Dawei Watch Podcast podcast artwork

PODCAST · news

Dawei Watch Podcast

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

Publisher-supplied feed metadata · PodParley refreshed May 26, 2026 · Source feed

  1. 1000

    မေလ ၂၅ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- တနင်္သာရီတိုင်း စစ်အစိုးရဝန်ကြီးချုပ်ရုံးခန်းကို ဒရုန်းရန်ကာကွယ်ရေး ပိုက်ကွန်အုပ်နေတဲ့ သတင်း- ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအုပ်စုမှာ စစ်အာဏာရှင်တပ်က နေအိမ်တွေမီးရှို့တဲ့အကြောင်း- ကလိန်အောင်မြို့အနီး ကျောက်ရှပ်ရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က ဗုံးကြဲတဲ့အခြေအနေ- တနင်္သာရီမြို့နယ် လယ်သစ်ရွာကို စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ ဗုံးကြဲတဲ့ သတင်း- ချင်းမိုင်မြို့လယ်က မြန်မာဘားကို ရဲတပ်ဖွဲ့ဝင်ဖမ်းလို့ မြန်မာ ၁၀ ကျော် အဖမ်းခံရတဲ့သတင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  2. 999

    မေလ ၂၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- လောင်းလုံးဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင်တပ်ကို တိုက်ခိုက်တဲ့ သတင်း- အခုနှစ်ကုန်ပိုင်းမှာ စူပါအယ်လ်နီညို ဖြစ်နိုင်ပြီး အစွန်းရောက် ရာသီဥတုဒဏ် ခံရနိုင်တဲ့ အခြေအနေ- မြိတ်မှာ လေးလအတွင်း လျှပ်စစ်တစ်ယူနစ် ကျပ်တစ်ထောင်ကျော် ဈေးတက်တဲ့အကြောင်း - ထိုင်း-မြန်မာနယ်စပ်မှာ ဆေးကုပေးနေတဲ့ ထိုင်းဆရာဝန်ကို WHO က ဂုဏ်ပြုဆုချီးမြှင့်တဲ့ သတင်း- သံဖြူဇရပ်မှာ MPTအမျိုးသားဝန်ထမ်းနှစ်ဦး အသတ်ခံရတဲ့အကြောင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  3. 998

    မေလ ၁၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ထိုင်းနယ်စပ် မောတောင်ကို စစ်အာဏာရှင်တပ်က အပြင်းအထန်ထိုးစစ်ဆင်ပြီး ပြန်သိမ်းတဲ့သတင်း- လောင်းလုံးမြို့နယ် ထိန်တွင်းရွာမှာ ကျောင်းသားတစ်ဦးရေနစ်သေဆုံးတဲ့အကြောင်း- ကော့သောင်းမြို့ခံတွေဆီက ကျပ်သိန်းပေါင်းသောင်းချီ လိမ်လည်ပြီးထွက်ပြေးတဲ့သတင်း- သံဖြူဇရပ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ အလောင်းထပ်တွေ့တဲ့အကြောင်း- မောတောင်စစ်ဘေးရှောင်တွေ အမိုးအကာနဲ့ စားနပ်ရိက္ခာလိုအပ်နေတဲ့အခြေအနေစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  4. 997

    မေလ ၁၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့· မောတောင်မြို့ အမှတ် ၆ ရွာရှိ စစ်‌ရှောင်တွေနဲ့ ရဟန်းတွေကို စစ်အာဏာရှင်တပ်ဖမ်းဆီးတဲ့ အခြေအနေ· ထားဝယ်မြို့နားက ပေါက်တိုင်းရွာမှာ လိုင်စင်မဲ့ဆိုင်ကယ်ဘေးတွဲယာဉ်တွေ စီးခွင့်ပိတ်တဲ့အကြောင်း· ထားဝယ်ကမ်းနီးငါးဖမ်းလှေတချို့ ပြန်ထွက်လို့ ရေထွက်ကုန်ပစ္စည်းတွေ ဈေးပြန်ကျတဲ့သတင်း· ရေးမြို့နယ် နှစ်ကရင်ရွာက ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးတဲ့အကြောင်း· ရေးမှာ ပြည်သူ့စစ်အဖွဲ့က ရေလုပ်သား‌တွေကိုဖမ်းဆီးပြီး ငွေကြေးတောင်းခံနေတဲ့ အခြေအနေ· ဆယ်ကျော်သက် ထိုင်းလူငယ်တွေကို ရိုက်နှက်ခဲ့တဲ့ မြန်မာလူငယ်အုပ်စုကို ဖမ်းမိတဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  5. 996

    မေလ ၁၈ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ကလိန်အောင်မြို့အခြေစိုက် ခမရ ၄၀၉ တပ်ရင်းက စစ်မှုထမ်း ၁၀ ဦး ထွက်ပြေးလာတဲ့အကြောင်း- သရက်ချောင်း မြို့နယ်က ရငဲကျေးရွာကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်လို့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့ အခြေအနေ- မြိတ်မြို့က စက်သုံးဆီဆိုင် မီးလောင်မှုမှာ သေဆုံးသူ ထပ်တိုးလာတာ- ကံပေါက်က ရပ်ကွက်နှစ်ခုမှာ စျေးဆိုင်နဲ့ နေအိမ်တွေ ဆက်တိုက် ဖောက်ထွင်းအခိုးခံနေရတဲ့အကြောင်း- ထားဝယ်မြို့မှာ စစ်အာဏာရှင်တပ်က ညဘက်နေအိမ်မှာ စစ်မှုထမ်းဝင်ဆွဲလို့ လူငယ်တစ်ဦး ပါသွားခဲ့တဲ့ အခြေအနေ- လူ ၈ ဦး သေဆုံးခဲ့တဲ့ ဘန်ကောက်မြို့လယ် ရထားတိုက်မှုတွင် ရထားမောင်းသူက မူးယစ်ဆေးသုံးထားကို စစ်ဆေးတွေ့ရှိခဲ့တာ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  6. 995

    မေလ ၁၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ပုလော ဆင်ထိုးကြီးရွာမှာ အမျိုးသားတစ်ဦး အိမ်ခြံဝင်းအတွင်း မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရတဲ့ အခြေအနေ- ဒုတပ်ရင်းမှူး ပစ်သတ်ခံရပြီးနောက် လမိုင်းမြို့မှာ စစ်ဆေးမှု တင်းကျပ်တဲ့အကြောင်း- ခြောက်မိုင်ရွာမှာ ရွာသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားရတဲ့ အခြေအနေ- ရေး စကခ-၁၉ က တပ်သား လေးဦး ရေးဘီလူးအဖွဲ့ဆီ ထွက်ပြေးလာတဲ့ အကြောင်း- တရားမဝင် နိုင်ငံခြားသား‌တွေကို အမြစ်ပြတ်နှိမ်နင်းဖို့ ထိုင်းရဲဗိုလ်ချုပ်ကြီး အမိန့်ပေးတဲ့ သတင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  7. 994

