PODCAST · news
The Mratt Podcast
by Mratt Kyaw Thu
An independent journalist engages in conversations with commentators, researchers, and experts, primarily focusing on topics such as politics, war, and religion. Occasionally, I share insights about my own experiences, love, and society. If you would like to support my journalistic work, please consider contributing here: https://buymeacoffee.com/mratt. Thank you for your support!
Episodes
-
စစ်တပ်က လော်ဘီလုပ်ဖို့ ငှားလိုက်တဲ့ ထရမ့်ရဲ့ လူယုံက ဘယ်သူလဲ
ရော်ဂျာစတုန်းအနေနဲ့ စစ်ဝတ်စုံချွတ် မြန်မာ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနအတွက် တကယ်တမ်း ဘာတွေလုပ်ပေးနိုင်မလဲ… သူ့ရဲ့ ဖောက်သည်ကြီး ဒေါ်နယ်ထရမ့်ရဲ့ အစိုးရလက်ထက်မှာ ရော်ဂျာ စတုန်းအနေနဲ့ ဘယ်လောက်အထိ သြဇာသက်ရောက်မှု ရှိလာမလဲ။ Support this podcast at —...
-
အိုပက် ရေနံအဖွဲ့ကြီးကနေ ယူအေအီးနုတ်ထွက်ပြီး ဘာဆက်ဖြစ်မလဲ
ဟော်မုဇ်ရေလက်ကြား ပြန်ပွင့်သွားတာနဲ့ တပြိုင်နက် ယူအေအီးဟာ ဘယ်သူ့တားဆီးမှုမှမရှိဘဲ ရေနံတွေကို အလုံးအရင်းနဲ့ ထုတ်လာဖို့ ရှိနေပါတယ်။ ဒါဟာ ရေနံစျေးနှုန်းကို ကျဆင်းစေနိုင်သလို၊ ဆော်ဒီရဲ့ မဟာဗျူဟာကိုလည်း အားနည်းသွားစေပြီး OPEC အဖွဲ့ကြီးရဲ့ အနာဂါတ်လည်း ယိုင်နဲ့လာနိုင်ပါတယ်။ Support this podcast at —...
-
အီရန်ကို ဘယ်သူ မောင်းနှင်နေသလဲ
၂ လနီးပါးရှိလာပြီဖြစ်လို့ ဒါဟာ အီရန်ခေါင်းဆောင် သမိုင်းမှာ အတော်ကိုရှားပါးတဲ့အခိုက်အတန့်ပါ။ ခေါင်းဆောင်က လူလုံးထွက်မပြနိုင်ပေမဲ့ အီရန်ဟာ ဒီနေ့ထိ အမေရိကန်ကို တုံ့ပြန်နေဆဲ ဆက်ပြီးတောင့်ခံနေဆဲဆိုတာကို မြင်ရပါတယ်။ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းရှိလာပါတယ်။ တနည်းအားဖြင့် အီရန်ကို တကယ်တမ်း ဘယ်သူက...
-
ရုပ်ပုံလွှာ | ဂျရက် ကပ်ရှ်နာ
သူဟာ ရွေးကောက်ခံရသူ မဟုတ်ပါဘူး။ သူ့ရဲ့ ဘဏ္ဍာရေး အချက်အလက်တွေကို လူသိရှင်ကြား ထုတ်ဖော်တာမျိုး မရှိပါဘူး။ လွှတ်တော်ရဲ့ အတည်ပြုချက်ကိုလည်း မယူထားရပါဘူး။ သူဟာ လူတစ်ယောက်တည်းကိုပဲ ပြန်လည်ဖြေရှင်းဖို့ တာဝန်ရှိပြီး အဲဒီလူကတော့ သူ့ရဲ့ ယောက္ခမ ဖြစ်နေပါတယ်။ Support this podcast at —...
-
အဖြေမထွက်ခဲ့တဲ့ အီရန်-အမေရိကန် ၂၁ နာရီကြာ ဆွေးနွေးပွဲ
ပါကစ္စတန် အစ္စလာမာဘတ်မြို့မှာ ကျင်းပခဲ့တဲ့ အီရန်-အမေရိကန် တွေ့ဆုံဆွေးနွေးပွဲက ၂၁ ကြာခဲ့ပေမဲ့ အဖြေ မထွက်ခဲ့ပါဘူး။ နှစ်ဖက်စလုံးကလည်း အကြောင်းရင်းတွေကို ထုတ်ဖော် မပြောကြပါဘူး။ ဒီကြားထဲမှာ အမေရိကန်ဖျက်သင်္ဘောတွေ ဟောမုဇ်ရေလက်ကြားကို ရောက်လာတာအပါအဝင် အီရန်-အမေရိကန် နောက်ဆုံးအခြေအနေတွေကို ကြည့်ရအောင်ပါ။...
