PODCAST · religion
Behold Your King! (Lenten Devotion 2026)
by Hope For Youth (WOH-LHM)
“သင်တို၏ဘုရင်ကိုကြည့်လော့” Behold Your King!Lenten Devotion (ခရစ်ယာန်တို၏ ဝါတွင်းအချိန်အခါ ဆင်ခြင်ခွန်အားယူစရာဘုရားသခင်သည် လောကသားတိုကို ချစ်လွန်းသဖြင့် အပြစ်မှရွေးနှုတ်ရန် သားတော်ယေရှုကို စေလွှတ်ခဲ့သည်။ သိုသော် ကိုယ်တော်သည် လူသားတို၏ငြင်းပယ် ခြင်း၊ ကဲ့ရဲ့ခြင်းနှင့် အရှက်ခွဲခြင်းတိုကိုခံကာ ကျွန်ုပ်တိုကိုယ်စား ကားတိုင်ထက်၌ အသက်စွန့်ခဲ့သည်။အပြစ်စီရင်ခြင်းခံရသူအဖြစ် လူအများ ထင်မှတ်ခဲ့သော်လည်း၊ ကိုယ်တော်သည် အမှန်တကယ်တွင် ကျွန်ုပ်တိုကို အပြစ်မှလွတ်မြောက်စေရန် လူ့ဇာတိခံယူ၍ ကြွလာသော ဘုရင်မြတ်ဖြစ်ပါသည်။ လူသားတိုအတွက် အသက်ကိုပင် စွန့်လွှတ်ခဲ့ခြင်းမှာ ဘုရားသခင်၏အတိုင်းအဆမရှိသော မေတ္တာတော်ပင် ဖြစ်ပါသည်။ ထိုကြောင့် သခင်ယေရှု၏အသက်စွန့်ချစ်ခြင်းမေတ္တာတော်ကို အောက်မေ့သတိရလျက် ဆင်ခြင်ခွန်အားယူဖိုရန် မိတ်ဆွေများကို ဖိတ်ခေါ်အပ်ပါသည်။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
48
6th April_Lenten Devotions 2026 _ WOH
သက်ဝင်လှုပ်ရှားမှု။အီစတာတနင်္လာနေ့၊ ဧပြီလ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ခုနစ်ရက်တွင် ပထမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတိုကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တိုသည် စည်းဝေးကြသောအရပ်သို ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ၏။ ထိုသိုမိန့်တော်မူပြီးမှ လက်တော်နှင့် နံဘေးတော်ကို ပြတော်မူ၏။ တပည့်တော်တိုသည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။ တစ်ဖန် ယေရှုက၊ သင်တို၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တိုကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင်၊ ထိုသူတိုအပေါ်၌ မှုတ်လျက်၊ သင်တိုသည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြလော့။ အကြင်သူ၏အပြစ်ကို သင်တိုလွှတ်လျှင်၊ ထိုသူသည် အပြစ်လွတ်လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တိုတည်စေလျှင်၊ ထိုသူသည် အပြစ်တည်လျက်ရှိ၏ဟု မိန့်တော်မူ၏။(ရှင်ယောဟန် ၂၀:၁၉-၂၃ )ဤအကြောင်းအရာမည်သိုဆက်ဖြစ်သွားကြောင်းကို ကြည့်ပါ။ ညနေခင်းမှာ စတင်သည်- တပည့်တော်များသည် အထဲမှတံခါးများ သော့ခတ်ထားသော နေရာသို ပြောင်းရွှေ့သွားကြသည်။ သူတို၏နှလုံး သားထဲ၌ ကြောက်ရွံမှုများ ကြီးစိုးနေကြသည်။ အ ရာအားလုံး အဆုံးသတ်ဖိုဖြစ်လာခဲ့သည်။ထိုနောက် သခင်ယေရှုကြွလာတော်မူသည်။သခင်ယေရှုမှ "သင်တို၌ ငြိမ်သက်ခြင်းရှိစေသ တည်း" ဟု မိန့်တော်မူပြီး လက်မှဒဏ်ချက်ရာများကို ပြသတော်မူသည်။ ကျွန်ုပ်တိုသည် တစ်ဖန်ပြန်လည် သက်ဝင်လာကြသည်။ သူတို၏နှလုံးသားထဲမှ ဝမ်း မြောက်ခြင်းသည် သခင်ယေရှုမှ သူတိုအပေါ်၌ မှုတ်သွင်းတော်မူခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ပေးခြင်းကြောင့်ဖြစ်သည်။ သူတို၏အပြစ်များကို လွှတ်တော်မူရန် လောကထဲသို သခင်ယေရှုစေလွှတ်တော်မူခြင်းကို ခံယူခဲ့သောကြောင့်ဖြစ် သည်။နံရံများဖြင့် ကျွန်ုပ်တိုကို ပိတ်ဆိုထားသကဲ့သို ခံစားရပါကလည်း သခင်ယေရှုမှ ကျွန်ုပ်တိုထံ မလာနိုင်သောနေရာ၊ အချိန်ဆိုတာ မရှိပါ။ သခင်ယေရှုကြွ လာသည့်အခါ ကျွန်ုပ်တိုအတွက် အသက်၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းများကို ယူဆောင်လာပေးပြီးနောက် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုအောက်တွင် ဆက်လက်ဆောင်ရွက်ရမည့်အလုပ် များကိုလည်း ယူဆောင်လာပေးတော်မူသည်။ သခင်ယေရှုသည် ကျွန်ုပ်တိုနှင့်အတူ ထာဝရရှိတော်မူသည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်ထံသို ကြွလာတော်မူပါ။ ကိုယ်တော်၌သာ အကျွန်ုပ်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရှာတွေ့နိုင်စေပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ကြောက်ရွံနေသည့်အခါ အဘယ်သိုအကူအညီကို ရှာဖွေမည်နည်း။• ကြောက်ရွံခြင်း သိုမဟုတ် ဒုက္ခဆင်းရဲခြင်းကြား မည်သည့်အချိန်တွင် မိတ်ဆွေထံသို သခင်ယေရှုကြွလာတော်မူခဲ့သနည်း။• သန့်ရှင်းသောဝိညာဉ်တော်မှ အခြားသူတစ်ဦးကိုကူညီရန် မိတ်ဆွေကိုအသုံးပြုခဲ့သည့် အချိန်တစ်ခုအကြော#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
47
5th April_Lenten Devotions 2026 _ WOH