    မေလ ၁၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- စစ်အာဏာရှင်တပ် လေယာဉ်နဲ့ ဗုံးကြဲလို့ တကူရွာစာသင်ကျောင်းဆောင် နှစ်ဆောင်ပျက်စီးတဲ့သတင်း- ဘီးလင်းမှာ စစ်ဘေးရှောင်ကားကို စစ်အာဏာရှင်တပ်ပစ်ခတ်လို့ သားအမိနှစ်ဦးသေဆုံးတဲ့အကြောင်း- သရက်ချောင်းက ဝင်းဝစခန်းသိမ်းတိုက်ပွဲကာလမှာ နေအိမ်တစ်ရာကျော်ပျက်စီးခဲ့တဲ့ အခြေအနေ- မြန်မာ ၉၀ ကို ထိုင်းအစိုးရက ကော့သောင်းပြန်ပို့တဲ့သတင်း- ထားဝယ်မြို့သစ်မှာ တစ်ပတ်အတွင်း ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံးတဲ့သတင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  8. 993

    မေလ ၁၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့· သရက်ချောင်းမြို့နယ် လဝကဝန်ထမ်းတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းတဲ့သတင်း· ကံပေါက်မှာ မိုးကြိုးစက်ကွင်းထိမှန်ပြီး အမျိုးသားတစ်ဦးသေဆုံးတဲ့ အကြောင်း· ထားဝယ်မှာ အုပ်ချုပ်ရေးမှူးမိသားစု ပစ်သတ်ခံရပြီးနောက် အစစ်အဆေးတင်းကျပ်တဲ့ အခြေအနေ· မြိတ်မှာ ရေတစ်ယူနစ် ကျပ်ခုနစ်ထောင်ကျော်အထိကောက်ခံတဲ့အကြောင်း· ရေးမှာ စစ်အာဏာရှင်တပ်စစ်ကြောင်းထိုးနေပြီး စစ်ရေးတင်းမာနေတဲ့အခြေအနေ· ချင်းမိုင်မှာ မြန်မာပိုင်မျက်မှန်ဆိုင်ကို ထိုင်းရဲဝင်ဖမ်းလို့ မြန်မာ ၅ ဦး ဖမ်းဆီးခံရတဲ့အကြောင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  9. 992

    မေလ ၁၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- မောတောင် တနင်္သာရီလမ်းပိုင်း ဖောင်ဆိပ်ရွာ လေယာဉ်နဲ့ဗုံးကြဲခံရတဲ့အကြောင်း- ထားဝယ်မြို့ ဆန်းချီရပ်ကွက် အုပ်ချုပ်ရေးမှူးလင်မယား ပစ်သတ်ခံရတဲ့အခြေအနေ- ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ မြိတ်မြို့မှာ ဆိုင်ကယ်လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာ။- ထားဝယ်မြို့ ကမ်းနားလမ်းမှာ အပတ်စဉ်ပြုလုပ်နေကျ စတိတ်ရှိုးအစီအစဉ် ရပ်နားလိုက်တဲ့အကြောင်း- ရေခူတစ်ပိဿာ ကျပ်နှစ်သောင်းကျော်အထိ ‌ဈေးမြောက်သွားတာ- သထုံယာဉ်တိုက်မှုမှာ အမျိုးသမီး သုံးဦး သေဆုံးတဲ့ အခြေအနေ- ရနောင်းမြို့မှာ မြန်မာပိုင် ဘတ်သန်း ၅၀ တန် တရားမဝင်ကုန် သိုလှောင်ရုံကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဝင်ဖမ်းသွားတဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  10. 991

    မေလ ၇ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ကော်သူးလေတပ်၊ ဆာကပေါတပ်ရင်းက တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ကျော် KNLA နဲ့ ပူးပေါင်း တဲ့အခြေအနေ- လောင်းလုံးမြို့နယ် ဝေဒီကမ်းနားမှာ ကားတစ်စီးကို စစ်အာဏာရှင်တပ်က မီးရှို့တဲ့ အကြောင်း- ကံပေါက်တိုက်နယ်ထဲက ကျေးရွာအချို့မှာ စစ်မှုထမ်းကြေးတွေ ကောက်ယူနေတဲ့ သတင်း- အသက်အကြီးဆုံး ထားဝယ် Biker ဦးသီးလှိုင် ကွယ်လွန်တဲ့အကြောင်း- ဘီးလင်းမှာ စခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေတဲ့ အခြေအနေစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  11. 990

    မေလ ၅ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ထားဝယ်ခရိုင်ထဲ အခုလပထမပတ်အတွင်း သစ်ပင်ပေါ်က လူနှစ်ဦးပြုတ်ကျပြီး တစ်ဦးသေဆုံးတဲ့သတင်း- ထားဝယ်မြို့မှာ ကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ ဒဏ်ရာရတဲ့အကြောင်း- ကျိုက္ခမီမှာ ရေလုပ်သားနဲ့ ဒေသခံ ၃၀ ထက်မနည်း ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်နေတဲ့အခြေအနေ- ထိုင်းမှာ ဆင်နင်းခံရပြီး မြန်မာအမျိုးသမီးတစ်ဦးသေဆုံးတဲ့သတင်း - ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန်နဲ့ အီရန် တိုက်ခိုက်မှုဖြစ်တဲ့အကြောင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  12. 989

    မေလ ၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ရန်ကုန် ထားဝယ်လမ်းပိုင်း မလွှဲတောင်နဲ့ ကလိန်အောင်ကြား စစ်ရေးတင်းမာနေတဲ့အကြောင်း - နယ်စပ်မြို့ မောတောင် ဗုံးကြဲခံရပြီး မိသားစုဝင်သုံးဦးထိမှန်ခဲ့သလို နေအိမ်ပါပျက်စီးသွားတဲ့ အခြေအနေ - ထားဝယ်အရှေ့တောမှာ ခြံဝင်းထဲမိုင်းပေါက်ကွဲလို့ အမျိူသားတစ်ဦး ဒဏ်ရာရသွားတာ - ရှင်တောက်ထိန်နဲ့ ထားဝယ်တက္ကသိုလ်ကြားမှာ တောမီးလောင်ကျွမ်းခဲ့တဲ့ အကြောင်း - လုပ်အားခမရှင်းပေးတဲ့ အလုပ်ရှင်ကိုသတ်လို့ မြန်မာလေးဦး ဖမ်းဆီးခံရတာ - ထိုင်းမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို အရှိန်မြှင့်စစ်ဆေးဖမ်းဆီးတော့မယ့် အခြေအနေ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  13. 988

    မေလ ၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့တဲ့သတင်း- တနင်္သာရီတိုင်း ပကဖ တိုက်ခိုက်ရေးတပ်ရင်း စတင်ဖွဲ့စည်းလိုက်တဲ့သတင်း- မိကျောင်းလှောင်းရွာသစ်မှာ ကလေးတစ်ဦးအသတ်ခံရမှု တရားခံဆိုသူကို ရွာသားတွေက ဝိုင်းဝန်းဖမ်းဆီးလိုက်တဲ့အကြောင်း- ထားဝယ်သားလုပ်ငန်းရှင် ဦးခင်စိုး လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပေမဲ့ အဲဒီနေ့မှာပဲ ပြန်အဖမ်းခံရတဲ့သတင်း- နယ်ကျော်ငါးဖမ်းလို့ ထောင်ချခံရတဲ့ ထိုင်းလှေပေါ်က မြန်မာရေလုပ်သားတွေ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့သတင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  14. 987

