The Irrawaddy Newscast - Burmese Edition podcast artwork

PODCAST · news

The Irrawaddy Newscast - Burmese Edition

The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။

Publisher-supplied feed metadata · PodParley refreshed Jun 14, 2026 · Source feed

  1. 532

    ဆွေးနွေးပွဲတွေ မရှိဘဲ အဖြေမရှိနိုင်ဘူး

    မြန်မာ့နိုင်ငံရေးအကျပ်အတည်းရဲ့ ထွက်ပေါက်အဖြေကို ရှာဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး သက်ဆိုင်သူ အားလုံးနဲ့ ဆွေးနွေးစကားပြောမှ ရမယ်လို့ သတင်းစာဆောင်းပါးရှင် ကိုနေသွင်ညိဏ်းက ဧရာဝတီရဲ့ ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ပြောဆိုဆွေးနွေးထားပါတယ်။  

  2. 531

    Editorial Talk : " မင်းအောင်လှိုင်ရဲ့ ဘန်ကောက်ခရီးက ဘယ်သူတွေ ဘာအမြတ်ထွက်လဲ "

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မင်းအောင်လှိုင်ရဲ့ဘန်ကောက်ခရီးကဘယ်သူတွေဘာအမြတ်ထွက်လဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊အမှုဆောင် အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

  3. 530

    ဒိုင်ယာလော့ဆိုတာ နေပြည်တော်သွားဖို့ မဟုတ်ဘူး

    ထိုင်းနိုင်ငံရဲ့ မြန်မာ့ငြိမ်းချမ်းရေး ကြားဝင်ကူညီဖို့ ခြေလှမ်းလှမ်းလာခဲ့တဲ့အပေါ် ပအိုဝ်းတိုင်းရင်းသား ဝါရင့် နိုင်ငံရေးသမား ဦးခွန်မြင့်ထွန်းက စနေသတင်းစကားဝိုင်းမှာ နေပြည်တော်စစ်အုပ်စုနဲ့ စကားပြောဆိုရေးထက် တော်လှန်ရေးအဖွဲ့တွေ အချင်းချင်းကြား တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးအဖြေရှာဖို့က ပိုအရေးကြီးတယ်လို့ ပြောပြီး ထိုင်းနိုင်ငံအနေနဲ့  အားပေးဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

  4. 529

    Editorial Talk : " DKBA ၊ KNA နဲ့ BGF ခေါင်းဆောင်တွေ ကျားဖြန့်နဲ့ ဖမ်းခံရနိုင်လား"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "DKBA ၊ KNA နဲ့ BGF ခေါင်းဆောင်တွေကျားဖြန့်နဲ့ဖမ်းခံရနိုင်လား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

  5. 528

    Editorial Talk : "လေဥ ဥနေသော မင်းအောင်လှိုင်"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "လေဥဥနေသောမင်းအောင်လှိုင် " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊အမှုဆောင်အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

  6. 527

    အမျိုးသမီးသတင်းထောက်တွေ ကြုံနေရတဲ့ လုပ်ငန်းခွင်ထဲက အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ

    ဒီတပတ် စနေသတင်းစကားဝိုင်း မှာ အမျိုးသမီးသတင်းထောက်တွေ ကြုံနေရတဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှုအပါအဝင် လုပ်ငန်းခွင်ထဲက အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေအကြောင်း လွတ်လပ်သော သတင်းမီဒီယာကောင်စီ မြန်မာနိုင်ငံရဲ့ ဒု ဥက္ကဋ္ဌဖြစ်သူ ဒေါ်စုမြတ်နဲ့ ဆွေးနွေးထားပါတယ်။

  7. 526

    Editorial Talk : " အာဆီယံက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမလား "

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အာဆီယံကဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရမလား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊အမှုဆောင်အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