-
လက်ဘနွန်တောင်ပိုင်း ဒုတိယ ဂါဇာ ဖြစ်လာမလား
ခုတကြိမ် အီရန်နဲ့ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ပါဝင်လာတဲ့ ဟဇ္ဇဘိုလာအပေါ် အစ္စရေးက ရိုးရိုးတန်းတန်း လက်တုံ့ပြန်တာမျိုး မဟုတ်တော့ဘဲ နှစ်ပေါင်းများစွာကတည်းက သူတို့ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်ကြီးတစ်ခုကို ပြန်အသက်သွင်းလိုက်တာကို မြင်နေရပါတယ်။ Support this podcast at —...
-
အီရန်စစ်ပွဲနဲ့ အရာမထင်သေးတဲ့ သံခင်းတမန်ခင်း
အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တဲ့ အီရန်စစ်ပွဲ တလကျော်ခဲ့ပါပြီ။ ပါကစ္စတန်က ကြားဝင်ဖြန်ဖြေဖို့ စီစဉ်နေတာတွေ ရှိပေမဲ့ ခုထိ နှစ်ဖက်စလုံးက အလျှော့ပေးမဲ့ အရိပ်အယောင် မတွေ့ရသေးပါဘူး။ တလအတွင်း ဘာတွေ အပြောင်းအလဲဖြစ်ခဲ့သလဲ၊ ငြိမ်းချမ်းရေးဘယ်အခြေအနေရှိမလဲ ကြည့်ရအောင်ပါ။ Support this...
-
'ယော' တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်သေဆုံးမှု နောက်ကွယ်
ကိုမြတ်သူဦးဆောင်တဲ့ ယောကာကွယ်ရေးတပ် YDF အနေနဲ့ ခု ကျဆုံးသွားတဲ့ ကိုကောင်ကောင်းတို့ရဲ့ ‘မြေပြင်စစ်ဒေသရုံး’ ကို လက်မခံသလို ‘YDF ခွဲထွက်’ ဆိုတာလည်း မရှိဘူးလို့ ဆိုပါတယ်။ ကိုကောင်းကောင်းတို့အဖွဲ့ဟာ ‘ထောင်ဖောက်ပြေးသွားသူ ရာဇဝတ်သားတွေ’ ပဲ ဖြစ်တယ်လို့ ကိုမြတ်သူတို့က သုံးနှုန်းပါတယ်။ ကိုမြတ်သူနဲ့...
-
အီရန်စစ်ပွဲမှာ ဘယ်သူ အမြတ်ထွက်နေသလဲ
အမေရိကန်မှာ ဒီစစ်ပွဲကနေ ထွက်ခွာဖို့ ရှင်းလင်းတဲ့ မဟာဗျူဟာ မရှိသလို၊ အီရန်မှာလည်း အခြေအနေကို ပြန်လျှော့ချဖို့ ထွက်ပေါက် မရှိသေးပါဘူး။ အမေရိကန် အစ္စရေးနဲ့ အီရန်စစ်ပွဲ နောက်ဆုံးအခြေအနေတွေကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
ညောင်လေးပင်မှာ စစ်တပ်က လူရာချီဖမ်း၊ အစုလိုက်သတ်ဖြတ်
ရုပ်သံတခုမှာတော့ သေဆုံးနေပြီးသား အလောင်းတွေလို့ ယူဆရသူတွေကို ပုံလျက်ထပ်ထားတဲ့ အလောင်းပုံ ၂ ခုကို မြင်တွေ့ရပါတယ်။ ဒီအလောင်းပုံတွေနဲ့ မလှမ်းမကမ်းမှာ အရပ်ဝတ်တွေနဲ့ ကျင်းတူးနေတာတွေကိုလည်း မြင်ရပါတယ်။ ဒီကျင်းတူးနေတဲ့ မြေနေရာရဲ့ ရှေ့မှာ ကျောင်းကုန်းသင်္ချိုင်းရှိတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။ Support...
-
အမေရိကန် အစ္စရေးနဲ့ အီရန် စစ်ပွဲ—နိုင်ငံ ၉ နိုင်ငံထိ ပျံ့နှံ့ထိခိုက်နေပြီ
တစစီဖြစ်နေတာတွေကို ကျနော်တို့ စုစည်းကြည့်လိုက်ရင် ခုလောလောဆယ် စစ်ပွဲဒဏ်ခံနေရတာက အီရန်အစ္စရေးပဲ မဟုတ်တော့ဘဲ စုစုပေါင်း နိုင်ငံ ၉ နိုင်ငံထိ ရှိနေပြီဖြစ်ပါတယ်။ ၅ ရက်မြောက်နေ့ကို ရောက်လာပြီဖြစ်တဲ့ အမေရိကန်၊ အစ္စရေးနဲ့ အီရန်စစ်ပွဲ နောက်ဆုံးရ အခြေအနေတွေကို ပြောပြသွားပါမယ်။ Support this podcast at —...