    ဧပြီလ ၃၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- စစ်အာဏာရှင်တပ်က ရဟတ်ယာဥ်ကွင်းဆောက်ဖို့ဆိုပြီး ဒေသခံတွေရဲ့ အိမ်ခြံမြေတွေ သိမ်းယူတဲ့သတင်း - ကဆုန်လပြည့်နေ စစ်အစိုးရလွတ်ငြိမ်းမှာ ထားဝယ်ထောင်က ၁ ဦး၊ မြိတ်ထောင်က ၁၃ ဦးလွတ်တဲ့အကြောင်း- တနင်္သာရီတိုင်း စစ်အစိုးရအဖွဲ့စည်ပြီး ၁၅ ရက်အတွင်းမှာပဲ လုံ/နယ်ဝန်ကြီး ပြောင်းလဲလိုက်တဲ့ အခြေအနေ- ထားဝယ်သား စီးပွားရေးလုပ်ငန်းရှင် ဦးခင်စိုး ထောင်ချခံရပြီး ခုနစ်ရက်အကြာမှာ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့အကြောင်း- မေလလယ်မှာ မုတ်သုံစဝင်မှာဖြစ်ပြီး မုန်တိုင်းငယ် ၆ ကြိမ်အထိဖြစ်နိုင်တဲ့ သတင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  15. 986

    ဧပြီလ ၂၈ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- စစ်အာဏာရှင်တပ်က ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို လေယာဉ်နဲ့ ဗုံးကြဲလို့- ဒေသခံနှစ်ဦးသေဆုံးတဲ့ အခြေအနေ- ထားဝယ်ဘက်ကနေတစ်ဆင့် တရားမဝင် ဝင်လာသူ ၁၉ ဦး ကန်ချနဘူရီမှာ ထိုင်းရဲဖမ်းဆီးတဲ့သတင်း- ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးမှာ ကဆုန်လပြည့်နေ့ စတုဒိသာလှူဒါန်းမယ့် အကြောင်း- ရာဖူးရွာမှာ ရော်ဘာခြံလုပ်သားတစ်ဦး မိုင်းနင်းမိတဲ့အခြေအနေ- CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများ ဩဂုတ် ၁၇ အထိ ထပ်တိုး ဖွင့်လှစ်မယ့်သတင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  16. 985

    ဧပြီလ ၂၇ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- နယ်စပ်မြို့ မောတောင်ကို စစ်အာဏာရှင်တပ်က နှစ်ရက်ဆက် ဗုံးကြဲ‌တိုက်ခိုက်နေတဲ့ အကြောင်း- ထားဝယ်မြို့မှာ တန်းစီစရာမလိုဘဲ စက်သုံးဆီဝယ်ယူနိုင်ပြီဖြစ်သလို ပြင်ပစျေးကွက်မှာ စျေးပြန်ကျလာနေတာ- တနင်္သာရီမြို့မှာ စစ်ကြောင်းထိုး၊ လက်နက်ကြီးနဲ့ပစ်လို့ နှစ်ဦးဒဏ်ရာရတဲ့ အခြေအနေ- လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းသွားတဲ့ ရှင်မုတ္ထီးရွာ အုပ်ချုပ်ရေးမှူး ပြန်မလွတ်သေးတဲ့အကြောင်း- မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံထဲ မှောင်ခိုပို့နေတဲ့ မြန်မာပွဲစားတစ်ဦး အဖမ်းခံရတာ- ထိုင်းနိုင်ငံမှာ ပထွေးဖြစ်သူက ဓားနဲ့ထိုးလို့ မြန်မာတစ်ဦး သေဆုံးသွားတဲ့အခြေအနေ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  17. 984

    ဧပြီလ ၂၄ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ထားဝယ်သား စီးပွားရေးလုပ်ငန်းရှင် ဦးခင်စိုးကို စစ်အစိုးရ ထောင်ခြောက်လချလိုက်တဲ့သတင်း- မြိတ်မှာ ကိုရင်ငယ်ကို ရိုက်နှက်ခဲ့သူကို အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်တဲ့သတင်း- စစ်မှုထမ်းအပတ်စဉ်-၁ တနင်္သာရီတိုင်းမှာ အိမ်ပြန်ခွင့်ရသူအရေအတွက် စစ်အုပ်စုက ထုတ်မပြောတဲ့အကြောင်း- ထားဝယ်မှာ အကျဉ်းသားမိသားစုဝင်တွေကို ပစ်မှတ်ထားငွေလိမ်မှု ဆက်တိုက်ကြုံရတဲ့အခြေအနေ- ထိုင်းကို တရားမဝင် ဝင်လာတဲ့ မြန်မာ ၆၀ ကျော် အိမ်ထဲမှာ ပုန်းနေချိန် ဖမ်းဆီးခံရတဲ့အကြောင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  18. 983

    ဧပြီလ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- KNLA ဖမ်းထားတဲ့ သရက်ချောင်းက ဇနီးမောင်နှံကို ပြန်လွှတ်ပေးမယ်ဆိုပြီး အမျိုးသားတစ်ဦးက ကျပ်သိန်းနှစ်ရာ ငွေညှစ်တဲ့သတင်း- တနင်္သာရီမှာ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေဖြစ်ပြီး ဒေသခံတွေတိမ်းရှောင်ကြဖို့ အသိပေးတဲ့အကြောင်း- ကျွန်းစုနဲ့ ဘုတ်ပြင်းက ကျေးရွာတွေမှာ ရေရှားပါးနေပြီး ရေဈေးနှစ်ဆကျော်တက်တဲ့အခြေအနေ- မြိတ်မှာ ကိုရင်ငယ်ကို ရိုက်နှက်တဲ့ ရဟန်းကိုလူဝတ်လဲပြီး အမှုဖွင့်တဲ့သတင်း- တနင်္သာရီတိုင်း ကျွန်းပတ်လေယာဉ်ခရီးစဉ်ပြေးဆွဲဖို့ စီစဉ်နေတဲ့အကြောင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  19. 982

    ဧပြီလ ၂၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- မြိတ်မှာ ကိုရင်ငယ်ကို ရိုက်နှက်တဲ့ရဟန်းကို ခံဝန်ထိုးခိုင်းမယ်ဆိုတဲ့သတင်း- မြိတ်မြို့နယ် တုံးဗျောရွာကို စစ်အာဏာရှင်တပ်စစ်ကြောင်းထိုးလာပြီးနောက် စစ်ရှောင်တွေကို နေရာရွှေ့ခိုင်းတဲ့ အကြောင်း- ထားဝယ်မြို့နားက မောင်မယ်ရှောင်မှာ စစ်အာဏာရှင်တပ်က တောမီးရှို့လို နေအိမ် ၁၀ ကျော် မီးလောင်တဲ့သတင်း- လောင်းလုံးမြို့နယ် ညင်းမော်ရွာကို စစ်ကြောင်းထိုးနေလို့ ဒေသခံတွေထွက်ပြေးနေရတဲ့အခြေအနေ- ထိုင်းမှာ မြန်မာအမျိုးသမီးတစ်ဦး ဘတ် ၁၂ သန်း ထီပေါက်တဲ့သတင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  20. 981