  8. 525

    ဘန်ကောက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲ ဘာလဲ ဘယ်လဲ

    ဒီတပတ် စနေသတင်းစကားဝိုင်းမှာ အာဆီယံရေးရာ ကျွမ်းကျင်သူ ကိုဝင်းမင်းနဲ့ မကြာသေးခင်က ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ဖတ်တရားမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတွေအကြောင်း ဆွေးနွေးသုံးသပ်ထားပါတယ်။  

  9. 524

    Editorial Talk : "ထိုင်းကဆန္ဒပြပွဲနဲ့ မြန်မာနိုင်ငံက စီးဆင်းလာတဲ့ အဆိပ်"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ထိုင်းကဆန္ဒပြပွဲနဲ့မြန်မာနိုင်ငံကစီးဆင်းလာတဲ့အဆိပ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

  10. 523

    လျက်ဆားစီးပွားရေးနှင့် "ဟုတ်ကဲ့ အဘ" ပညာရှင်များ

    ဒီတပတ် စနေသတင်းစကားဝိုင်းမှာ သမ္မတတဖြစ်လဲ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ရေးအခြေခံ မြန်မာ့စီးပွားရေးအပေါ် စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ) နှင့် သုံးသပ်ဆွေးနွေးထားပါတယ်။

  11. 522

    Editorial Talk : " ဧရာဝတီမြစ်ကြီး တရုတ်ကိုပေးလိုက်ရတော့မလား"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဧရာဝတီမြစ်ကြီးတရုတ်ကိုပေးလိုက်ရတော့မလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

  12. 521

    စစ်ပွဲကြားက ရခိုင်ပြည်

    ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ပွဲကြားက ရခိုင်ပြည်နယ်မှာ လူထုတွေ ဘယ်လို စားသောက်နေထိုင်နေကြသလဲ၊ ရခိုင်ပြည်သူ့တော်လှန်ရေးအစိုးရက သတင်းသမားတွေကို ဘယ်လို ဆက်ဆံသလဲ၊ မွတ်ဆလင် ရိုဟင်ဂျာတွေကို တော်လှန်ရေးအစိုးရက ဘယ်လိုကိုင်တွယ်နေလဲ စတဲ့ အကြောင်းအရာတွေအပေါ် ရခိုင်ပြည် အခြေစိုက် ဒီအမ်ဂျီသတင်းဌာနရဲ့ အယ်ဒီတာချုပ်နဲ့ အမှုဆောင်ဒါရိုက်တာ ကိုအောင်မန်းဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ 

  13. 520

    Editorial Talk : " ထမနဲ ဂြိုဟ်တုနဲ့ အာလူးဖုတ်သူများ "

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ထမနဲဂြိုဟ်တုနဲ့အာလူးဖုတ်သူများ  " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

  14. 519

    စိန်ခေါ်မှုတွေ ပိုကြုံလာမယ်

    ဒီတပတ်စနေသတင်းစကားဝိုင်းမှာ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ တရားဝင်အသိအမှတ်ပြုခံလိုက်ရတဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အစိုးရသစ်ဟာ အာဆီယံနဲ့ ကုလသမဂ္ဂတို့ဆီ နေရာပြန်ရယူရေး ခြေလှမ်းတွေ လှမ်းလာတာ၊ တဖက်မှာလည်း တော်လှန်ရေးအဖွဲ့အချင်းချင်းကြား စည်းလုံးညီညွတ်မှု မရှိသေးတာတွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်ဇင်မာအောင်နဲ့ မေးမြန်းဆွေးနွေးထားပါတယ်။

  15. 518

    Editorial Talk : " မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်က အချက်ပေးခေါင်းလောင်းသံ"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ်ကအချက်ပေးခေါင်းလောင်းသံ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊အမှုဆောင် အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