-
ခါမေနီ ဘယ်လို သေဆုံးခဲ့သလဲ၊ အီရန်ကို ဘယ်သူ ထိန်းချုပ်သွားမလဲ
အီရန်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ ဘယ်လို သတ်ဖြတ်ခံရတာလဲ၊ ပြီးတော့ သေဆုံးသွားတဲ့အကြောင်း အီရန်အစိုးရက တရားဝင် ကြေညာပြီးတဲ့နောက်ပိုင်းမှာ သူ့နေရာကို ဘယ်သူ ဆက်ခံမလဲဆိုတဲ့ မေးခွန်းရှိလာပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
အီမမ် ခါမေနီ တကယ်သေဆုံးပြီလား—အီရန်စစ်ပွဲ နောက်ဆုံးအခြေအနေ
အီရန်အနှိုင်းမဲ့ခေါင်းဆောင် အယာတိုလာ အလီခါမေနီကို သေဆုံးလျက်တွေ့ရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒေါ်နယ်ထရမ့်ကလည်း သူ့ဆိုရှယ်မီဒီယာကနေ ရေးထားတာ တွေ့ရပါတယ်။ အီရန်အစိုးရကတော့ ခုထိ တရားဝင်အတည်ပြုထားတာ မတွေ့ရပါဘူး။ ခုဖြစ်နေတာတွေနဲ့ပတ်သက်လို့ ဖေဖော်ဝါရီ ၂၈ ညပိုင်းထိ သိရသမျှကို ကျနော်ပြောသွားပ့ါမယ်။...
-
ကမ္ဘာ့အလိုရှိဆုံး မူးယစ်ရာဇာကို ဘယ်လိုဖမ်းဆီးခဲ့ကြသလဲ
'အယ်မန်းချို' ဆိုတာ မက္ကဆီကိုနဲ့ အမေရိကန်မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေကို ဆယ်စုနှစ်ပေါင်းများစွာ လှည့်စားရှောင်တိမ်းခဲ့ပြီး ဒေါ်လာဘီလီယံချီတန်တဲ့ ရာဇဝတ်အင်ပါယာကြီးကို တည်ထောင်ခဲ့သူတယောက်ပါ။ အမေရိကန်အပါအဝင် လက်တင်အမေရိကတခုလုံးက မူးယစ်ဆေးနဲ့ ရာဇဝတ်မှုတွေဟာ သူ့လက်ချက်နဲ့လွတ်တဲ့မရှိပါဘူး။ ခု မက္ကဆီကို...
-
တတိယမြေပြင် | အပိုင်း (၁)
လက်တင် အမေရိကနိုင်ငံတွေမှာ တရုတ်က ဘယ်လိုသြဇာလွှမ်းမိုးလာခဲ့သလဲ၊ ဒီအပေါ်မှာ အမေရိကန်က ဘယ်လိုတုံ့ပြန်ဖို့ ကြိုးစားလာခဲ့သလဲဆိုတာနဲ့ အင်အားကြီးနိုင်ငံတွေက ဒီလိုနိုင်ငံငယ်တွေအပေါ် ဘယ်လိုအမြတ်ထုတ်ခဲ့သလဲ ဆိုတာတွေကို လေ့လာကြည့်သင့်တယ်လို့ ထင်ပါတယ်။ ဒီအကြောင်းကို အခန်းဆက် ဆောင်းပါးအနေနဲ့ တင်ဆက်သွားပါ့မယ်။...
-
အင်တာဗျုး | NUG ရဲ့ ထုတ်ပြန်ချက်အပေါ် တိုင်ကြားသူတွေရဲ့ ပြောကြားချက်
ဝန်ကြီးချုပ်ရုံး အရှုပ်တော်ပုံ ဘာဆက်ဖြစ်မှာလဲ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးက အတွင်းဝန်နဲ့ သူ့အမျိုးသားတို့ရဲ့ နဲပတ်သက်လို့ တိုင်ကြားထားတဲ့အပေါ် စုံစမ်းရေးအဖွဲ့က ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တိုင်ကြားထားသူတွေက လက်မခံကြပါဘူး။ ဒီအကြောင်းအသေးစိတ်ကို တိုင်ကြားထားသူတွေကို မေးမြန်းထားပါတယ်။...
-
ရုပ်ပုံလွှာ | ပြည်ပြေးကနေ ဝန်ကြီးချုပ်ဖြစ်လာသူ
တချိန်က ပြည်ပြေးကနေ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဖြစ်လာသူ၊ ရှိတ်ဟာဆီနာ မိသားစုတို့နဲ့အတူ သူ့မိသားစုရဲ့ သမိုင်းကြောင်းတို့အပါအဝင် ဝန်ကြီးချုပ်သစ် တာရစ် ရာမန်အကြောင်းကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
ရှီကျင့်ဖျင်ရဲ့ အာဏာစက်အောက်က တရုတ်စစ်တပ်ရဲ့ အနာဂတ်
ရှီကျင့်ဖျင်ဘေးမှာ ကျွမ်းကျင်သူတွေထက် ကြောက်ရွံ့နေတဲ့သူတွေပဲ ဝိုင်းနေတော့တယ်ဆိုတာပါ။ ဆိုတော့ အရင်က ခန့်မှန်းခဲ့ကြသလို တရုတ်ဟာ ထိုင်ဝမ်ကို မနက်ဖြန်ပဲ တိုက်မလား၊ သဘက်ခါပဲ တိုက်မလားဆိုတာရယ်၊ ဒါမှမဟုတ် လက်ရှိ ဗဟိုစစ်ကော်မရှင်ရဲ့ အခြေအနေအရ စစ်ပွဲတခုကို လက်တွေ့ကျကျ ဦးဆောင်ဖို့ဆိုတာ ဖြစ်လာနိုင်ပါ့မလား။...