တစ်ဦးတည်းသော အရေးပါသူ။အီစတာတနင်္ဂနွေနေ့၊ ဧပြီလ ၅ ရက်၊ ၂၀၂၆ခုနှစ်။ကျမ်းချက်။ ။မာရိသည် သင်္ချိုင်းတော်အနားမှာ ငိုကြွေးလျက်ရပ်နေ၏။ ငိုကြွေးစဉ် ငုံ၍တွင်းထဲသို ကြည့်လျှင်ကောင်းကင်တမန်နှစ်ပါးတိုသည် ဖြူသောအဝတ်ကိုဝတ်ဆင်လျက်၊ ယေရှု၏အလောင်းတော် လျောင်းရာအရပ်၊ ခေါင်းရင်း၌တစ်ပါး၊ ခြေရင်း၌တစ်ပါး ထိုင်ကြသည်ကိုမြင်လေ၏။ ထိုသူတိုက၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်းဟုမေးလျှင်၊ ကျွန်မ၏သခင်ကို ယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိပါဟုပြောဆို၏။ ထိုသိုဆိုပြီးမှ နောက်သိုလှည့်လျှင်၊ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ်တော်မူသည်ကို မသိ။ ယေရှုကလည်း၊ မာရိဟုခေါ်တော်မူလျှင်၊ မာရိသည်လှည့်၍ ရဗ္ဗုနိဟု ထူးလေ၏။ ရဗ္ဗုနိအနက်ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။(ရှင်ယောဟန် ၂၀:၁၁-၁၂၊ ၁၃-၁၄၊ ၁၆က)ဤကျမ်းပိုဒ်ထဲမှ မာရိ၏အပြုအမူကိုကျွန်မသဘောကျသည်။အီစတာနံနက်တွင်မာရိသည်သခင်ယေရှု၏ရုပ်အလောင်း ပျောက်ဆုံးနေသည်ကို တွေ့ရှိပြီး တပည့်တော်များကို ပြောပြဖို ပြေးသွားခဲ့သည်။ ထိုနောက်သင်္ချိုင်းဂူထဲ ပြန်သွားပြီး ငိုကြွေးခဲ့သည်။ ဤသည်မှာ အံ့သြစရာတော့ မဟုတ်ပါ။ဘာဆက်ဖြစ်သလဲ ကြည့်ကြရအောင်။ သူမသည် ဂူထဲသို ပြန်ကြည့်သောအခါ ကောင်းကင်တမန်နှစ်ပါးကို မြင်ရသည်။ တခြားအချိန်၌မူ သူမသည် စိတ်လှုပ်ရှားပြီး အံ့အားသင့်နေလိမ့်မည်။ သိုသော် ယခုတော့ မဟုတ်ပါ။ ကောင်းကင်တမန်တိုသည် သူမကို မေးခွန်းတစ်ခုမေးပြီး သူမ ယဉ်ကျေးစွာ ပြန်ဖြေပြီးနောက် သူတိုသည် သူမအတွက် အရေးပါသူများမ ဟုတ်သကဲ့သို သူတိုထံမှ လှည့်ထွက်သွားသည်... အဘယ်ကြောင့်ဆိုသော် သခင်ယေရှုထိုအရပ်၌မရှိသောကြောင့် သူတိုသည် အရေးမကြီးတော့ပါ။သ ခင် ယေရှုမပါဘဲ ကောင်းကင်တမန်များကို မည်သူဂရုစိုက်မည်နည်း။ထိုနောက် သခင်ယေရှုသည် သူမနှင့် စကားပြော တော်မူသည်။ တစ်မိနစ်မပြည့်မီတွင် သူမသည် အ လွန်ဝမ်းမြောက်စွာဖြင့် သခင်ယေရှုကို ပွေ့ဖက်ထား သည်။ သခင်ယေရှုမှ သူမကို "ငါ့ကိုမဖက်နှင့်ဦး" ဟု မိန့်တော်မူရခြင်းမှာ အံ့သြစရာမဟုတ်ပါ။မာရိ၏လုပ်ဆောင်မူ မှန်သည်။ အရေးပါတဲ့သူသည် သခင်ယေရှုတစ်ပါးတည်းပင်ဖြစ်သည်။ ကျွန်မတို တွယ်တာရသူ၊ အားကိုးရသူ၊ ကျွန်မတို၏ ယုံကြည်ခြင်းအားလုံးကို အပ်နှံထားသူဖြစ်တော်မူသည်။ သ ခင်ယေရှု၏သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းသ တင်းကောင်းကို တခြားသူများထံ ပြောပြဖို ကျွန်မတိုကို စေလွှတ်သည့်အခါ ကျွန်မတို သွားကြတယ်၊ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုကို ကျွန်မတိုချစ်တော်မူသောကြောင့်ဖြစ်သည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကိုယ်တော်သည် အသက်ရှင်တော်မူပြီး ကျွန်ုပ်တိုနှင့်အတူ ထာဝရရှိနေသည့်အတွက် ကျွန်ုပ်အလွန်ဝမ်းမြောက်မိပါသည်။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• မေရီ၏အပြုအမူသည် စိတ်ချယုံကြည်နိုင်ပါသ လား။• အဘယ်ကြောင့်နည်း။• သခင်ယေရှုသည် ပေတရု၊ ယောဟန် သိုမဟုတ် သူ ၏ မိသားစုဝင်တစ်ယောက်ယောက်ကို မဟုတ်ဘဲ သာမန်အမျိုးသမီးတစ်ယောက်ဆီ အရင်ဆုံး ကိုယ်ထင်ရှားပြဖို အဘယ်ကြောင့် ရွေးချယ်တော်မူခဲ့ရသည်မှာ အဘယ်ကြောင့်ဟုထင်သနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
46
4th April_Lenten Devotions 2026 _ WOH
မေတ္တာလက်ဆောင်။သန့်ရှင်းသောစနေနေ့၊ ဧပြီလ ၄ ရက်၊ ၂၀၂၆ခုနှစ်။ကျမ်းချက်။ ။ ထိုနောက်မှ အရိမသဲမြိုသားယောသပ်သည် ယုဒလူတိုကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသိုဝင်၍ ယေရှု ၏အလောင်းတော်ကို ယူသွားမည်အကြောင်း အခွင့်တောင်း၏။ အထက်က ညအခါ ယေရှုထံသိုလာသော နိကောဒင်သည်လည်း၊ အခွက်သုံးဆယ်မျှလောက်အချိန်ရှိသော မုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပေါင်းကို ဆောင်လျက်လာ၏။ ထိုသူတိုသည် ယေရှု၏အလောင်းတော်ကိုယူ၍၊ ယုဒလူတို ၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်း ထုံးစံရှိသည်အတိုင်း နံ့သာမျိုးနှင့်တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်တွင် ဥယျာဉ်ရှိ၏။ ထိုဥ ယျာဉ်၌တစ်ယောက်ကိုမျှမသင်္ဂြိုဟ်ဖူးသော သင်္ချိုင်းတွင်းသစ်ရှိ၏။ အနီးအပါးတွင်ရှိသော ထိုသင်္ချိုင်းတွင်း၌ အလောင်းတော်ကိုထားကြ၏။(ရှင်ယောဟန် ၁၉:၃၈က၊ ၃၉-၄၁၊ ၄၂ခ )သခင်ယေရှုသည် မိမိ၏ခန္ဓာကိုယ် ဘာဖြစ်မည်ကို ကြိုတင်သိခဲ့မည်လားဟု ကျွန်ုပ်မသိပါ။ သုံးရက်မြောက်သောနေ့တွင် ခမည်းတော်သည် မိမိကို သေခြင်းထဲမှ ထမြောက်စေမည်ကို သိသောကြောင့် ခ မည်းတော်မှကိုင်တွယ်ဖြေရှင်းရန် ယုံကြည်စွာဖြင့် အသက်ကိုစွန့်တော်မူခဲ့သည်။ ထိုအပြင် သမ္မာကျမ်းစာတွင် မိမိ၏ခန္ဓာကိုယ်သည် မပုပ်သိုးဘဲ သင်္ဂြိုဟ်ခြင်းကိုခံရမည့်အကြောင်း၊ သင်္ဂြိုဟ်ခြင်းဝတ်သည်လည်း ချမ်းသာသူတစ်ဦးနှင့် ဆက်စပ်နေမည်ဟု ကြိုဟောထားသည်ကို သခင်ယေရှုသိတော်မူသည်။ (ဆာလံ ၁၆:၁၀; ဟေရှာယ ၅၃:၉ ကိုဖတ်ပါ)သခင်ယေရှုကိုချစ်သောသူတိုမှ သခင်ယေရှုကိုဂရု စိုက်မှုသည့်အတွက် ကျွန်ုပ်ဝမ်းမြောက်မိသည်။ ယောသပ်နှင့် နိကောဒင်တိုသည် သခင်ယေရှု၏ နောက်လိုက်များထဲတွင် ပါဝင်ခဲ့ကြသော်လည်း ဤအချိန်အထိ လျှိဝှက်စွာရှိနေခဲ့ကြသည်။ သင်္ဂြိုဟ်ခြင်းဝတ်သည် သခင်ယေရှုအား