အိမ်ကလေး Podcast by Thiri

PODCAST · society

အိမ်ကလေး Podcast by Thiri

မင်္ဂလာပါ ကျွန်မကတော့သီရိပါ။အိမ်ကလေး Podcast နဲ့ မိတ်ဆက်ပေးပါရစေရှင်။လူတိုင်းလူတိုင်းမှာ ကိုယ်ချစ်ခင်ရတဲ့ မိသားစု ၊ မိဘ၊ မောင်နှမ၊ သားသမီး၊ ချစ်သူ ခင်သူ၊ ဆွေမျိုး၊ အပေါင်းအသင်း၊ မိတ်ဆွေ စတဲ့ Relationship ပေါင်းများစွာနဲ့ နေ့စဉ်ထိတွေ့ ဆက်နွယ်နေကြပြီး ဘဝကို ဖြတ်သန်းနေကြတာပဲ မဟုတ်ပါလားရှင်။ ဒီလို မတူညီတဲ့ ဆက်နွယ်မှုတွေနဲ့ ဘဝကို အသီးသီး ဖြတ်သန်းနေရင်းနဲ့ပဲ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝတွေမှာ မလွှဲမသွေ ကြုံတွေ့ကြရတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးပဲပေါ့ရှင်။ ဒါကြောင့် ဒီလို မတူညီတဲ့ Relationship ပေါင်းများစွာရဲ့ အချင်းချင်း နားလည်ဖေးမမှုတွေ လွတ်လပ်မှုတွေ ဝါသနာတွေ စီမံခန့်ခွဲမှုတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ ချစ်ခြင်းမေတ္တာ‌တွေ အစရှိတဲ့ ပြောရင်တောင်ကုန်မှာမဟုတ်တဲ့ မျိုးစုံသော အကြောင်းအရာတွေ အများကြီးကို နယ်ပယ်ပေါင်းများစွာက ချစ်ခင်ရသူတွေနဲ့ ကျွန်မတို့ရဲ့ အိမ်ကလေး Podcast မှာ ရင်းရင်းနှီးနှီး စကားဝိုင်းဖွဲ့ ပြောဆိုဆွေးနွေးသွားကြရမှာပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အိမ်ကလေး Podcast ကနေ အပတ်စဉ် စိတ်ဝင်စားစရာကောင်းတဲ့ စကားဝိုင်းလေးတွေ၊ သွားရောက်လည်ပတ်လို့ကောင်းတဲ့ နေရာလေးတွေ၊ မိသားစုဝင် အချင်းချင်း ရ

  1. 21

    "ကောင်းမွန်တဲ့ အိမ်ကလေး" with Wai Wai Phyo (Architect မှတ်စု)

    Eainkalay Podcast ကို အောက်ပါ Link တွေကနေ နားဆင်နိုင်ပါတယ်ရှင်။Direct Link:https://player.captivate.fm/episode/399fa748-4bd7-4c22-88b5-40e488979995/YouTube:https://www.youtube.com/@ayesayoriginalSpotify:https://open.spotify.com/show/6yULQFNJhwVIm23KaKkVbl?si=2a293d2bc754427aApple Podcast:https://podcasts.apple.com/us/podcast/%E1%80%A1-%E1%80%99-%E1%80%80%E1%80%9C-podcast-by-thiri/id1705832644Facebook:https://www.facebook.com/ayesayoriginalInstagram:https://www.instagram.com/ayesayoriginal

  2. 20

    "မိသားစုသွားကျန်းမာရေး" with Dr. Zaw Phyo Oo (My Dentist)

    Eainkalay Podcast ကို အောက်ပါ Link တွေကနေ နားဆင်နိုင်ပါတယ်ရှင်။Direct Link:https://player.captivate.fm/episode/399fa748-4bd7-4c22-88b5-40e488979995/YouTube:https://www.youtube.com/@ayesayoriginalSpotify:https://open.spotify.com/show/6yULQFNJhwVIm23KaKkVbl?si=2a293d2bc754427aApple Podcast:https://podcasts.apple.com/us/podcast/%E1%80%A1-%E1%80%99-%E1%80%80%E1%80%9C-podcast-by-thiri/id1705832644Facebook:https://www.facebook.com/ayesayoriginalInstagram:https://www.instagram.com/ayesayoriginal

