EPISODE · Oct 21, 2024 · 0 MIN
ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင် (၃/၃) ၁၃၃၈ တပို့တွဲလဆန်း (၁၀) ရက် (အသံဖိုင် မရရှိသေးပါ)
from Mahasi Dhamma Podcast - မဟာစည်တရားတော်များ · host Buddha Sasana Nuggaha Organization
ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ပရိနိဗ္ဗာန် စံတော်မူခါနီးအချိန်တွင် ဘာသာရေးမှတ်ကျောက် ဘာသာရေးစံအဖြစ်ဖြင့် ပရိဗိုဇ်သုဘဒ္ဒအား မိန့်ကြားတော်မူခဲ့သော ရှစ်ဖြာမဂ္ဂင်ဒေသနာတော်ကို မဟာစည်ဆရာတော်ဘုရားကြီးသည် “ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင်တရားတော်” ဟူ၍တရားခေါင်းစဥ်ဖြင့် ဟောကြားတော်မူခဲ့ပါသည်။ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင်တရားတော်ကြီးကို ရန်ကုန်မြို့၊ သာသနာ့ရိပ်သာနှင့် အခြားကမ္မဋ္ဌာန်းဌာနအသီးသီး၌ ဟောကြားတော်မူခဲ့ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က စုစည်းရရှိသည့် ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်များမှာ ၁၃၃၃-ခုနှစ်၊ တော်သလင်းလဆန်း ၂-ရက်၊ မိုးကောင်းဘုရားအရိယာဓမ္မာရုံကြီး၌ ဟောကြားခဲ့သည့် ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင်တရားတော် (အသံဖိုင်အားဖြင့် ၁-ဖိုင်), ၁၃၃၈-ခုနှစ်၊ တပို့တွဲလဆန်း ၈၊ ၉၊ ၁၀-ရက်နေ့များ၌ (ဟောရပ်မသိပါ) ဟောကြားခဲ့သည့် ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော် (အသံဖိုင်အားဖြင့် ၃-ဖိုင်) တို့ဖြစ်ပါသည်။ စုစုပေါင်း အသံဖိုင် ၄-ဖိုင်စုစည်းရရှိပါသည်။ ယခု Episode သည် ၁၃၃၈-ခုနှစ်၊ တပို့တွဲလဆန်း ၁၀-ရက်နေ့တွင် ဟောကြားတော်မူသည့် ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင်တရားတော်ကြီး-၁ ဖြစ်ပါသည်။ ၁၃၃၉၊ ၁၃၃၃ ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင်+သာရဏီယ+မဟာပစ္စဝေက္ခဏာ+ဓမ္မဒေသနာဆောင်ပုဒ်များ မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် [email protected] များထံ ဆက်သွယ်နိုင်ပါသည်။
NOW PLAYING
ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင် (၃/၃) ၁၃၃၈ တပို့တွဲလဆန်း (၁၀) ရက် (အသံဖိုင် မရရှိသေးပါ)
No transcript for this episode yet
Similar Episodes
Mar 26, 2026 ·1m
Jan 2, 2026 ·47m
Dec 21, 2025 ·46m