ပေးနိုင်သည့်သူတို ၏ နောက်ဆုံးမေတ္တာလက်ဆောင်ဖြစ်လိမ့်မည်ဟု ကသူတိုယုံကြည်ခဲ့မည်မှာ သေချာသည်။ အရာအားလုံးပြီးဆုံးသွားပြီဟု သူတိုထင်ခဲ့ကြသည်။ သိုသော် ၎င်းသည် မဟုတ်ပါ။ အကြောင်းမှာ သခင်ယေရှုသည် သူတိုနှင့် ကျွန်ုပ်တိုအားလုံးကို သေသည်တိုင်အောင်ချစ်တော်မူခဲ့သည်။ မကြာမီ တစ်ရက် သိုမဟုတ် နှစ်ရက်အတွင်း သခင်ယေရှုသည် သေခြင်းမှရှင်ပြန်ထ မြောက်တော်မူပြီး ထာဝရတည်တံ့မည့် အသက်နှင့် ဝမ်းမြောက်ခြင်းအားလုံးကို ကျွန်ုပ်တိုအားပေးသနားတော်မူလိမ့်မည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကိုယ်တော်၏လူများသည် ကိုယ်တော်အား ဤနည်းဖြင့်ချစ်တော်မူ၍ ယုံကြည်သောကြောင့် ကျေးဇူးတင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ယောသပ်နှင့် နိကောဒင်တိုသည် သူတို၏လုပ်ရပ်များကြောင့် ဒုက္ခရောက်ခဲ့မည်ဟုထင်ပါသလား။• အသက်ကုန်ဆုံးတော့မည့် သိုမဟုတ် အသက်ကုန် ဆုံးသွားသူတစ်ယောက်ကို ပြုစုစောင့်ရှောက်ဖူးပါသလား။• ဤသည်က အဘယ်သို မေတ္တာလက်ဆောင်ဖြစ်ခဲ့ရ သနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
45
3rd April_Lenten Devotions 2026 _ WOH
မေတ္တာဇာတ်လမ်း။မဟာသောကြာနေ့၊ ဧပြီလ ၃ ရက်၊ ၂၀၂၆ခုနှစ်။ကျမ်းချက်။ ။ထိုအချိန်သည် မွန်းတည့်အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။ နေအရောင် ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။ ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အို အဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။(ရှင်လုကာ ၂၃:၄၄-၄၆)မဟာသောကြာနေ့သည် ဘုရားသခင် မည်သိုအ သက်စွန့်ခဲ့ပုံကိုပြောပြသောနေ့ဖြစ်သည်။ အရာခပ် သိမ်းကို ဖန်ဆင်းတော်မူ၍ မည်သည့်အခါမျှ မသေနိုင်သော ဘုရားသခင်သည် လက်ဝါးကပ်တိုင်ပေါ်တွင် ရည်ရွယ်ချက်ရှိရှိ အသက်စွန့်၍ အသေခံတော်မူခဲ့သည့် အကြောင်းအရာဖြစ်သည်။ ဘုရားသခင်သည် ဤအကြောင်းကြောင့်ပင် လူသားဖြစ်လာတော်မူခဲ့သည်။ သိုမှသာ ဘုရားသခင်သည် ဒုက္ခခံ၍ အသက်စွန့်နိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။ဘုရားသခင်၏ရန်သူများသည် ဘုရားသခင်ကို လို အပ်သောကြောင့်ဖြစ်သည်။ထိုရန်သူများသည် အဘယ်သူများဖြစ်ကြသနည်း။ မိတ်ဆွေနှင့် ကျွန်ုပ်တိုအပါအဝင် ဘုရားသခင်ထံမှ လှည့်ထွက်လာပြီး မိမိတိုလိုချင်သည်ကိုသာ လိုက်ရှာခဲ့သော လူတိုအားလုံးပါဝင်သည်။ ကျွန်ုပ်တို၏ ကမ္ဘာ၊ ကျွန်ုပ်တို၏ဘဝ၊ ကျွန်ုပ်တို၏အတ္တများကို ချိုးဖျက်ဖို အချိန်မကြာခဲ့ပါ။ ထိုအပြင် ကျွန်ုပ်တို သည် ကိုယ်တိုင် ပြန်၍စုစည်းခြင်းငှာ မတတ်စွမ်းနိုင်ကြပါ။ သိုသော် ဘုရားသခင် တတ်နိုင်တော်မူသည်။ဘုရားသခင်လုပ်ဆောင်ပေးနိုင်တော်မူခဲ့သည်။ဘုရားသခင်သည် ကျွန်ုပ်တိုကို ချစ်တော်မူသော ကြောင့်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တိုကို ကယ်တင်တော်မူလိုသောကြောင့်၊ ကျွန်ုပ်တိုကို ပြန်လည်ပြုပြင်တော်မူလိုသောကြောင့်၊ သူ၏ချစ်လှစွာသော သားသမီးများအဖြစ် ကောင်းကင်နိုင်ငံ တော်တွင် သူနှင့်အတူ ထာဝရပျော်ရွှင်စွာ အသက်ရှင်နေထိုင်ရန် အိမ်သို ခေါ်ဆောင်လိုသောကြောင့်ဖြစ်သည်။ ထိုကြောင့် သခင်ယေရှုသည် ထိုလက်ဝါး ကပ်တိုင်ပေါ်တွင် အသေခံတော်မူခဲ့ခြင်း ဖြစ်သည်။ ထိုအပြင် သခင်ယေရှုလုပ်ဆောင်ခဲ့သည့်အရာမှာ စိတ်ဆန္ဒအလျောက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် မိတ်ဆွေအတွက်ဖြစ်သည်။ ဘုရားသ ခင်သည် မိတ်ဆွေကို ချစ်တော်မူသောကြောင့်ဖြစ် သည်။ ယခု သခင်ယေရှုသည် သေခြင်းမှ ထမြောက်တော်မူပြီဖြစ်၍ မိတ်ဆွေသည် ဘုရားသခင်၏လူအဖြစ်ဘုရားသခင်နှင့်အတူ ထာဝရရှိနေရန် မိတ်ဆွေကို ခေါ်ယူတော်မူ၏။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်သည် ကိုယ် တော်ကို ချစ်ပါ၏။ ကျွန်ုပ်အား ကိုယ်တော်နှင့်အတူ ထာဝရရှိစေတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• သခင်ယေရှုသည် သူ့အပေါ်ဖြစ်ပျက်ခဲ့သည်များအ တွက် ကျွန်ုပ်တိုကို အပြစ်တင်ဖူးပါသလား။ အ ဘယ်ကြောင့် အပြစ်တင်တော်မမူရသနည်း။• ထိုသိုဆိုပါက သခင်ယေရှုသည် ကျွန်ုပ်တိုအပေါ် အဘယ်သို သဘောထားတော်မူသနည်း၊• အဘယ်သိုပြောပြနိုင်ပါမည်နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
44
2nd April_Lenten Devotions 2026 _ WOH
