည်းပဲလက်ခံနေရမှာ လည်းမဟုတ်ပါဘူး။အဆိုးတွေကြုံတာလည်းဖြစ်ချင်ဖြစ်မယ်။ ကောင်းပေ့ဆိုတဲ့အရာတွေ အခွင့်အလမ်းတွေကို လက်ဝယ်ပိုင်ဆိုင်လိုက်ရတာလည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်။                                                                          

  8. 263

    Facing problems and working through them, that’s what makes you strong.

    လောကရဲ့အခက်အခဲအတားအဆီးတွေကို ဖြတ်သန်းကျော်လွှားနေရတဲ့ကျွန်တော်တို့လူသားတိုင်းအတွက် မှတ်သားထားစရာ စကားတစ်ခွန်းလည်းဖြစ်ပါတယ်။လူမှန်ရင် အသက်ရှင်သန်နေသေးသမျှကာလပတ်တစ်ခုလုံးမှာအခက်အခဲပေါင်းများစွာကို ကြုံတွေ့ရမယ်။ပြဿနာပေါင်းများစွာ ကိုဖြေရှင်းဖို့ကြုံလာမယ်။ အတားအဆီးနဲ့ စိန်ခေါ်မှုပေါင်းမြောက်များစွာကိုရင်ဆိုင်ရမှာပါပဲ။ အဲဒီအခါမှာကိုယ့်ရဲ့ အတွင်း စိတ် ဓါတ်အပေါ်မူတည် ပြီး တော့ လူတော်နဲ့ လူညံ့ဆိုပြီးတော့နှစ်မျိုးနှစ်စားကွဲပြားသွား ပါတော့တယ်။ ပြဿနာရပ်တွေကိုရှောင်လွှဲပြီးထွက်ပြေးတတ်တဲ့လူညံ့တွေနဲ့ ပြဿနာဆိုတာဒါလားဟဲ့ဆိုပြီးရဲရဲရင့်ရင့်ရင်ဆိုင်တတ်တဲ့လူတော် တွေပါ။ တကယ့်ကိုလူတော်ဆိုတာမျိုးဟာဒီအတိုင်းနေရင်းဖြစ်တည်လာတာမဟုတ်ပါဘူး။ ဖြစ်လာတဲ့အခြေအနေအရပ်ရပ်ပေါ်မှာကိုယ့်ရဲ့ဖြေရှင်းနိုင်စွမ်းနဲ့ စိတ်နေစိတ်ထားနဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ ကွဲပြားသွားတာပါ။

  9. 262

    Crying relieves stress, eases pains and cleanses your eyes. So never be afraid to cry.

    အမျိုးမျိုးသောခံစားမှုတွေကို ဘဝအသက်ရှင်သန်နေသေးသရွေ့ခံစားနေရမယ့်ပုတုဇဉ်လူသားတွေအတွက် ငိုကြွေးခြင်းဆိုတဲ့ အချင်းအရာကိစ္စနဲ့ပတ်သက်ပြီးပြောပြထားတဲ့စကားတစ်ခွန်းလည်းဖြစ်ပါတယ်။လူသားမှန်သမျှ ခံစားတတ်တဲ့နှလုံးသားနဲ့ စိတ် အခြေအနေကိုပိုင်ဆိုင်ထားတဲ့အတွက် ပျော်ရွှင်တဲ့အခါမှာ ပြုံးပျော်ရယ်မောမယ်။ ထို့အတူပဲ။ ဝမ်းနည်းစရာ၊ စိတ်ရှုပ်ထွေးစရာ၊ စိတ်ဓါတ်ကျစရာတွေကိုကြုံရင်တော့ ပူဆွေးသောကတွေနဲ့ ငိုကြွေးတတ်ကြပါတယ်။ တစ်ချို့တွေကတော့ လူတောသူတောထဲမှာလည်း ချုံးပွဲချငိုကြွေးတတ်ကြသလိုတစ်ချို့သောသူတွေကျတော့လည်းကိုယ်ပိုင်ဆိုင်ထားတဲ့ဂုဏ်တွေကိုလိုက်လို့ ငိုချင် တာတောင်မှ ငိုမရတဲ့အခိုက်အတန့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမယ့် လောကမှာပိုင်ဆိုင်မှုဂုဏ်ဒြပ်တွေရှိနေရင်လည်းလူဆိုတာလူပါပဲ။ ခံစားတတ်ကြတဲ့သူပါပဲ။ ငိုကြွေးခြင်းကိုလူမြင်ရာမှာ မလုပ်ဖြစ်အောင်ထိမ်းသိမ်းရင်းနဲ့စုဆောင်းပါများလာရင် ပိုပြီးတော့ အပူမီးတွေကများပြားလာနိုင်ပါတယ်။ လူသားမှန်ရင် ခံစားချက်ကိုလိုက်လို့ နေထိုင်ကြတတ်တဲ့သူချည်းပါပဲ။ ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်းနေထိုင်တတ်ခြင်းဆိုတာကလေးငယ်တစ်ယောက် လိုပဲအပြစ်ကင်းစင်တဲ့အပြုအမူတစ်ခုလည်း ဖြစ်ပါတယ်။ လိုချင်တဲ့အရာကိုမရရင်ငိုကြွေးမယ်။စားချင်တာကိုမစားရရင် ငိုကြွေးမယ်။ ဒါဟာသိပ်ကိုမှဖြုစင်တဲ့ကလေးတစ် ယောက်ရဲ့ ဝိသေသလက္ခဏာဖြစ်ပါတယ်။

  10. 261

    Ignore most of what people say. Watch what they do instead.

    ငါ့အနေနဲ့ဘဝကနေသင်ယူနိုင်ခဲ့တဲ့အကောင်းဆုံးအရာတွေထဲကတစ်ခုကတော့လူတွေဘာပြောနေလဲဆိုတာကိုဥပေက္ခာပြုတတ် ဖို့ပါပဲ။ အဲဒီအစားသူတို့ဘာတွေလုပ်သလဲဆိုတာကိုပဲစောင့်ကြည့်တတ်ပါတယ်တဲ့။ အမေရိကန်လူမျိုးစာရေးဆရာမ Amanda Patterson ပြောကြားထားတဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။ လောကမှာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုထမ်းဆောင်တဲ့အခါမှာ တချို့သောသူတွေရဲ့ ဝေဖန်စကားတွေ၊ အပြစ်တင်စကားတွေကိုလိုက်ဂရုစိုက်မနေဖို့၊ ဥပေက္ခာသာပြုတတ်ဖို့လိုအပ်တဲ့ အကြောင်းကိုရည်ညွှန်းထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။တစ်ခါတစ်လေ ကျွန် တော်တို့အနေနဲ့ကိုယ်လုပ်နေတဲ့ကိစ္စတစ်ခုကိုတခြားသောသူတွေရဲ့ ဝေဖန်မှုလိုအပ်တဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။အဲဒီအခါ မှာတခြားသူတွေဆီကနေအကြံဉာဏ်ကိုတောင်းခံတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ကိုအကြံဉာဏ်ပေးတဲ့သူတွေထဲမှာလည်းစေတနာနဲ့ အမှန်တကယ်ဝေဖန်ပေးမယ့်သူတွေလည်းရှိနိုင်သလို ဝေဖန်ရေးနဲ့ရှုံ့ချရေး၊ မူလရည်မှန်း ချက်ပျောက်ပျက်သွားတဲ့ အထိစိတ်ဓါတ်ကျသွားအောင် ပြောမယ်ဆိုတဲ့သူတွေလည်းအများကြီးရှိပါတယ်။အဲဒီအခါမျိုးနဲ့ ကြုံရတဲ့အခါမှာကိုယ်မူလကလုပ်ဆောင်မယ်လို့ ရည်ရွယ်ထားသမျှတွေကပျက်စီးပြီးဘာကိုမှမလုပ်ဖြစ်တော့တာမျိုးတွေတွေ့ကြုံနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဘဝမှာ ကိုယ့်ဘာသာတာဝန်ယူထိန်းကျောင်းရမယ့် လူသားတိုင်းလူသားတိုင်းတခြားသူရဲ့ဝေဖန်သံတွေ၊ ကဲ့ရဲ့ရှုံ့ချပြောဆိုမယ့်စကားသံတွေကိုလစ်လျူရှုနိုင်ဖို့လိုပါတယ်။   

  11. 260

    I will simply live a happy life just to prove that no matter what happened in my past, I refused to let it beat me.

    ကျွန်တော်တို့တွေအနေနဲ့ ဘဝမှာရှင်သန်ရုန်းကန်နေရင်းကိုယ့်အတွက် မကောင်းတဲ့သူတွေနဲ့လည်း ကြုံတွေ့ခဲ့ရဖူးမှာပါ။ ကိုယ့်အပေါ်ကိုမတရားမကောင်းကြံစည်ခဲ့တာကြောင့်ကိုယ့်အနေနဲ့ ဒုက္ခရောက်ခဲ့ရတာတွေလည်း ဖြစ်ခဲ့ဖူးမှာပါ။ အဲဒီလိုမျိူးကိုယ့်အပေါ် စိတ်ဒုက္ခဖြစ်စေ၊ကိုယ်ဆင်းရဲဖြစ်စေပေးတဲ့သူကို ကျွန်တော်တို့တတွေ တွေးမိတိုင်းမှာဒေါသစိတ်နဲ့ ပူလောင်နေရတတ်ပါတယ်။ငါကိုလုပ်ခဲ့တဲ့သူအလှည့်ကျမနွဲ့စတမ်းပေါ့ဆိုပြီးမချိတင်ကဲကျွေးကျော်ခဲ့တာမျိုးတွေလည်းဖြစ်ကောင်းဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ ကိုယ့်စိတ်ထဲမှာဒေါသအပူမီးတွေ လောင်မြှိုက် ခြင်းကိုခံစားရတတ်ပါတယ်။ဒီတော့ အဲဒီအပူမီးတွေကိုလွတ်ငြိမ်းရအောင် ဘယ်လိုမျိုးနေထိုင်သင့်ပါသလဲ။ ကိုယ့်အပေါ်မကောင်းတဲ့သူကိုလည်းသူ့ထိုက်နဲ့သူကံအနေနဲ့သာထားလိုက်ပါ။ တတ်နိုင်သမျှ ရန်ကိုရန်ခြင်းမတုန့်နှင်းပဲသူ့အကုသိုလ်ကိုကိုယ့်အပူမီးအဖြစ်မခံလိုက်ပါနဲ့။အဲဒီအစားဒီစကားထဲကအတိုင်းနေထိုင်သွားလိုက်ပါ။ငါ့အပေါ်မကောင်းကြံစည်ခဲ့တဲ့သူတွေကို ပြန်လည်ကလဲ့စားချေနိုင်ဖို့ ကြိုးစားနေတာမျိုးသင့်အနေနဲ့မြင်ရမှာမဟုတ်ပါဘူး။ အတိတ်မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်ကအကြောင်းတွေက ငါ့ကိုအနိုင်ယူသွားတာမျိုးမဖြစ်စေရအောင်သက်သေပြတဲ့အနေနဲ့ ဘဝကိုအကောင်းဆုံးနေထိုင်သွားမယ်။

  12. 259

    God gave us the gift of life; it is up to us to give ourselves the gift of living well.

    ဘုရားကတော့ ကျွန်တော်တို့ကို ဘဝဆိုတဲ့လက်ဆောင်ကိုပေးအပ်ခဲ့ပါတယ်။ကျန်းမာခြင်းလက်ဆောင်အဖြစ် ကိုယ့်ဘာသာ ပေးဖို့က ကျွန်တော်တို့ကိုယ်တိုင်ရဲ့တာဝန်ပါတဲ့။ဒီစကားကိုပြောကြားခဲ့တဲ့မဟာလူသားကတော့ ၁၇ရာစုက နာမည်ကျော် စာရေး ဆရာတစ်ဦး ပြင်သစ်လူမျိုး Voltaire ပဲဖြစ်ပါတယ်။ဒီစကားကတော့ အားလုံးအတွက် အရေးပါတဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောကြားထားတဲ့စကားတစ်ခွန်းပါ။လူသားတိုင်းမိခင်ဖခင်ကမွေးဖွားသန့်စင်ပေးလိုက်တဲ့အချိန်ကနေစလို့ ဘဝဆိုတဲ့အရာကို စတင်ရှင်သန်ရပါတယ်။ပြောရရင် ယုံကြည်မှု တွေ ကွဲပြားနေစေဦးတော့ ကိုယ်ပြုသမျှအရာတွေအကုန်လုံးက ကိုယ့်ဆီကို  ပြန်လည်ရောက်ရှိလာနိုင်တယ်ဆိုတဲ့ အချက်ကိုတော့ ယုံကြည်မှုတိုင်းမှာတစ်သမတ်တည်းသတ်မှတ်ယုံကြည်ထားကြပါတယ်။ကိုယ့်ဘဝကောင်းမွန်အောင်လည်း ကိုယ်ရဲ့ လုပ်ဆောင်ချက်တွေပေါ်မှာပဲမူတည်သလိုကိုယ့်ကိုကိုယ်ထိခိုက်နစ်နာစေအောင်လည်းကိုယ်တိုင်ရဲ့အပြုအမူတွေပေါ်မှာပဲမူတည်နေတာပါ။ အာရောဂျံလို့ခေါ်တဲ့ ကျန်းမာရေးဆိုတာတကယ့်ကိုမှလာဘ်လာဘတစ်ပါးလည်းဖြစ်ပါတယ်။ ကိုယ့်ဘ၀ တစ်သက်တာမှာ ကျန်းမာရေးကောင်းနေသရွေ့ လုပ်ဆောင်ကြံစည်သမျှတွေကိုလွယ်လင့်တကူလုပ်ဆောင်နိုင်မှာပါ။ဒါကြောင့် အရာအားလုံးမှာ ကျန်းမာရေးကဦးဆောင်နေတယ်လို့ဆိုရမှာပါ။ ဒါကြောင့် ကိုယ့်တစ်သက်တာကျန်းမာရေးအတွက် ကိုကိုယ်တိုင်ကကောင်းမွန်တဲ့ အလေ့အထတွေနဲ့ ကိုယ့်ကိုကိုယ်စောင့်ရှောက်တတ်ဖို့လိုပါတယ်။အထူးသဖြင့် စိတ်ရဲ့ အလို ဆန္ဒပြင်းပြတဲ့အတိုင်းလိုက်ပြီး ပြုမူနေထိုင်စားသောက်ခြင်းကကိုယ့်ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အဓိကအချက်ပါပဲ။ ဒါကြောင့် ကျန်းမာချင်တဲ့သူတိုင်း စိတ်အလိုလိုက်ပြီးစားချင်ရာကိုစားတာ၊သွားချင်ရာကိုသွားတာမျိုးမလုပ်သင့်ပါဘူး။

  13. 258

    Dear past, thank you for all the memories. I am grateful. Dear future, I’m ready.