  3. 19

    "ခိုင်မာတဲ့ Relationship" with Ma May Myat Thu

    Eainkalay Podcast ကို အောက်ပါ Link တွေကနေ နားဆင်နိုင်ပါတယ်ရှင်။Direct Link:https://player.captivate.fm/episode/f041ee99-1cdb-4e14-975b-ae8ed9487f5f/YouTube:https://www.youtube.com/@ayesayoriginalSpotify:https://open.spotify.com/show/6yULQFNJhwVIm23KaKkVbl?si=2a293d2bc754427aApple Podcast:https://podcasts.apple.com/us/podcast/%E1%80%A1-%E1%80%99-%E1%80%80%E1%80%9C-podcast-by-thiri/id1705832644Facebook:https://www.facebook.com/ayesayoriginalInstagram:https://www.instagram.com/ayesayoriginal

  4. 18
  5. 17

    "အလှအပနှင့်ကျန်းမာရေး" with Phyo Day by Day

    Eainkalay Podcast ကို အောက်ပါ Link တွေကနေ နားဆင်နိုင်ပါတယ်ရှင်။Direct Link:https://player.captivate.fm/episode/f041ee99-1cdb-4e14-975b-ae8ed9487f5f/YouTube:https://www.youtube.com/@ayesayoriginalSpotify:https://open.spotify.com/show/6yULQFNJhwVIm23KaKkVbl?si=2a293d2bc754427aApple Podcast:https://podcasts.apple.com/us/podcast/%E1%80%A1-%E1%80%99-%E1%80%80%E1%80%9C-podcast-by-thiri/id1705832644Facebook:https://www.facebook.com/ayesayoriginalInstagram:https://www.instagram.com/ayesayoriginal

  6. 16

    "အိမ်တွင်းတောအုပ်လေး" with Ko Thurein (Terra Lab)

    အိမ်ကလေး Podcast ရဲ့ နားဆင်သူများအားလုံးမင်္ဂလာပါရှင်။ဒီတစ်ပတ်မှာ သီရိတို့ရဲ့ အိမ်ကလေး Podcast မှ ဖိတ်ခေါ်ထားတဲ့ ဧည့်သည်ကတော့ Terra Lab Team ရဲ့ Founder Ko Thurein ပဲဖြစ်ပါတယ်။သဘာဝကိုချစ်မြတ်နိုးသူတိုင်း အိမ်ပြင်ထွက်စရာမလိုပဲ သဘာဝနဲ့ချိတ်ဆက်ပေးမယ့် Terra Lab မှာဆိုရင် မြို့ပြမှာမြင်ရခဲတဲ့ သဘာဝရဲ့အလှတရားတွေကို အိမ်နဲ့ ရုံးခန်းတွေမှာ နေ့စဉ်မြင်တွေ့နေရစေဖို့ ဖန်တီးပေးနေတာပဲဖြစ်ပါတယ်။ ဖန်အိမ်ငယ်ကမ္ဘာလေး တစ်ခုထဲမှာ သဘာဝဆန်ဆန် တောအုပ်ထဲက သစ်ပင်လေးတွေ၊ ကျောက်တုံးလေးတွေ၊ ရေတံခွန်လေးတွေ၊ စမ်းချောင်းလေးတွေနဲ့ အသေးစားဖန်တီးထားတဲ့ စိတ်ကူးထဲကတောအုပ်လေးဟာ မြင်တွေ့ရသူတိုင်း စိတ်အပန်းဖြေရသလို စိတ်ဖိစီးမှုတွေကိုလည်းလျော့ချနိုင်ပါတယ်။အိမ်ကလေး Podcast ရဲ့ နားဆင်ကြသူတွေအနေနဲ့ ဒီလိုမျိုး သဘာဝတရားနဲ့ ချိတ်ဆက်မယ့် အနုပညာဆန်တဲ့စိတ်ကူးတွေနဲ့ ပုံဖော်ဖန်တီးရတဲ့အလုပ်ကို Ko Thurein က ဘယ်လိုစတင်စဉ်းစားဖြစ်ခဲ့တာလဲ။ဘာကြောင့် လုပ်ငန်းတစ်ခုအနေနဲ့ ရွေးချယ်ဖြစ်ခဲ့တာလဲ။ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေက ဘာတွေဖြစ်မလဲ။အခုလက်ရှိဘာတွေဆက်လက်ဖန်တီးဖြစ်နေလဲ။ ဆိုတဲ့ အကြောင်းအရာတွေကို သိချင်ကြလိမ့်မယ်လို့ သီရိကထင်ပါတယ်။ဒါကြောင့် သီရိက "အိမ်တွင်းတောအုပ်လေး" ဆိုတဲ့ခေါင်းစဉ်လေးအောက်မှာ Ko Thurein နဲ့အတူ နားဆင်သူတွေ သိချင်ကြမယ့် အကြောင်းအရာတွေကို ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။နားဆင်ခံစား အားပေးကြပါဦးရှင်။Eainkalay Podcast ကို အောက်ပါ Link တွေကနေ နားဆင်နိုင်ပါတယ်ရှင်။YouTube:https://www.youtube.com/@ayesayoriginalSpotify:https://open.spotify.com/show/6yULQFNJhwVIm23KaKkVbl?si=2a293d2bc754427aApple Podcast:https://podcasts.apple.com/us/podcast/%E1%80%A1-%E1%80%99-%E1%80%80%E1%80%9C-podcast-by-thiri/id1705832644Facebook:https://www.facebook.com/ayesayoriginalInstagram:https://www.instagram.com/ayesayoriginal