  16. 517

    တရုတ်ဟာ ဆက်လက်လူမုန်းများနေဦးမှာပဲ

    ဒီတပတ်စနေသတင်းစကားဝိုင်းမှာ စာရေးဆရာ တင်မောင်သန်း(သင့်ဘဝ) နဲ့ တရုတ်ပြည် ကူမင်းမြို့မှာ သူလျှိုမှုနဲ့ စွပ်စွဲပြီး အဖမ်းခံထားရတဲ့ ISP-Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်နဲ့ပတ်သက်ပြီး ဆွေးနွေးထားပါတယ်။

  17. 516

    Editorial Talk : "တရုတ်အစိုးရက ISP-Myanmar အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင် ကို ဘာကြောင့်ဖမ်းလဲ""

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တရုတ်အစိုးရက ISP-Myanmar အမှုဆောင်ဒါရိုက်တာဦးမင်းဇင်ကိုဘာကြောင့်ဖမ်းလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

  18. 515

    ဒေါ်အောင်ဆန်းစုကြည် လျှောက်ခဲ့တဲ့ နိုင်ငံရေးခရီး

    ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသမီးစာရေးဆရာတွေ ဖြစ်တဲ့ မသီတာ (စမ်းချောင်း) ၊ မွန်မွန်မြတ်တို့နဲ့ အမှတ်တရစကားဝိုင်း ဧရာဝတီက ဒီတပတ် တွေ့ဆုံမေးမြန်းခန်းကဏ္ဍမှာ ပြောဆိုထားပါတယ်။ 

  19. 514

    Editorial Talk : " အိန္ဒိယက ဈေးဦးဖောက်လိုက်တဲ့ မင်းအောင်လှိုင်"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အိန္ဒိယကဈေးဦးဖောက်လိုက်တဲ့မင်းအောင်လှိုင် " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊အမှုဆောင် အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

  20. 513

    စစ်တပ်က တော်လှန်ရေးသီချင်းကို ခိုးတဲ့အခါ

    ကွယ်လွန်သူဂီတအနုပညာရှင် ထူးအိမ်သင် ရေးသားပြီး အဆိုတော် မွန်းအောင်နဲ့ အဖွဲ့က သီဆိုခဲ့တဲ့ အရေးကြီးပြီသီချင်းဟာ စစ်တပ်ပိုင် စစ်ချီသီချင်းဆိုပြီး စစ်တပ်ဝါဒဖြန့် မြဝတီရုပ်သံလိုင်းက လိမ်ညာထုတ်လွှင့်သွားတဲ့အပေါ် မြန်မာ့ခေတ်ပေါ်ဂီတကို လေ့လာသူတဦးဖြစ်သူ ကိုငြိမ်းချမ်းအေးနဲ့  ဒီတပတ်စနေသတင်းစကားဝိုင်းမှာ တွေ့ဆုံဆွေးနွေးထားပါတယ်။ 

  21. 512

    Editorial Talk : " မြန်မာဟာ ဘယ်နိုင်ငံရဲ့ ခြေကုပ်စခန်းလဲ "

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မြန်မာဟာဘယ်နိုင်ငံရဲ့ခြေကုပ်စခန်းလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ရေဒီယို သတင်းစာဆရာ အယ်ဒီတာ ဦးကျော်ဇံသာ တို့က ဆွေးနွေးထားပါတယ်။

  22. 511

    လူသိရှင်ကြား ထုတ်ဖော်ဂုဏ်ပြုကြမယ်

    ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ၁၇ နှစ်မြောက်ခဲ့ပြီ ဖြစ်တဲ့ ပြည်သူ့ဂုဏ်ရည်အသင်း စတင်ဖွဲ့စည်း တည်ထောင်သူတဦးဖြစ်တဲ့ ဦးကျော်ဝဏ္ဏက အသင်းဖွဲ့စည်းတည်ထောင်ဖြစ်ပုံ၊ အသင်းရဲ့ နှစ်စဉ်ဆု ရွေးချယ်ရေး စံနှုန်းတွေနဲ့ အသင်းရန်ပုံငွေအကြောင်းတွေကို ပြောပြထားပါတယ်။