    လောကမှာရှင်သန်နေတဲ့ သက်ရှိတိုင်းအချိန်သုံးပါးနဲ့အသက်ရှင်နေရပါတယ်။ ကုန်ဆုံးပြီးသွားပြီဖြစ်တဲ့ အတိတ်ဆိုတဲ့အချိန်တွေ ရယ်၊ အခုလက်ရှိကြုံတွေ့ဖြတ်သန်းနေတဲ့ပစ္စုပန် ဆိုတဲ့ အချိန်ရယ်၊ မကြာခင်မှာ ကြုံတွေ့ရတော့မယ့် အနာဂတ်ဆိုတဲ့ အချိန်ရယ် စတဲ့အချိန်ကာလ၃ပါးနဲ့ အသက်ဆက်ရှင်နေရပါတယ်။ အတိတ်ဆိုတာကို ဖြတ်ကျော်ပြီးမှလည်းပစ္စုပန်ကိုရောက်မှာဖြစ်သလို၊ပစ္စုပန်ကိုလွန်မြောက်ပြီးမှလည်းအနာဂတ်ကိုရောက်မှာဖြစ်ပါတယ်။                                                                                       ပြီးခဲ့တဲ့ ရက်တွေရက်တွေတိုင်းမှာပျော်ရွှင်ခဲ့တာတွေလည်းရှိမယ်။ ဝမ်းနည်းပူဆွေးခဲ့တာတွေလည်းရှိမယ်။ စိတ်ဓါတ်ကျစရာတွေ၊ဖိစီးမှုတွေလည်းရှိတတ်ကြမှာပါပဲ။ ထို့အတူလွတ်လပ်တဲ့ရင်ခုန်မှုတွေလည်းရှိကောင်းရှိခဲ့မှာပါပဲ။ဒါပေမယ့် အဲဒီ့နေရက်တွေက ကုန်ဆုံးလွန်မြောက်ခဲ့ပါပြီ။ ပြန်ပြီးအစကနေရစ်ပြီး တဝဲလည်လည်လုပ်လို့ရတော့မှာမဟုတ်တာအသေချာဆုံးပါပဲ။ ဘာလို့လည်း ဆိုတော့ ဘဝဆိုတဲ့အရာက သာမာန်ဓါတ်ပြားတစ်ချပ်မဟုတ်လို့ပါပဲ။ဒီတော့ ပြီးခဲ့တဲ့အတိတ်က ဖြစ်ပျက်ခဲ့သမျှဟာ ဒိုင်ယာရီစာအုပ် ထဲကစာမျက်နှာဟောင်းတွေပဲဖြစ်နေတာကိုလက်ခံနိုင်ဖို့လိုပါတယ်။

  14. 257

    The future to belongs to those who prepare for it today.

    ကဲ ဘယ်လိုလဲဗျ။ ဒီစကားလေးကို ကြားလိုက်ရတဲ့အချိန်မှာ နားဆင်သူရဲ့ စိတ်ထဲမှာ ဘာတွေ တွေးနေမိပါသလဲဗျာ။ကျွန်တော် ဒီစကားလေးကို သိလိုက်ရတဲ့အချိန်မှာ တွေးမိတာကတော့ အနာဂတ်အတွက် ငါဘာတွေများကြိုတင်ပြင်ဆင်ပြီး ပြီလဲလို့ ကိုယ့်ကိုယ်ကိုယ်မေးမိတယ်။ မေးလိုက်တဲ့အခါမှာလည်း ဘာဆိုဘာမှရေရေရာရာ ပြင်ဆင်မှု မလုပ်ရသေးဘူးဆိုတာကို သိလိုက် ရပါတယ်။ နားဆင်သူရော ဘယ်လောက်အထိ ပြင်ဆင်ပြီးပြီလဲခင်ဗျာ။                                                                              ဒီစကားက ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့စကားပုံတစ်ခုဖြစ်တဲ့ ဒီနေ့ရေတွင်းတူး ဒီနေ့ရေကြည် သောက်လို့ မရဘူးဆိုတဲ့ စကားနဲ့ အတူတူပါပဲ။ဘယ်အရာမှ ချက်ခြင်းမအောင်မြင်နိုင်ဘူး။ အနာဂတ်မှာ အောင်မြင်ဖို့ အခုလက်ရှိပစ္စုပန်မှာကြိုးစား ရမယ်။ အနာဂတ်မှာ တိုးတက်ဖို့အခုပြင်ဆင်ထားရမယ်။ အလွယ်ဆုံး ဥပမာပြောရရင် နောင်တစ်ချိန်မှာ ဖြေဆိုရမယ့် စာမေးပွဲမှာထူးထူး ချွန်ချွန်အောင်မြင်ချင်ရင် အခုလက်ရှိအချိန်မှာ စာတွေကို ကြိုးစားကျက်မှတ်ဖို့လိုပါတယ်။ထို့အတူပဲ လူဆိုတာ သေမျိုး မို့လို့ အနာဂတ်တစ်ရက်ရက်မှာ အချိန်မရွေးသေနိုင်တာမို့လို့အခုတည်းက တရားဘဝနာကို စိတ်မှာ ပွားများထားဖို့ လိုပါတယ်။ လောဘဒေါသမောဟတွေကို တတ်နိုင်သမျှမမွေးမိဖို့သီလသမာဓိသိက္ခာကို ထိန်းဖို့လိုပါတယ်။

  15. 256

    Be an example. Show kindness to unkind people. Forgive people who don’t deserve it. Love unconditionally. Your actions always reflect who you are.

    လောကမှာကိုယ့်အနေနဲ့ ဘယ်လိုလူစားမျိုးလဲဆိုတာကိုကိုယ့်ရဲ့လုပ်ရပ်တွေကရောင်ပြန်ဟပ်နေစေမှာပါ။အထူးသဖြင့် လူသား အားလုံးအတွက် ဥပမာတစ်ခုအနေနဲ့ နေထိုင်တတ်ရပါမယ်။ ဥပမာဆိုတဲ့နေရာမှာလည်းကောင်းတဲ့နေရာမှာစံနမူနာထားစရာ ကောင်းတဲ့လူသားတစ်ယောက်အဖြစ် ကျန်တဲ့သူတွေက မြင်နေအောင်နေထိုင်သင့်ပါတယ်။    ဥပမာတစ်ခုအဖြစ်နေထိုင်ပါ။မကြင်နာတတ်တဲ့သူတွေကို ကြင်နာသနားပါ။ ခွင့်လွတ်ဖို့ မထိုက်တန်တဲ့သူတွေကိုခွင့်လွတ်ပါ။ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်မေတ္တာထားပါ။ သင့်လုပ်ရပ်တွေကသင်ဘယ်လိုလူလဲဆိုတာကိုအမြဲဖော်ပြနေပါလိမ့်မယ်။  

  16. 255

    Each heart has some pain only the way of expression is different. Some hide it in their eyes while some hide it in their smile.

    လောကမှာရှင်သန်ရပ်တည်နေတြ့ ပုတုဇဉ်လူသားဖြစ်နေသေးသရွေ့အပူမီးတွေကိုခံစားရမှာပါပဲ။ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် နေ့စဉ်နဲ့အမျှရုန်းကန်လှုပ်ရှားနေရင်းနဲ့လောဘ၊ ဒေါသ၊ မောဟတွေ နဲ့ အတူ ပတ်ဝန်းကျင်ကပေးတဲ့ ပူပင်သောကတွေကိုပါ ကျွန်တော်တို့ လူသားတွေအနေနဲ့အနည်းနဲ့အများဆိုသလိုခံစားတတ်ကြပါတယ်။ အဲဒီလိုခံစားတတ်တဲ့အသည်းနှလုံးရှိနေခြင်း ကြောင့်လည်းလူတွေရဲ့သမိုင်းကြောင်းမှာကောင်းကျိုးတွေ အများကြီးဖြစ်ထွန်းခဲ့သလိုရင်နာစရာရင်နင့်စရာအဖြစ်ဆိုးတွေလည်းအများကြီးဖြစ်ပျက်ခဲ့ကြပါတယ်။ အထူးသဖြင့် ကိုယ့်ရင်ထဲ က နာကျင်မှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့တခြားသောပယောဂတွေ ကိုမှတ်တေးပြီးအမုန်းမီးအာဃာတတွေ လောင်ကျွမ်းလို့ ကလဲ့ စားဆိုတဲ့မဆုံးတဲ့ သံသရာတစ်ခုရဲ့ ပူလောင်ခြင်းတွေကို စတင်ခဲ့ ကြသူတွေကလည်းအများကြီးရှိခဲ့ပါတယ်။ရန်ကိုရန်ခြင်းတုန့် နှင်းခြင်းနဲ့ စစ်ပွဲတွေလည်းဒီကမ္ဘာမှာများခဲ့ပါပြီ။ ကိုယ့်ရင်ထဲမှာတောင် ကိုယ့်အပေါ်ပူလောင်စေမယ်ဆိုရင်အဲဒီအမုန်းတရားအာဃာတတွေနဲ့ သားစဉ်မြေးဆက် ဆက်လက် လောင်ကျွမ်းနေဦးမယ်ဆိုရင် အမုန်းတရားတွေရဲ့လောင်မြိုက်မှုနဲ့ ကမ္ဘာကြီးမှာလည်းအေးချမ်းမှုဆိုတာမရှိနိုင်တောပါဘူး။ ဒါကြောင့် ရင်ထဲကနာကျင်မှုတွေကိုတတ်နိုင်သမျှမေ့ထားလိုက်ပါ။ လူတိုင်းအပေါ် မှာမေတ္တာတရားကိုအခြေခံတဲ့စိတ်ထား ကိုမွေးမြူဆက်ဆံတတ်ပါစေ။ပြောသမျှဝေဖန်သံတွေ၊ အပြစ်တင်သံတွေကိုအပြု သဘောအနေနဲ့ ခံယူတတ်ပါစေ။ ဒါတွေကတော့ နာကျင်မှုကိုတနည်းတဖုံပြောင်းလဲစေနိုင်တဲ့နည်းတွေလည်း ဖြစ်ပါတယ်။

  17. 254

    A person who truly love you will be angry at you for so many things but will never leave you for any reason.

    ကိုယ့်အပေါ် စစ်မှန်တဲ့ ချစ်ခြင်းတရားနဲ့ ချစ်ခင်တဲ့သူဆိုတာဘယ်လိုလူမျိုးလဲဆိုတာကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ဒီတော့ ကိုယ့်အတွက် စစ်မှန်တဲ့လူသားဆိုတာဘယ်လိုလူစားလဲဆိုတာကို နှိုင်းယှဉ်ကြည့်လိုက်ရအောင်ဗျာ။ကျွန်တော်တို့တတွေနဲ့ သံသရာတကွေ့မှာတွေ့ဆုံကြရတဲ့ လူသားတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာတစ်ချို့တစ်လေသောအကြောင်းအရာတွေမှာသဘောထားခြင်းမတိုက်ဆိုင်တဲ့အခိုက်အတန့်တွေဖြစ်တတ်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး ကြီးပြင်းလာတဲ့အသိုင်းအဝိုင်းနောက်ခံ ခြင်းလည်းမတူညီမှုတွေ၊အတွေးအခေါ်အယူအဆလည်းမတူညီမှုတွေကြောင့်တစ်ချို့သောအခန်းကဏ္ဍတွေမှာ ပြဿနာတွေ တတ်လေ့ရှိထရှိပါတယ်။ အဲဒီလိုမျိုးကတောက်ကဆပြဿနာတက်တဲ့အခါမျိုးတွေမှာကိုယ့်အပေါ်စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတရားထားရှိတဲ့သူဆိုရင်တော့ ဘယ်လိုသောအကြောင်းအရာတွေကြောင့်ပဲဖြစ်ဖြစ်အဆုံးသတ်အချိန်မှာကိုယ့်အနားမှာပဲရှိနေပေးနေမှာပါ။ တကယ်တမ်း သံယောဇဉ်မရှိတဲ့ သူဆိုရင်တော့တော်တန်ရုံပြဿနာနဲ့တင် ကိုယ့်အနားက ကြက်ပျောက်ငှက်ပျောက်ပျောက်နေမှာပါ။ လူဆိုတာ မျိုးမှာကိုယ့်အတွက် အကျိုးကျေးဇူးတစ်စုံတစ်ရာမရှိတော့ဘူးဆိုရင် မည်သို့သောအကျိုးအကြောင်းတွေ ရှိနေပါစေဘေးနားမှာအစဉ်ထာဝရ ရှိနေပေးမှာမဟုတ်ပါဘူး။

  18. 253

    We all need personal space and privacy.