  7. 15

    "မိသားစုဆိုတာ" with U Kyaw Win & Aunty Ei Cho

    အိမ်ကလေး Podcast ရဲ့ နားဆင်သူများအားလုံးမင်္ဂလာပါရှင်။ဒီတစ်ပတ်မှာ သီရိဖိတ်ခေါ်ထားတဲ့ဧည့်သည်တော်နှစ်ဦးကတော့ ဦးကျော်ဝင်း (စာရေးဆရာ/ထုတ်ဝေသူ "ဗျူး") နှင့် သူ၏ဇနီး အန်တီ အိချို တို့ပဲဖြစ်ပါတယ်ရှင်။Social media မှာတင်လေ့ရှိတဲ့ သမီးဖြစ်သူ ဂျက်စီကာဒါဒါနဲ့ မိဘနှစ်ဦးရဲ့ ပွင့်လင်းတဲ့ဆက်ဆံရေးကြောင့် ရယ်မောပျော်ရွှင်ရတဲ့ video လေးတွေကြည့်ပြီး ဒီလိုမျိုး ပွင့်လင်းနွေးထွေးတဲ့ မိသားစုဆက်ဆံရေးမျိုးကို သီရိအပါအဝင် အားကျရသူတွေလည်း အများကြီးရှိနေမယ်လို့ထင်ပါတယ်ရှင်။သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုကိုယ်စီရရှိထားတဲ့ သားနဲ့သမီး နှစ်ယောက်လုံးကို အခုလိုမျိုးကောင်းမွန်စွာကြီးပြင်းလာအောင် ပြုစုပျိုးထောင်ခဲ့တဲ့ မိဘနှစ်ဦးလည်းဖြစ်တာကြောင့် သီရိက "မိသားစုဆိုတာ" ဆိုတဲ့ ခေါင်းစဉ်လေးရဲ့အောက်မှာ ဒီနေ့ ဆွေးနွေးသွားချင်ပါတယ်ရှင်။မိဘနေရာရောက်နေပြီးသားသူတွေရော၊ နောင်တစ်ချိန်ကလေးယူဖို့စိတ်ကူးထားတဲ့သူတွေအတွက်ပါ သိသင့်ပြီး မှတ်သားထိုက်တဲ့ အကြောင်းအရာလေးတွေကို ဆွေးနွေးထားတာမလို့ နားဆင်သူများအတွက်အကျိုးတစ်စုံတစ်ရာရရှိစေဖို့မျှော်လင့်ပါတယ်ရှင်။နားဆင်ခံစားအားပေးကြပါဦးရှင်။အိမ်ကလေး Podcast အပြည့်အစုံကို အောက်ပါ Link တွေကနေတဆင့် သွားရောက်နားဆင်နိုင်ပါတယ်ရှင်။YouTube:https://www.youtube.com/@ayesayoriginalSpotify:https://open.spotify.com/show/6yULQFNJhwVIm23KaKkVbl?si=2a293d2bc754427aApple Podcast:https://podcasts.apple.com/us/podcast/%E1%80%A1-%E1%80%99-%E1%80%80%E1%80%9C-podcast-by-thiri/id1705832644Facebookhttps://www.facebook.com/ayesayoriginalInstagramhttps://www.instagram.com/ayesayoriginal(အိမ်ကလေး Podcast ကို Aye Say Studio မှဖန်တီးတင်ဆက်ပါတယ်)