    ဧပြီလ ၂၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ရေဖြူမြို့နယ် နဘုလယ်ဒေသ မင်္ဂလာဆောင်မှာအဖမ်းခံရတဲ့ ဒေသခံတွေ ပြန်လွတ်လာတဲ့သတင်း - လောင်းလုံးမှာ အမျိုးသားတစ်ဦးကိုသတ်ပြီး ထွက်ပြေးနေသူက ဆက်သွယ်လာပြီး အဖမ်းခံတဲ့ အကြာင်း- တနင်္သာရီတိုငးက စစ်မှုထမ်းစုဆောင်းခံရသူ ၅၀၀ ကျော်ကို ရေကြောင်းနဲ့ ရန်ကုန်၊ ဧရာဝတီ၊ မွန်နဲ့ ရခိုင်ကို ပို့ဆောင်တဲ့ သတင်း- ကံပေါက်မှာ ဆယ်ကျော်သက် မိန်းကလေးသူငယ်ချင်း အချင်းချင်းဓားထိုးမှုဖြစ်တဲ့ အကြောင်း- ရေးအခြေစိုက် စစ်အာဏာရှင်တပ်ရဲ့ စကခ ၁၉ လက်နက်တိုက်မီးလောင်ပေါက်ကွဲတဲ့သတင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  21. 980

    ဧပြီလ ၂၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- နဘုလယ် မင်္ဂလာဆောင် စစ်အာဏာရှင်တပ်ဝင်စီးပြီး ဒေသခံတွေကို ဖမ်းဆီး- သရက်ချောင်းမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက်ပြတ်- ရမ်းဖိုရွာက စစ်ဘေးရှောင်တွေ နေရပ်ပြန်နေကြဖို့ စစ်အာဏာရှင်တပ်နဲ့ ဂေါပကအဖွဲ့က ဖိအားပေး- ရန်ကုန် - မော်လမြိုင် ကားလမ်း ယာဉ်တိုက်မှုသေဆုံးသူ ၁၃ ဦးအထိ ရှိလာ- ထိုင်း-မြန်မာနယ်စပ်က KNU ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရ- အမျိုးသမီးတွေ အိမ်သာတက်နေတာကို ဗီဒီယိုခိုးရိုက်တဲ့ မြန်မာတစ်ဦး ဖမ်းဆီးခံရစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  22. 979

    ဧပြီလ ၁၀ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- မကြာသေးခင်ကပဲ ဒုတိယတပ်ချုပ်ရာထူးကို စွန့်လွှတ်ခဲ့ရတဲ့ ဦးစိုးဝင်းကို အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌရာထူးပေးလိုက်တဲ့ သတင်း- သရက်ချောင်းမှာ စစ်မှုထမ်းစုဆောင်းခံရတဲ့လူငယ်နှစ်ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အခြေအနေ- ထားဝယ်မုန့်လက်သုပ်စျေးတက်ပြီး တစ်ပွဲ ၁,၅၀၀ ကျပ်ဖြစ်လာတဲ့အခြေအနေ- ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်လှေတစ်စီးကို တော်လှန်ရေးတပ် တွေတိုက်ခိုက်တဲ့အကြောင်း- မြန်မာ ၈၀ ဦး ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးခံရတဲ့သတင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  23. 978

    ဧပြီလ ၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ဝင်းဝစခန်းအနီးဝန်းကျင်က စုံစင်ဖျားရွာကို လေယာဉ်နဲ့ ဗုံးကြဲပြီး ရွာတချို့ကို စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ ပစ်တဲ့ အခြေအနေ- သံဖြူဇရပ်မှာ စစ်အာဏာရှင်တပ်စခန်းကို ရာမညမွန်တပ်တော်က တိုက်ခိုက်တဲ့ အကြောင်း- ရန်ကုန်-ထားဝယ်လမ်းပေါ်က ကလိန်အောင် - မလွှဲတောင်လမ်းပိုင်း မရမ်းချောင်းရွာမှာ ထိတွေ့တိုက်ပွဲဖြစ်တဲ့ သတင်း- ပြည်ကြီးမဏ္ဍိုင်မှာ စစ်အာဏာရှင်တပ်ဖွဲ့တွေကို ဒရုန်းနဲ့တိုက်ခိုက်တဲ့အခြေအနေ- မွန်ပြည်နယ်မှာ ကုန်ပစ္စည်းပို့ဆောင်ခတွေ လေးဆစျေးတက်တဲ့ သတင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  24. 977

    ဧပြီလ ၈ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ထားဝယ်မှာ စုံ၊ မ စနစ်နဲ့ ဖမ်းဆီးပြီး အရေးယူခံရသူတွေရှိလာတဲ့သတင်း - လောင်းလုံးမှာ လှည့်ကင်းကိုကားနဲ့ တိုက်မိလို့ ပစ်ခတ်ဖမ်းဆီးခံရတဲ့ဆရာတော် ပြန်လွတ်တဲ့အကြောင်း- တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာသားတစ်ဦး ပျောက်ဆုံးပြီး ခြောက်ရက်ကြာတဲ့အထိ ပြန်မတွေ့သေးတဲ့အခြေအနေ- ထိုင်းက မြန်မာ ၈၀ လောက်ကို စစ်မှုထမ်းအဓမ္မစုဆောင်းနေတဲ့ ကော့သောင်းဘက် ပြန်ပို့လိုက်တဲ့သတင်း- အီရန်-အမေရိကန် နှစ်ပတ်ကြာအပစ်ရပ်ရေး သဘောတူအပြီး ကမ္ဘာ့ရေနံဈေး ကျလာတဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  25. 976

    ဧပြီလ ၇ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- သရက်ချောင်းမှာ စစ်အာဏာရှင်တပ်က ဆိုင်ကယ်‌တွေသိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်း- လက်ရှိဝန်ကြီးအများစု တနင်္သာရီတိုင်းစစ်အစိုးရမှာ ပါဝင်လာ- စစ်ဘေးကြောင့် ထားဝယ်အတာအိုး ရောင်းအားဆက်ကျ- မော်လမြိုင်မှာ သင်္ကြန်စည်ကားအောင် အသွင်ပြောင်းစစ်အစိုးရ ကြိုးပမ်း- မွန်စစ်အစိုးရကို ကြံခိုင်ရေးပါတီဝင်အများစုနဲ့ ဖွဲ့စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  26. 975