    တစ်စုံတစ်ယောက်ကို ပိုင်ဆိုင် လက်တွဲခွင့်ရတယ်ဆိုတိုင်း အဲ့ဒီလူတစ်ယောက်ရဲ့ ဘ၀တစ်ခုလုံး၊အချိန်တွေ အကုန်လုံးကို ပိုင်ဆိုင် သွားတယ်လို့မဆိုလိုပါဘူး။ ချစ်သူ ရည်းစားတွေကြားမှာ အဆင်မပြေ ဖြစ်စေတဲ့ အရာတစ်ခုက ဒီလူတစ်ယောက်ကကိုယ့်ကို ချစ်တယ်၊ သူ့ကို ပိုင်ဆိုင်ခွင့်ရတယ်ဆိုင်တိုင်း သူ့ရဲ့ ဘ၀တွေ၊အချိန်တွေ၊ လွတ်လပ်ခွင့်တွေ အကုန်လုံးကို ပိုင်စိုးခြယ် လှယ်ချင်တဲ့ ပြဿနာပါ။အစပိုင်းတော့ သိပ် မသိသာပေမယ့် ရေရှည်မှာ ဘယ်လိုမှအဆင်မပြေပါဘူး။ Relationship တစ်ခု သာယာအဆင်ပြေဖို့ ဆိုတာက Personal Spaceကလည်း အရေးကြီးပါတယ်။ Relationship တွေမှာ တစ် ယောက်ကို တစ်ယောက်ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင် လွတ်လပ်ခွင့်ပေးတယ်ဆိုတာက တစ်ယောက်ကို တစ်ယောက်လေးစားမှု ကို ပြသရာ ရောက်သလို toxic မဆန်တဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြရာလည်း ရောက်ပါတယ်။ယောက်ျားလေးဖြစ်စေ၊မိန်းကလေး ဖြစ်စေ ဘယ်သူမဆို Personal Space ရှိဖို့ လိုအပ်ပါတယ်။လူတစ်ယောက်ချင်းစီမှာ သူတို့ ကိုယ်ပိုင် လွတ်လပ်ခွင့် တွေ ရှိတယ်။ ကိုယ့်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းတာ၊ ကိုယ့်ရဲ့ ၀ါသနာပါရာ အလုပ်တွေ လုပ်တာ၊ သူငယ်ချင်းတွေ၊မိသားစုတွေနဲ့ အချိန် ကုန် ဆုံးတာ၊ ဒါမှမဟုတ်လည်း တစ်ယောက်တည်း အနားယူချင်တာမျိုးစသဖြင့်ပေါ့။ ကိုယ့်ရဲ့ ချစ်သူရည်းစားနဲ့ တပူးတွဲတွဲ မဟုတ်ဘဲသူတို့ဘ၀လေးနဲ့သူတို့ လုပ်ချင်၊ နေချင်တဲ့ အရာတွေရှိပါတယ်။                                                                                       

  19. 252

    Challenge negative thoughts. Laugh out loud. Change Normal Daily Routines.

    ဒီကမ္ဘာကြီးပေါ်မှာဖြစ်စေ ၊ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဖြစ်စေ၊ ရှင်သန်နေထိုင်တဲ့ နေရာဒေသ နဲ့ ပုံစံခြင်းသာ ကွာရင်ကွာနိုင်ပါ တယ်။ လူ့အဖွဲ့အစည်းမှာ ကျင်လည်နေတဲ့ လူတိုင်း အနည်းနဲ့အများတော့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊အခက်အခဲနဲ့ အဆင် မပြေမှုတွေကို ကြုံတွေ့ရလေ့ ရှိပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေစိုးရိမ်ပူပန်မှုတွေက စိတ်ကျရောဂါ (Depression) ဖြစ်နိုင်တဲ့ အလား အလာအများဆုံး အကြောင်းအရာတွေပါပဲ။                                                                                                                  မိသားစု ပြဿနာများ၊ ပတ်ဝန်းကျင်ကြောင့်သော်လည်းကောင်း၊ ဘဝမှာမထင်မှတ်ထားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကြောင့်သော် လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ နာကျင်မှုတွေကတစ်ဆင့်စိတ်ဓာတ်ကျပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ် လာနိုင်ပါတယ်။ Depression ကို လျော့ကျအောင်၊စိတ်ဖိစီးမှုတွေကို ပြေလျော့အောင် မလုပ်ဘူးဆိုလျှင် တကယ်ကို ဆိုးဝါးတဲ့နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ကြုံတွေ့ရနိုင်ပါတယ်။

  20. 251

    Self-Confidence Can Lead To Success In Life.

    ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါသလား။ယုံကြည်မှုလို့ ပြောလိုက်ရင် အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့တစ်စုံတစ်ခု ကို ယုံကြည်တဲ့ ခံစားချက် ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ယုံကြည်ချက်ရှိခြင်းဆိုတာကတော့ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့် အရည်အချင်း ဒါမှ မဟုတ်အသိပညာကိုယုံကြည်စိတ်ချတယ်ဆိုတဲ့သဘောပါပဲ။ ဘဝတိုးတက်အောင်မြင်ဖို့ဆိုရင်ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုက မရှိမဖြစ်လိုအပ်ပါတယ်။                                                                                                                                       ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေဟာ များသောအားဖြင့် သူတို့ဘဝရဲ့ကိုယ်ပိုင်ဘဝနဲ့ ပရော်ဖက်ရှင်နယ် ရည်မှန်းချက်တွေ ကိုအောင်မြင်အောင်စွန့်စားနိုင်စွမ်းရှိကြပြီး သူတို့ရဲ့အနာဂတ်အတွက်အကောင်းမြင်စိတ်နဲ့ လျှောက်လမ်းကြပါတယ်။ ကိုယ့်ကိုကိုယ်  ယုံကြည်မှု ကင်းမဲ့သူတွေကတော့ သူတို့ရဲ့ ဘဝကိုအောင်မြင်နိုင်စွမ်းမရှိဘူး မလုပ်နိုင်ဘူးဆိုတဲ့ ခံစားချက်တွေရှိကြပြီး အပျက် သဘောဆောင်တဲ့အတွေးအမြင်များ ရှိကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု (Self Confidence) ဟာ ဘဝကို တိုးတက် အောင် မြင်စေဖို့ သော့ချက်တစ်ခု ဖြစ်ပြီးကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းနေတယ်ဆိုလည်း ပြန်လည် တည်ဆောက်မြှင့်တင်လို့ရပါတယ်။                                                                                                                                                                    

  21. 250

    Our Mind Need to be Organized.

    တကယ်လို့ ကျွန်တော်တို့ရဲ့ ဦးနှောက်ကသာအိမ်အကြီးကြီးတစ်လုံး ဖြစ်မယ်ဆိုရင်ဆိုပြီး တွေးမိဖူးပါသလား။ အဲလိုတွေးမိခဲ့ ရင်အဲဒီအိမ်အကြီးကြီးထဲမှာ ဘာတွေကို ဖြည့်သွင်းထားရမယ်လို့ ထင်ပါသလဲ။ တကယ်တော့ကျွန်တော်တို့ရဲ့ ဦးနှောက်စာ လှပပြီး သန့်ရှင်းသပ်ရပ်တဲ့ အိမ်တစ်လုံးအနေနဲ့မဟုတ်ဘဲ အချိန်တိုင်း ထပ်ခါထပ်ခါ ပြင်ဆင်မှုတွေ ပြုလုပ်နေရတဲ့ အိမ်အို ဟောင်းကြီးတစ်ခုလိုဖြစ်နေပါလိမ့်မယ်။ဒီအိမ်ကြီးလိုပဲ ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာအချက်အလက်တွေ အပြည့်နဲ့ ရှုပ်ပွ နေပါတယ်။ မှတ်သားထားခဲ့တဲ့ မှတ်ဉာဏ်တွေ၊ချမှတ်ခဲ့တဲ့ အစီအစဉ်တွေ၊ စိတ်ကူးတွေ အစရှိတဲ့ အရာတွေနဲ့ ပြည့်နေပါတယ်။ နောက်ပြီးဒီအချက်အလက်တွေ အကုန်လုံးက သေချာ အစီအစဥ်တကျ ရှိနေတာမျိုး မဟုတ်ပါဘူး။  ဦးနှောက်က သူ့ထဲကို ဝင်လာသမျှ အချက်အလက်တွေ အကုန်လုံးကိုအဆင်ပြေသလို မှတ်သားယူလိုက်ပါတယ်။ ရှုပ်ထွေးတဲ့ လုပ်ဆောင်မှုစနစ်တွေနဲ့ အရေးကြီးဦးစားပေးသင့်တဲ့ အရာတွေ၊ သိုလှောင်ထားရမယ့် အရာတွေ၊ ပြန်လည် ထုတ်သုံးရမယ့်အချက်အလက်တွေဆိုပြီး ခွဲခြမ်းလုပ်ဆောင်လေ့ ရှိပါတယ်။ တစ်ခါတစ်လေမှာ ဒီလိုစနစ်နဲ့အလုပ်လုပ်ဆောင်နေရာကနေ ပုံမှန်မဟုတ်ဘဲ ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားတာမျိုးတွေလည်းရှိတတ်ပါတယ်။ ကိုယ်က စိတ်ချလက်ချ ယုံကြည်ထားလို့ မရပါဘူး။ ဥပမာ – ကိုယ့်ရဲ့သော့ကို ဘယ်နေရာမှာ ထားမိမှန်း မသိဘဲ မေ့နေတာမျိုးတွေ၊ လူကြားထဲမှာ စကားပြောနေရင်းတန်းလန်း ဘာဆက်ပြောရမလဲ မသိတော့တာမျိုးတွေ၊ ကိုယ်ပြောနေတဲ့ အကြောင်းအရာတွေကိုမေ့လျော့သွားတာမျိုးတွေ၊ အလုပ်တစ်ခု လုပ်ဆောင်တဲ့အခါ အလုပ်ပြီးမြောက်မှုနည်းနေတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။

  22. 249

    Try to survive. Live In Rules. Get Up with Confidence Everyday.

    အလေ့အကျင့်တွေကပဲ လူတွေကို တိုးတက်ပြောင်းလဲစေသလိုအလေ့အကျင့်တွေကြောင့်ပဲ လူတွေ ပျက်စီးရပါတယ်။ ဘဝမှာ အကောင်းဘက်ကို ဦးတည်နေတဲ့အပြောင်းအလဲတွေကို ဖန်တီးချင်တယ်ဆိုရင် နေ့ရက်တိုင်းမှာ ကောင်းမွန်တဲ့ အလေ့အထတွေ ကိုမွေးမြူဖို့ လိုမှာပါ။                                                                                                                                                   လွယ်လွယ် အရှုံးမပေးတက်တဲ့ စိတ်ကိုမွေးပါ။ ဘဝဆိုတာ အမြဲတမ်း အဆင်ပြေချောမွေ့နေမှာ မဟုတ်ပါဘူး။ ခက်ခဲ ကြမ်းတမ်း မှုတွေ တစ်ခါတစ်ရံကြုံတွေ့ရနိုင်ပါတယ်။ ဘဝမှာ ဘာတွေပဲ ဖြစ်လာဖြစ်လာ အဓိက လွယ်လွယ်လက်မလျော့လိုက်ဖို့ပါပဲ။ ကိုယ်ရဲ့မျှော်လင့်ချက် ၊ ရည်မှန်းချက်တွေဆီကို တုံးတိုက်တိုက်ကျားကိုက်ကိုက် အရှုံးမပေးပဲ ဆက်လျောက် မယ့် စိတ်ကို မွေးရပါမယ်။ စိတ်ရှိပြီဆိုရင်လုပ်ချင်တာတွေကို လုပ်ဆောင်ဖို့အတွက် ကနဦး အဆင့်ကို ကျော်လွှားနိုင်ပါပြီ။အဲဒီနောက်မှာတော့ လုပ်စရာရှိတာတွေကို ကျားကုတ်ကျားခဲ လုပ်ဆောင်ကြိုးပမ်းပါ။အခက်အခဲတွေတွေ့တဲ့အခါမှာလည်း ရအောင် ကျော်ဖြတ်ပါ။

  23. 248

    Try to survive. Live In Rules. Get Up with Confidence Everyday.