-
မြန်မာစစ်တပ်ကို အီရန်အစိုးရက လေယာဉ်ဆီတွေ ဘယ်လိုခိုးရောင်းခဲ့သလဲ
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ကြေညာချက်တစောင် ထုတ်ခဲ့ပါတယ်။ အဲ့ဒါကတော့ အနှိုင်းမဲ့ခေါင်းဆောင် အယာတိုလာ အလီခါမေနီ ဦးဆောင်တဲ့ အီရန်အစိုးရက မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို လေယာဉ်ဆီတွေ ခိုးရောင်ခိုးရောင်းခဲ့တယ်ဆိုတာပါပဲ။ ဒီနေ့...
-
ရုပ်ပုံလွှာ | တစ်တော့ရဲ့ ကြိုးကိုင်သူ အသစ်တဦးဖြစ်တဲ့ လယ်ရီ အဲလစ်ဆန်
Oracle တည်ထောင်သူ လယ်ရီ အဲလစ်ဆန်ကို အမေရိကန်ရဲ့ ကန့်လန်ကာနောက်ကွယ်က သမ္မတလို့တောင်မှ အမေရိကန်မီဒီယာတွေ ခိုင်းနှိုင်းဖော်ပြကြပါတယ်။ ကျနော်တို့ ဒီနေ့တော့ တစ်တော့ရဲ့ ကြိုးကိုင်သူ အသစ်တဦးဖြစ်တဲ့ လယ်ရီ အဲလစ်ဆန် အကြောင်းကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at —...
-
ရုပ်ပုံလွှာ | အဲလက်စ်ဂေါ ⎯ တရုတ်သူလျှိုလား၊ ကျားဖြန့်လား
ဒီနေ့တော့ တရုတ်ရဲ့ သူလျှိုလို့ စွတ်စွဲခံရတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အသက်အငယ်ဆုံး မြို့တော်ဝန်၊ ကျားဖြန့်လုပ်ပြီး မြို့တမြို့ကို အပိုင်စားရတဲ့အထိ အချိန်တိုတိုအတွင်း သြဇာတည်ဆောက်နိုင်ခဲ့တဲ့ အဲလက်စ်ဂေါ ဆိုတဲ့ အမျိုးသမီးအကြောင်း လေ့လာကြည့်ရအောင်ပါ။ Support this podcast at —...
-
အညာမှာ စစ်ဘုရင် ပေါ်လာတော့မည်လား
မြိုင်မြို့နယ်ပကဖ တာဝန်ခံ ဗိုလ်လက်ယာဟာ အမျိုးသားညီညွတ်ရေးအစိုးရ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ရပ်တည်နေပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားတဲ့ မူဝါဒ၊ စည်းမျဉ်းနဲ့ လုပ်ထုံးလုပ်နည်းတွေကိုတော့ မလိုက်နာဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ပခုက္ကူနယ်တခွင်မှာ မြိုင်ပကဖဟာ လူအင်အား...
-
မာဒူရိုကို အမေရိကန် ဘယ်လိုဖမ်းခဲ့သလဲ
ဗင်နီဇွဲလား သမ္မတ မာဒူရိုကို အထူးတပ်နဲ့ ဝင်ဖမ်းလိုက်ပြီး ဗင်နီဇွဲလားနိုင်ငံကို ဒေါ်နယ်ထရမ့်က သိမ်းပိုက်လိုက်ပါတယ်။ ပြီးရင် သေချာတဲ့အစိုးရတခု မရမချင်း အမေရိကန်က အုပ်ချုပ်သွားမယ်လို့ဆိုပါတယ်။ မာဒူရိုကို ဘယ်လို ဖမ်းခဲ့သလဲ၊ ဘာကြောင့် ဒီအခြေအနေထိ ရောက်လာရသလဲ၊ ဘာတွေဆက်ဖြစ်မှာလဲ လေ့လာကြည့်ရအောင်ပါ။...