  23. 510

    Editorial Talk : " မြန်မာအာဆီယံက ထွက်မှာလား"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မြန်မာအာဆီယံကထွက်မှာလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

  24. 509

    တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ မင်းအောင်လှိုင် အကောင်အထည်ဖော်နိုင်မလား

    ဒီအပတ် စနေသတင်းစကားဝိုင်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို အရပ်သားအသွင်ယူ သမ္မတ ဦးမင်းအောင်လှိုင် တကယ်အကောင်အထည်ဖော်နိုင်မလား ဆိုတဲ့အပေါ်  စာရေးဆရာ၊ အယ်ဒီတာ တင်မောင်သန်း (သင့်ဘဝ) ရဲ့ ဆွေးနွေးချက်ကို နားဆင်နိုင်ပါတယ်။ 

  25. 508

    Editorial Talk : "ထရမ့်နဲ့ ရှီတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ မြန်မာအတွက် ဘာထူးသလဲ "

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ထရမ့်နဲ့ရှီတို့ရဲ့ထိပ်သီးဆွေးနွေးပွဲမြန်မာအတွက်ဘာထူးသလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ အမှုဆောင် အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

  26. 507

    တရုတ်စင်္ကြံလမ်း ရှမ်းမြောက်ကို ဝင်လာတဲ့အခါ

    ရှမ်းပြည်မြောက်ပိုင်းကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း ဝင်လာတော့မှာဖြစ်ပြီး အဲဒီအကြို တရုတ်ဦးစီးတဲ့ အပစ်ရပ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ရှောင်လွှဲမရဘူးလို့ ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုစိုင်းမိဏ်းက ဒီတပတ်စနေသတင်းစကားဝိုင်းမှာ သတိပေးလိုက်ပါတယ်။

  27. 506

    Editorial Talk : " အာဆီယံက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမလား"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အာဆီယံကဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရမလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

  28. 505

    တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် ဒေါ်အောင်ဆန်းစုကြည်

    ဒီတပတ် စနေသတင်းစကားဝိုင်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍအကြောင်း စီးပွားရေးပညာရှင် ဦးစိန်ဌေးရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။

  29. 504

    Editorial Talk : " မင်းအောင်လှိုင်က သူ့ကိုယ်သူ ယုံကြည်မှုမရှိဘူး"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မင်းအောင်လှိုင်ကသူ့ကိုယ်သူယုံကြည်မှုမရှိဘူး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ ရေဒီယို သတင်းစာဆရာ ဦးကျော်ဇံသာ တို့က ဆွေးနွေးထားပါတယ်။

  30. 503

    ဦးနေဝင်းနဲ့ မင်းအောင်လှိုင် ဘာတွေတူလဲ

    ဒီတပတ် စနေသတင်းစကားဝိုင်းမှာ အညာစစ်မျက်နှာက အခုထိ လက်နက်ကိုင်နွေဦးတော်လှန်ရေးမှာ အရေးပါတုန်းလား၊ အာရက္ခတပ်တော်က ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီမှာ ဘာလို့ မပါလဲ၊ အာဏာရှင်ဟောင်း ဦးနေဝင်းနဲ့ အာဏာရှင်လက်သစ် ဦးမင်းအောင်လှိုင် ဘာတွေတူလဲ၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မှာလားစတဲ့အကြောင်းအရာတွေအပေါ် ဝါရှင်တန်ဒီစီအခြေစိုက် နိုင်ငံရေးသုတေသီ ကိုရဲမျိုးဟိန်းရဲ့ သုံးသပ်ချက်တွေကို နားဆင်နိုင်ပါတယ်။

  31. 502

    Editorial Talk : " အာဃာတနဲ့ ဖိတ်ခေါ်တဲ့ အာဏာသိမ်းသမ္မတရဲ့ ရက် ၁၀၀ အစီအစဉ်"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အာဃာတနဲ့ဖိတ်ခေါ်တဲ့အာဏာသိမ်းသမ္မတရဲ့ရက်၁၀၀အစီအစဉ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