    အလေ့အကျင့်တွေကပဲ လူတွေကို တိုးတက်ပြောင်းလဲစေသလိုအလေ့အကျင့်တွေကြောင့်ပဲ လူတွေ ပျက်စီးရပါတယ်။ ဘဝမှာ အကောင်းဘက်ကို ဦးတည်နေတဲ့အပြောင်းအလဲတွေကို ဖန်တီးချင်တယ်ဆိုရင် နေ့ရက်တိုင်းမှာ ကောင်းမွန်တဲ့ အလေ့အထတွေ ကိုမွေးမြူဖို့ လိုမှာပါ။                                                                                                                                                   လွယ်လွယ် အရှုံးမပေးတက်တဲ့ စိတ်ကိုမွေးပါ။ ဘဝဆိုတာ အမြဲတမ်း အဆင်ပြေချောမွေ့နေမှာ မဟုတ်ပါဘူး။ ခက်ခဲ ကြမ်းတမ်း မှုတွေ တစ်ခါတစ်ရံကြုံတွေ့ရနိုင်ပါတယ်။ ဘဝမှာ ဘာတွေပဲ ဖြစ်လာဖြစ်လာ အဓိက လွယ်လွယ်လက်မလျော့လိုက်ဖို့ပါပဲ။ ကိုယ်ရဲ့မျှော်လင့်ချက် ၊ ရည်မှန်းချက်တွေဆီကို တုံးတိုက်တိုက်ကျားကိုက်ကိုက် အရှုံးမပေးပဲ ဆက်လျောက် မယ့် စိတ်ကို မွေးရပါမယ်။ စိတ်ရှိပြီဆိုရင်လုပ်ချင်တာတွေကို လုပ်ဆောင်ဖို့အတွက် ကနဦး အဆင့်ကို ကျော်လွှားနိုင်ပါပြီ။အဲဒီနောက်မှာတော့ လုပ်စရာရှိတာတွေကို ကျားကုတ်ကျားခဲ လုပ်ဆောင်ကြိုးပမ်းပါ။အခက်အခဲတွေတွေ့တဲ့အခါမှာလည်း ရအောင် ကျော်ဖြတ်ပါ။

  24. 247

    Try to survive alone. Try to succeed alone.

    သက်ရှိ လူသားတိုင်းအတွက် လူမှုပေါင်းသင်းဆက်ဆံရေးဟာ အရေးကြီးပါတယ်။ လူရယ်လို့ ဖြစ်လာရင် ပတ်ဝန်းကျင် ၊ အသိုက်အဝန်းဆိုတာရှိရစမြဲပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ တစ်ယောက်တည်း နေတက်အောင် ပြင်ဆင်ထားဖို့လည်းလိုပါတယ်။ တစ်ယောက်တည်းနေတာက ဘာတွေကောင်းလဲ ၊ ဘယ်လိုအကျိုးကျေးဇူးတွေရှိလဲ။                                          ကိုယ့်ကိုယ်ကိုယ်အာရုံပိုစိုက်နိုင်မယ်။ တစ်ယောက်တည်း နေထိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေထဲကတစ်ခုကတော့ ကိုယ့်ကိုယ် ကိုယ် အာရုံပိုစိုက် လာနိုင်တာပါပဲ။ကိုယ့်ရဲ့အားသာချက် ၊ အားနည်းချက်တွေကို လေ့လာဆန်းစစ်နိုင်ပြီး ကိုယ့်ရဲ့စိတ်ခံစားမှုတွေ ကို ပိုမိုသုံးသပ် လာမိပါလိမ့်မယ်။ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်နိုင်ခြင်းက ဘဝမှာ ကောင်းမွန်တဲ့တိုးတက်ပြောင်းလဲခြင်းတွေ ဖြစ်ပေါ်လာစေဖို့ များစွာ အထောက်အပံ့ ဖြစ်စေပါတယ်။                                                                                                

  25. 246

    If You Only Think About Making Money, You Will Lose Your Humanity.

    လူ့လောကကြီးမှာ ပါးစပ်မပါဘဲ စကားအပြောဆုံးက ငွေပါပဲ။ပိုက်ဆံရှိမှ လူရာဝင်မယ်၊ လုပ်ချင်တာတွေလုပ်လို့ ရမယ်၊ လူတန်း စေ့နေနိုင်မယ်၊အသက်ရှင်နိုင်မယ်၊ ပျော်ရွှင်နိုင်မယ် စသဖြင့် လူတွေကို ငွေက နေရာတကာဝင်ပါပြီးအများကြီးကန့်သတ်ထားပါ တယ်။ ဒါပေမဲ့ ငွေနောက်ကိုပဲ လိုက်နေမယ်၊ ငွေရှာဖို့ပဲအချိန်နဲ့အမျှတွေးနေမယ်ဆိုရင် ကောင်းပါ့မလား?      လူရယ်လို့ဖြစ်လာတဲ့အခါ၊ အထူးသဖြင့် အရွယ်ရောက်လာတဲ့အခါမှာဆက်လက်အသက်ရှင်နေထိုင်ဖို့ ရုန်းကန်ကြ ရပါတယ်။ အဲဒီနေရာမှာ အသက်ရှင်ဖို့ငွေရှာရတယ်၊ ငွေရှာဖို့ အသက်ဆက်ရှင်ရတယ်ဆိုတဲ့ သံသရာကို ရောက်မှန်း မသိရောက်သွားကြရပါ တယ်။ ဒါဟာ ဘဝရဲ့ သံသရာလည်ခြင်းဖြစ်ပြီး သံသရာတွေထဲကအကြီးဆုံးဒုက္ခလည်း ဖြစ်ပါလိမ်မ့ယ်။ ဒီလိုသံသရာလည်တာကို ရုန်းထွက်ဖို့အမျိုးမျိုးကြိုးစားကြတဲ့လူတွေလည်း ကမ္ဘာအရပ်ရပ်၊ လူမျိုးအသီးသီး၊ ဘာသာအသီးသီးမှာရှိကြပါတယ်။ ဒါပေမဲ့ ပုထုဇဉ်လူသားအများစုဟာ ရုန်းထွက်ဖို့ မဖြစ်နိုင်ကြပါ ဘူး။ဒီလိုနဲ့ပဲ ခေတ်အဆက်ဆက်၊ လူသားတွေဟာ ငွေနောက်ကိုပဲ လိုက်ခဲ့ ကြရပါတော့တယ်။  

  26. 245

    It Is Safest to Take Responsibility For Yourself.

    ကိုယ်တိုင်တာဝန်ယူနိုင်တာကသာအလုံခြုံဆုံးဖြစ်ပါလိမ့်မယ်။ တစ်ခုခုလုပ်တော့မယ်ဆိုရင် “ငါ့ကိုယ်ငါ တာဝန်ယူနိုင် လား” ဆိုတဲ့မေးခွန်းက ဘဝအတွက် safety alert ပဲ။ ဆုံးဖြတ်ချက်တစ်ခု ချတာဖြစ်ဖြစ်။ ရွေးချယ်မှုလုပ်တာဖြစ်ဖြစ်။ ကိစ္စသေးသေး ကနေ အကြီးကြီးထိ စလုပ်မယ်ဆိုတာနဲ့. ငါ့ကိုယ်ငါ တာဝန်ယူလားလို့ မေးကြည့်တဲ့အကျင့်လေးရှိရုံနဲ့ လမ်းရဲ့ခြေလှမ်းတော်တော်များများကို ပြန်ထိန်းသိမ်းနိုင်တယ်။                                                                                        ဘယ်တစ်ဦးတစ်ယောက်ကမှ ကိုယ့်ဘဝကို တာဝန်ယူမယ်လို့ အာမခံချက်မရှိသလိုလူတွေကလည်း အမြဲတမ်း မှန်မှန်ကန်ကန် ကျင့်သုံးတာမဟုတ်လို့ပဲ။ လောကကဒီလိုစဉ်းမျဉ်းမျိုး သတ်မှတ်တယ်။ ဇနီးအတွက် လင်ယောကျာ်းမှာ တာဝန်ရှိတယ်။ လင်ယောကျာ်းတာဝန်ကိုတော့ ဇနီးက ပြန်ကျေပွန်ရမယ်တဲ့။ဒါပေမယ့်တာဝန်မကျေပွန်တဲ့ခင်ပွန်း။ ဝတ္တရားမညီတဲ့ ဇနီးသည်တွေ လောကမှာ သိပ်များပြားပြီးအိမ်ထောင်ရေးဟာ ပင်လယ်ရေလို မြောက်များစွာ ပြိုကွဲနေကြရတာပဲ။ ဒါကိုကြည့်ခြင်းဖြင့်ငါတို့ တစ်ခုခုလုပ်ချိန်မှာ လောကစည်းမျဉ်းတွေအကြောင်း အများကြီး အားကိုးမိနေပြီဆိုရင်ဒီအချက်ကို ပြန်သတိရမိဖို့လိုမှန်း သိသင့် တယ်။  

  27. 244

    Don’t Think More Than You Need To.

    တွေးတောတတ်တာဟာ လူတိုင်းအတွက်သာမာန်ဖြစ်စဉ်တစ်ခုပေမယ့်လည်း လိုတာထက်ပိုပြီး တွေးတောနေတာဆိုရင် Overthinkingလို့ခေါ်တဲ့ အဆင့်ကိုရောက်ရှိစေပါတယ်။ Overthinking ဟာ အမှားလုပ်မိမှာကို ကြောက်ရွံ့တာ၊ စိတ်ဖိစီး တာ၊ အတိတ်ကစိတ်ဒဏ်ရာတွေကြောင့် perfectမဖြစ်မှာကို စိုးရိမ်တာစတဲ့အကြောင်းအရင်းတွေကနေဆင့် Overthinking ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် Overthinking ဟာ Anxiety(စိုးရိမ်ပူပန်တာ) နဲ့ Depression (စိတ်ဓာတ်ကျတာ)စတဲ့ စိတ်ကျန်းမာရေး အခြေအနေနဲ့လည်း ဆက်စပ်မှု ရှိနိုင်ပါ တယ်။                                                                                  Overthinking ဖြစ်တတ်တာကို စိတ်ရောဂါတစ်ခုအနေနဲ့မသတ်မှတ်ထားပါဘူး။ ဒါပေမယ့် တချို့ Psychologists နဲ့ Therapistsတွေကတော့ Overthinking ဖြစ်တာဟာ Anxiety,Depression နဲ့ Stress တို့ကိုဖြစ်စေတဲ့ မူလအစ လက္ခဏာ ဖြစ်စေနိုင်ပါ တယ် ဆိုပြီး ပြောထားပါတယ်။ ဒါကြောင့် ကိုယ်ကအတွေးလွန်တတ်တယ်ဆိုရင် မပေါ့လျော့သင့်‌ပါဘူး။   

  28. 243

    Communication Is The Most Important Skill of All.

    ဘယ်နေရာရောက်ရောက် ရောက်တဲ့နေရာမှာရောက်တဲ့သူနဲ့ အလွယ်တကူမိတ်ဆွေဖွဲတတ်ခြင်းက လူတစ်ယောက်ရဲ့ လူမှုဆက်ဆံရေးစွမ်းရည်ဖြစ်ပါတယ်။လူမှုဆက်ဆံရေးစွမ်းရည်ကောင်းတော့ လူချစ်လူခင်များပြီး စီးပွားရေး၊ အလုပ်အကိုင်၊  လှုမှုရေး စတဲ့နယ်ပယ်တွေမှာ ကူညီမဲ့သူပေါပြီး အသိုင်းအဝိုင်းလဲကျယ်ပြန့်လာတော့တာပဲ။                            နားထောင်တတ်သူဖြစ်ပါစေ လူအများစုက သူများပြောတာ နားထောင်ပေးဖို့ထက် ကိုယ်ကချည်းပြောချင်ကြတာ များပါ တယ်။ Communication Skill ကောင်းချင်ရင် အဲဒီလိုလုပ်လို့မဖြစ်ပါဘူး။တခြားသူရဲ့စကားသံတွေကို နားနဲ့ရော နှလုံးသား နဲ့ပါ နားထောင်တတ်တဲ့သူဖြစ်အောင် လေ့ကျင့်ကြည့်ပါ။စကားလုံးကြွယ်ဝအောင် ကြိုးစားပါ အကြောင်းအရာတစ်ခုကို  ပုံမှန်ပြောနေကြအတိုင်း ပြောတတ်တဲ့သူနဲ့၊ ဥပမာ၊ဥပစာ၊ ဟာသတွေနှောပြီး ပြောတတ်တဲ့သူရဲ့ပေါက်မြောက်မှုက ကွာခြား ပါတယ်။ ဒါကြောင့်Communication Skill ကောင်းချင်ရင် စကားလုံးကြွယ်ဝအောင် စာများများဖတ်ပါ။                        

  29. 242

    Start by Believing In Yourself. End With Confidence in Yourself.

