90 Minutes with Ye Aung Thu podcast artwork

PODCAST · arts

90 Minutes with Ye Aung Thu

အခု Podcast မှာတော့ နားထောင်သူဟာ ဓာတ်ပုံတစ်ပုံရဲ့ သမိုင်းကိုပြောမှု၊ စစ်ဒဏ်သင့် အရပ်က လူငယ်တွေရဲ့ ကြိုးပမ်းနေမှုတွေ၊ အလင်း/အမှောင်ဆန်တဲ့ တော်လှန်ရေးထဲက ဘဝတွေကို မှတ်တမ်းယူရင်း ကြုံတွေ့ခံစားရတဲ့ သတင်းဓာတ်ပုံသမားတစ်ယောက်ရဲ့ အတွေ့အကြုံတွေကို ကြားသိခွင့်ရမှာဖြစ်ပါတယ်။နာဂစ်မုန်တိုင်း အချိန်ကာလ စစ်တပ်ရဲ့ ဖွက်ထားတဲ့ မြေပြင်က ဖြစ်စဥ်တွေကို ဓာတ်ပုံခိုးရိုက်ခဲ့တဲ့ ကိုရဲအောင်သူဟာ အခု ၂၀၂၅ မှာ ဂုဏ်သိက္ခာကြီးမားသော World Press ရဲ့ Photo Stories Award Winner ဆု အပါအဝင် အခြားသော ပြည်တွင်းပြည်ပ အသိမှတ်ပြုမှုတွေ အများကြီး ကိုရရှိခဲ့ပါတယ်။

  1. 3

    EP 003: အသက်ဓါတ်နဲ့ရင်းရတဲ့အခါ

    အတွဲလိုက်ထုတ်တဲ့ စာအုပ်တွေလို ခေါင်းစဉ်တပ်ရမယ်ဆိုရင်တော့ ဒီအပိုင်းဟာ 90 Minutes with Ye Aung Thu Podcast ရဲ့ တတိယပိုင်း (ဇာတ်သိမ်း) ပေါ့။ဒီအစီအစဉ်ကို စပြီးပူးပေါင်းဆောင်ရွက်ကြကတည်းက ကိုယ်သိတာ၊ မသိတာ၊ မရှင်းတာတွေ အကုန်ရောမေးကြ၊ ကိုရဲအောင်သူက စိတ်ရှည်ရှည်နဲ့ ဖြေပေးရင်း အပိုင်းသုံးပိုင်းစာထိ ချဲ့ထွင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီ့အတွက် နားဆင်ကြသူတွေအဖို့ အများကြီးအကျိုးပွားမယ်၊ ကျေလည်းကျေနပ်ကြမယ်လို့ BPN ကယုံကြည်နေပါတယ်။အခုဇာတ်သိမ်းပိုင်းမှာလည်း စစ်အတွင်းနဲ့ အကြပ်တည်းကာလတွင်းတွေမှာ အသက်ဓါတ်ကို ဉာဏ်ကူဆွဲဆန့်ပြီးတော့ မှတ်တမ်းယူနေကြတဲ့ စစ်အတွင်းသတင်းထောက်တွေ၊ ဓါတ်ပုံဆရာတွေရဲ့ စွန့်စားရုန်းကန်ကြရပုံတွေကို အက်ရှင်များများနဲ့ ကြားကြရမှာဖြစ်ပါတယ်။ဒါ့အပြင် ထွေပြားလှတဲ့ ဒစ်ဂျစ်တယ်ခေတ်၊ AI ခေတ်ထဲမှာ ဘာတွေက အရေးကြီးလဲဆိုတာတွေပါ ဓါတ်ဆရာရဲ့ အတွေ့အကြုံတွေနဲ့ ရင်းပြီး အိတ်သွန်ဖာမှောက်ပြောထားတာတွေကို Burma Podcast Network ရဲ့ Social Media Platform များမှာ နားဆင်နိုင်ပါပြီ။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင် ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝဆိုင်ရာ အတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။Chapters:(00:00) Introduction(00:43) အချက်အလက်ဆိုတာ အသက်(04:43) နည်းပညာဆိုင်ရာရွေးချယ်မှု(07:19) အသက်ကိုဉာဏ်စောင့်(13:01) စစ်နယ်သတင်းထောက်(16:20) အသက်ကာတွေ ဆောင်ထားပါ(21:03) စိတ်ဇောကိုရောဘယ်လိုပြင်မလဲ(28:11) ပြေရာပြေကြောင်းများ(34:01 ) လွမ်းစရာ့နိဂုံးPhoto Courtesy of Thu Myae Poster Design by Burma Podcast NetworkBurma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  2. 2