တို့ထိနိုင်သော။သန့်ရှင်းသောကြာသပတေးနေ့၊ ဧပြီလ ၂ ရက်၊ ၂၀၂၆ ခုနှစ်ကျမ်းချက်။ ။ထိုအခါ စားလျက်နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တိုအား ပေးတော်မူ၏။ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတိုအားပေးတော်မူ၍ သင်တိုရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို၏အပြစ်ကို လွတ်စေခြင်းငှာ သွန်းသော ငါ၏အသွေးဖြစ်၏။ ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော်၏နိုင်ငံ၌ သင်တိုနှင့်အတူ ငါမသောက်မီ နေ့တိုင်အောင် ယခုမှစ၍ တစ်ဖန် ငါမသောက်ရဟု မိန့်တော်မူ၏။ (ရှင်မဿဲ ၂၆:၂၆-၂၉ )သခင်ယေရှုသည် သေဆုံးခြင်း၊ ထမြောက်ခြင်းနှင့် ကောင်းကင်ဘုံသို တက်ကြွခြင်းတိုကို မပြုမီ ထိတွေ့ခံစားနိုင်သောတစ်စုံတစ်ခုကို ပေးသနားတော်မူသည့်အတွက် ကျွန်ုပ် အလွန်ဝမ်းမြောက်မိပါသည်။အဘယ်ကြောင့်ဆိုသော် တစ်ခါတလေ စကားလုံးများ၊ ဖြစ်ရပ်များထက် ပိုပြီး ကျွန်ုပ်တို လိုအပ်ကြသည်။ ကျွန်ုပ်တို၏ခန္ဓာကိုယ်၊ အာရုံငါးပါးဖြင့်ခံ စားသိမြင်နိုင်မည့်အရာလိုအပ်သည်။ "ဒါက တကယ့်ပဲ။ မင်းကိုယ်တိုင် ထိတွေ့ကိုင်တွယ်နိုင်တယ်" ဟုပြော သည့်တစ်ခုခု လိုအပ်သည်။ ဤသည်ကို ကျွန်ုပ်တိုခံယူသောပွဲတော်မင်္ဂလာနှင့် ဗတ္တိဇံမင်္ဂလာများမှ လုပ်ဆောင်ပေးသည်။သခင်ယေရှုသည် ကျွန်ုပ်တိုကို သိတော်မူသော ကြောင့်၊ ကျွန်ုပ်တိုကို ဖန်ဆင်းတော်မူသောကြောင့် ဤနည်းဖြင့် ကျွန်ုပ်တိုအား ကိုယ်တော်တိုင် ပေးအပ်တော်မူ၏။ သခင်ယေရှုသည် ကျွန်ုပ်တို၏ စိတ်နှင့် ဝိညာဉ်များကို ဂရုစိုက်သကဲ့သို ကျွန်ုပ်တို၏ ခန္ဓာများကိုလည်း ဂရုစိုက်တော်မူ၏။ ၎င်းတိုသည် သခင်ယေရှုအတွက် အရေးပါသည်။ ထိုကြောင့် သခင်ယေရှုသည် ဤမြင်သာသော၊ ထိတွေ့နိုင်သော၊ အရ သာရှိသော ပုံသဏ္ဌာန်ဖြင့် ကျွန်ုပ်တိုအား မိမိကိုယ်ကို ပေးသနားတော်မူ၏။ သခင်ယေရှုပြန်ကြွလာခြင်းမပြုမီ ဤနှစ်များအတွင်း ကျွန်ုပ်တိုအား ကူညီရန် နောက်ထပ်နှစ်သိမ့်မှုကို ပေးသနားတော်မူ၏။သခင်ယေရှုသည်ကျွန်ုပ်တိုအားကိုယ်တော်တိုင်ပေးသနားတော်မူခြင်းဖြင့်ကျွန်ုပ်တို၏ခန္ဓာကိုယ်များအတွက်လည်းအခြေခံအုတ်မြစ်ဖြစ်လာသည်။ ကျွန်ုပ်တို၏အစားအစာအဖြစ် မိမိ၏ခန္ဓာကို ပေးသနားတော်မူခြင်းဖြင့် သခင်ယေရှုသည် ကျွန်ုပ်တိုကို သူနှင့် ထာဝရပေါင်းစည်းစေသည်။ ကျွန်ုပ်တို စိတ်ကူးနိုင်သည်ထက် ပိုမိုနီးကပ်စွာ ပေါင်းစည်းပေးတော်မူသည်။ လက်ဝါးကပ်တိုင်တွင် အသေခံတော်မူပြီး သေခြင်းမှ ထမြောက်တော်မူသော သခင်ယေရှု၏ ခန္ဓာကိုယ်နှင့် အသွေးတော်သည် ထာဝရကျွန်ုပ်တို ၏မူပိုင်ဖြစ်ပြီး ကျွန်ုပ်တိုသည်လည်း ဘုရားသခင် ၏မူပိုင်များဖြစ်ကြသည်။ဆုတောင်းချက်။ ။ကျေးဇူးတင်ပါ၏၊ သခင်။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• အဘယ်ကြောင့် ပွဲတော်မင်္ဂလာဝတ်ကို မိတ်ဆွေ ခံယူသနည်း။• သမ္မာကျမ်းစာကိုဖတ်ပြီး တရားဟောချက်များကို နားထောင်ရုံဖြင့် လုံလောက်ပါသလား။• သခင်ယေရှုသည် မိတ်ဆွေထံ ဤမျှနီးကပ်လာပါက မိတ်ဆွေအပေါ်ထားရှိသော သခင်ယေရှု၏စိတ်သဘောတော်များအကြောင်း မည်သည်ကိုပြောပြသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
43
1st April_Lenten Devotions 2026 _ WOH
အမှုပြီးပြီ။ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကို ငိုက်စိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူ၏။ (ရှင်ယောဟန် ၁၉:၃၀)မည်သည့်အမှုပြီးမြောက်သွားသနည်း။။ အထင်ရှားဆုံးမှာ သခင်ယေရှု၏ဒုက္ခဝေဒနာများ ပြီးဆုံးသွားပြီ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ထံသူ၏ ဝိ ညာဉ်ကို အပ်နှံပြီး အသက်စွန့်တော်မူသည်။သိုရာတွင် သခင်ယေရှုသည် ထိုအမှုအရာထက်ပိုသောအဓိပ္ပာယ်ကိုဖွင့်ဆိုခဲ့သည်ဟု ကျွန်တော်ထင် သည်။ ဤလောကထဲသို ကြွလာတော်မူခဲ့သောအရာအားလုံး၊ လူ့ဇာတိခံယူ၍ ကလေးငယ်တစ်ယောက်အနေဖြင့် ပဋိသန္ဓေတည်ပြီး မွေးဖွားလာခြင်း၊ သာ မန်မိသားစုတစ်ခုမှာ ကြီးပြင်းလာခဲ့ခြင်း၊ ထိုနောက် ဆောင်ရွက်ခဲ့သောဓမ္မအမှုတော်များ- သိုးထိန်းမရှိသောသိုးကဲ့သိုဖြစ်နေသောလူတိုကို သွန်သင်ပေးခြင်း၊ ကုသပေးခြင်းနှင့် ဂရုစိုက်ပေးခြင်းစသည့် ကြိုးစားအားထုတ်မှုအားလုံးပြီးမြောက်တော်မူခဲ့ပြီ။ ခရစ်ယာန်အသင်းတော်၏ အုတ်မြစ်ဖြစ်လာမည့်၊ ကျွန်ုပ်တို၏ကယ်တင်ရှင် သခင်ယေရှု၏သတင်း စကားကို ကမ္ဘာတစ်ဝှမ်းသို သယ်ဆောင်သွားရန် တာဝန်ရှိသော တပည့်များကို နှစ်ပေါင်းများစွာ လေ့ ကျင့်ပြုစုပျိုးထောင်ပေးခဲ့သည်။ ထိုအရာအားလုံးသည် ယခုပြီးဆုံးသွားလေပြီ။ထိုထက်ပိုသော အကြောင်းအရာများရှိသေး၏။ ဘုရားသခင်သည် ဤကမ္ဘာကြီးကို လူတိုကိုမဖန်ဆင်းမီကအခြေအနေ၊ လူတို အပြစ်ထဲ မကျရောက်ခင် ထိုအချိန်အခိုက်အတန့်ကို သိမြင်ခဲ့တော်မူသည်။ ထိုကြောင့် ဘုရားသခင်မှ မေတ္တာတော်ဖြင့် ဒုက္ခခံစားရမည့်ခိုက်အတန့်ကို ဖြတ်သန်းဖို ရွေးချယ်တော်မူခဲ့ သည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တိုသည် ဘုရား သခင်ကို သိကျွမ်းသော အသိဥာဏ်ကို သယ်ဆောင်ပြီး၊ သခင်ယေရှုကြွလာမည့်လမ်းကိုပြင်ဆင်ပေးသော တရားသူကြီးများ၊ ပရောဖက်များနှင့် သာမန်လူများအားလုံးမှတစ်ဆင့် အမှုတော်ကို ပြီးမြောက်စေတော်မူခဲ့သည်။ ဘုရားသခင်မှ သူတိုအားလုံး၏ အသက်တာထဲမှတစ်ဆင့် ဤအမှုပြီးဆုံးရသော အ ခိုက်အတန့်အထိ စဥ်ဆက်မပြတ်လုပ်ဆောင်တော်မူသည်။ ယခု ထိုအမှုအရာအားလုံးလည်း ပြီးဆုံးပြီး