-
ပုဂံညောင်ဦးက ပြန်ပေးဆွဲမှုတွေကို ဘယ်သူတွေ လုပ်နေတာလဲ
ပုဂံ ညောင်ဦးမှာ ဒီနှစ်အတွင်း လူပျောက်မှုနဲ့ပြန်ပေးမှု စုစုပေါင်း ၇ ခုကနေ ၁၀ ခုထိ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပြန်ပေးဆွဲပြီး ပြန်လွတ်လာသူတွေကို ခြိမ်းခြောက်ထားတာကြောင့် ပြန်မပြောရဲသလို ဘယ်အဖွဲ့တွေက လုပ်နေတာလဲဆိုတာ မရေမရာဖြစ်နေခဲ့တာပါ။ ဒီဆောင်းပါးမှာတော့ အဲ့ဒီအထဲက အဖွဲ့တခုအကြောင်း...
-
၂၀၂၆ မှာ စောင့်ကြည့်ရမဲ့ စစ်ပွဲနဲ့ ပဋိပက္ခတွေ
အစီရင်ခံစာဆိုတာမျိုးက ဗေဒင်ဟောသလို အနာဂတ်ကို အတိအကျ ခန့်မှန်းတာမျိုးတော့ မဟုတ်ပါဘူး။ ကျွမ်းကျင်သူတွေရဲ့ အမြင်နဲ့ ရေရှည်လားရာ တူရူချက်တွေကို ကြည့်ပြီး ဘယ်နေရာတွေမှာ ဘယ်လို အန္တရာယ်ရှိနိုင်လဲဆိုတာကို ကြိုတင်သတိပေးတာမျိုး ဖြစ်ပါတယ်။ Support this podcast at —...
-
ဘင်္ဂလားဒေ့ရှ် တကျော့ပြန် ဆန္ဒပြပွဲနောက်ကွယ်က အကြောင်းရင်း
ပြီးခဲ့တဲ့ရက်ပိုင်းက ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက် လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီးတဲ့နောက်မှာ သတင်းစာတိုက်ကြီးတွေ မီးရှို့ခံရပြီးတော့ နိုင်ငံအနှံ့မှာလည်း အကြမ်းဖက် ဆန္ဒပြမှုတွေ ပျံ့နှံ့နေပါတယ်။ ရှိတ်ဟာဆီနာ ထွက်ပြေးသွားပြီးကတည်းက ဆွေးနွေးညှိနှိုင်းမှုတွေ တောက်လျှောက်လုပ်နေခဲ့တဲ့...
-
အစ္စရေးရဲ့ အတွင်းကြိတ် ပဋိပက္ခ
အစ္စရေးအစိုးရ အကြပ်ရိုက်နေရတဲ့ အလွန်အကျွံရှေးရိုးစွဲ ဂျူးဘာသာရေးသမားတွေနဲ့ပတ်သက်လို့ သူ့တို့သမိုင်းကြောင်း၊ ဘာကြောင့် အထူးအခွင့်အရေး ရခဲ့ကြသလဲ၊ ဘာကြောင့် အစိုးရကို ကန့်ကွက်ဆန္ဒပြနေကြတာလဲ၊ အစ္စရေးပြည်သူတွေကရော ဒီအပေါ် ဘယ်လိုမြင်ကြသလဲ၊ ဘာတွေဆက်ဖြစ်လာနိုင်သလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။ Support this...
-
တကျော့ပြန် ထိုင်းနဲ့ ကမ္ဘောဒီးယား တိုက်ပွဲ
ထိုင်းနဲ့ကမ္ဘောဒီးယားမှာ ပြည်တွင်းနိုင်ငံရေးတွေ လှုပ်ခတ်တိုင်း ပေါ်ပေါ်လာတတ်တဲ့ နယ်စပ်မျဉ်းပေါ်က နယ်မြေအငြင်းပွားမှုပြဿနာဟာ ခု ထိုင်းဝန်ကြီးချုပ်သစ် အနုတင်လက်ထက်မှာလည်း ထပ်ဖြစ်ပြန်ပါပြီ။ ထရမ့်ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ သဘောတူစာချုပ်လည်း ဘယ်အခြေအနေ ရောက်သွားပြီဆိုတာ မသိရပါဘူး။ Support this...
-
NUG ပြုပြင်ပြောင်းလဲရေး တိုင်းတာချက်
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို တကယ်တိုင်းတာနိုင်တာက အစိုးရအဖွဲ့အတွင်းက အကျင့်ပျက်ခြစားမှုတွေ၊ လက်သင့်ရာစားတော်ခေါ်တဲ့ ကိစ္စတွေနဲ့ တိုင်တန်းမှုတွေကို ဘယ်လောက်ထိ သမာသမတ်ကျကျ ဖြေရှင်းနိုင်သလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ Mratt Channel ရဲ့ သဘောထားအာဘော်ကို နားဆင်ရမှာ ဖြစ်ပါတယ်။ Support...