  8. 14

    "Modern Parenting" with Dr. Phone Sithu Lwin

    အိမ်ကလေး Podcast ရဲ့ နားဆင်သူများအားလုံးမင်္ဂလာပါရှင်။ဒီတစ်ပတ်မှာ သီရိဖိတ်ခေါ်ထားတဲ့ဧည့်သည်ကတော့ Social Media မှာ ကျန်းမာရေးဗဟုသုတတွေကို အမြဲမျှဝေပေးနေတဲ့ Dr.ဘုန်းစည်သူလွင် ပဲဖြစ်ပါတယ်ရှင်။Dr. ဘုန်းစည်သူလွင်ဟာ အခုလက်ရှိမှာဆိုရင် ရွှေဂုံတိုင်ဆေးရုံ SSC ရဲ့ အရေးပေါ်ဆရာဝန်အဖြစ် တာဝန်ယူထားသူတစ်ဦးလည်းဖြစ်ပါတယ်ရှင်။ ကိုဗစ်ကာလတွေမှာ ကျန်းမာရေးဗဟုသုတနဲ့ပတ်သတ်ပြီး ရေးသားမျှဝေတဲ့စာတွေဟာ လူပိုသိလာပြီး (၁) အိပ်မပျော်သောညများနှင့် နှလုံးဖိစီးမှု(၂) လှိုင်းသုံးလှိုင်းကိုဖြတ်ကျော်ခြင်း(၃) ကျွန်တော်နှင့်မာယာများသောသူ စသည့် ကျန်းမာရေးဗဟုသုတများစွာကို မျှဝေဖော်ပြထားသော စာအုပ်သုံးအုပ်ကိုလည်း အုပ်ရေထောင်ချီ ထုတ်ဝေထားပါတယ်။ကလေးစိတ်ပညာနဲ့ပတ်သတ်ပြီး Diploma ထပ်ယူဖြစ်ခဲ့တဲ့ Dr. ဘုန်းစည်သူလွင်နဲ့အတူသီရိတို့ ဒီနေ့ဆွေးနွေးသွားမှာကတော့ Modern Parenting ဆိုတဲ့ အကြောင်းအရာလေးပဲဖြစ်ပါတယ်။ကလေးတွေကို စိတ်ဓာတ်အတွေးအမြင်တွေကောင်းဖို့၊ ကိုယ်ပိုင်အရည်အချင်းရှိဖို့၊ ပျော်ရွှင်စွာကြီးပြင်းလာစေဖို့ မိဘတွေအနေနဲ့ ဘယ်လိုမျိုး ပြုစုပျိုးထောင်ပေးသင့်လဲဆိုတာတွေကို မျှဝေပြောကြားထားပါတယ်ရှင်။(အိမ်ကလေး Podcast ကို Aye Say Studio မှဖန်တီးတင်ဆက်ပါတယ်)

  9. 13

    "ဒို့အိမ် ဒို့ဝန်းကျင်" with Ko Ethan (Doh Eain)

    ဒီနေ့မှာတော့ Doh Eain က ကိုအီသန်နဲ့ သီရိတို့ "ဒို့အိမ် ဒို့ဝန်းကျင်" ဆိုတဲ့ Topic လေးကိုဆွေးနွေးထားပါတယ်ရှင်။

  10. 12

    "သူ့ခေတ် ကိုယ့်ခေတ်" with Za War & Po Po Heather

    Aye Say Original YouTube Channel မှာလည်း Episode အစအဆုံးကို နားထောင်နိုင်ပါတယ်။

  11. 11

    "Financial Management" with Su Latt Nwe & Ko Phoe Wai

    ဒီတစ်ပတ်မှာတော့ ကိုဖိုးဝေနဲ့ ဆုလာဒ်နွယ်တို့ ဇနီးမောင်နှံနှစ်ယောက် သီရိတို့ရဲ့ အိမ်ကလေးဆီလာလည်သွားကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ "ငွေကြေးစီမံခန့်ခွဲမှုအကြောင်း" လေးကိုလည်း နားထောင်ကြည့်ပေးပါဦးနော်။

