EPISODE · May 31, 2025 · 23 MIN
EP 002: ဓါတ်ဆရာပေးတဲ့ အိမ်စာများ
from 90 Minutes with Ye Aung Thu · host Burma Podcast Network
90 mins with Ye Aung Thu ဒုတိယပိုင်း လာပါပြီ။မျှော်ရကျိုးနပ်တဲ့ အပိုင်းတစ်ခု ဖြစ်ပါလိမ့်မယ်။ ဓာတ်ပုံဆရာလူငယ် ဘဝနဲ့ ရန်ကုန် ကြက်/ဘဲ စျေးထဲက ကြက်သားသည် ရေထိုးနေတာ ရိုက်မိလို့ အဖြဲခံရတာ၊ ကမ္ဘာ့အားကစားပြိုင်ပွဲတွေမှာ ဓာတ်ပုံရိုက်တတ်ရုံနဲ့ မပြီးဘဲ ကစားနည်းမျိုးစုံရဲ့ စည်းကမ်းတွေ လိုက်လေ့လာရတာ၊ မြန်မာပြည်နိုင်ငံရေးမှာ ဓာတ်ဖမ်းဆရာတွေ ပါးရည်နပ်ရည်မရှိရင် အကွဲအပြဲထဲ ပဲလှော်ကြား ဆားညှပ်တတ်တဲ့ ကိစ္စတွေထိ ဆရာသမားက အားပါတရ ဝေမျှထားတာ နားဆင်ရမှာပါ။ နှစ်ပေါင်းများစွာ ကြုံတွေ့ လေ့လာခဲ့တာတွေကို အပိုအလိုမရှိ တင်ဆက်ထားတာမို့ အချိန်မရှိတောင် အချိန်ရှာပြီး နားထောင်ရမယ့် Episode မျိုးဖြစ်ပါတယ်။ အခုလို Podcast တွေကို Burma Podcast Network က အပတ်စဥ် စနေနေ့ည ၈ နာရီတိုင်းမှာ တင်ဆက်ပေးလျက်ရှိပါတယ်။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝဆိုင်ရာ အတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ YouTube, Spotify နဲ့ Apply Podcast မှာ အစအဆုံးနားထောင်နိုင်မယ့် Link ကို Comment မှာ တပါထဲဖော်ပြထားပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ရေရှည်ရပ်တည်နိုင်ဖို့ပံ့ပိုးကူညီနိုင်ပါတယ်။Chapters:(00:00) Introduction(00:08) ဓါတ်ဆရာအလွဲများ(05:21) ဓါတ်ပုံကဏ္ဍအမျိုးမျိုး(12:05) သတင်းဓါတ်ပုံသမားဖြစ်ဖို့ဆိုရင်(16:46) အိမ်စာကြေဖို့လိုတယ်(19:45) ဆောင်ရန်ရှောင်ရန် အောက်ခြေသိမ်းPhoto Courtesy of Thu MyaePoster Design by Burma Podcast NetworkBurma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork
NOW PLAYING
EP 002: ဓါတ်ဆရာပေးတဲ့ အိမ်စာများ
No transcript for this episode yet
Similar Episodes
Mar 26, 2026 ·1m
Jan 2, 2026 ·47m
Dec 21, 2025 ·46m