-
အမေရိကန်ရဲ့ ကျားဖြန့်နှိမ်နင်းရေး ဥပဒေ
အမေရိကန်လွှတ်တော်ထဲမှာ ဆွေးနွေးခဲ့ကြတဲ့ အရှေ့တောင် အာရှက ကျားဖြန့်အရေး၊ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးချက်တွေနဲ့ ဘယ်အခြေအနေရောက်နေပြီလဲ ဒီကနေ ဘယ်လောက်ထိ မျှော်လင့်လို့ရသလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
ဥရောပရဲ့ နောက်ဆုံး အာဏာရှင်
ဥရောပရဲ့ နောက်ဆုံး အာဏာရှင်၊ ဥရောပမှာ သက်တမ်းအကြာဆုံး နိုင်ငံ့ခေါင်းဆောင်၊ ကိုဗစ်ကိုကာကွယ်ဖို့ ချွေးထုတ်ခန်းဝင်ပြီး ဗော့ဒ်ကာသောက်ရင် ရတယ်လို့ပြောတဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကာအကြောင်း လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
ဝန်ကြီးချုပ်ရုံး အရှုပ်တော်ပုံ
ဝန်ကြီးချုပ်ရုံးမှာ အလုပ်လုပ်ခဲ့သူ ၁၂ ဦးရဲ့ တိုင်ကြားစာမှာ အလုပ်ထွက်ခဲ့တဲ့ ဝန်ထမ်းတွေဟာ “အမြဲတမ်း အတွင်းဝန် မကြည်ပြာ၏ ရိုင်းစိုင်းမောက်မာမှု၊ မလျော်သြဇာသုံးစွဲမှု၊ အလွဲသုံးစားမှု၊ အထက်ဖာ အောက်ဖိ စရိုက်များကြောင့် ဝန်ကြီးချုပ်ရုံးကို စွန့်ခွာခဲ့ကြသူများဖြစ်ပါသည်” လို့ ရေးထားပါတယ်။ ခု...
-
ကျားဖြန့်တယောက်ရဲ့ ဖွင့်ဟဝန်ခံချက်
လက်ရှိ ကျားဖြန့်နှိမ်နင်းရေးဟာ တကယ်လား၊ အယောင်ပြလား၊ နောက်ကွယ်က ထုထည်က ဘယ်လောက်ကြီးမားသလဲ၊ ရွှေကုက္ကိုလ်ထဲက ကျားဖြန့် ကုမ္ပဏီ ၂ ခုမှာ လပေါင်းများစွာ အလုပ်လုပ်ခဲ့ဖူးသူတယောက်နဲ့ ကျနော် မေးမြန်းထားပါတယ်။ သူက အောက်ခြေ ဝန်ထမ်းမဟုတ်ဘဲ အလယ်အလတ်အဆင့် ရာထူးနဲ့ အလုပ်လုပ်ခဲ့သူပါ။ နားဆင်ကြပါခင်ဗျား။ Support...
-
တရုတ်-ဂျပန် သံတမန်ရေး ပဋိပက္ခ
ဂျပန်နဲ့ တရုတ်ကြားက လတ်တလော သံတမန်ရေး ပဋိပက္ခ၊ ဝန်ကြီးချုပ်သစ်ရဲ့ တရုတ်အပေါ် သဘောထား၊ အမေရိကန်အပေါ် သဘောထားနဲ့ တရုတ်နဲ့ဂျပန်ကြားမှာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲ ဆိုတဲ့ အကြောင်းအရာတွေကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at —...
-
အမေရိကန်က ကျားဖြန့်တွေ့ကို နှိမ်နင်းတော့မှာလား
ကျနော် ခေါင်းစဉ် နှစ်ခုခွဲပြီး ပြောပါ့မယ်။ ပထမတခုက ကျားဖြန့်ခေါင်းဆောင် ရှဲကျီကျန်းကို ဘာလို့ ဒီလောက် မြန်မြန်ဆန်ဆန် တရုတ်ကို ပို့လိုက်ရတာလဲဆိုတာရယ်၊ အမေရိကန်က မြန်မာပြည်တွင်းမှာ အခြေစိုက်တဲ့ ကျားဖြန့်တွေကို နှိမ်နင်းဖို့ နှိမ်နင်ရေးတပ်ဖွဲ့တခု ဖွဲ့လိုက်တယ်ဆိုတဲ့အကြောင်းရယ်ပါ။ Support this podcast...
-
ရွှေတြိဂံရဲ့ ခေါင်းကိုင်ဖခင်ကြီး ကျောက်ဝေ
ရွှေတြိဂံဒေသကို ထိန်းချုပ်ထားတဲ့ သူဌေးကြီး ကျောက်ဝေအကြောင်း၊ စစ်တပ်နဲ့ပလဲနံပါးသင့်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ NDAA မိုင်းလားနဲ့ ကျောက်ဝေ ဘယ်လိုဆက်စပ်မှုတွေ ရှိသလဲ၊ 'ကျောက်ဝေ' ဆိုတာ ဘယ်လိုလူမျိုးလဲ လေ့လာကြည့်ရအောင်ပါ။ Support this podcast at —...