    အလုပ်တစ်ခုစပြီးလုပ်တော့မယ်ဆိုရင် ဘေးကလူတွေကနေပြီးတော့ကိုယ့်ကို ကိုယ်ဟာ “လုပ်နိုင်ပါတယ်” “အရည်အချင်း ရှိပါတယ်” “ကိုယ်ဟာ ဖြစ်မြောက်မှာပါ”ဆိုပြီး ကိုယ့်ကို ယုံကြည်ကြတာကို လိုချင်တယ်။ထောက်ခံအားပေးပြီး ပြောတာကို လိုချင်ကြတယ်။အဲဒီတော့ ကိုယ်က ကိုယ်တစ်ခုခုလုပ်တော့မယ်ဆို ဘေးကလူတွေကို တိုင်ပင်တယ်။ ကိုယ့်ကို အားပေးစေချင်တယ်၊ ထောက်ခံစေချင်တယ်။  ကိုယ်တိုင်ပင်တဲ့သူတွေကကိုယ်ထင်သလို အားမပေးတဲ့အခါ၊ မထောက်ခံ တဲ့အခါ စိတ်ဓာတ်ကျကြတယ်။ လူတွေက ငါ့ကို မယုံကြည်ကြဘူးဆိုပြီးDepression ဝင်ကြတယ်။ အားလျှော့ချင်စိတ်တွေ ဖြစ်လာတယ်။ တကယ်တော့ သိထားရမှာ ဘာလဲ ဆိုရင်ကိုယ်ကဘာမှမလုပ်ရသေးဘဲနဲ့ ဘယ်သူမှကိုယ့်ကို ယုံကြည်မှာ မဟုတ်ဘူး ဆိုတာကိုပဲ။

  30. 241

    You Can Be Happy And Peaceful If You Have A Good Attitude.

    ကိုယ့်ရဲ့ အတွေးတွေကို ဂရုစိုက်ပါ။ တစ်ခုခုကိုတွေးနေပြီဆိုရင် အဲ့အတွေးတွေထဲနစ်မြှုပ်မသွားအောင် ချက်ချင်း သတိပြန် ဝင်ဖို့လိုပါတယ်။ ကိုယ်က စိတ်လွင့်ပြီး တစ်ခုခုကိုတွေးမိနေမှန်း သတိရတာနဲ့ ချက်ချင်း တခြား အလုပ်တစ်ခုကို ထလုပ် လိုက်ပါ။ အတွေးတွေကို ပြန်သုံးသပ်ဖို့လိုအပ်ပါတယ်။အမေးရှိရင် အဖြေရှိတယ်ဆိုတဲ့ စကားအတိုင်း ကိုယ့်ရဲ့ အတွေးတွေမှာလည်းအဖြေတစ်ခု ရှိပါလိမ့်မယ်။ အဲ့အဖြေကို ကိုယ် ကိုတိုင် ဖော်ထုတ်ရမှာပါ။     ဦးနှောက်ကိုအနားမပေးပါနဲ့။ တစ်နေ့တာမှာအနှုတ်သဘောဆောင်တဲ့ အတွေးတွေ မတွေးမိအောင် အလုပ်များများ လုပ် ကြည့် သင့်ပါတယ်။ လူက အားနေ တဲ့အခါမှာလည်း စိတ်က တွေးချင်ရာ တွေးနေတတ်ပါတယ်။ဒါကြောင့် အာရုံစူးစိုက်မှု အားကောင်း စေမယ့် သိုးမွှေးထိုးတာ၊ စာဖတ်တာ၊ဘာသာစကားတစ်ခုခုကို သင်တာ စတာမျိုး လုပ်ကြည့်သင့်ပါတယ်။

  31. 240

    Don’t Lose Your Heart Whenever You Face Pain In Life.

    အမှန်တရားတစ်ခု ရှိပါတယ်။ ဒါကတော့ဘဝဆိုတာ အမြဲတမ်း ကိုယ်ဖြစ်ချင်တဲ့အတိုင်း သာယာချောမွေ့နေမှာ မဟုတ်ဘူး ဆိုတာပါပဲ။ တစ်ခါတစ်လေမှာသင်မကြုံချင်တဲ့ နာကျင်မှု ဝေဒနာတွေကို ကောင်းကောင်းကြီး ကြုံတွေ့ ခံစားရနိုင်ပါတယ်။ဒါဟာ ဝမ်းနည်းစရာတော့ မဟုတ်ပါဘူး။ တကယ်တော့ နာကျင်မှုတွေဆိုတာ လူတွေကို ပြောင်းလဲသွားစေတဲ့ဆရာသခင်ပါ။ နာကျင်မှု တွေကပဲ ပိုရင့်ကျက်လာစေတယ် ၊ ပိုကောင်းတဲ့ လူတစ်ယောက်အဖြစ်ကိုပြောင်းလဲပေးနိုင်တာပါ။   ဘဝမှာကြုံတွေ့ရတဲ့ နာကျင်မှု တွေကို ဘာကြောင့် ကြိုဆိုလက်ခံသင့်လဲ။သူတို့ကဘဝရဲ့ အနှစ်သာရကို ပုံဖော်ပေးတယ်။ နာကျင် မှုတွေကဘဝကို ကွဲပြားစွာရှုမြင်တက်စေပြီး ဘဝရဲ့အနှစ်သာရကို နားလည်စေပါတယ်။ ဘဝဆိုတာ အမြဲတမ်းအချိုတွေပဲ မပေး ပါဘူး။ ဘဝမှာ ခါးသီးတဲ့ အမှန်တရားတွေ ရှိတယ်ဆိုတာကို နာကျင်မှုတွေကနေတဆင့်နားလည်လာစေ နိုင်ပါတယ်။ ဆိုတော့ ဘဝမှာ သင်မလိုချင်တဲ့ ခါးသီးမှုတွေ ကြုံရတဲ့အခါ ဒါဟာဘဝရဲ့အနှစ်သာရ ပါလားဆိုတာကို လက်ခံတက်လာစေမှာ ဖြစ်ပါတယ်။ 

  32. 239

    After Reading A Book, Review It.

    ဘဝတိုးတက်ချင်လို့ဆိုပြီး တချို့လူငယ်တွေ တက်ကျမ်းချည်း တစ်ချိန်လုံး လှိမ့်ဖတ်တာတွေ မြင်ဖူးတယ်။ အဲလို တက်ကျမ်း ကြိုက် လူငယ်တွေပဲ ဒီလို ပြောကြပြန်ရော၊ အဲဒါတွေ ဖတ်ပြီး ဘာမှ မတိုးတက်ဘူး တဲ့။ တော်တော်များများ သိထားကြတာ က စာဖတ်တာ ကောင်းတယ်၊  စာဖတ်ရင်တိုးတက်တယ်။ စာဖတ်ရင် ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်တိုးတက်လာ၊ ချမ်းသာကြွယ်ဝ လာမယ်။ ထိုနည်းတူ တိုးတက်နေကြတဲ့ လူတွေကလဲပဲ စာအုပ်တွေ အရမ်းဖတ်ကြတာပေါ့။ ဒါပေမဲ့ တကယ့်တကယ် စာတွေ ဖတ်ပြီး မတိုးတက်တဲ့လူတွေ တွေ့တဲ့အခါမှာစဉ်းစားစရာတစ်ခုက စာဖတ်တာ မှားနေလား၊ စာအုပ်နဲ့အချိန်ကုန်နေတာကပဲ မှားနေတာလားပေါ့။                                                                                                                                                          သေသေချာချာ တွေးကြည့်လိုက်ရင်စာအုပ်ဖတ်တာ မမှားဘူး၊ဖတ်ပုံ ဖတ်နည်း မှားနေတာပဲဖြစ်နိုင်တယ်။ တချို့ တက်ကျမ်းတွေ ဆို မဖြစ်နိုင်တာကို အတင်းညှစ်ထုတ်ပြီး ရေးထားတာတွေ။ စဖတ်ချင်း မိုးပေါ်ဒူးနဲ့ တက်ဆောင့်ချင်အောင် မဟာဗန္ဓုလလို သူရဲကောင်းဖြစ်ချင်လာအောင် လောကကို အောင်နိုင်တဲ့ ဘုရားသခင်လိုလို ဖြစ်လာအောင် ဆွပေးတယ်၊ တကယ့် လက်တွေ့ကျ ဘာမှ မဟုတ်နေဘူး။ နောက်ပြီး ဘယ်စာအုပ်က ကိုယ်နဲ့အပ်စပ်တယ်၊ လိုက်ဖက်တယ်ဆိုတာကို ကောင်းကောင်း ကြီး သိထားဖို့ လိုတယ်။ တွေ့ရာ ကောက်ဖတ်နေဖို့ မလိုဘူး။

  33. 238

    Build Your Strong Mental Fortification.

    ခံတပ်ဆိုတာ အင်္ဂလိပ်လို Fortification, ခိုင်ခံ့စွာတည်ဆောက်ထားခြင်း၊အားဖြည့်စေခြင်း စသော နေရာများ ကိုဆိုလိုတယ်။ စစ်ဘက်ဆိုင်ရာအရ ‘ရန်သူကိုခုခံရန်အုတ်၊ကျောက်၊သစ်စသည်တို့ဖြင့်အခိုင်အခံ့လုပ်ထားသောစစ်စခန်း’ဟု၍ခေါ်ဆိုကြပါတယ်။ ခံတပ်ခိုင်ခံစွာတည်ဆောက်ထားမှုအပြင် ခံတပ်အတွင်းနေသော စစ်သည်များအနေဖြင့်လည်း ရဲစွမ်းသတ္တိရှိမှု၊ စည်းလုံး ညီညွတ်မှုတွေရှိမှ ရန်သူ့ကိုတော်လှန်နိုင်မှာဖြစ်တယ်။ထို့နည်းတူ မိမိတို့ရဲ့ ဘ၀မှာလည်း ပြင်ပဒဏ်တွေကို အန်တုနိုင်ဖို့မိမိတို့ရဲ့ ‘စိတ်ခံတပ်’ ကိုတည်ဆောက်ထားနိုင်ဖို့ အလွန်အရေးကြီးပါတယ်။  ကိုယ့်ရဲ့စိတ်ခံစားချက်၊ကိုယ်ရဲ့ထင်မြင်ယူဆချက်၊ နှလုံးသွင်းမှု၊ ရွေးချယ်မှု၊ ပြုမူပြောဆိုမှု၊ ခံယူမှု၊ စသောအရာတွေကို ကိုယ်တိုင် နိုင်နှင်းစွာရှိနေဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် လျှော့တိလျှော့ရဲ ဖြစ်နေတယ်ဆိုရင်အပြင်က သွေးထိုးလှုံ့ဆော်မှု၊ ဖြားယောင်း  သွေးဆောင်မှု၊ ရန်ထောင်မှု၊ စသောအရာတွေကိုကျော်လွှားနိုင်ဖို့နှင့် ဓမ္မဓိဌာန်ကျကျ အကဲဖြတ်ဆုံးဖြတ်နိုင်စွမ်းအားနည်း နေမှာဖြစ်ပါတယ်။ဒီတော့စိတ်ခံတပ်ကိုဘယ်လို တည်ဆောက်ကြမလဲ?

  34. 237

    We All Need to Respect Self-Value.

    တန်ဖိုး − အလွယ်ပြောရရင် ကိုယ့်အတွက်အရေးကြီးတဲ့အရာ၊ တန်ဖိုးထားဦးစားပေးတဲ့အရာပဲ ဖြစ်ပါတယ်။ ကိုယ် ဘယ်လို ပြုမူမှာလဲ၊ဘယ်လို ဆုံးဖြတ်ချက်တွေ လုပ် ဆောင်မှာလဲ၊ ဘယ်လို ရွေးချယ်မှုတွေလုပ်မှာလဲစတာတွေကို ပုံပေါ်လာအောင် လမ်းညွှန်ပုံဖော်ပေးတဲ့ စံတွေ၊ ယုံကြည်မှုတွေလို့လည်းဆိုနိုင်ပါသေးတယ်။ ဒီတန်ဖိုးတွေ ဘယ်လိုပုံပေါ်လာလဲ? တန်ဖိုးတွေ ဆိုတာ ကိုယ့်ရဲ့ဘဝအတွေ့အကြုံ၊ ဖြတ် သန်းလာမှုပုံစံ၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းဆိုင်ရာ၊ နောက် ပတ်ဝန်းကျင်ဆိုင်ရာ အဖြစ်အပျက်တွေကြောင့် ကိုယ့်အပေါ် သက်ရောက်လာမှုတွေ (သို့)ကိုယ့်ရဲ့ သုံးသပ်ယုံကြည်မှုတွေ စသဖြင့် ဒီအပေါ် မူတည်ထားတဲ့ စံနှုန်းတွေလို့ဆိုနိုင်ပါတယ်။ ဘဝရဲ့ အတွေ့အကြုံအပေါ်မူတည်ရင်း ရှုမြင်လက်ခံမှုနဲ့တန်ဖိုးထားမှုတွေ ကွာခြား သွားတယ်။ခြားနားမှုရှိတဲ့ ဘဝ “background” အသီးသီးနဲ့ မတူညီစွာ ဖြတ်သန်းခဲ့ရတဲ့ လူတွေအတွက် တစ်ယောက်နဲ့ တစ်ယောက် ရဲ့တန်ဖိုးတွေဟာ တူတော့ မတူညီနိုင်ဘူးပေါ့။ တချို့အတွက် တန်ဖိုးဆိုတာ ရိုးသားမှု၊တချို့က ကြင်နာမှု၊ ဒါမှမဟုတ် ကိုယ်ချင်း စာမှု၊ ဖြောင့်မတ်မှု ၊ စည်းစိမ်ချမ်းသာ၊ဂုဏ် စသဖြင့် အမျိုးမျိုး ဖြစ်နိုင်တယ်။ 

  35. 236

    𝗪𝗵𝗲𝗻 𝗼𝗻𝗲 𝗱𝗼𝗼𝗿 𝗰𝗹𝗼𝘀𝗲𝘀, 𝗮𝗻𝗼𝘁𝗵𝗲𝗿 𝗱𝗼𝗼𝗿 𝗼𝗽𝗲𝗻𝘀.