ပြည့်စုံသွားလေပြီ။သခင်ယေရှုရှင်ပြန်ထမြောက်ခြင်း၏ ဝမ်းမြောက်ခြင်းမတိုင်မီ အနားယူမည့် အချိန်တိုလေးရှိလိမ့် မည်။ ထိုနောက် လူမျိုးအပေါင်းတိုကို စုဝေးစေသောအမှုတော်ကိုစတင်မည်ဖြစ်ပြီး သခင်ယေရှုသည် ဘုန်းအသရေဖြင့် ကမ္ဘာမြေသို ပြန်၍ကြွလာပြီး ကျွန်ုပ်တိုအားလုံးကို ကောင်းကင်အိမ်သိုပြန်ခေါ်ဆောင်လာမည်အချိန်ထိ ဘူရားသခင်လုပ်ဆောင်ပေးတော်မူမည်။ သိုသော် ယခုတော့ မဟုတ်သေးပါ။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်အတွက် ကိုယ်တော်လုပ်ဆောင်ပေးခဲ့သည့်အမှုတော်များအ တွက် ကျေးဇူးတင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ရှည်လျားသောအစီအစဉ်တစ်ခု အောင်မြင်သွားပါကမည်သိုခံစားရသနည်း။• ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်ဘုရားသခင်သည် ဤအရာနှင့်ပတ်သက်၍ မည်သိုခံစားရမည်ဟုထင်သနည်း။• ယခု ကျွန်တော်တို မျှော်လင့်နေသော "အမှုပြီးပါပြီ" ဟူသော အခိုက်အတန့်မှာ အဘယ်နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
42
31st March_Lenten Devotions 2026 _ WOH
ပုံးရည်အင်္ဂါနေ့၊ မတ်လ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှာ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။ ထိုအရပ်၌ ပုံးရည်နှင့်ပြည့်သော အိုးတစ်လုံးရှိသည်ဖြစ်၍၊ ထိုသူတိုသည် ရေမှိတစ်ထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ဟုဿုပ်ပင် အကိုင်းဖျား၌တပ်၍ ခံတွင်းတော်သိုကပ်ထားကြ၏။ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊အမှုပြီးပြီဟု မိန့်တော်မူ၏။(ရှင်ယောဟန် ၁၉:၂၈-၃၀က)သူတို သခင်ယေရှုကို ကမ်းပေးသောပုံးရည်အ ကြောင်း ကျွန်တော် တွေးမိသည်။ အဘယ်ကြောင့်ဆိုသော်ပုံးရည်ကို ကျွန်တော်တို နည်းလမ်းနှစ်မျိုးဖြင့် ယူဆနိုင်သည်။ ဆာလံ ၆၉:၂၁ တွင်ရေးထားသည့် အတိုင်းလှောင်ပြောင်မှုတစ်မျိုးဟုယူဆနိုင်ပါသည်။ ထိုအမှုအရာသည် သခင်ယေရှု၏အမှုတော်မြတ်ကို ပြီးပြည့်စုံစေမည့် ကျမ်းစာချက် ဖြစ်သည်။ သိုမ ဟုတ် ကရုဏာပြသသည့် လုပ်ရပ်တစ်ခုအဖြစ် ယူဆနိုင်သည်။ ပုံးရည်သည် ရောမစစ်သားများ သောက်ခဲ့သော posca ဖြစ်နိုင်ခြေများပြီး အရသာသည်လည်း ထိုနည်း၄င်းပင်ဖြစ်လိမ့်မည်။ သူတိုသည် သ ခင်ယေရှုကို အနည်းငယ် ပို၍သက်တောင့်သက်သာရှိစေရန် သူတို၏အရက်ကို ကမ်းပေးခြင်းဖြစ်လိမ့်မည်။မည်သိုပင်ဆိုစေကာမူသခင်ယေရှုလက်ခံတော်မူခဲ့သည်။ဤသည်ကမိမိအသက်မစွန့်မီနောက်ဆုံးပြုရမည့်ဝတ်ဖြစ်သည်။အဘယ်ကြောင့်နည်း။ဤသည်ကတပည့်တော်များကိုပထမဆုံးအကြိမ် ပွဲတော်မင်္ဂလာပေးပြီးနောက်မိန့်တော်မူခဲ့သော စကားနှင့် ဆက်စပ်နေသည်ဟု ကျွန် တော်ထင်သည်။ “ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော် မတည်မီတိုင်အောင် ယခုမှစ၍ စပျစ်ရည်ကိုတစ်ဖန် ငါမသောက်ရဟု မိန့်တော်မူ၏။" (လုကာ ၂၂:၁၈)ယခုအခါသခင်ယေရှုအသက်စွန့်ရမည့်အချိန်အနည်းငယ်သာလိုတော့သည်နှင့်အမျှဘုရားသခင်၏နိုင်ငံတော်သည်ကျွန်တော်တို၏မှောင်မိုက်ခြင်းနှင့်အပြစ်နှင့်ပြည့်သောကမ္ဘာကြီးထဲသိုဤအချိန်၊ဤအခိုက်အတန့်မှာပင်အလျင်အမြန်ဝင်ရောက်လာတော့မည်ဖြစ်သည်။ တနင်္ဂနွေနေ့တွင် သခင်ယေရှုသည်သေခြင်းထဲမှထမြောက်သောအခါကောင်းဘကင်နိုင်ငံတော်၏ဘုန်းအသရေသည်နေကဲ့သိုထွန်းလင်းတော်မူလိမ့်မည်။သခင်ယေရှုကိုယုံကြည်ကိုးစားကြသောကျွန်တော်တိုသည်ဝမ်းမြောက်ခြင်းနှင့်ကောင်းချီးမင်္ဂလာများဖြင့်ကောင်းကင်နိုင်ငံတော်တွင် ထာဝရနေထိုင်ကြရလိမ့်မည်။ဆုတောင်းချက်။ ။ကိုယ်တော်၏နိုင်ငံတော်ကို ကျွန်ုပ်တိုထံ ယူဆောင်လာပေးသည့်အတွက် ကျေးဇူးတင်ပါ၏ သခင်။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ဘုရားသခင်၏နိုင်ငံတော်အကြောင်း စဉ်းစားသည့်အခါ ဘာကို တွေးမိသနည်း။• ကျွန်ုပ်တိုမသေဆုံးမီ ကမ္ဘာမြေပေါ်တွင် ဘုရားသခင် ၏နိုင်ငံတော်သည် ယခုပင် မည်သိုထင်ရှားတော်မူသနည်း။• ဘုရားသခင်၏နိုင်ငံသားများအနေဖြင့် နိုင်ငံတော်ထဲသို အဘယ်သိုဝင်ရောက်နိုင်မည်နည်း။ သခင်ယေရှု နှင့် အဘယ်သို သက်ဆိုင်တော်မူသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
41
30th March_Lenten Devotions 2026 _ WOH