-
ကမ္ဘောဒီးယားအစိုးရ အကြံပေး၊ ကျားဖြန့်သူဌေးကြီး ချန်းကျီ
ကမ္ဘောဒီးယားမှာ အခြေစိုက်ပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းကြီးကို ဦးစီးလုပ်ကိုင်နေတယ်လို့ အမေရိကန်က စွတ်စွဲပြီး စွဲချက်တင်ထားတဲ့ လူငယ်ဘီလျံနာ ချန်းကျီအကြောင်းကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
ကာတာနိုင်ငံ အတိတ်နဲ့ပစ္စုပ္ပန်
ကာတာနိုင်ငံဘယ်လိုဖြစ်ပေါ်လာသလဲ၊ ဘာကြောင့် ဒီနေ့အခြေအနေထိ ရောက်လာခဲ့သလဲ၊ ကာတာနိုင်ရဲ့ သမိုင်းကြောင်း၊ အရှေ့အလယ်ပိုင်းနဲ့ ပင်လယ်ကွေ့နိုင်ငံရေးမှာ ကာတာက ဘာကြောင့် အရေးပါရသလဲ စတဲ့ အကြောင်းအရာတွေကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
မြောက်ကိုရီးယားနဲ့ မြန်မာစစ်တပ်ကြားက ဆက်ဆံရေး
အမေရိကန်က ပိတ်ဆို့မှုလုပ်လိုက်တဲ့ အထဲက မြောက်ကိုရီးယား လက်နက်ကုမ္ပဏီတွေအကြောင်း၊ ဒီမြောက်ကိုရီးယား ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး အာဏာသိမ်းစစ်တပ်အတွက် လက်နက်ဝယ်ယူပေးနေတဲ့ လက်နက်ပွဲစား မြန်မာနိုင်ငံသားတွေအကြောင်းအပြင် မြန်မာနဲ့ မြောက်ကိုရီးယားတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကြောင်းတွေကို...
-
မြန်မာစစ်တပ် သုံးနေတဲ့ တရုတ်ရဲ့ အင်တာနက် မဟာရံစနစ်
တရုတ်အစိုးရက သုံးနေတဲ့ အင်တာနက်ပိတ်ပင်ရေး မဟာရံစနစ်နဲ့ ဒီစနစ်နဲ့တူတဲ့ စနစ်တခု မြန်မာအာဏာသိမ်းစစ်တပ်က သုံးနေတဲ့အကြောင်း၊ ရေရှည်မှာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာတွေနဲ့ ပတ်သက်လို့ လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
စိန်ခေါ်မှု အသစ်တွေနဲ့ နီပေါနိုင်ငံအနာဂတ်
နီပေါဆန္ဒပြပွဲတွေ ဘာကြောင့် ဖြစ်လာရသလဲ၊ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကနေ ဘာကြောင့် မီးရှို့လုယက်တဲ့အထိ ဖြစ်ခဲ့သလဲ၊ နီပေါလ်ရဲ့ နိုင်ငံရေးသမိုင်းကြောင်းနဲ့ လက်ရှိအခြေအနေကို ရောက်အောင် တွန်းပို့လိုက်တဲ့ နောက်ခံအကြောင်းတရားတွေကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at —...
-
စစ်တပ်ရွေးကောက်ပွဲနဲ့ ဝေဝါးနေတဲ့ တော်လှန်ရေး
လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး အခြေအနေအပေါ် အမြင်နဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ဘာလုပ်ကြရမလဲ Mratt Channel ရဲ့ သဘောထားအာဘော် ကိုနားဆင်ကြရမှာ ဖြစ်ပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်
ဒီထဲမှာ အဓိက ပြောကြတဲ့အကြောင်းအရာက ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်ပေးဖို့ကိစ္စ ဖြစ်ပါတယ်။ ခု သူတို့ ပြောနေတဲ့ လုံခြုံရေးအာမခံချက်ကို ကျနော်တို့ ကြည့်ကြည့်ရအောင်ပါ။ ဒီကိစ္စမှာ အကြမ်းဖျဉ်းအားဖြင့် ကဏ္ဍ ၆ ခုခွဲထားတာကို တွေ့ရပါတယ်။ ဒီအချက်တွေဟာ လက်ရှိ တွေ့ဆုံဆွေးနွေးမှုတွေရဲ့ အဓိက…
more -
အာရှရဲ့ အကြီးဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင် ရှဲကျစ်လော့
မြန်မာနိုင်ငံကို ခြေကုပ်ယူပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ သြစတြေးလျား၊ နယူးဇီလန်တို့ထိ မူးယစ်ဆေးဝါး ဖြန့်ချိခဲ့တဲ့ မူးယစ်ခေါင်းဆောင်၊ ဘီလျံနာ ရှဲကျစ်လော အကြောင်း လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
တရုတ်၊ အမေရိကန်နဲ့ မြေရှား နိုင်ငံရေး
တရုတ်ရဲ့ လက်ဝါးကြီးအုပ်ချယ်လှယ်ထားတဲ့ မြန်မာ့မြေရှားတူးဖော်မှုမှာ အမေရိကန် ပါဝင်လာမလား။ အရင်က အမေရိကန်အတွက် တိုက်ရိုက်အကျိုးစီးပွားမရှိတဲ့ မြန်မာ့အရေးမှာ မြေရှားသတ္တုကြောင့် အမေရိကန်နဲ့ တရုတ်တို့ အားပြိုင်မှု ဖြစ်လာနိုင်သလား။ မြေရှားအရေးကြောင့် မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေးအခြေအနေတွေအပေါ်မှာရော...