  32. 501

    တရုတ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်လာခဲ့သော်

    ဒီတပတ်စနေသတင်းစကားဝိုင်းမှာ ဖမ်းဆီးခံ သမ္မတ ဦးဝင်းမြင့် လွတ်လာအပြီး မြန်မာ့နိုင်ငံရေး ဘယ်ဆီဦးတည်နေလဲ၊ တရုတ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်လာခဲ့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးလုပ်ပိုင်ခွင့် ဘယ်လောက်ရမလဲ စတဲ့အကြောင်းတွေ စာရေးဆရာတင်မောင်သန်းရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။#ဧရာဝတီ #စနေသတင်းစကားဝိုင်း #သမ္မတ #ဦးဝင်းမြင့်  #ဒေါ်အောင်ဆန်းစုကြည် #အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် #တင်မောင်သန်း

  33. 500

    Editorial Talk : " ဒေါ်အောင်ဆန်းစုကြည် ဘယ်တော့လွတ်မလဲ"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဒေါ်အောင်ဆန်းစုကြည်ဘယ်တော့လွတ်မလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ အမှုဆောင်အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

  34. 499

    အတ္ထုပ္ပတ္တိ ဇာတ်လမ်းတွေ ရိုက်ချင်တဲ့ ဒေါင်း

    ဒီတပတ်စနေသတင်းစကားဝိုင်းမှာ ရုပ်ရှင်သရုပ်ဆောင် ဒေါင်းက သူ နောက်ဆုံးရိုက်ကူးထားတဲ့ ရုပ်သံစီးရီး၊ ထိုင်းနိုင်ငံရောက် သရုပ်ဆောင်ဘဝနဲ့ မြန်မာရုပ်ရှင်အပေါ် သူ့အမြင်တွေအကြောင်း ပြောပြထားတာ နားဆင်နိုင်ပါတယ်။

  35. 498

    Editorial Talk : " လူထုထောက်ခံမှုမရှိတဲ့ သမ္မတ"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "လူထုထောက်ခံမှုမရှိတဲ့သမ္မတ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

  36. 497

    ဆိုရှယ်မီဒီယာက သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေး

    ရုပ်ရှင်သရုပ်ဆောင် ဒေါင်းနဲ့ အက်စ်သာဇီနောတို့ ဧရာဝတီနဲ့ တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်းမှာ ဆိုရှယ်မီဒီယာနဲ့ အေအိုင်တို့ရဲ့ ကောင်းကျိုး ဆိုးပြစ်တွေ၊ ဒီနေ့ခေတ်လူငယ်တွေက လူကြီးတွေအပေါ် ဘယ်လိုမြင်သလဲဆိုတဲ့အကြောင်းတွေ ဆွေးနွေးပြောဆိုထားကြတာ နားဆင်နိုင်ပါတယ်။

  37. 496

    ဒေါင်းနဲ့ အက်စ်သာဇီနောတို့ ထူထောင်ထားတဲ့ ပညာရေးဖောင်ဒေးရှင်း

    ဒီတပတ် စနေသတင်းစကားဝိုင်းမှာ နွေဦးတော်လှန်ရေးထဲ ထင်ရှားသူ ၂ ဦးဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ဒေါင်းနဲ့ အက်စ်သာဇီနောတို့ ပူးတွဲတည်ထောင်ထားတဲ့ Our Trees Education Foundation တို့သစ်ပင်များပညာရေးဖောင်ဒေးရှင်းအကြောင်း ဧရာဝတီကို ပြောပြထားတာ နားဆင်နိုင်ပါတယ်။ ပဋိပက္ခဒေသတွင်းက ပညာရှာလိုသူ ကျောင်းသူကျောင်းသားတွေအတွက် ရည်ရွယ်တည်ထောင်ထားတာလို့ သူတို့က ပြောပါတယ်။