မှောင်မိုက်တနင်္လာနေ့၊ မတ်လ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။ သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။ (ရှင်မဿဲ ၂၇: ၄၅-၄၆)သခင်ယေရှုမှ ဘုရားသခင်ကို “အကျွန်ုပ်ဘုရား၊အ ကျွန်ုပ်ဘုရား အဘယ်ကြောင့် အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်း” ဟု အော်ဟစ်ခဲ့သည်ကို ကျွန်တော်ဝမ်းသာ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တိုအားလုံး အသက်ရှင်နေထိုင်ကြသူတိုင်းသည် နှလုံး သားထဲမှ ထိုနည်းတူညည်းတွားလျှက် အချိန်ကို ဖြတ်သန်းရလိမ့်မည်ဟု ကျွန်တော်ထင်သည်။ ချစ်ရသူတစ်ယောက်ကို ဆုံးရှုးလိုက်ရသည့်အခါ၊ သိုမ ဟုတ် ဆက်ဆံရေးပျက်သွားသည့်အခါ၊ ဆိုးရွားသောရောဂါရှာဖွေတွေ့ရှိမှုရသည့်အခါ၊ တစ်နှစ်လုံး မကောင်းမှုများ ထပ်ခါထပ်ခါ ကြုံတွေ့ခဲ့ရပြီး အခြေ အနေကို မခံနိုင်တော့သည့်အခါ ထိုနည်းတူစွာ ငိုကြွေးဖူးကြလိမ့်မည်။ထိုနောက် ကျွန်တော်တို၏ မှောင်မိုက်ထဲမှ ဘုရား သခင်ထံ အော်ဟစ်တတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် အော်ဟစ်ရန် အခြားမည်သူမျှကျွန်တော်တိုတွင်မရှိသောကြောင့်ဖြစ်သည်။သခင်ယေရှုသည် ကျွန်တော်တို၏မှောင်မိုက်ကို မျှ ဝေခဲ့သောကြောင့် သိတော်မူ၏။ ဆုတောင်းသော် လည်း အဖြေမရခြင်း၊ ဘုရားသခင်မရှိဟု ဘုရားသ ခင်၏မျက်မှောက်တော်၌ ပြင်းထန်စွာခံစားရခြင်း အကြောင်းကိုလည်း သခင်ယေရှုသိတော်မူ၏။ ကျွန်တော်တိုတွေ့ကြုံခံစားရသမျှကိုသခင်ယေရှုသိတော်မူ၏။ သခင်ယေရှုသည် ဆာလံကျမ်းအခန်းကြီး ၂၂ မှနှုတ်ကပတ်တော်အားဖြင့် ဟစ်အော်တော်မူ၏။ဤသည်က ကျွန်တော့်ကို နှစ်သိမ့်မှုပေးသည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုသာ ထိုသိုဟစ်ကြွေးနိုင်ပါက ကျွန်တော်သည်လည်း ဟစ်ကြွေးနိုင်မည်။ သခင်ယေရှု၌ ထိုခံစားချက်များ ရှိပါက ကျွန် တော်၌လည်း ရှိနိုင်သည်။ ကျွန်တော့်အသက်တာ ၏ အမှောင်ဆုံးအချိန်မှာပင် လူသားတစ်ယောက်အနေဖြင့် လူ့ဇာတိခံယူတော်မူသောဘုရားသခင်ကိုယ် တော်တိုင် ကျွန်တော်၏ရှေ့တွင် ရှိနေကြောင်းကို ကျွန်တော်သိမြင်ခံစားရသည်။ ဘုရားသခင်ကို ကျွန်တော် မမြင်နိုင်၊ မခံစားနိုင်သည့်အချိန်မှာပင်ယခု ကျွန်တော်နှင့်အတူ သခင်ယေရှုရှိနေတော်မူသည်။ ထိုအပြင် ကျွန်တော့်ကို လဲကျခွင့်ပေးတော်မမူ။ဆုတောင်းချက်။ ။အကျွန်ုပ်၏မှောင်မိုက်ထဲ၌ သ ခင်၊ အကျွန်ုပ်ကို စကားပြောတော်မူပါ။ အကျွန်ုပ်နှင့်အတူရှိတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• သခင်ယေရှုမှ ပုံမှန် “ခမည်းတော်” ဟုမဟုတ်ဘဲ “အ ကျွန်ုပ် ဘုရား” ဟု ဤနေရာတွင် မိန့်တော်မူရသည် မှာ အဘယ်ကြောင့်ဟု ထင်သနည်း။• ဆာလံ ၂၂ ကိုဖတ်ပါ။ ၎င်းတွင် သခင်ယေရှုကို အဘယ်အရာက အမှတ်ရစေတော်မူသနည်း။• မိတ်ဆွေ၏အမှောင်ဆုံးအချိန်များ၌ အဘယ်သူသည် မိတ်ဆွေအတွက် ရှိနေပေးခဲ့သနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
40
29th March_Lenten Devotions 2026 _ WOH
နောက်ဆုံးဖွင့်ပြသောသမ္မာတရားသဲလွင်ခက်တနင်္ဂနွေနေ့၊ မတ်လ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ မြည်းကျောပေါ်မှာ မိမိတိုအဝတ်ကို တင်ပြီးလျှင် ကိုယ်တော်ကို စီးစေကြ၏။ ခရီးသွားတော်မူစဉ်တွင် လူများတိုသည် မိမိတို အဝတ်ကို လမ်း၌ခင်းကြ၏။ တပည့်တော်များအပေါင်းတိုသည် မိမိတိုမြင်ခဲ့ပြီးသော တန်ခိုးတော်များကိုထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောမနာပြု၍၊ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေ သတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်းဟု ကြွေးကြော်ကြ၏။(ရှင်လုကာ ၁၉:၃၅-၃၆၊ ၃၇ခ-၃၈)မိမိသည်ဂျေရုဆလင်မြိုသိုနောက်ဆုံးအကြိမ်လာရောက်လည်ပတ်ရခြင်းဖြစ်ကြောင်းကိုသခင်ယေရှုသိထားတော်မူ၏။မွေးကင်းစကလေးငယ်တစ်ဦးအ နေဖြင့် ဗိမာန်တော်၌ ဘုရားသခင်ထံ ဆက်ကပ်ခံရစဉ်က၊ ငယ်ရွယ်စဉ်က ဆရာများကို မိမိ၏ဥာဏ်ပညာအားဖြင့် အံ့အားသင့်စေခဲ့သည့်အချိန်က၊ ဗိ မာန်တော်ဝင်းအတွင်းရှိ ကုန်သည်များကို ဗိမာန်တော်သန့်စင်စေရန် မောင်းထုတ်ခဲ့စဥ်က စသည်ဖြင့်ဤမြိုသို ယခင်က အကြိမ်ပေါင်းများစွာ ရောက်ရှိခဲ့ဖူး သည်။ သိုသော် ဤတစ်ကြိမ်သည် နောက်ဆုံးအ ကြိမ်ဖြစ်ပြီး အသေခံဖိုရန် သခင်ယေရှု ကြွလာတော်မူသည်။ထိုကြောင့် ဤတစ်ကြိမ်တွင် သခင်ယေရှုသည် မိမိ ၏မြိုသို ရှင်ဘုရင်၊ မေရှိယအဖြစ် ထင်ရှားစွာ ကြွ လာတော်မူသည်။ ဇာခရိ ၉ တွင်ပါသော ပရောဖက်ပြုချက်ကို ပြည့်စုံစေဖိုရန် မြည်းတစ်ကောင်ကို ငှားလေသည်။ မိမိ၏နောက်တော်လိုက်များကိုလည်း ပထမဆုံးအကြိမ်အဖြစ် မိမိ၏အကြောင်းသမ္မာတရားကို သူတို၏စိတ်ကြိုက်ကြွေးကြော်ခွင့်ပေးတော်မူသည်။ ထိုနောက် သူတိုသည် ဘုရားသခင်ကို ချီးမွမ်းပြီး “ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသော ရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း” ဟု ကြွေးကြော်ကြသည်။ယခုတွင် သမ္မာတရားသည် ထွက်ပေါ်လာပြီ။ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သောနားရှိသူတိုင်းအတွက်ဖြစ်သည်။ အချိုက ယုံကြည်ကြလိမ့်မည်။ အချိုက ငြင်းပယ်ပြီး ကိုယ်တော်ကို လက်ဝါးကပ်တိုင်တွင် ရိုက်သတ်ကြလိမ့်မည်။ သိုသော် ထိုအရာများပင်လျှင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ဖြည့် ဆည်းပေးလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှု၏ အသေခံခြင်းကို အသုံးပြု၍ ဘုရားသခင် သည် မိမိ၏လူအပေါင်း၊ သခင်ယေရှုကို ယုံကြည်ကိုးစားလိုသူတိုင်းကို ကယ်တင်တော်မူလိမ့်မည်။ သုံးရက်အကြာတွင် မိမိ၏ ရှင်ပြန်ထမြောက်ခြင်းအား