-
ခုကာလက ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ် ကြားကာလလိုမျိုး ပြန်ဖြစ်နေတယ်
ဒီနေ့ကမ္ဘာမှာ စစ်ပွဲတွေ ဘာကြောင့် အဲ့လောက် လွယ်လွယ်ကူကူ ဖြစ်လာရတာလဲ၊ ကျနော်တို့ နေ့စဉ်ဘဝတွေက ဘာကြောင့် အရင်လို နေပျော်စရာမကောင်းရတော့တာလဲ၊ အချင်းချင်းသွေးကွဲတာ၊ ဘက်ရွေးတာနဲ့ သွေးထွက်သံယိုမှုတွေ ဘာကြောင့် များလာရသလဲ၊ လူပြိန်းကြိုက် လူများကြိုက်ဝါဒီတွေ၊ လက်ယာစွန်းသမားတွေ ဘာကြောင့်…
more -
စစ်ကောင်စီနဲ့ ဆက်နွယ်သူတွေကို ဆန်ရှင်စာရင်းက ဖျက်လိုက်တဲ့ အကြောင်းရင်း
စစ်ကောင်စီနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ၄ ဦးကို အမေရိကန် အစိုးရက ပိတ်ဆို့မှုစာရင်းက ဖယ်ရှားလိုက်တာဟာ စစ်ခေါင်းဆောင်ရဲ့ပြန်စာကြောင့်လား၊ Gold Card ဝယ်ခဲ့ကြလို့လား စတဲ့ ထင်မြင်ယူဆချက်တွေ ထွက်ပေါ်နေခဲ့ပေမဲ့ အမေရိကန် အခြေစိုက် လော်ဘီအဖွဲ့အစည်းတခုကြောင့်ဆိုတဲ့ အထောက်အထားတွေ တရက်က ထွက်လာပါတယ်။...
-
KKK နဲ့ Spanish Inquisition
အမေရိကန်က Ku Klux Klan ပြီးတော့ စပိန်သမိုင်းထဲက Spanish Inquisition အကြောင်းကို နားဆင်ရမှာပါ။ ကျနော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာတွေနဲ့ စပိန်က ဘာသာရေးပွဲတော်တခုကိုလည်း ပြောပြသွားပါမယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
ထိုင်းနဲ့ကမ္ဘောဒီးယား ဘာဆက်ဖြစ်ကြသလဲ
ထိုင်းနဲ့ ကမ္ဘောဒီးယားအရေးဟာ နှစ်နိုင်ငံ အနိုင်အရှုံးတိုက်မဲ့ စစ်ပွဲမျိုးထိ ရောက်မလာနိုင်ပါဘူး။ အာဏာရှင်လက်ဟောင်း အုပ်ချုပ်နေတဲ့နိုင်တဲ့ နိုင်ငံရေးရှုပ်ထွေးနေတဲ့ နိုင်ငံတို့အကြား သက်တမ်းရင့် နိုင်ငံရေးသမားတွေက စစ်တိုက်ပြီး နိုင်ငံရေးကစားနေကြတယ်လို့ပဲ မြင်ရပါတယ်။ Support this podcast at —...
-
အာဏာတည်မြဲရေးအတွက် နေတန်ယာဟု စစ်တိုက်နေသလား
အစ္စရေး ဂါဇာစစ်ပွဲ ဘာကြောင့် ဒီလောက် ကြာနေရသလဲ၊ အစ္စရေးဟာ ဂါဇာအပြင် လက်ဘနွန်၊ ဆီးရီးယား နောက်ဆုံး အီရန်ထိ ဘာကြောင့် စစ်ဘောင်ချဲ့ခဲ့သလဲ။ အစ္စရေးနိုင်ငံကို ကာကွယ်ရေးမဟုတ်ဘဲ နေတန်ယာဟုဟာ သူ့အာဏာအသက်နိုင်ရေးအတွက် ဒီစစ်ပွဲတွေကို တိုက်နေသလား ဆွဲဆန့်နေသလားဆိုတဲ့ ယူဆချက်တွေ ရှိလာပါတယ်။ Support this…
more
We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
ABOUT THIS SHOW
An independent journalist engages in conversations with commentators, researchers, and experts, primarily focusing on topics such as politics, war, and religion. Occasionally, I share insights about my own experiences, love, and society. If you would like to support my journalistic work, please consider contributing here: https://buymeacoffee.com/mratt. Thank you for your support!
HOSTED BY
Mratt Kyaw Thu
CATEGORIES
Loading similar podcasts...