    ဧပြီလ ၆ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ဗိုလ်ချုပ်ဟောင်းတစ်ဦးကို တနင်္သာရီတိုင်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တဲ့အကြောင်း- ဖမ်းဆီးခံရတဲ့ မိသားစုဝင်ကို လိုက်တွေ့တဲ့ မိခင်နဲ့ အစ်မဖြစ်သူကို စစ်ကော်မရှင်က ထမ်မံ ဖမ်းဆီးလိုက်တာ- ထားဝယ်မြို့က အိမ်ထောင်သည်သုံးဦး စစ်မှုထမ်းစုဆောင်းခံရတဲ့ အခြေအနေ- တကူနဲ့ သာရဘွင်ကျေးရွာမှာ ကွမ်းသီးခြောက်ထုတဲ့ အလုပ်သမားရှားနေတဲ့အကြောင်း- ကားနဲ့ဝင်တိုက်လို့ဆိုပြီး ဘုန်းကြီးတစ်ပါးကို စစ်အာဏာရှင်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့တာ- ဘတ်တစ်သိန်းစီ ပွဲစားခပေးပြီး မလေးရှားသွားမယ့် မြန်မာ ၃၅ ဦး ထိုင်းမှာ ဖမ်းဆီးခံရတဲ့အကြောင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  27. 974

    ဧပြီလ ၃ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတရာထူး ရယူတဲ့သတင်း- ထားဝယ်မှာ ညဘက်ဆီတန်းစီသူတွေကို နှောက်ယှက်တဲ့ အမျိုးသားနှစ်ဦး ဖမ်းဆီးခံရတဲ့ သတင်း- ကမြောကင်းတံတားဂိတ်မှာ လူငယ်ခြောက်ဦးထက်မနည်း စစ်မှုထမ်းစုဆောင်းခံရတဲ့အကြောင်း- မြိတ်-တနင်္သာရီလမ်းက ကြေးနန်းတိုင်တံတားဂိတ် စစ်ဆေးမှုတွေ‌ တင်းကျပ်နေမှုနဲ့- သရက်ချောင်းမြို့နယ် ဝဲရစ်ကျေးရွာအနီးကို စစ်အာဏာရှင်တပ် တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲတဲ့သတင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  28. 973

    ဧပြီလ ၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ထားဝယ်မှာ စက်သုံးဆီဝယ်ခွင့်ရဖို့ ဆိုင်ကယ် အပ်ခပေးပြီး ညလုံးပေါက်တန်းစီနေရတဲ့ အခြေအနေ- နေ့အပူချိန် မြင့်နေတဲ့ တနင်္သာရီတိုင်းမှာ မုတ်သုံအကြိုမိုး ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားတဲ့ အကြောင်း- ထားဝယ်အထူးစီးပွားရေးဇုန်ဒေသမှာ လျှပ်စစ်မီးပြန်ရတဲ့သတင်း- ဘန်ကောက်မှာ အသက် ၇ နှစ်အရွယ် မြန်မာကလေးသေဆုံးမှုနဲ့ပတ်သက်ပြီး မိခင်ကို ဖမ်းဝရမ်းထုတ်တဲ့ အကြောင်း- ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခ တစ်ယူနစ် ၃,၈၀၀ ကျပ်အထိဖြစ်လာတဲ့ သတင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  29. 972

    ဧပြီလ ၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- သရက်ချောင်းမြို့နယ်မှာ ကားလမ်းနဲ့ ဖုန်းဆက်သွယ်ရေးလိုင်းဖြတ်တောက်ထားလို့ စားရေးခက်ခဲနေတဲ့သတင်း- စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းနဲ့တိုက်ခိုက်နေလို့ တကူရွာသားတွေ ဈေးမသွားရဲကြတဲ့အခြေအနေ- မွန်ပြည်နယ်မှာ စက်သုံးဆီဆိုင် ၄ ဆိုင် ယာယီပိတ်သိမ်းခံရတဲ့အကြောင်း- တနင်္သာရီမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်တဲ့သတင်း- မြန်မာဘက်က လက်နက်ကြီးကျည်တွေ ထိုင်းဘက်ကျလို့ မြန်မာငါးဦးနဲ့ ထိုင်းတစ်ဦးဒဏ်ရာရတဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  30. 971

    မတ်လ ၃၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- စစ်ခေါင်းဆောင်နဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်ကို ဒုသမ္မတအဖြစ်ရွေးချယ်တဲ့သတင်း- ထားဝယ်သားစီးပွားရေးလုပ်ငန်းရှင် ဦးခင်စိုးရဲ့စက်သုံးဆီဆိုင်ကို စစ်ကော်မရှင်ကယာယီပိတ်သိမ်းတဲ့အကြောင်း- ဝင်းဝစခန်းအနီးကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်နှစ်စင်းနဲ့ တစ်ပြိုင်တည်းဗုံးကြဲတဲ့သတင်း- မွန်မှာ စိုက်ပျိုးရေးသမားတွေ ရေတင်စက်နဲ့ဆီတန်းစီနေရတဲ့အခြေအနေ- မြိတ်မြို့ ဘုရားငါးဆူကွင်းပတ်လည်ရှိ ဆိုင်ခန်းတွေကို မတ်လကုန်မှာအပြီးဖယ်ဖို့ စည်ပင်ညွှန်ကြားတဲ့သတင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  31. 970

    မတ်လ ၃၀ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- စစ်ခေါင်းဆောင်အပါအဝင် လေးဦးကို ဒုသမ္မတလောင်းအဖြစ် လွှတ်တော်နှစ်ခုမှာ အမည်စာရင်းတင်သွင်းတဲ့သတင်း- စစ်ခေါင်းဆောင်ရဲ့ လူယုံ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တပ်ချုပ်ခန့်လိုက်တဲ့အကြောင်း- လေညာ-ရတနာပုံလမ်းမှာတိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ်လက်နက်ကြီးကြောင့် ဒေသခံသုံးဦးဒဏ်ရာရတဲ့ အခြေအနေ- တနင်္သာရီမြို့နယ် ရမ်းဖိုရွာရှိ စစ်အာဏာရှင်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်တဲ့သတင်း- ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်ကို ထိုင်းဘက်ကပိတ်လိုက်တဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  32. 969

    မတ်လ ၂၇ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- စစ်ကော်မရှင်က ထားဝယ်မှာ သင်္ကြန်မဏ္ဍပ်တွေစဆောက်နေတဲ့သတင်း- ထားဝယ်မှာ စက်သုံးဆီစျေး ဒီနေ့ထပ်တက်တဲ့အခြေအနေ- ထားဝယ်မှာ စက်သုံးဆီတန်းစီနေတဲ့ အဘိုးတစ်ဦးနဲ့အမျိုးသမီးတစ်ဦးမူးမေ့တဲ့သတင်း- ပုလောမြို့နယ် မီးလောင်ချောင်းရွာမှာ အမျိုးသားတစ်ဦးမိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးသွားတဲ့အကြောင်း- တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းနဲ့ ထပ်ပြီးတိုက်ခိုက်တဲ့သတင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  33. 968