ဖြင့် သခင်ယေရှုသည် ကျွန်ုပ်တိုကို သေခြင်းထဲမှ ကယ်တင်ပြီး ဘုရားသခင်၏ ခွင့်လွှတ်ခြင်းခံရသော လူမျိုးအဖြစ် ဘုရားသခင်၏ ကောင်းကင်ယေရုရှလင်မြိုသို ပိုဆောင်ပေးလိမ့်မည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ အကျွန်ုပ်သည်စိတ် နှလုံးအကြွင်းမဲ့ဖြင့် ကိုယ်တော်ကို သိကျွမ်းပြီး ချစ်တတ်သောသူဖြစ်စေရန် သွန်သင်တော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ယခု သခင်ယေရှုသည် မိမိမည်သူဖြစ်တော်မူကြောင်းသမ္မာတရားကို နောက်ဆုံးတွင် သူ၏နောက် လိုက်များကို ကြွေးကြော်ခွင့်ပြုခဲ့သည်မှာအဘယ် ကြောင့်ဟု ထင်သနည်း။• သခင်ယေရှုသည် အဘယ်ကြောင့် စစ်မြင်းတစ်ကောင်အစား နှိမ့်ချသောမြည်းတစ်ကောင်ကို ရွေး ချယ်တော်မူရသနည်း။• သခင်ယေရှုကို ပို၍သိကျွမ်းလာအောင် မည်သိုသင် ယူနေပါသနည်း။နောက်ဆုံးဖွင့်ပြသောသမ္မာတရားသဲလွင်ခက်တနင်္ဂနွေနေ့၊ မတ်လ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ မြည်းကျောပေါ်မှာ မိမိတိုအဝတ်ကို တင်ပြီးလျှင် ကိုယ်တော်ကို စီးစေကြ၏။ ခရီးသွားတော်မူစဉ်တွင် လူများတိုသည် မိမိတို အဝတ်ကို လမ်း၌ခင်းကြ၏။ တပည့်တော်များအပေါင်းတိုသည် မိမိတိုမြင်ခဲ့ပြီးသော တန်ခိုးတော်များကိုထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောမနာပြု၍၊ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေ သတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်းဟု ကြွေးကြော်ကြ၏။(ရှင်လုကာ ၁၉:၃၅-၃၆၊ ၃၇ခ-၃၈)မိမိသည်ဂျေရုဆလင်မြိုသိုနောက်ဆုံးအကြိမ်လာရောက်လည်ပတ်ရခြင်းဖြစ်ကြောင်းကိုသခင်ယေရှုသိထားတော်မူ၏။မွေးကင်းစကလေးငယ်တစ်ဦးအ နေဖြင့် ဗိမာန်တော်၌ ဘုရားသခင်ထံ ဆက်ကပ်ခံရစဉ်က၊ ငယ်ရွယ်စဉ်က ဆရာများကို မိမိ၏ဥာဏ်ပညာအားဖြင့် အံ့အားသင့်စေခဲ့သည့်အချိန်က၊ ဗိ မာန်တော်ဝင်းအတွင်းရှိ ကုန်သည်များကို ဗိမာန်တော်သန့်စင်စေရန် မောင်းထုတ်ခဲ့စဥ်က စသည်ဖြင့်ဤမြိုသို ယခင်က အကြိမ်ပေါင်းများစွာ ရောက်ရှိခဲ့ဖူး သည်။ သိုသော် ဤတစ်ကြိမ်သည် နောက်ဆုံးအ ကြိမ်ဖြစ်ပြီး အသေခံဖိုရန် သခင်ယေရှု ကြွလာတော်မူသည်။ထိုကြောင့် ဤတစ်ကြိမ်တွင် သခင်ယေရှုသည် မိမိ ၏မြိုသို ရှင်ဘုရင်၊ မေရှိယအဖြစ် ထင်ရှားစွာ ကြွ လာတော်မူသည်။ ဇာခရိ ၉ တွင်ပါသော ပရောဖက်ပြုချက်ကို ပြည့်စုံစေဖိုရန် မြည်းတစ်ကောင်ကို ငှားလေသည်။ မိမိ၏နောက်တော်လိုက်များကိုလည်း ပထမဆုံးအကြိမ်အဖြစ် မိမိ၏အကြောင်းသမ္မာတရားကို သူတို၏စိတ်ကြိုက်ကြွေးကြော်ခွင့်ပေးတော်မူသည်။ ထိုနောက် သူတိုသည် ဘုရားသခင်ကို ချီးမွမ်းပြီး “ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသော ရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း” ဟု ကြွေးကြော်ကြသည်။ယခုတွင် သမ္မာတရားသည် ထွက်ပေါ်လာပြီ။ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သောနားရှိသူတိုင်းအတွက်ဖြစ်သည်။ အချိုက ယုံကြည်ကြလိမ့်မည်။ အချိုက ငြင်းပယ်ပြီး ကိုယ်တော်ကို လက်ဝါးကပ်တိုင်တွင် ရိုက်သတ်ကြလိမ့်မည်။ သိုသော် ထိုအရာများပင်လျှင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ဖြည့် ဆည်းပေးလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှု၏ အသေခံခြင်းကို အသုံးပြု၍ ဘုရားသခင် သည် မိမိ၏လူအပေါင်း၊ သခင်ယေရှုကို ယုံကြည်ကိုးစားလိုသူတိုင်းကို ကယ်တင်တော်မူလိမ့်မည်။ သုံးရက်အကြာတွင် မိမိ၏ ရှင်ပြန်ထမြောက်ခြင်းအား ဖြင့် သခင်ယေရှုသည် ကျွန်ုပ်တိုကို သေခြင်းထဲမှ ကယ်တင်ပြီး ဘုရားသခင်၏ ခွင့်လွှတ်ခြင်းခံရသော လူမျိုးအဖြစ် ဘုရားသခင်၏ ကောင်းကင်ယေရုရှလင်မြိုသို ပိုဆောင်ပေးလိမ့်မည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ အကျွန်ုပ်သည်စိတ် နှလုံးအကြွင်းမဲ့ဖြင့် ကိုယ်တော်ကို သိကျွမ်းပြီး ချစ်တတ်သောသူဖြစ်စေရန် သွန်သင်တော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ယခု သခင်ယေရှုသည် မိမိမည်သူဖြစ်တော်မူကြောင်းသမ္မာတရားကို နောက်ဆုံးတွင် သူ၏နောက် လိုက်များကို ကြွေးကြော်ခွင့်ပြုခဲ့သည်မှာအဘယ် ကြောင့်ဟု ထင်သနည်း။• သခင်ယေရှုသည် အဘယ်ကြောင့် စစ်မြင်းတစ်ကောင်အစား နှိမ့်ချသောမြည်းတစ်ကောင်ကို ရွေး ချယ်တော်မူရသနည်း။• သခင်ယေရှုကို ပို၍သိကျွမ်းလာအောင် မည်သိုသင် ယူနေပါသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
39
28th March_Lenten Devotions 2026 _ WOH