  12. 10

    "Trust in Relationships" with Hnin Wutyee Aung

    "Relationship မှာ ယုံကြည်မှုကို ချိုးဖောက်ပြီးရင် ကိုယ့် Partner က ပြန်ယုံကြည်ဖို့ ထိုက်တန်တဲ့သူလား" ဒီတစ်ပတ် Episode မှာ အိမ်ကလေး Podcast ရဲ့ ပရိသတ်တွေအတွက် "ယုံကြည်မှု" ဆိုတဲ့အကြောင်း‌အရာလေးကို JULIA Advertising Agency နဲ့ Hantha Institute ရဲ့ Founder နှင်းဝတ်ရည်အောင် နဲ့အတူ သီရိက ဆွေးနွေးထားပါတယ်။ နားထောင်ကြည့်ပေးပါဦးနော်။

  13. 9

    "Married Vs Single" with Kaung Myat Satt & Su Chit Zaw

    "သူငယ်ချင်းထပ်ပိုပြီး ရည်းစားလည်းမဟုတ်တဲ့ moment လေးက ရင်ခုန်စရာ ကောင်းပါတယ်" ဒီတစ်ပတ် Episode မှာ အိမ်ကလေး Podcast ရဲ့ ပရိသတ်တွေအတွက်"ချစ်သူဘဝ နဲ့ အိမ်ထောင်ရှင်ဘဝ ကွာခြားပုံ"ဆိုတဲ့အကြောင်း‌အရာလေးကို တေးသံရှင် စုချစ်ဇော် နဲ့ သူမရဲ့ခင်ပွန်း ‌ကိုကောင်းမြတ်ဆက် တို့နဲ့အတူ သီရိက ဆွေးနွေးထားပါတယ်။ နားထောင်ကြည့်ပေးပါဦးနော်။

  14. 8

    "Family Coaching" with May Myat Thu & Lai (Co-Host)

    "ကိုယ့်ဘေးနားမှာရှိတဲ့ မိသားစုကို ချစ်ပေးပါ"ဒီတစ်ပတ် Episode မှာ အိမ်ကလေး Podcast ရဲ့ ပရိသတ်တွေအတွက် "Family Coaching" ဆိုတဲ့အကြောင်းအ‌ရာလေးကို Life Coach မမေမြတ်သူ နဲ့အတူ သီရိတို့ ဆွေးနွေးထားပါတယ်။ သီရီရဲ့ ညီမလေး လဲ့ ကလည်း ဒီ Podcast လေးမှာ Co-Host အဖြစ်ပါဝင်ပေးထားပါ‌သေးတယ်။ နားထောင်ကြည့်ပါဦးနော်။

  15. 7

    "Friendship Goal" with Kay Kay Moe & Wutyi Htet

    "Friendship Goal" ဆိုတဲ့အကြောင်းအ‌ရာလေးမှာ ပါဝင်ဆွေးနွေးထားတဲ့ တေးသံရှင် ဝတ်ရည်ထက် နဲ့ တေးသံရှင် ကေကေမိုး တို့ရဲ့ ဆယ်စုနှစ်ကျော် ခင်မင်ရင်းနှီးမှု‌တွေအပြင် ပရိသတ်တွေမသိသေးတဲ့ သူငယ်ချင်းနှစ်ယောက်ကြားက အကြောင်းအရာ‌လေးတွေကို သီရိက မေးမြန်းထားပါတယ်။ အိမ်ကလေး Podcast ရဲ့ ဒီတစ်ပတ် Episode လေးကို နားထောင်ကြည့်ပေးပါဦးနော်။

  16. 6

    "Better Living Lifestyle" with Hninn Mon

    "ကောင်းမွန်သော နေထိုင်မှု" ဖြစ်ဖို့အတွက် အိမ်တစ်အိမ်မှာ မိသားစုကျန်းမာခြင်းရဲ့အစက မီးဖိုချောင်ကစတာပါ ဆိုတဲ့ အကြောင်းအရာလေးကို Live Life မှ Executive Director မနှင်းမွန် နဲ့အတူ သီရိတို့ ဆွေးနွေးထားပါတယ်။အိမ်ကလေး Podcast ကို နားထောင်နေကြတဲ့ ပရိသတ်များ ဒီတစ်ပတ်ရဲ့ Episode လေးကို နားထောင်ရင်း "ကောင်းမွန်သောနေထိုင်မှု" ကို ဖန်တီးနိုင်ကြပါစေရှင်။