    ငြင်းဆိုခံရခြင်း ဆိုတာ ဘဝမှာ မလွှဲသာမရှောင်သာကြုံတွေ့ရတတ်တဲ့ ဘဝအစိတ်အပိုင်းတစ်ခုဆိုလည်း မမှားပါဘူး။ ကိုယ် ချစ်တဲ့ သူ (သို့)သံယောဇဉ်ရှိသူရဲ့ ငြင်းဆိုမှုကို ခံရတယ်။ ကိုယ်လျှောက်တဲ့ အလုပ်မှာ ကိုယ့်ကိုငြင်းပယ်ခံရတယ်။ ကိုယ် တီထွင် ဖန်တီးထားတဲ့တန်ဖိုးထားတဲ့အရာတွေအပေါ် ငြင်းဆိုခံရတယ်။ အလုပ်မှာ ကိုယ်တင်သွင်းတဲ့အဆိုကိုငြင်းပယ်ခံရတယ်။ အနီးရှိသူတွေထံက ကိုယ့်တောင်းဆိုမှုတွေအပေါ် ငြင်းပယ်ခံရတယ် စသဖြင့်အမျိုးမျိုးပေါ့။  ဒီလိုငြင်းဆိုခံရမှုတွေဟာ တချို့တွေအတွက် စိတ်ပျက်အားလျော့စရာဖြစ်စေတယ်။ ယုံကြည်မှု ပျောက်ရှစေတယ်။နာကျင် ခံစားစေတယ်ပေါ့။ ဘယ်သူမှတော့ ကိုယ့်ကို ငြင်းဆိုနေမှုကို လိုချင်ကြမှာမဟုတ်ပါဘူး။ ဒါတွေဟာ Self-Doubt ကိုယ့်ကို ကိုယ်သံသယဖြစ်စေဖို့၊ inner fear စိတ်တွင်းအကြောက်တရားတွေရရှိလာဖို့ လှုံ့ဆော်နိုင်တဲ့ triggerတွေ လို့လည်းပြောနိုင် ပါတယ်။                                                                                                                                

  36. 235

    Self-Inflicted Injuries are worse.

    အခြားသူတွေပေးတဲ့ ဒဏ်ရာတွေထက် ကိုယ့်ကိုကိုယ်ပေးထားတဲ့ ဒဏ်ရာတွေဟာ ပိုနက်ပြီး ၊ ပိုနာကျင်ရတတ်ပါတယ်။ အခြားသူဆီက ရခဲ့တဲ့ အနာဟာ ၊အခြားလူတစ်ယောက်ကြောင့် ပျောက်ကင်းပါတယ် ။ ကိုယ်တိုင်က ပေးထားရင်တော့ ကိုယ် တိုင်ပြန်ကုသရမယ်။မချစ်သင့်သူကို ချစ်မိလို့ ရတဲ့ ဒဏ်ရာဟာ ကိုယ်တိုင်ဖန်တီးတာပဲ။ နာကျင်မှန်းသိရက်ရုန်းမထွက်နိုင် တာဟာလည်း ကိုယ်တိုင်ပေးတဲ့ ဒဏ်ရာပဲ။ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်လို့ ၊ မကျေနပ်နိုင်လို့လည်း ဒဏ်ရာတွေ ရတတ်တယ် ၊ မလိုသူတွေပြောစကားနဲ့ပြိုလဲမိတာလဲ ကိုယ့်ရဲ့ ပျော့ညံ့မှုကြောင့် ရတဲ့ဒဏ်ရာပဲဖြစ်ပါတယ်။ အတွေးလွန်တာ လည်းကိုယ်တိုင်ဖန်းတီးတဲ့ ဒဏ်ရာတစ်ခု ဖြစ်တယ်။ ဆိုတော့ ကိုယ့်ကိုကိုယ် ပေးမှန်းမသိပေးနေမိတဲ့ ဒဏ်ရာတွေ ဘယ် လောက် တောင် များနေခဲ့သလဲ ပြန်ဆန်းဆစ်ကြည့်ပါ ။                                                                                  ကိုယ်သဘောကျမိတဲ့ လူတစ်ယောက် ကိုယ့်ကိုပြန်မချစ်နိုင်တာဟာကိုယ့်အပြစ်မဟုတ်ဘူး ။ ဒါဟာ သူ့စိတ်နဲ့ သူကိုယ် သူ ရွေးချယ်ချင်တာ ရွေးမှာပဲ ။ဒါကို ငါသာ ဒီ့ထက်ပိုလှရင် ၊ ဒီ့ထက် ခန္နာကိုယ်မိုက်ရင် ၊ အရပ်ရှည်ရင် ၊ဟာသတွေပြောတတ်ပြီး ငါဟာတော်နေခဲ့ရင် သူကငါ့ကိုပြန်ချစ်မှာဆိုတဲ့ စိတ်မျိုးနဲ့ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ ။ ကိုယ်ဟာ ကိုယ့်ပုံစံလေးအတိုင်း လှနေပါတယ်။ ကိုယ်ဟာတစ်စုံတစ်ယောက်ရဲ့ ပြီးပြည့်စုံတဲ့ typeဖြစ်နေမှာပါ။ ဒီပုံစံမျိုးနဲ့ ဒဏ်ရာပေးထားမိရင် ချက်ချင်းပဲ ကုသလိုက်ပါ ။                                                                                                                                                         

  37. 234

    Mutual Respect is Everything.

       Mutual respect ဆိုတာ ဘယ်လို ဆက်ဆံရေးမျိုးမဆို လိုတာဖြစ်လို့သမီးရည်းစားတွေကြားမှာလည်း အချင်းချင်း အပြန် အလှန်လေးစားမှုဆိုတာ ရှိသင့်ပါတယ်။မတူကွဲပြားမှုတွေကို လက်ခံပေးခြင်းက Mutual Respect ရှိတာပါ။လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး၊ သီချင်းတစ်ပုဒ်ကို ကိုယ်က ကြိုက်ပေမယ့်သူ့အကြိုက်ဟုတ်ချင်မှ ဟုတ်မှာဖြစ် သလို သူကြိုက်တဲ့ဇာတ်ကားကိုကိုယ်ကြိုက်ဖို့ဆိုတာကလည်း မလွယ်ပါဘူး။ ဒါက ဥပမာပါ၊ ဘဝမှာ ဒီထက်ပိုပြီး အမြင်မတူ စရာကိစ္စတွေလည်း ဒုနဲ့ဒေးပါ။                                                                                                                                    Mutual respect ရှိတယ်ဆိုတာ ဒီလို အမြင်မတူတာတွေ၊မတူကွဲပြားမှုတွေကို လက်သင့်ခံပေးတာလည်းပါပါတယ်၊ အဲ့ဒီလို မှမဟုတ်ဘဲငါကြိုက်တာကမှအကောင်း၊ ငါ့အမြင်ကမှအမှန်၊ တစ်ဖက်လူကိုငါလုပ်သလိုလုပ်ရမယ်၊ငါကြိုက်တာတွေပဲလိုက်ကြိုက် ရမယ်၊ မကြိုက်ရင် မချစ်လို့ဆိုပြီးတစ်ကိုယ်ကောင်းဆန်နေရင်တော့ ဒီဆက်ဆံရေးက ရေရှည်တည်တံ့သွားဖို့ မလွယ်ပါဘူး။

  38. 233

    Believe that you can have success and happiness at the same time.

    အောင်မြင် ခြင်းနဲ့ ပျော်ရွှင်ခြင်းတို့ကို ဘဝမှာတစ်ပြိုင်နက်တည်း ပိုင်ဆိုင် နိုင်တယ်ဆိုရင် ယုံမှာလား။ တကယ်တော့ ထိုအရာ နှစ်ခုကိုတစ်ပြိုင်နက်တည်း ပိုင်ဆိုင်နိုင်ပါတယ်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတာကိုသတိရပါ။ ရုပ်ပိုင်းဆိုင်ရာ ကျန်း မာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တို့ကိုလျစ်လျူရှုလိုက်မယ်ဆိုရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီးကိုခံစားရနိုင်ပါတယ်။ ကိုယ်ရော စိတ်ပါ ကျန်းမာနေမယ်ဆိုရင်တော့ ကြံစည်သမျှအရာအားလုံးကို အောင်မြင်စွာ လုပ်ဆောင် နိုင်မှာပဲ ဖြစ်ပါတယ်။                                                                                                                                                ချစ်ရသူတွေနဲ့ အတူတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်မျိုးကုန်ဆုံးဖူးပါသလား။ ဒါဆိုရင်တော့ နားဆင်သူလောက် ပျော်ရွှင် ရမယ့် သူ ကမ္ဘာပေါ်မှာရှိမှာ မဟုတ်ပါဘူး။ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများ၊ မိသားစုများနဲ့တန်ဖိုးရှိတဲ့ အချိန် ကုန်ဆုံးခြင်း အားဖြင့် အချိန်တစ်ခုရောက်မှ နောင်တရရတဲ့အဖြစ်မျိုးကနေ ကင်းဝေးရမှာပဲ ဖြစ်ပါတယ်။

  39. 232

    Learn to see your own worth in every face of criticism.

    တစ်ဦးတစ်ယောက် (သို့) လူအများဆီကနေ ကိုယ့်အပေါ်ဦးတည်တိုက်ခိုက်လာတဲ့ ဝေဖန်ကဲ့ရဲ့ မှု၊ အပြစ်တင်မှုတွေ ကြုံတွေ့ ဖူး ကြလား လို့မေးကြည့်ချင်ပါတယ်။ ဝေဖန်အပြစ်တင်မှုဆိုကတည်းက ကိုယ့်ရဲ့တိုးတက်နိုင်ရေး၊ပြုပြင်နိုင်ရေးကိုအကြောင်းပြုပြီး ကောင်းမွန်သောရည်ရွယ်ချက်နဲ့အကြုံပြုချက်ပေးတာမျိုး၊ ဆွေး နွေး ညှိနှိုင်းမှုလုပ် ဆောင်တာမျိုး မဟုတ်ပဲအပြုသဘော မဖြစ် စေတဲ့ စကားလုံးတွေ၊ အထင်အမြင် တွေနဲ့ စွပ်စွဲပြောဆိုခြင်း ကို ဆိုလိုပါတယ်။                                                                                                                                                   ဒီလို ပြစ်တင်ဝေဖန်မှု၊ ကဲ့ရဲ့မှုတွေကို နယ်ပယ်တော်တော်များများမှာကြုံတွေ့ဖူးကြလိမ့်မယ် ထင်တယ်။ ကိုယ့်ရဲ့ 𝗽𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗹𝗶𝗳𝗲 မှာလည်းဖြစ်နိုင်သလို𝗽𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗹𝗶𝗳𝗲မှာလည်းဖြစ်နိုင်ပါတယ်။ ဒီလို အပြုသဘောဘက်လည်းမရောက်၊ ကိုယ့်ကို အကူအညီ လည်းမဖြစ်တဲ့တစ်ဖက်လူရဲ့ထင်မြင်ယူဆမှုတွေကြောင့်ပဲ𝗘𝗺𝗼𝘁𝗶𝗼𝗻𝗮𝗹 𝗿𝗲𝘀𝗽𝗼𝗻𝘀𝗲 တွေဖြစ်တဲ့ဝမ်းနည်းအားငယ်မှုတွေ၊ ရှက်စိတ် တွေ၊ ဒေါသတွေ၊ မပျော်ရွှင်မှု၊မကျေနပ်မှုတွေနဲ့အတူ တစ်ဖက်မှာလည်း ကိုယ့်ကိုကိုယ်ယုံကြည်စိတ်တွေ၊ချစ်ခင်တန်ဖိုးထားစိတ် တွေအပေါ်အနည်းအများသက်ရောက်မှုတွေရှိသွားပါတယ်။

  40. 231

    Let Your Life Be BLESSed.

    အနာဂတ်စီမံခန့်ခွဲမှုလို့ပြောလိုက်ရင်နောက် လာမဲ့၃-၅နှစ်တာကို ယခုကာလကနေထည့်သွင်းစဥ်းစားရတာကို ဆိုလိုပါတယ်။ တစ်နှစ်တာဆိုတဲ့အချိန်ဟာကုန်တာ မြန်ဆန်ပါတယ်။ကိုယ့်အနေနဲ့ လုပ်စရာတွေ၊ သင်စရာတွေ၊ကိုယ့်အတွက်နဲ့ ဘေးကလူတွေအတွက်ပါထည့်သွင်းစဥ်းစားလိုက်တဲ့အခါအလွန်မှအချိန်တွေဟာပိုလျှံနေတယ်လို့မမြင်နိုင်တော့ပါ။ အနာဂတ်လို့အဝေးကြီးတွေးလိုက်ရင်အကြီးကြီးတွေလုပ်နေရမယ်လို့အထင်မမှားသင့်ပါဘူး။ အကြောင်းကကိုယ့်အနေနဲ့တရက်တာကို ဘယ်လိုဖြတ် သန်းနေလဲ? ဆိုတာကနေစတင်တွေးကြည့်ရမှာဖြစ်တယ်။                                                                                                       Build-မိမိကိုယ်ကိုယ်တည်ဆောက်နေရဲ့လား? ဥပမာ ခန္ဓာကိုယ်အရ,ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေလား?အခြားသော မိမိ တည်ဆောက်နေရမဲ့အရာတွေ၊ကိုယ်နဲ့ကိုယ်ကြား၊ ကိုယ်နဲ့မိသားစုကြား၊ ကိုယ်နဲ့အပြင်ကလူတွေကြား စတဲ့ ဆက်ဆံရေး၊လူမှု ရေးတွေအပြင် အခြားသော ဘ၀အတွက်လိုအပ်တဲ့ system တွေကိုတည်ဆောက်နေဖို့လိုအပ်ပါတယ်။ Learn-သင်ယူမှုဟာ တိုးတက်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်၊သင်စရာတွေများတဲ့ခေတ်မှာ ဘယ်အရာကိုတစိုက်မတ်မတ်နဲ့ လေ့လာသွားမလဲဆိုတာ ကို စီမံရမှာဖြစ်တယ်၊ကိုယ့်ရဲ့စိတ်၀င်စားမှု နယ်ပယ်နဲ့ကိုက်ညီတဲ့ အရာလား? ခေတ်နဲ့အညီမဖြစ်မနေ လိုက်ပါ သင်ယူရမဲ့အရာ လား?ကိုယ့်အတွက်လိုအပ်ရဲ့လား? စတာတွေကိုဆန်းစစ်ပြီးလေ့လာသွားရမှာဖြစ်ပါတယ်။

  41. 230

    Don’t Dwell On Superfacial Truths And Live In Harmony With Authenticity.

