EPISODE · Jan 6, 2024 · 1H 27M
အဘိဓမ္မာတရားတော်ကြီး (ဒု) ၁၃၃၈-ခုနှစ်၊ ဝါဆိုလပြည့် (၆/၁၀)
from Mahasi Dhamma Podcast - မဟာစည်တရားတော်များ · host Buddha Sasana Nuggaha Organization
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် အဘိဓမ္မာတရားတော်ကြီးကို ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ ဖလ်ယဥ်ဓမ္မာရုံတော်ကြီး၌ ၁၃၃၆-ခု၊ ပြာသိုလပြည့်နေ့မှ ၁၃၃၉-ခု၊ ပထမဝါဆိုလကွယ်နေ့ထိ ၃၇-သီတင်းတိုင်တိုင် ဟောကြားတော်မူခဲ့ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က အဘိဓမ္မာအသံတရားတော်များကို အဘိ(ပ), အဘိ(ဒု), အဘိ(တ) ဟူ၍ သုံးပိုင်းခွဲပြီး မှတ်တမ်းအဖြစ်စုစည်းထားရှိပါသည်။၁၃၃၆-ခုနှစ်၊ ပြာသိုလပြည့်နေ့မှ ၁၃၃၇-ခုနှစ်၊ ဝါဆိုလပြည့်နေ့အထိ ၁၃-သီတင်းအကြာဟောကြားခဲ့သည့်တရားများကို အဘိ (ပ)အဖြစ်လည်းကောင်း၊၁၃၃၇-ခုနှစ်၊ ဝါခေါင်လပြည့်နေ့မှ ၁၃၃၈-ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ထိ ၁၀-သီတင်းအကြာဟောကြားခဲ့သည့်တရားများကို အဘိ(ဒု)အဖြစ်လည်းကောင်း၊ ၁၃၃၈-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့မှ ၁၃၃၉-ခုနှစ်၊ ပထမဝါဆိုလကွယ်နေ့ထိ ၁၄-သီတင်းအကြာဟောကြားခဲ့သည့်တရားများကို အဘိ(တ)အဖြစ်လည်းကောင်း စုစည်းထားရှိပါသည်။၁၃၃၇-ခုနှစ်၊ ဝါခေါင်လပြည့်နေ့မှ ၁၃၃၈-ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ထိ ၁၀-သီတင်းအကြာ ဟောကြားထားသည့် အဘိဓမ္မာတရားတော်ကြီး (ဒုတိယပိုင်း) အသံတရားတော်များတွင် အသံတရားတော် (၂) (ယခု Episode) ကို မှတ်တမ်းစုစည်းမရရှိသေးပါ။ တရားတော် (၂) မစုစည်းနိုင်သေးကြောင်း မှတ်သားရလွယ်စေရန် တရားတော် (၂)တွင် အသံသွင်း၍ မှတ်တမ်းပြုထားပါသည်။ယခု တရားတော်သည် ၁၃၃၈-ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် ဟောကြားတော်မူခဲ့သည့် အဘိဓမ္မာတရားတော်ကြီး (ဒုတိယပိုင်း) တရားတော်အသံဖိုင်-၆ ဖြစ်ပါသည်။ မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် [email protected] များထံ ဆက်သွယ်နိုင်ပါသည်။
NOW PLAYING
အဘိဓမ္မာတရားတော်ကြီး (ဒု) ၁၃၃၈-ခုနှစ်၊ ဝါဆိုလပြည့် (၆/၁၀)
No transcript for this episode yet
Similar Episodes
Mar 26, 2026 ·1m
Jan 2, 2026 ·47m
Dec 21, 2025 ·46m