  17. 5

    "Long Distance Relationship" with San Thida

    အိမ်ကလေး Podcast ကို နားထောင်နေကြတဲ့ ပရိသတ်များအတွက် သီရိ တို့ရဲ့ ဒီတစ်ပတ် Episode မှာတော့ Mandalay FM ရဲ့ မင်္ဂလာည‌နေခင်းပါ အစီအစဉ်ရဲ့ Radio Host မင်းသမီးလေး စမ်းသီတာနဲ့အတူ "Long Distance Relationship မှာ နေသားကျအောင် ဘယ်လို နေထိုင်သလဲ" ဆိုတဲ့အကြောင်းအရာလေးကို သီရိတို့ ဆွေးနွေးထားပါတယ်။ နားထောင်ကြည့်ပေးပါဦးနော်။

  18. 4

    "Mutual Respect" with Htike Htike and Ko Myo Zaw

    အိမ်ကလေး Podcast ရဲ့ အခု Episode မှာတော့ တေးသံရှင် ထိုက်ထိုက် နဲ့ သူမရဲ့ခင်ပွန်း ကိုမျိုးဇော် နဲ့အတူ "အပြန်အလှန် ‌‌လေးစားမှု" ဆိုတဲ့အကြောင်းအရာလေးကို သီရိတို့ ဆွေးနွေးထားပါတယ်။ နားထောင်ကြည့်ပေးပါဦးနော်။

  19. 3

    "How to handle stress in marriage" with Shwe Pachi & Lai (Co-Host)

    အိမ်ကလေး Podcast ရဲ့ ဒုတိယ‌မြောက် Episode မှပြန်လည်ကြိုဆိုပါတယ်ရှင်။ဒီနေ့မှာတော့ ရွှေပန်းချီနဲ့ အတူ "How to handle stress in marriage" အကြောင်းလေးကို သီရိတို့ဆွေးနွေးထားပါတယ်။ သီရီရဲ့ ညီမလေး လဲ့ ကလည်း ဒီ Podcast လေးမှာ Co-Host အဖြစ်ပါဝင်ပေးထားပါသေးတယ်။နားထောင်ကြည့်ပေးပါဦးနော်။

  20. 2

    "Sister Relationships" with Yadanar Wine & Shwe Sin

    အိမ်ကလေး Podcast ရဲ့ ပထမဆုံး Episode မှကြိုဆိုပါတယ်ရှင်။တေးသံရှင် ရတနာဝိုင်းနဲ့ ရွှေစင်တို့ ညီအစ်မနှစ်ယောက်နဲ့အတူ "Sister Relationships" အကြောင်းလေးကို သီရိတို့ဆွေးနွေးထားပါတယ်။နားထောင်ကြည့်ပေးပါဦးနော်။