    EP 002: ဓါတ်ဆရာပေးတဲ့ အိမ်စာများ

    90 mins with Ye Aung Thu ဒုတိယပိုင်း လာပါပြီ။မျှော်ရကျိုးနပ်တဲ့ အပိုင်းတစ်ခု ဖြစ်ပါလိမ့်မယ်။ ဓာတ်ပုံဆရာလူငယ် ဘဝနဲ့ ရန်ကုန် ကြက်/ဘဲ စျေးထဲက ကြက်သားသည် ရေထိုးနေတာ ရိုက်မိလို့ အဖြဲခံရတာ၊ ကမ္ဘာ့အားကစားပြိုင်ပွဲတွေမှာ ဓာတ်ပုံရိုက်တတ်ရုံနဲ့ မပြီးဘဲ ကစားနည်းမျိုးစုံရဲ့ စည်းကမ်းတွေ လိုက်လေ့လာရတာ၊ မြန်မာပြည်နိုင်ငံရေးမှာ ဓာတ်ဖမ်းဆရာတွေ ပါးရည်နပ်ရည်မရှိရင် အကွဲအပြဲထဲ ပဲလှော်ကြား ဆားညှပ်တတ်တဲ့ ကိစ္စတွေထိ ဆရာသမားက အားပါတရ ဝေမျှထားတာ နားဆင်ရမှာပါ။ နှစ်ပေါင်းများစွာ ကြုံတွေ့ လေ့လာခဲ့တာတွေကို အပိုအလိုမရှိ တင်ဆက်ထားတာမို့ အချိန်မရှိတောင် အချိန်ရှာပြီး နားထောင်ရမယ့် Episode မျိုးဖြစ်ပါတယ်။ အခုလို Podcast တွေကို Burma Podcast Network က အပတ်စဥ် စနေနေ့ည ၈ နာရီတိုင်းမှာ တင်ဆက်ပေးလျက်ရှိပါတယ်။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝဆိုင်ရာ အတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ YouTube, Spotify နဲ့ Apply Podcast မှာ အစအဆုံးနားထောင်နိုင်မယ့် Link ကို Comment မှာ တပါထဲဖော်ပြထားပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ရေရှည်ရပ်တည်နိုင်ဖို့ပံ့ပိုးကူညီနိုင်ပါတယ်။Chapters:(00:00) Introduction(00:08) ဓါတ်ဆရာအလွဲများ(05:21) ဓါတ်ပုံကဏ္ဍအမျိုးမျိုး(12:05) သတင်းဓါတ်ပုံသမားဖြစ်ဖို့ဆိုရင်(16:46) အိမ်စာကြေဖို့လိုတယ်(19:45) ဆောင်ရန်ရှောင်ရန် အောက်ခြေသိမ်းPhoto Courtesy of Thu MyaePoster Design by Burma Podcast NetworkBurma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  3. 1