    မတ်လ ၂၅ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းမှာ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးပြီး လက်နက်ကြီးနဲ့ဆက်တိုက်ပစ်တဲ့ အခြေအနေ- မွန်ပြည်နယ်ရဲ့ စက်သုံးဆီပြင်ပစျေးကွက်မှာ တစ်လီတာကို ကျပ်နှစ်သောင်းအထိ ပေးဝယ်ရတဲ့ သတင်း- ထားဝယ်မြို့မှာ စုံမ စနစ်နဲ့ မနက်ဖြန်ကစပြီးအရေးယူမယ်လို့ စစ်ကော်မရှင်ကြေညာတဲ့ အကြောင်း- မွန်မှာ စက်သုံးဆီတရားမဝင်ရောင်းလို့ဆိုပြီး လုပ်ငန်းရှင်တွေနဲ့ ဆိုင်မန်နေဂျာတွေကိုဖမ်းတဲ့သတင်း- စနေနေ့ည ၈ နာရီခွဲမှာ တစ်နာရီကြာ လျှပ်စစ်မီးပိတ်ပြီး Earth Hour မှာ ပါဝင်ကြဖို့ ထိုင်းအစိုးရ တိုက်တွန်းထားတဲ့အကြောင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  34. 967

    မတ်လ ၂၄ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ထားဝယ်မှာ စက်သုံးဆီဝယ်ဖို့ တန်းစီနေတဲ့ အမျိုးသမီးတစ်ဦး မူးမေ့လဲကျသွားတဲ့အကြောင်း- ထားဝယ်ခရိုင်မှာ စက်သုံးဆီတစ်လီတာ ကျပ်သောင်းဂဏန်းအထိ စံချိန်တင်မြင့်တက်သွားတဲ့ အခြေအနေ- ရေဖြူ ဇာဒီရွာမှာ စစ်ရှောင်တွေကို နေရပ်ပြန်နေကြဖို့ စစ်အာဏာရှင်တပ်က ဖိအား‌ပေးနေတာ- စစ်အုပ်စု အသွင်ပြောင်း အတုအယောင်အစိုးရလက်မခံဘူးလို့ လောင်းလုံးမြိုနယ်မှာ ဆန္ဒထုတ်ဖော်ကြတဲ့အကြောင်း- မြိတ် သကန်တောင်ပုရွာက စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်က တိုက်ခိုက်တဲ့ အခြေအနေ- ဘန်ကောက်မြို့လယ် စျေးဝယ်စင်တာမှာ ကျောပိုးအိတ်ခိုးတဲ့ မြန်မာတစ်ဦးဖမ်းဆီးခံလိုက်ရတာစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  35. 966

    မတ်လ ၂၃ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်ကမ်းနားလမ်းရှိ ဆီဘောကို စစ်ကော်မရှင်အဖွဲ့ဝင်စစ်ပြီး အကန့်အသတ်နဲ့ရောင်းဖို့ ဖိအားပေးတဲ့သတင်း - နိုင်ကျဉ်းတွေကို နှိပ်စက်စစ်ဆေးတဲ့ရဲတစ်ဦး ဖမ်းထားချိန်ထွက်ပြေးလို့ ပစ်သတ်လိုက်ရတယ်လို့ ဒူရကစစ်ကြောင်း ပြောတဲ့အကြောင်း - ဒီဇယ်ဆီတက်လာလို့ သိန္ဓောရွာမှာ ခဲတူးဖော်နေတဲ့စက်တွေ ရပ်ထားရတဲ့အကြောင်း - တရားမဝင်လာတဲ့ မြန်မာတွေလိုက်ပါတဲ့ကား ထွက်‌ပြေးလို့တိမ်းမှောက်ပြီး ၁၀ ကျော် ဖမ်းဆီးခံရတဲ့အခြေအနေ - စစ်အာဏာရှင်တပ်လက်နက်ကြီးကြောင့် ရေဖြူမြို့နယ် ရာဖူးရွာက သားအဖနှစ်ဦးသေပြီး သားအမိနှစ်ဦး ဒဏ်ရာရစတဲ့သတင်း  စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  36. 965

    မတ်လ ၂၀ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- တနင်္သာရီမြို့နယ် တကူရွာမှာ ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းခွဲဖြစ်လာပြီး ဆီရှာရခက်လို့ ခြံလုပ်ငန်းတွေ အခက်တွေ့နေရတဲ့ အခြေအနေ- မြိတ်-ထားဝယ်ကားလမ်းပိတ်ချိန် ပျောက်ဆုံးသွားတဲ့ မြိတ်ဒေသခံလူငယ်နှစ်ဦး တစ်လကျော်အထိ အဆက်အသွယ် မရတဲ့ သတင်း- စစ်ကော်မရှင်တိုင်းဝန်ကြီးချုပ် ဦးမြတ်ကို တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌတာဝန်ယူတဲ့ အကြောင်း- ဓာတ်ဆီပြတ်နေတာကြောင့် တနင်္သာရီရှိ စစ်ဘေးရှောင်တွေဆီ ရိက္ခာဆေးဝါးပို့ဖို့ ကြန့်ကြာနေတဲ့ အခြေအနေ- စစ်အာဏာရှင်တပ်ပိတ်မိနေတဲ့ ဂုံညှင်းဆိပ်ရွာနဲ့ အနီးဝန်းကျင်ကို လေယာဉ်နဲ့ဗုံးကြဲတာ ၁၀ ရက်အထိရှိလာတဲ့သတင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  37. 964

    မတ်လ ၁၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ထားဝယ်မှာ စက်သုံးဆီအခက်အခဲကြောင့် ကမ်းနီးငါးဖမ်းလှေတချို့ရပ်နားတဲ့သတင်း- အာဏာသိမ်းကာလအတွင်း အမျိုးသမီးလစဉ်သုံးပစ္စည်းဈေး ၁၀ ဆအထိ စျေးမြင့်တက်တဲ့အကြောင်း- တနင်္သာရီမြို့ကိုစစ်ကူလာတဲ့ စစ်အာဏာရှင်တပ်ယာဥ်တန်း တိုက်ခိုက်ခံရတဲ့သတင်း- စစ်အာဏာရှင်တပ်က တကူနဲ့ ပဝကျေးရွာအုပ်စုကို ကာမီကာဇေဒရုန်းနဲ့တိုက်ခိုက်တဲ့အကြောင်း- သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ရွာနဲ့အနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ ဗုံးထပ်ကြဲတဲ့ သတင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  38. 963

    မတ်လ ၁၈ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ထားဝယ်မြို့မှာ စက်သုံးဆီပြတ်လပ်နေတဲ့အတွက် တစ်လီတာဝယ်ခွင့်ရဖို့ နာရီနှဲ့ချီတန်းစီနေရတဲ့ အခြေအနေ- မြိတ်-ကျွန်းစုသွား အမြန်ရေယာဉ်ပေါ်က လူငယ် ၃၀ လောက်ကို စစ်အာဏာရှင်တပ်က ဖမ်းပြီး ကျပ်သိန်းဆယ်ချီနဲ့ ပြန်ရွေးခိုင်းတဲ့ သတင်း- ဘီးလင်းမှာ အမျိုးသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရသွားတဲ့ အခြေအနေ- ထိုင်းမှာ ဒီဇယ်ဈေးမြင့်တက်လာလို့ ငါးဖမ်းလှေတွေ အလုပ်ရပ်နားတဲ့သတင်း- ချွန်ဘူရီမှာ လမ်းဘေးစွန့်ပစ်ထားတဲ့မွေးကင်းစကလေးငယ်ကို မြန်မာအမျိုးသမီးက ကယ်တင်တဲ့အကြောင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  39. 962