    သာမန် ပုထုဇဥ်တွေအနေနဲ့ လောကမှာ ဘယ်သူတွေကမှန်တယ်၊ဘယ်သူတွေကတောဖြင့် မမှန်ဘူး ဆိုပြီး မိမိတို့ရဲ့ခေါင်းထဲမှာ မှတ်ချက်တွေ၊အမြင်တွေ၊ အတွေးတွေ တစ်ပုံတစ်ခေါင်းကြီးနဲ့ရှုမြင်ပြီးနေ့စဥ်ဘ၀ကိုရွက်လွှင့်နေကြတယ်။ ဒီရဲ့နောက်ကွယ်မှာ သိနိုင်တဲ့အတိအကျအဖြေဆိုလို့အတိအကျ ဘာမှမသိတာပဲ ဖြစ်နေ တယ်။ အတွေးအမြင်တွေ မှတ်ချက်တွေပေးရတာလွယ် တယ်။ ပြီးရင်ဒီအရှုပ်ထုတ် တွေ၊ အမှိုက်တွေနဲ့ သံသရာလည်နေတတ်ကြပါတယ်။   လူတွေကအမှားအမှန်တွေကိုသာရှာလေ့ရှိပြီး စစ်မှန်မှု (အမှန်တရား)ကိုရှာဖွေဖို့မေ့နေတတ်ကြတယ်။ စစ်မှန်မှု (သို့) အမှန် တရား ဆိုတာဟာ ဘာကိုဆိုလိုတာလဲ?စစ်မှန်မှုဆိုတာ မပြောခင် စစ်မှန်မှုကို သီအိုရီရှု့ထောင့်များစွာနဲ့ ချဥ်းကပ်ပြီးပြောကြ လေ့ရှိတယ်။ သက်ဆိုင်ရာ သီအိုရီရဲ့ ဘာသာစကားအရ ဒါဟာအမှန်၊ ဒါဟာ မမှန်ဘူး။

  42. 229

    Jealousy Burns Very Hot.

    မနာလိုမှုဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနေတတ်ပါတယ်။ မနာလိုမုန်းထားခြင်းဟာ ကိုယ့်ကိုကိုယ် မီးပြန်ရှို့သလိုပဲကိုယ့်စိတ်နဲ့ ကိုယ် ပူလောင်ရပါတယ်။ ကိုယ့်ထက်သာသွားလို့ မနာလိုတာ၊ကိုယ်မပျော်နိုင်ပေမဲ့ သူပျော်နေရလို့ မနာလိုတာ၊ ကြိုးစားတာ ချင်း တူ တာတောင် သူကပိုအောင်မြင်လို့ စသဖြင့် မနာလိုမှုတွေဟာ အမျိုးမျိုးပါပဲ။                                                                    မနာလိုလို့ ကွယ်ရာမှာအပုတ်ချပြောတာ၊ နာမည်ဖျက်တာ၊ တိုက်ခိုက်တာတွေကိုမှ မနာလိုဖြစ်ခြင်းလို့ခေါ်တာမဟုတ်ဘူး။ မုဒိတာ မပွါးပေးနိုင်တဲ့စိတ်၊ အဘိဇ္စျာ ပွါးသောစိတ်ဟာလည်းမနာလိုခြင်းပါပဲ။ ငါကတော့ဖြင့် ဘယ်သူ့အကြောင်းမှ မပုတ် ခတ်ဘူး၊ မတိုက်ခိုက်ဘူးဆိုရင်နဲ့ မနာလိုခြင်းအလျင်းကင်းတဲ့သူလို့ ထင်ပါသလား။ တစ်ခါတစ်လေမှာ ကိုယ်တိုင်သတိမထား မိတဲ့ မနာလိုခြင်းတွေ ကိုယ့်မှာရှိနေတတ်သတဲ့။တနည်းပြောရရင် အငုံ့စိတ်တွေပေါ့။  Facebook ကြည့်ရင်းက ပုံလှလှ၊လူ ချောချောလေးတွေတာနဲ့မိတ်ကပ်တွေ ၊ effect တွေနဲ့မို့ ဒီ့လောက်လဲမလှပါဘူးလို့ ကိုယ့်စိတ်အတွင်းကနေ blameမိတာဟာ မနာလိုခြင်းပါပဲ။ သူ့ရုပ်နဲ့သူ သူ့ဘာသာဘယ်လိုပြင်ပြင်ကိုယ်နဲ့မဆိုင်ပါဘူး မဆိုင်တာကို အရာပေးနေမိခြင်းကိုက မနာလိုခြင်းတစ်မျိုးပဲဖြစ်တယ်။

  43. 228

    Be Your Life Blessed.

    သင်ဟာပြိုင်ဘက်ကင်းတယ်ဆိုတာ အမှတ်ရပါ။ အနာဂတ်စီမံခန့်ခွဲမှုလို့ပြောလိုက်ရင်နောက်လာမဲ့ ၃-၅နှစ်တာကို ယခုကာလ ကနေထည့်သွင်းစဥ်းစားရတာကိုဆိုလိုပါတယ်။တစ်နှစ်တာဆိုတဲ့အချိန်ဟာကုန်တာ မြန်ဆန်ပါတယ်။ ကိုယ့်အနေနဲ့ လုပ်စရာတွေ၊ သင်စရာတွေ၊ကိုယ့်အတွက်နဲ့ဘေးကလူတွေအတွက်ပါထည့်သွင်းစဥ်းစားလိုက်တဲ့ အခါအလွန်မှအချိန်တွေဟာ ပိုလျှံနေတယ်လို့ မမြင်နိုင်တော့ပါ။ အနာဂတ်လို့အဝေးကြီးတွေးလိုက်ရင်အကြီးကြီး တွေလုပ်နေရမယ်လို့အထင်မမှား သင့်ပါဘူး။ အကြောင်းက ကိုယ့်အနေနဲ့ တရက်တာကို ဘယ်လိုဖြတ်သန်းနေလဲ?ဆိုတာကနေ စတင်တွေးကြည့်ရမှာ ဖြစ်တယ်။                                                                                                                                                                                                  Build-မိမိကိုယ်ကိုယ်တည်ဆောက်နေရဲ့လား?ဥပမာခန္ဓာကိုယ်အရ, ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေလား? အခြားသော မိမိ တည် ဆောက်နေရမဲ့အရာတွေ၊ကိုယ်နဲ့ကိုယ်ကြား၊ ကိုယ်နဲ့မိသားစုကြား၊ ကိုယ်နဲ့အပြင်ကလူတွေကြား စတဲ့ ဆက်ဆံရေး၊လူမှုရေးတွေ အပြင် အခြားသော ဘ၀အတွက်လိုအပ်တဲ့ systemတွေကိုတည်ဆောက်နေဖို့ လိုအပ်ပါတယ်။ Learn-သင်ယူမှု ဟာ တိုးတက်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်၊သင်စရာတွေများတဲ့ခေတ်မှာ ဘယ်အရာကိုတစိုက် မတ်မတ်နဲ့လေ့လာသွားမလဲ ဆိုတာကို စီမံရမှာ ဖြစ်တယ်၊ကိုယ့်ရဲ့စိတ်၀င်စားမှု နယ်ပယ်နဲ့ကိုက်ညီတဲ့ အရာလား? ခေတ်နဲ့အညီမဖြစ်မနေ လိုက်ပါ သင်ယူရမဲ့အရာလား?ကိုယ့် အတွက်လိုအပ်ရဲ့လား? စတာတွေကိုဆန်းစစ်ပြီး လေ့လာသွားရမှာဖြစ်ပါတယ်။

  44. 227

    Always review your life because its too short.

    ကိုယ့်အနေနဲ့ကြီးပွားတိုးတက်ချင်ပေမဲ့မှန်ကန်တဲ့ချဥ်းကပ်မှုတွေ မလုပ်နေဘူး ဆိုရင် နှစ်တွေသာကြာနိုင်ပြီး မှန်းထားသလောက် ဖြစ်လာဖို့ခဲယဥ်းပါတယ်ဆိုတာကို လူတိုင်းသိထားကြပါတယ်။ သို့သော်လည်းတစ်ဖက်မှာအကြောင်းကြောင်းကြောင့် လက် လျှော့ လိုက်မိတာ၊ နေမြဲနေဆဲနေရာမှာပဲ လွယ်လင့်တကူရပ်နေလိုက်တော့တာ မျိုး ဖြစ်နေနိုင်ပါတယ်။ ကိုယ့်အတွက်တစ်ခုခုလုပ်တဲ့အခါကောက်ကာငင်ကာနဲ့ လုပ်ဖို့အခွင့်အရေးမပေးတာ၊ အခြားလူတွေအတွက် မနက်ဖြန် သဘက်ခါ ထလုပ်နိုင်ပေမဲ့ ကိုယ်ကျမှနှစ်များစွာရင်းပြီးမှ ထိုအဆင့် (သို့)အခြေအနေကိုရောက်တာ တွေဟာ နောက်ကွယ်ကကိုယ့်အတွက် မှီခို အားထားမှုရှိခြင်း၊ မရှိခြင်း နဲ့များစွာ သက်ဆိုင်နေပါတယ်။ တကယ်လည်းအချိန်တွေကြာစေတယ်၊ တကယ်လည်း မှန်းထား သလောက် မတိုးတက်နေတာမျိုးဖြစ်နေတတ်တယ်။ကိုယ်လုပ်နိုင်စေအောင် ငွေအားပံ့ပိုးပေးမဲ့သူ၊ (သို့)ဥာဏအားပံ့ပိုးပေးမဲ့ သူ တွေကို ရှာဖွေထားနိုင်လေလေ မိမိအတွက်အချိန်ကြန့်ကြာစေမှုကို တိုတောင်းထားနိုင်မှာ ဖြစ်တယ်။ ဒါကြောင့် ဘယ်သူတွေနဲ့ ဆုံမလဲ၊ ဘယ်သူတွေဆီကနေအကူအညီကို မရှက်ဘဲဖွင့်ပြောကြည့်မလဲ၊ စတာတွေကို ကြိုးစားသင့် ပါတယ်။                  

  45. 226

    Always Separate Work And Personal Life.

    လုပ်ငန်းခွင်မှာအလုပ်လုပ်ကိုင်တဲ့အခါ အရေးအကြီးဆုံး အချက်ကတော့ အလုပ် နဲ့ ကိုယ်ရေး ကိုယ်တာခွဲခြားထားခြင်းပဲ ဖြစ်ပါ တယ်။ အလုပ် နဲ့ ကိုယ်ရေး ကိုယ်တာကို မခွဲခြားထားတဲ့အခါစိတ်ဖိစီးမှုများလာမယ်၊ မိမိရဲ့ စွမ်းဆောင်ရည် ကျလာမယ်၊ မနိုင်ဝန် ထမ်းနေရမယ်။မိမိရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ပဲဖြစ်ဖြစ်၊ အထက်လူကြီးနဲ့ပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးအရခင်မင်မှုရှိတဲ့အတွက်ကြောင့် ကိုယ့်ဘက်က အားနာနေရင် ကိုယ်ပဲ ခံစားသွားရပါလိမ့်မယ်။                                                                                                                                                  လုပ်ငန်းခွင်မှာ စည်းတစ်ခု ခြားထားဖို့ လိုအပ်ပါတယ်။စည်းချထားတဲ့အခါသုံးမျိုးသုံးစား ခွဲခြားထားနိုင်ပါတယ်။ ရုပ်ပိုင်း ဆိုင်ရာ အရ စည်းတားထားခြင်း၊စိတ်ခံစားချက်အရ စည်းတားထားခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအရ စည်းတား ထားခြင်းတို့ပဲ ဖြစ်ပါတယ်။​အပြင်ပိုင်းမြင်သာတဲ့ပုံစံနဲ့ စည်းတားထားချင်တယ်ဆိုရင် အခုလို လုပ်နိုင်ပါတယ်။ ကိုယ်အလုပ်ရှုပ်နေကြောင်း၊ ကိုယ့်ကို စကား လာမပြောစေချင်တဲ့အခါ နားကြပ်တပ်ထားပြီးအလုပ်လုပ်တာမျိုး၊ နေ့လည်စာ ထမင်းစားတဲ့အခါ အမြဲတမ်း အတူတူ သွားမစား ဘဲ​ တစ်ယောက်တည်းသွားစားတာမျိုး၊ ကိုယ့်ဆီက ပစ္စည်းတစ်ခုခု ချေးငှား မယ်ဆိုရင် အချိန်အကန့် အသတ်တစ်ခု ခြားထား ခြင်း၊လူတစ်ယောက်ကို ဖက်တာထက်စာရင် လက်ဆွဲနှုတ်ဆက်ခြင်း ကို ဦးစားပေးခြင်း ဒါတွေကို လုပ်ဆောင်နိုင်ပါတယ်။

  46. 225

    Self-Acceptance is Lifelong commitment process and journey.