  21. 1

    အိမ်ကလေး Podcast Trailer

    မင်္ဂလာပါ ကျွန်မကတော့သီရိပါ။အိမ်ကလေး Podcast နဲ့ မိတ်ဆက်ပေးပါရစေရှင်။လူတိုင်းလူတိုင်းမှာ ကိုယ်ချစ်ခင်ရတဲ့ မိသားစု ၊ မိဘ၊ မောင်နှမ၊ သားသမီး၊ ချစ်သူ ခင်သူ၊ ဆွေမျိုး၊ အပေါင်းအသင်း၊ မိတ်ဆွေ စတဲ့ Relationship ပေါင်းများစွာနဲ့ နေ့စဉ်ထိတွေ့ ဆက်နွယ်နေကြပြီး ဘဝကို ဖြတ်သန်းနေကြတာပဲ မဟုတ်ပါလားရှင်။ ဒီလို မတူညီတဲ့ ဆက်နွယ်မှုတွေနဲ့ ဘဝကို အသီးသီး ဖြတ်သန်းနေရင်းနဲ့ပဲ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝတွေမှာ မလွှဲမသွေ ကြုံတွေ့ကြရတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးပဲပေါ့ရှင်။ ဒါကြောင့် ဒီလို မတူညီတဲ့ Relationship ပေါင်းများစွာရဲ့ အချင်းချင်း နားလည်ဘေးမမှုတွေ လွတ်လပ်မှုတွေ ဝါသနာတွေ စီမံခန့်ခွဲမှုတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ ချစ်ခြင်းမေတ္တာ‌တွေ အစရှိတဲ့ ပြောရင်တောင်ကုန်မှာမဟုတ်တဲ့ မျိုးစုံသော အကြောင်းအရာတွေ အများကြီးကို နယ်ပယ်ပေါင်းများစွာက ချစ်ခင်ရသူတွေနဲ့ ကျွန်မတို့ရဲ့ အိမ်ကလေး Podcast မှာ ရင်းရင်းနှီးနှီး စကားဝိုင်းဖွဲ့ ပြောဆိုဆွေးနွေးသွားကြရမှာပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အိမ်ကလေး Podcast ကနေ အပတ်စဉ် စိတ်ဝင်စားစရာကောင်းတဲ့ စကားဝိုင်းလေးတွေ၊ သွားရောက်လည်ပတ်လို့ကောင်းတဲ့ နေရာလေးတွေ၊ မိသားစုဝင် အချင်းချင်း ရင်းရင်းနှီးနှီး အတူတူအချိန်ဖြုန်းရင်း ကြည့်လို့ကောင်းမဲ့ ရုပ်ရှင်လေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလည်း ပရိသတ်တွေ ကိုယ်တိုင်ပါဝင်နိုင်တဲ့ အထူးအစီအစဉ်တွေလည်း ရှိသေးတယ်နော်။ ချစ်ခြင်းမေတ္တာတွေ အပြည့်နဲ့ ပိုမိုကောင်းမွန်တဲ့ အိမ်ကလေးဖြစ်ဖို့ အားလုံးပဲ အတူတူပါဝင် နားဆင်ပေးဖို့ကိုလည်း သီရိတို့ရဲ့ အစီအစဉ်လေးကနေ ချစ်ခင်ရင်းနှီးစွာနဲ့ ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့တိုင်း အိမ်ကလေးမှာ သီရိတို့ ဆုံကြမယ်နော်။(အိမ်ကလေး Podcast ကို Aye Say Studio မှဖန်တီးတင်ဆက်ပါတယ်)

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

မင်္ဂလာပါ ကျွန်မကတော့သီရိပါ။အိမ်ကလေး Podcast နဲ့ မိတ်ဆက်ပေးပါရစေရှင်။လူတိုင်းလူတိုင်းမှာ ကိုယ်ချစ်ခင်ရတဲ့ မိသားစု ၊ မိဘ၊ မောင်နှမ၊ သားသမီး၊ ချစ်သူ ခင်သူ၊ ဆွေမျိုး၊ အပေါင်းအသင်း၊ မိတ်ဆွေ စတဲ့ Relationship ပေါင်းများစွာနဲ့ နေ့စဉ်ထိတွေ့ ဆက်နွယ်နေကြပြီး ဘဝကို ဖြတ်သန်းနေကြတာပဲ မဟုတ်ပါလားရှင်။ ဒီလို မတူညီတဲ့ ဆက်နွယ်မှုတွေနဲ့ ဘဝကို အသီးသီး ဖြတ်သန်းနေရင်းနဲ့ပဲ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝတွေမှာ မလွှဲမသွေ ကြုံတွေ့ကြရတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးပဲပေါ့ရှင်။ ဒါကြောင့် ဒီလို မတူညီတဲ့ Relationship ပေါင်းများစွာရဲ့ အချင်းချင်း နားလည်ဖေးမမှုတွေ လွတ်လပ်မှုတွေ ဝါသနာတွေ စီမံခန့်ခွဲမှုတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ ချစ်ခြင်းမေတ္တာ‌တွေ အစရှိတဲ့ ပြောရင်တောင်ကုန်မှာမဟုတ်တဲ့ မျိုးစုံသော အကြောင်းအရာတွေ အများကြီးကို နယ်ပယ်ပေါင်းများစွာက ချစ်ခင်ရသူတွေနဲ့ ကျွန်မတို့ရဲ့ အိမ်ကလေး Podcast မှာ ရင်းရင်းနှီးနှီး စကားဝိုင်းဖွဲ့ ပြောဆိုဆွေးနွေးသွားကြရမှာပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အိမ်ကလေး Podcast ကနေ အပတ်စဉ် စိတ်ဝင်စားစရာကောင်းတဲ့ စကားဝိုင်းလေးတွေ၊ သွားရောက်လည်ပတ်လို့ကောင်းတဲ့ နေရာလေးတွေ၊ မိသားစုဝင် အချင်းချင်း ရ

HOSTED BY

Aye Say Studio

URL copied to clipboard!