    မတ်လ ၁၇ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ဝင်းဝစခန်းမှ ထွက်ပြေးလာတဲ့ စစ်အာဏာရှင်တပ်ဖွဲ့ ပိတ်မိနေတဲ့ ဂုံညှင်းဆိပ်ရွာကို လေကြောင်း ပစ်ကူဆက်တိုက်ပေးတဲ့အကြောင်း- တိုက်ပွဲဖြစ်တာမရှိဘဲ စစ်အာဏာရှင်တပ်က တကူရွာဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ- ထိုင်းနိုင်ငံ ကော့စမွေမှာ မြန်မာနိုင်ငံသားတစ်ဦး ရေတံခွန်ပေါ်က ပြုတ်ကျသေဆုံးခဲ့တဲ့ အခြေအနေ- ရွှေ့ပြောင်းကလေးငယ်တွေရဲ့ အခမဲ့ပညာသင်ယူခွင့်ကို ထိုင်းမျိုးချစ်အဖွဲ့က ပညာရေးဝန်ကြီးဌာနထံ ကန့်ကွက်စာပို့လိုက်တဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  40. 961

    မတ်လ ၁၆ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- စစ်အုပ်စုက စိတ်ကြိုက်ပုံဖော်ထားတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီကိုရွေးချယ်တဲ့သတင်း- စစ်အာဏာရှင်တပ်လက်နက်ကြီးကြောင့် လောင်းလုံးမှာ အမျိုးသားတစ်ဦးသေဆုံးတဲ့အကြောင်း- တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးနဲ့ စသုံးလုံးရုံးကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တဲ့သတင်း- သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ရွာမှာ စစ်အာဏာရှင်တပ်က သတ်ထားတဲ့ ဒေသခံ ၇ ဦးအလောင်းတွေ့ တဲ့အကြောင်း- KTLA ဆာကဆောတပ်မတိုက်ခိုက်မှုကြောင့် ဗထူးတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရတဲ့သတင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  41. 960

    မတ်လ ၁၃ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- တနင်္သာရီမြို့မှာ ဓာတ်ဆီတစ်လီတာ ခုနစ်ထောင်အထိဈေးမြောက်နေပြီး တစ်ကြိမ်တန်းစီရင် တစ်လီတာပဲရတဲ့ အခြေအနေ- မြိတ်လေတပ်စခန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တဲ့ သတင်း- အနိုင်ရ ပြည်သူ့ပါတီတိုင်းလွှတ်တော်ကိုယ်စားလှယ်ကို ကြံ့ခိုင်ရေးကတိုင်ကြားမှု UEC ကြားနာတဲ့အကြောင်း- မြိတ်မြို့နယ် တောင်ရှည်ရွာအုပ်စုမှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်တဲ့သတင်း- ထားဝယ်မှာ စက်သုံးဆီဈေး ဆက်တိုက်တက်တဲ့ အခြေအနေစတဲ့သတင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  42. 959

    မတ်လ ၁၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ပြည်ထောင်စုလမ်ပေါ်ရှိ ဝင်းဝစခန်းကို တော်လှန်ရေးတပ်တွေသိမ်းလိုက်တဲ့သတင်း- တနင်္သာရီတိုင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲဝင်ဖြေမယ့် ကျောင်းသူကျောင်းသား ခြောက်ထောင်နီးပါးရှိတဲ့အကြောင်း- မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုမှာ လယ်တစ်ဧက ကျပ်သိန်း၁၀၀ လောက် ဈေးပေါက်ပေမယ့် ၁၅ သိန်းပဲပေးပြီး ဧကသုံးရာလောက်ကို အဓမ္မရောင်းခိုင်းတဲ့သတင်း- ရေဖြူမှာ လျှပ်စစ်မီးမရတဲ့အချိန် စက်သုံးဆီစျေးတက်မှုကြောင့် ဒူးရင်းခြံစရိတ် ၁၀ဆနီးပါးမြင့်တက်လာ တဲ့အခြေအနေ- ဒေသတော်လှန်ရေးတပ်ဖွဲ့လေးခုပေါင်းပြီး ထားဝယ်တပ်တော် စတင်ဖွဲ့စည်းတဲ့အကြောင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  43. 958

    မတ်လ ၁၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ထားဝယ်မှာ ကုန်တင်ကုန်ချလုပ်သားလေးဦး စစ်မှုထမ်းစုဆောင်းခံရတဲ့ သတင်း- မြိတ်က ရွာနှစ်ရွာမှာ အမျိုးသားနှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးတဲ့ အကြောင်း- ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား စစ်အာဏာရှင်တပ်ဂိတ် ဒရုန်းနဲ့ ထပ်ပြီးတိုက်ခိုက်ခံရတဲ့ အခြေအနေ- ထိုင်းကရင်တစ်ဦးကို မြန်မာထင်ပြီး ရိုက်နှက်ခဲ့မှုအတွက် မျိုးချစ်အဖွဲ့ ရဲစခန်းမှာ တောင်းပန်တဲ့ အကြောင်း- ဘန်ကောက်မှာ လောင်စာဆီသိုလှောင်ခန်းမီးလောင်တဲ့ သတင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  44. 957

    မတ်လ ၁၀ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ဒီနေ့ကစပြီး ထားဝယ်မြို့မှာ စုံ၊မ စနစ်နဲ့ စက်သုံးဆီ ရောင်းချပေးနေတဲ့အကြောင်း- သရက်ချောင်းမြို့ပေါ်ရဲစခန်းတိုက်ခိုက်မှုမှာ နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိခဲ့တဲ့ အခြေအနေ- စစ်အာဏာရှင်တပ်က တကူရွာကို လေကြောင်းနဲ့ တိုက်ခိုက်လို့ အရပ်သားတွေ သေဆုံးခဲ့တာ- ဘုတ်ပြင်းမြို့နယ်က လေညာ-ရတနာပုံလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး လက်နက်တွေသိမ်းဆည်းရမိခဲ့တဲ့အကြောင်း- တနင်္သာရီမြို့နယ် တဖီလေးခိုရွာကို စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးတွေအပါအဝင် ခြောက်ဦး သေဆုံးခဲ့တဲ့ အခြေအနေ- ဆယ်ကျော်သက် ထိုင်းမိန်းကလေးကို အဓမ္မပြုကျင့်လို့ မြန်မာတစ်ဦး အဖမ်းခံလိုက်ရတာ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  45. 956