    EP 001: ဓါတ်ပုံဆရာဘဝနောက်ခံ

    ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ပြီဆိုရင် ကိုယ်က အဲ့ဓါတ်ပုံအပေါ် ဘယ်လိုသဘောနဲ့ရိုက်လဲ မေးခွန်းထုတ်ဖူးကြလား။ လူတွေရဲ့ အပြုအမူလေးတစ်ခုက ကမ္ဘာတည်မယ့် မှတ်တမ်းမျိုးလည်း မဖြစ်သွားနိုင်ဘူးလို့ ပြောလို့ရလား။ ကိုယ့်ဓါတ်ပုံကိုယ် ဘယ်လောက်စေတနာရှိလဲ၊ ရိုးသားမှုရှိလဲ...?အထက်ပါ မေးခွန်းတွေရဲ့ ဂယက်အနက်တွေအပြင် သတင်းမှတ်တမ်း ဓါတ်ပုံဆရာ ကိုရဲအောင်သူရဲ့ ဘဝအချိုးအဆစ်တချို့ကိုလည်း ဒီအစီအစဉ်မှာ ကြားသိကြရမှာ ဖြစ်ပါတယ်။ ဒီအစီစဉ်ကို နှောင်းလူတွေအတွက် ဓါတ်ပုံပညာဆိုင်ရာ မှတ်တမ်းမှတ်ရာ တစ်ခုအနေနဲ့ ကျန်ရှိနေအောင် BPN ဝိုင်းတော်သားတွေနဲ့ ကိုရဲအောင်သူတို့ ပူးပေါင်းတင်ဆက်တာ ဖြစ်ပါတယ်။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ရေရှည်ရပ်တည်နိုင်ဖို့ပံ့ပိုးကူညီနိုင်ပါတယ်။Photo Courtesy of Thu MyaePoster Design by Burma Podcast NetworkBurma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

အခု Podcast မှာတော့ နားထောင်သူဟာ ဓာတ်ပုံတစ်ပုံရဲ့ သမိုင်းကိုပြောမှု၊ စစ်ဒဏ်သင့် အရပ်က လူငယ်တွေရဲ့ ကြိုးပမ်းနေမှုတွေ၊ အလင်း/အမှောင်ဆန်တဲ့ တော်လှန်ရေးထဲက ဘဝတွေကို မှတ်တမ်းယူရင်း ကြုံတွေ့ခံစားရတဲ့ သတင်းဓာတ်ပုံသမားတစ်ယောက်ရဲ့ အတွေ့အကြုံတွေကို ကြားသိခွင့်ရမှာဖြစ်ပါတယ်။နာဂစ်မုန်တိုင်း အချိန်ကာလ စစ်တပ်ရဲ့ ဖွက်ထားတဲ့ မြေပြင်က ဖြစ်စဥ်တွေကို ဓာတ်ပုံခိုးရိုက်ခဲ့တဲ့ ကိုရဲအောင်သူဟာ အခု ၂၀၂၅ မှာ ဂုဏ်သိက္ခာကြီးမားသော World Press ရဲ့ Photo Stories Award Winner ဆု အပါအဝင် အခြားသော ပြည်တွင်းပြည်ပ အသိမှတ်ပြုမှုတွေ အများကြီး ကိုရရှိခဲ့ပါတယ်။

HOSTED BY

Burma Podcast Network

CATEGORIES

Frequently Asked Questions

How many episodes does 90 Minutes with Ye Aung Thu have?

90 Minutes with Ye Aung Thu currently has 3 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is 90 Minutes with Ye Aung Thu about?

အခု Podcast မှာတော့ နားထောင်သူဟာ ဓာတ်ပုံတစ်ပုံရဲ့ သမိုင်းကိုပြောမှု၊ စစ်ဒဏ်သင့် အရပ်က လူငယ်တွေရဲ့ ကြိုးပမ်းနေမှုတွေ၊ အလင်း/အမှောင်ဆန်တဲ့ တော်လှန်ရေးထဲက ဘဝတွေကို မှတ်တမ်းယူရင်း ကြုံတွေ့ခံစားရတဲ့ သတင်းဓာတ်ပုံသမားတစ်ယောက်ရဲ့ အတွေ့အကြုံတွေကို ကြားသိခွင့်ရမှာဖြစ်ပါတယ်။နာဂစ်မုန်တိုင်း အချိန်ကာလ စစ်တပ်ရဲ့...

How often does 90 Minutes with Ye Aung Thu release new episodes?

90 Minutes with Ye Aung Thu has 3 episodes. Check the episode list to see recent publication dates and frequency.

Where can I listen to 90 Minutes with Ye Aung Thu?

You can listen to 90 Minutes with Ye Aung Thu on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts 90 Minutes with Ye Aung Thu?

90 Minutes with Ye Aung Thu is created and hosted by Burma Podcast Network.
URL copied to clipboard!