  38. 495

    Editorial Talk : " စစ်ခေါင်းဆောင် သမ္မတဖြစ်တော့ နိုင်ငံတကာက ဘယ်လိုတုန့်ပြန်မလဲ"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်ခေါင်းဆောင်သမ္မတဖြစ်တော့နိုင်ငံတကာကဘယ်လိုတုန့်ပြန်မလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

  39. 494

    ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစာရေးဆရာတဦးက ရှုမြင်သုံးသပ်ခြင်း

    ဒီတပတ်စနေသတင်းစကားဝိုင်းအစီအစဉ်မှာ မကြာခင် ပင်ဂွင်းစာအုပ်တိုက်ကနေ အင်္ဂလိပ်ဘာသာနဲ့ ထွက်လာတော့မယ့် Aung San Suu Kyi: The Realities of Power in Burma's Authoritarian Legacy အမည်ပေးထားတဲ့  ဒေါ်အောင်ဆန်းစုကြည်အကြောင်း စာအုပ်ကို ရေးသားသူ ဒေါ်မွန်မွန်မြတ်နဲ့ ဆွေးနွေးပြောဆိုထားတာ နားဆင်နိုင်ပါတယ်။ 

  40. 493

    Editorial Talk : " တပ်ချုပ်ပဲဖြစ်ဖြစ်၊ သမ္မတဖြစ်ဖြစ် အာဏာဆက်ယူထားမယ်ဆိုတာ မြင်နေရပြီ "

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တပ်ချုပ်ပဲဖြစ်ဖြစ်၊သမ္မတဖြစ်ဖြစ်အာဏာဆက်ယူထားမယ်ဆိုတာမြင်နေရပြီ  " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

  41. 492

    အားလုံးပါရင်ပါ မပါရင် ဆွေးနွေးပွဲ မထိုင်ဘူးလို့ တသံတည်း ထွက်ဖို့ လိုတယ်

    ဒီတပတ်စနေသတင်းစကားဝိုင်းမှာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ ဘယ်လိုမူတွေနဲ့ ငြိမ်းချမ်းရေးစကားပြောမလဲ ဆိုတာ စာရေးဆရာ တင်မောင်သန်း သင့်ဘဝရဲ့ ဆွေးနွေးချက်ကို နားဆင်နိုင်ပါတယ်။

  42. 491

    Editorial Talk : " စစ်ခေါင်းဆောင်ရဲ့ "တောင်စဉ်ရေမရ" မိန့်ခွန်းများ"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်ခေါင်းဆောင်ရဲ့ "တောင်စဉ်ရေမရ" မိန့်ခွန်းများ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

  43. 490

    Opinion Talk : “အာဏာရှင်တွေရဲ့ နိုင်ငံရေးသားကောင်များ"

    စစ်ကောင်စီက မကြာသေးခင်က နိုင်ငံရေးအကျဉ်းသား ထောင်ချီကို ဘာကြောင့် လွှတ်ပေးခဲ့တာလဲ။ ပြည်သူရွေးချယ်ထားတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အပါအဝင်ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုရော မကြာခင် လွှတ်ရဲမလား။ အကျဉ်းထောင်တွေဟာ ဘာကြောင့် နိုင်ငံရေးလွတ်လပ်မှုကို တိုင်းတာနိုင်တဲ့ barometer ဖြစ်နေတာလဲ။ ဒီအကြောင်းတွေကို Opinion Talk မှာ အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကိုနားဆင်နိုင်ပါပြီ။#မြန်မာ #အကျဥ်းထောင် #အကျဥ်းသား #နိုင်ငံရေး #လွတ်လပ်ရေး #လွတ်ငြိမ်းချမ်းသာခွင့် #နိုင်ငံခေါင်းဆောင် #ဦးဝင်းမြင့် #ဒေါ်အောင်ဆန်းစုကြည် #မင်းအောင်လှိုင် #စစ်တပ် #အာဏာရှင် #Myanmar #prisoner #political #freedom #barometer #military #UWinMyint #DawAungSanSuuKyi #MinAungHlaing #dictator #WhatsHappeningInMyanmar