    မတ်လ ၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- လေးထပ်သုဓမ္မာပဝါရဏာဂိုဏ်းချုပ် ရွှေဂူတောင်ဆရာတော် ပျံလွန်တော်မူတဲ့သတင်း- သရက်ချောင်းမြို့မရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အကြောင်း- တနင်္သာရီမြို့နယ် ကမ်းတိုရွာကို စစ်အာဏာရှင်တပ်က ဒရုန်းနဲ့ဗုံးချတိုက်ခဲ့တဲ့သတင်း- ကျွန်းစုမြို့နယ်ထဲက ပင်လယ်ရွာတွေမှာ ဓာတ်ဆီဈေးသုံးဆနီးပါးမြင့်တက်လာတဲ့အခြေအနေ- တိုက်ပွဲဖြစ်တာမရှိဘဲ တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာအနီးကို တိုက်လေယာဉ်နဲ့ဗုံးကြဲတဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  46. 955

    မတ်လ ၆ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ထားဝယ်ထောင်က လွတ်ငြိမ်းနဲ့လွတ်လာတဲ့နိုင်ကျဥ်းနှစ်ဦး စစ်မှုထမ်းဆင့်ခေါ်စာပို့ခံရတဲ့သတင်း- ထားဝယ်မြို့မှာ သံဃာတော်တွေ ဒုတိယအကြိမ်မြောက် မြို့ပတ်ပရိတ်ရွတ်မယ့် အကြောင်း- တနင်္သာရီမြို့နယ် ခြောက်မိုင်ရွာကိုရောက်နေတဲ့ စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်‌တွေတိုက်ခိုက်တဲ့သတင်း- မြိတ်မှာ အုန်းသားခြောက် ဈေးထက်ဝက်ကျတဲ့အကြောင်း- ထိုင်းမှာ ၉၅ ရက်စာလောင်စာဆီ ဖူလုံမှာဖြစ်လို့ မြန်မာနဲ့ လာအိုကို ဆီဆက်ရောင်းပေးမယ်လို့ပြောတဲ့ သတင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  47. 954

    မတ်လ ၅ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- သရက်ချောင်းမြို့နယ် ဝင်းဝစခန်းနားကရွာတွေကို စစ်အာဏာရှင်တပ်ကဗုံးကြဲတဲ့သတင်း- သရက်ချောင်းမှာ စက်သုံးဆီဖြည့်ဖို့တန်းစီစောင့်နေသူသုံးဦး မူးမေ့လဲကျတဲ့အကြောင်း- ထားဝယ်မှာ ၂၀ လီတာသောက်ရေသန့်တစ်ဘူး ၁၇၀၀ ကျပ်အထိပေးရတဲ့အခြေအနေ- ထားဝယ်အရှေ့တောမှာ KTLA ဆာကဆောတပ်ပစ်ခတ်မှုကြောင့် KNLA တပ်ဖွဲ့ဝင်အချို့ဒဏ်ရာရလို့ KNU ထုတ်ပြန်တဲ့သတင်း- ထားဝယ်မြစ်ကူး ကမြောကင်းတံတားစစ်ဆေးရေးဂိတ်မှာ စစ်မှုထမ်းဖမ်းဆီးတဲ့အကြောင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  48. 953

    မတ်လ ၄ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- သရက်ချောင်းမြို့နယ်ရှိဘုတ်တောင်ကို စစ်အာဏာရှင်တပ်က ပေါင် ၂၅၀ ဗုံးတစ်လုံးကြဲချတိုက်ခိုက်တဲ့ သတင်း- ထားဝယ်အရှေ့တော ပခပ်ရွာမှာ စက်သုံးဆီဆိုင်မီးလောင်တဲ့အကြောင်း- မြိတ်မြို့နယ် တက်လက်ငယ်ရွာမှာ စစ်မှုထမ်းကြေးမထည့်သူတွေကို မဲနှိုက်ခိုင်းမယ်လို့ အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်တဲ့သတင်း- တနင်္သာရီမြို့မှာ ဓာတ်ဆီပြတ်နေလို့ဆိုပြီး ဆိုင်ကြီးတွေအရောင်းပိတ်ထားတဲ့ အခြေအနေ- မဲဆောက်မှာ မြန်မာဘက်က ဆီလာဖြည့်သူများနေတယ်လို့ ထိုင်းသတင်းဌာနတွေ ဖော်ပြနေတဲ့ အကြောင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  49. 952

    မတ်လ ၃ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- တနင်္သာရီတိုင်းမှာ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်လွတ်မြောက်လာတဲ့အကြောင်း- ထားဝယ်မြို့က စက်သုံးဆီဆိုင်တွေမှာ တိုးကြိတ်နေကြပြီး ဆိုင်အချို့ကတော့ အကန့်အသတ်နဲ့သာ‌ ရောင်းချပေးနေတဲ့ အခြေအနေ- စစ်မှုထမ်းကြေးကောက်ပြီးပြန်လာတဲ့ တောင်ရှည်ရွာ အုပ်ချုပ်ရေးမှူးကားကို မိုင်းဆွဲတိုက်ခိုက်ခံရတာ- မော‌တောင်နား သဲဖြူရွာနားမှာ စစ်အာဏာရှင်တပ် အင်အားဖြည့်ပြီးနောက် တိုက်ပွဲပြင်းထန်လာနေတဲ့အကြောင်း- ထားဝယ်နည်းပညာတက္ကသိုလ်အနီး ပစ်ခတ်မှုမှာ စစ်အာဏာရှင်တပ်သား သုံးဦးသေဆုံးခဲ့တဲ့ အခြေအနေ- ထိုင်းက မြန်မာလုပ်သားတစ်ဦး ဘတ်ခြောက်သန်းဆု ကံထူးသွားတာ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

  50. 951

    မတ်လ ၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာထဲက နဘုလယ်ခြေတော်ရာဘုရားပွဲကျင်းပတဲ့သတင်း- ရေဖြူ-ထားဝယ်လမ်းပိုင်းမှာ ပစ်ခတ်မှုဖြစ်တဲ့အခြေအနေ- အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ပြစ်ဒဏ်ချခံရသူတွေအပါအဝင် အကျဉ်းသားတစ်သောင်းကျော် လွတ်ငြိမ်းခွင့်ပြုတဲ့သတင်း- သရက်ချောင်းမြို့နယ်မှာ စစ်အာဏာရှင်တပ်စစ်ကြောင်းထိုးတဲ့ ရော်ဘာတောထဲ အရပ်သားခုနစ်ဦး ပစ်သတ်ခံထားရတဲ့အကြောင်း- ထိုင်းက မြန်မာအပါအဝင် ပြည်ပကို လောင်စာဆီတင်ပို့မှုရပ်ဆိုင်းလိုက်တဲ့အကြောင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

HOSTED BY

Dawei Watch

CATEGORIES

Frequently Asked Questions

How many episodes does Dawei Watch Podcast have?

Dawei Watch Podcast currently has 50 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is Dawei Watch Podcast about?

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

How often does Dawei Watch Podcast release new episodes?

Dawei Watch Podcast has 50 episodes. Check the episode list to see recent publication dates and frequency.

Where can I listen to Dawei Watch Podcast?

You can listen to Dawei Watch Podcast on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts Dawei Watch Podcast?

Dawei Watch Podcast is created and hosted by Dawei Watch.
URL copied to clipboard!