    Self-Acceptance ဆိုတာ မိမိမှာရှိတဲ့ ကောင်းခြင်း၊ဆိုးခြင်း၊ အားနည်းချက်၊အားသာချက်၊ ရုပ်ရည်ပုံပန်းသဏ္ဍန်၊ ကိုယ်ရေကိုယ် သွေးစတဲ့အချင်းအရာတွေအပေါ် ကြိုဆိုလက်ခံတတ်ခြင်းနဲ့ သက်တောင့်သက်သာ ရှိနေခြင်းဟုဆိုလိုခြင်းဖြစ်တယ်။ နားဆင်သူ တွေရော Self-Acceptanceနဲ့ပတ်သက်လာရင်ဘယ်လိုနားလည်ခံယူထားလဲ?မိမိအနေနဲ့ Self-Acceptance ရဖို့ဘယ်အရာတွေကတားဆီးနေလဲ? အမှတ် (၁-၁၀) ပေးရရင် မိမိရဲ့ Self-Acceptance level ဘယ်လောက်ရှိနေပြီလဲ? ရတဲ့အမှတ်ကို ထပ်မံတိုးအောင်ဘာလေးတွေထပ်မံလုပ်ဆောင်ရမယ်လို့ထင်လဲ?စတဲ့မေးခွန်းလေးတွေမေးကြည့်ပါ။                                              ကျွန်တော့်အတွက်ဆိုရင်Self-Acceptance ဟာ ‘Lifeloncommitment process and journey’ (စဥ်ဆက်မပြတ် လုပ်ဆောင် သွားရမဲ့ခရီးစဥ်)လို့ခံယူထားပါတယ်။ အကြောင်းက တစ်နေ့၊ တစ်လ၊ တစ်နှစ်၊ လောက်နဲ့လက်ခံပြီးရင်ပြီးသွားမှာမျိုးမဟုတ်လို့ပါ။ မိမိအနေနဲ့ ဘ၀အတက်အကျကြားမှာ၊ထပ်ခါထပ်ခါကြုံတွေ့ရမဲ့ အကောင်းအဆိုးတွေ၊ ပြင်ပအရာတွေရဲ့ သက်ရောက်မှုတွေ စတဲ့ အရာတွေဟာတစ်ကြိမ်တစ်ခါတည်းနဲ့ပြီးသွားမှာမျိုးမဟုတ်လို့ပါ။ ဒီတော့ အကောင်းဆုံးကတော့မိမိအနေနဲ့လက်ခံနိုင်မှု သန်မာ နေအောင် လေ့ကျင့်ထားရမှာဖြစ်တယ်။ သို့သော်ယိုင်နဲ့သွားတဲ့အခိုက်အတန့်တွေရှိမယ်၊ ဆောက်တည်ရာမရတဲ့အချိန်တွေရှိမယ်၊၀မ်းနည်းတတ်တဲ့အခါတွေရှိမယ်၊ နားလည်လက်ခံပေးဖို့ခက်ခဲနေတဲ့အချိန်တွေကြုံရနိုင်မယ်၊ ဒီတော့ အမြဲတမ်းသွေးနေရမယ်၊ခိုင်ခန့်နေအောင်မွမ်းမံနေရမှာဖြစ်တယ်။  

  47. 224

    When pettiness consumes life, many negative consequences are experienced.

    သိမ်ငယ် စိတ် ဆိုတာသည် လူတိုင်းနီးပါးကြုံတွေ့ရတဲ့အရာတစ်ခုဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သိမ်ငယ်စိတ်ကိုခံစားရတတ်ပါတယ်။ ဥပမာ ငယ်ရွယ်စဥ်က လူကြီးတစ်ယောက်ယောက်က ကိုယ့်ကို အခြားသူများနဲ့နှိုင်းယှဥ်ပြီး ကိုယ့်ကို သူ့ရဲ့ ခြေဖျားတောင် မမှီဘူးဆိုပြီး လိုက်နှိုင်းယှဥ်လွန်းတဲ့အခါမှာလည်းသိမ်ငယ်စိတ်က တဖြည်းဖြည်း ခိုအောင်းလာတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ အချိန်ကြာလာတဲ့အခါသိမ်ငယ်စိတ်က တဖြည်းဖြည်း ကြီးထွားလာပြီး ဘဝကို ဝါးမျိုသွားပါလိမ့်မယ်။ သိမ်ငယ်စိတ်ကဘဝကို ဝါးမျိုသွားတဲ့အခါ များစွာသောဆိုးကျိုးတွေကို ခံစားရတတ်ပါတယ်။ ပထမဆုံး စိတ်ကျန်းမာရေးကိုထိခိုက်လာမယ်။ သိမ်ငယ်စိတ်ကြောင့် ပျော်ရွှင်ရမယ့် အချိန်မှာလည်း မပျော်ရွှင်အား၊ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားရမယ့် အချိန်မှာလည်း ဂုဏ်ယူဝင့်ကြွားဖို့ကိုလည်းမေ့လျော့နေလာတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မပြည့်စုံသလို အားငယ်နေသလိုခံစားရလာခြင်းကတော့ စိတ်ကျန်းမာရေး အားနည်းနေကြောင်း ဖော်ပြနေတာပဲဖြစ်ပါတယ်။

  48. 223

    Try To Accept The Changes Lightly.

    နေ့စဉ် စိတ်လက်ပေါ့ပါးချင်ရင်ကိုယ့်အတွေးတွေကိုလည်း ပေါ့ပေါ့ပါးပါး တွေးတတ်ဖို့လိုပါတယ်။ ကြုံတွေ့ရတဲ့ အခြေနေ ၊ကြားရတဲ့ စကား အားလုံးကို ရင်ထဲထည့်ပြီး ခံစားနေလို့ မရပါဘူး။ တချို့သော အရာတွေကိုမသိသလိုနေပြီး ၊ တချို့သော စကားများကို မကြားသလိုသာ သဘောထားတတ်ဖို့ လိုပါတယ်။အားလုံးကို အလေးနက်ထားပြီး လိုက်ခံစားနေရင် ကိုယ်ပဲ ပင်ပန်းရပါလိမ့်မယ်။                                                                                                                                      စကားလုံးတွေအပေါ် ပေါ့ပေါ့ပါးပါး …. တွေး။ လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါအရမ်း Sensitive ဖြစ်နေလို့ မရပါဘူး။မတော် တဆ ပြောမိတာတွေ၊ ဒေါသကြောင့်ပြောမိတာတွေ၊ မနာလိုစိတ်ကြောင့် ပြောမိတာတွေစသဖြင့် ဆိုးရွားတဲ့ အပြော ဆိုတွေကို အတည်ယူပြီး မခံစားပါနဲ့ ။ နားကကြားသမျှကိုနှလုံးသားဆီ မပို့ပါနဲ့ ။ တစ်ခါတစ်လေမှာ ချစ်ခင်ရသူ အချင်းချင်းကြား မတော် တဆ ပြောထွက်မိတာတွေဒေါသကြောင့် လွှတ်ခနဲ ပြောလိုက်တာတွေဟာ ရှိတတ်ပါတယ်။ စကားလုံးတိုင်းကို အထန ကောက် ပြီး လိုက်မခံစားပါနဲ့။ ဒီစကားတွေအပေါ် အရမ်း Serious ဖြစ်နေတယ် နာနာကျင်ကျင်လိုက်ခံစားနေတယ် ဆိုရင် တန်ဖိုးထား သင့်တဲ့ ဆက်ဆံရေးတွေ ဆုံးရှုံးရတတ်ပါတယ်။

  49. 222

    Difficulties in life make you stronger.

    အခက်ခဲတွေ ၊ ပြဿနာတွေကို ဘယ်သူမှ မလိုချင်ကြပါဘူး။ ဒါပေမဲ့လဲ မတွေ့ချင်လို့ ရှောင်နေလို့ရတဲ့အထဲမှာ အခက်နဲ့ ပြဿနာ တွေက မပါဘူး ။ကိုယ်တိုင် မကျူးလွန်ရင်တောင်မှ မထင်မှတ်ပဲ ရောက်လာတဲ့အခက်ခဲတွေ ၊ ရှောင်နေရင်းကတမင်ဝင်တိုးလာတဲ့ ပြဿနာတွေဟာ နေ့စဉ်နဲ့အမျှကြုံနေရဦးမှာပဲ။                                                                                                            အခက်ခဲတွေဟာ ဘယ်နေရာကိုရောက်ရောက် တွေ့နေရမှာပဲ ၊ ဒါဟာ လောကရဲ့နိယာမတစ်ခုပါ ။ ငယ်ငယ်က ကျောင်းတက် ရတဲ့ အခက်ခဲ ၊ လုပ်ငန်းခွင်က ပြဿနာ ၊ မိသားစုပြဿနာ ၊ အချစ်ရေး ၊ အိမ်ထောင်ရေး ၊ စားဝတ်နေရေး စတဲ့ အခက်ခဲ ပြဿနာ တွေဟာအဟောင်းတွေ ပြီးသွားလိုက် ၊ အသစ်တွေက ထပ်ဝင်လာလိုက်နဲ့ ရှိနေကြမှာပါ။ ဒီလိုအခက်ခဲတွေများများ ကြုံရတဲ့အခါ လူကို ပိုသန်မာစေတာ သတိထားမိပါသလား။

  50. 221

    If there are people who comfort you, who always listen to you with interest and kindness, be sure to appreciate it.

    တစ်စုံတစ်ယောက်ရဲ့ နေ့စဉ်ဘဝကို စိတ်ဝင်တစားနားထောင်ပေးတတ်ခြင်းဟာလည်း နွေးထွေးစေတဲ့ ချစ်ခြင်းမေတ္တာ တစ်မျိုးပဲ။ မနက်မိုးလင်းကစလို့ညအိပ်ယာဝင်တဲ့အထိ ဒီနေ့ ဘာတွေလုပ်တယ်၊ ဒီနေ့ ဘယ်တွေသွားတယ်၊ ဘယ်သူကတော့ ကိုယ့်ကိုဘယ် လိုပြောတယ်၊ ရာသီဥတု ကြည်လင်တာကစလို့၊ ညနက်သန်းခေါင်တွေမှာအထီးကျန်ရကြောင်းအထိ ကိုယ့်ဘဝ ရဲ့ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေကိုမျှဝေနားထောင်ပေးမယ့်သူတွေရှိတာ ဘာနဲ့မှ အစားထိုးလို့ မရနိုင်တဲ့ကံကောင်းခြင်းပါပဲ။                            လူတိုင်းဟာ ကိုယ့်ကို နားထောင်ပေးမယ့်သူတွေကို လိုအပ်ပါတယ်။ တကယ်တော့နားထောင်ပေးရတဲ့ အလုပ်ဟာ မလွယ်ကူပါ ဘူး။ လူတွေဟာ သူတစ်ပါးပြောတာ နားထောင်ဖို့ထက်ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေ၊ အပြစ်တင်​ ဝေဖန်မှုတွေကိုပဲ ရေပက် မ၀င် ပြောပြီးကိုယ့်ကိုယ်ကိုယ် ရှေ့တန်းတင်တတ်ကြပါတယ်။ နောက်ပြီး လူတိုင်းမှာ သူ့​ပြဿနာနဲ့သူမိုလို့ သူတစ်ပါးရဲ့ ပြဿနာတွေ၊ စိတ်ညစ်စရာတွေ၊ အပူသောကတွေကိုစိတ်ရင်းနဲ့နားထောင်ကူညီပေးဖို့ဆိုတာက လွယ်ကူတဲ့အလုပ် တစ်ခု မဟုတ်ပါဘူး။ ဒါကြောင့်မိုလို့ ကိုယ့်ကို အမြဲစိတ်၀င်တစားနဲ့ ကြင်ကြင်နာနာ နားထောင်ပေး၊နှစ်သိမ့်ပေးတတ်တဲ့သူ တွေရှိရင် သေချာ တန်ဖိုးထားပါ။

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

HOSTED BY

Padamyar FM

Frequently Asked Questions

How many episodes does ဒီနေ့အတွက်စကား have?

ဒီနေ့အတွက်စကား currently has 50 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is ဒီနေ့အတွက်စကား about?

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

How often does ဒီနေ့အတွက်စကား release new episodes?

ဒီနေ့အတွက်စကား has 50 episodes. Check the episode list to see recent publication dates and frequency.

Where can I listen to ဒီနေ့အတွက်စကား?

You can listen to ဒီနေ့အတွက်စကား on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts ဒီနေ့အတွက်စကား?

ဒီနေ့အတွက်စကား is created and hosted by Padamyar FM.
URL copied to clipboard!