  44. 489

    Editorial Talk : " ဆီဘေးကြုံနေတဲ့ ပြည်သူနဲ့ ဗုံးလိုက်ကြဲနေတဲ့ စစ်တပ် "

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဆီဘေးကြုံနေတဲ့ပြည်သူနဲ့ဗုံးလိုက်ကြဲနေတဲ့စစ်တပ် " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

  45. 488

    တံဆိပ်ပြန်ကပ်ရုံနဲ့ အနာဂတ်ကို ဆက်လျှောက်မရဘူး

    ဒီတပတ်စနေသတင်းစကားဝိုင်းမှာ ရွေးကောက်ပွဲသစ်ကတဆင့် တက်လာတဲ့ လွှတ်တော်သစ်တွေ အစိုးရသစ်တွေနဲ့ အရေခွံလဲတဲ့ မြန်မာစစ်တပ် အလုပ်ဖြစ်မလားဆိုတာ စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ)ရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။

  46. 487

    Editorial Talk : " ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လက်ထဲ စစ်တပ်အပ်မှာလား"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထဲစစ်တပ်အပ်မှာလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

  47. 486

    အကျဉ်းသားတွေ စစ်တပ်က လွှတ်ပေးတာ နိုင်ငံရေးဖိအားကြောင့်ပါ

    ဒီတပတ် စနေသတင်းစကားဝိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ စစ်တပ်က လွှတ်ပေးခဲ့မှု၊ စစ်တပ် ရွေးကောက်ပွဲကတဆင့် တက်လာမယ့် အစိုးရသစ်နဲ့ အလုပ်သမားအခွင့်အရေး၊ မတ်လထဲ ကျင်းပဖို့ရှိနေတဲ့ အိုင်အယ်လ်အို အစည်းအဝေးနဲ့ ပုဒ်မ ၃၃ အရေးယူမှု နောက်ဆက်တွဲတွေအကြောင်း  မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM)ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးနဲ့ မေးမြန်းဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်

  48. 485

    Editorial Talk : "သမ္မတ ဘယ်သူ လုပ်မှာလဲ"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "သမ္မတဘယ်သူလုပ်မှာလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

  49. 484

    မင်းအောင်လှိုင် တပ်ချုပ်ရာထူးက ထွက်မယ့်အခါ

    ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယူနီဖောင်းချွတ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးက ထွက်မယ့် အကြောင်းနဲ့ပတ်သက်ပြီး စီဒီအမ် ဗိုလ်မှူးနောင်ရိုးရဲ့  ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။

  50. 483

    Editorial Talk : "စစ်တပ်ခေါ်မယ့် ငြိမ်းချမ်းရေးစားပွဲဝိုင်း ဘယ်သူသွားမလဲ"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်တပ်ခေါ်မယ့်ငြိမ်းချမ်းရေးစားပွဲဝိုင်းဘယ်သူသွားမလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။

HOSTED BY

The Irrawaddy

CATEGORIES

Frequently Asked Questions

How many episodes does The Irrawaddy Newscast - Burmese Edition have?

The Irrawaddy Newscast - Burmese Edition currently has 50 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is The Irrawaddy Newscast - Burmese Edition about?

The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။

How often does The Irrawaddy Newscast - Burmese Edition release new episodes?

The Irrawaddy Newscast - Burmese Edition has 50 episodes. Check the episode list to see recent publication dates and frequency.

Where can I listen to The Irrawaddy Newscast - Burmese Edition?

You can listen to The Irrawaddy Newscast - Burmese Edition on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts The Irrawaddy Newscast - Burmese Edition?

The Irrawaddy Newscast - Burmese Edition is created and hosted by The Irrawaddy.
URL copied to clipboard!