မည်သည့်အခါမျှ လက်လှမ်း၍မမီသော။စနေနေ့၊ မတ်လ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တစ်ယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကိုလည်းကောင်း၊ ငါတိုကိုလည်းကောင်း၊ ကယ်တင်လော့ဟုကိုယ်တော်ကိုကဲ့ရဲ့၍ဆိုလေ၏။တစ်ယောက်မူကား၊ မိမိအဖော်ကိုဆုံးမ၍၊ သင်သည် ဤသူနည်းတူ အပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။ ငါတိုသည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက် ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။(ရှင်လုကာ ၂၃:၃၉-၄၃)ထိုလူအကြောင်း ကျွန်တော် တွေးမိသည်။ သူတိုနှစ်ယောက်စလုံး လွတ်လပ်နေခဲ့သည့်အချိန်က သခင် ယေရှုနှင့် တွေ့ခဲ့ဖူးကြမည်လား။ တွေ့ဆုံခဲ့ဖူးသည့်အ တွက် သူသေဆုံးခါနီးမှသာ ယုံကြည်ခြင်းမျိုးစေ့က ကြီးထွားလာခြင်းလား။ သိုမဟုတ် သူတိုနှစ်ဦးစလုံး လက်ဝါးကပ်တိုင်တွင် ချိတ်ဆွဲခံထားရသည့်အချိန်မှသာ သခင်ယေရှုထံမှသူတိုအထင်ကြီးစရာများကို မြင်တွေ့ခဲ့ရသောကြောင့်လား။မည်သိုပင်ဆိုစေကာမူ အလုပ်ဖြစ်ခဲ့သည်။ ထိုအပြင် ကျွန်ုပ်၏အသက်တာထဲ၌ ကျွန်ုပ်ဂရုစိုက်သောလူတချိုအတွက် မျှော်လင့်ချက်ဖြစ်စေသည်။ ကျိုးပဲ့နေသော၊ လမ်းပျောက်နေသော၊ ဘုရားသခင်ကို စိတ်မဝင်စားသော လူတိုအတွက်လည်း မျှော်လင့်ချက်ကိုဖြစ်စေသည်။ သခင်ယေရှုသည် မိမိ၏ဘေးနှစ်ဖက် ၌ ချိတ်ဆွဲထားခံရသောရာဇဝတ်သားကို ကယ်တင်နိုင်မည်ဆိုပါက ကျွန်ုပ်တိုစိုးရိမ်ပေးနေရသော ထိုလူတိုထံသိုလည်း ကယ်တင်ခြင်းရောက်နိုင်ပါသည်။အဘယ်သူကမျှ သခင်ယေရှု၏လက်လှမ်းမမီသောနေရာတွင် ရှိမနေကြပါ။မည်သူမျှ သခင်ယေရှု၏မေတ္တာတော်နှင့် ကင်းကွာမနေပါ။ သခင်ယေရှုသည် ကိုယ်တော်တိုင် သေခြင်းတရားနှင့်ရင်ဆိုင်ရချိန်၌ပင် မိမိလက်လှမ်းမီသောလူတိုင်းကို ကယ်တင်နိုင်ရန် ကြိုးစားအားထုတ်နေတော်မူ၏။ဤသူသည် ခမည်းတော်ထံသိုပြန်မည့် သခင်ယေရှုနှင့်အတူ ဘုရားသခင်၏ နိုင်ငံတော်ထဲသို လျှောက်လှမ်းဝင်ရောက်မည့် ပထမဆုံးသူဖြစ်လိမ့်မည်။ သ ခင်ယေရှု၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအား ဖြင့် ကယ်တင်ခြင်းခံရသော ဘီလီယံနှင့်ချီသောလူတိုတွင် ပထမဆုံးသူဖြစ်သည်။ သိုသော် သူသည် ကယ်တင်ခြင်းခံရသောနောက်ဆုံးသူမဟုတ်ပါ။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်သည် ............အတွက် စိုးရိမ်ပူပန်ပါ၏။ ကျွန်ုပ်ဂရုစိုက်ကူညီနေသော ဤသူထံသို ကိုယ်တော်၏ကရုဏာတော်နှင့် အသက်သစ်သည် သက်ရောက်မှုရှိစေတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ခရစ်ယာန်မဟုတ်သူများကို ကောင်းစွာသိကျွမ်းပါသလား။• သိကျွမ်းခြင်းမရှိပါက တစ်ချိုကို အဘယ်သိုသိ ကျွမ်းပြီး ချစ်နိုင်မည်နည်း။• ထိုသိုဆိုပါက သူတိုကို ဘုရားသခင်၏အနီးအပါးသိုရောက်စေရန် မိမိကိုအသုံးပြုပါဟု ဘုရားသခင်ထံ တောင်းဆိုပါ။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
38
27th March_Lenten Devotions 2026 _ WOH
နောက်ဆုံးစိုးရိမ်မှုများ။သောကြာနေ့၊ မတ်လ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။စစ်သူရဲတိုသည် ထိုသိုပြုကြ၏။ ယေရှု၏ လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့် မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယား မာရိနှင့် မာဂဒလမာရိတိုသည် ရပ်နေကြ၏။ထိုအခါ မယ်တော်နှင့် ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍လည်းကောင်း၊ တပည့်တော်အားလည်း၊ သင်၏အမိကို ကြည့်ပါဟူ၍လည်းကောင်း မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ သိမ်းထား၏။(ရှင်ယောဟန် ၁၉:၂၄ခ-၂၇)သခင်ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေ ခံတော်မူချိန်အတွင်း ကိုယ်တော်၏ နောက်ဆုံးစိုးရိမ်ပူပန်မှုများကို တစ်ခုပြီးတစ်ခု အပြီးသတ်နေခဲ့သည်ဟု ကျွန်တော်ထင်သည်။ ၎င်းတိုထဲမှတစ်ခုမှာ ပသခါပွဲအတွက် သခင်ယေရှု၏နောက် ဂျေရုဆလင်သို လိုက်လာသော မိခင်အတွက်ဖြစ်သည်။ မိမိမရှိသည့်နောက် သူမ၏မိသားစုတွင် မှီခိုအားထားရန် မည်သူမျှမရှိတော့ပေ။“အကြောင်းမူကား ညီတော်တိုက မယုံကြည်သောကြောင့်”ဖြစ်သည်။ (ယောဟန် ၇:၅)သူ၏တပည့်ယောဟန် ထိုနေရာတွင် ရပ်နေသည်ကို သခင်ယေရှု မြင်တော်မူသည်။ယောဟန်သည်လည်း သခင်ယေရှုကို ချစ်သောသူဖြစ်သောကြောင့် တခြားတစ်ယောက်ထံမှ နှစ်သိမ့်မှုနှင့်အားပေးမှုတိုကို လို အပ်ပေလိမ့်မည်။ ထိုကြောင့် သခင်ယေရှုသည် မိခင်နှင့်ယောဟန်တိုကို အချင်းချင်း တာဝန်ယူစောင့်ရှောက်စေတော်မူသည်။ဒီနေ့ သူ့ရဲ့ဘုရားကျောင်းမှာလည်း ကျွန်တော်တိုအတွက် အဲဒီလိုပဲ လုပ်ပေးတယ် မဟုတ်လား။ ယေရှုဟာ ဒုက္ခခံပြီး အသေခံကာ ထာဝရအသက်သစ်ပေးဖို ပြန်ထမြောက်ခဲ့ပေမယ့်လည်း ကျွန်တော်တိုမှာ နေထိုင်ဖို ပျက်စီးနေတဲ့ ကမ္ဘာကြီး ရှိနေပါသေးတယ် - ပြီးတော့ ချစ်လှစွာသော သခင်ရဲ့ မြင်သာထင်ရှားတဲ့၊ လက်တွေ့ကျတဲ့ ရှေ့မှောက်တော်မှောက် မရှိတော့ပါဘူး။ ဒါကြောင့် ကိုယ်တော်က ကျွန်တော်တို တစ်ယောက်ကိုတစ်ယောက် ပေးသနားပါတယ်။ ယုံကြည်သူချင်းတွေရဲ့ မေတ္တာအားဖြင့် ယေရှု ရောင်ပြန်ဟပ်တာကို မြင်တွေ့ရပြီး သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို ရှေ့ဆက်နိုင်အောင် ကူညီပေးပါတယ်၊ ယေရှုက သူနဲ့အတူ အိမ်ပြန်ခေါ်သွားမယ့်နေ့အထိပါပဲ။ဆုတောင်းချက်။ ။သခင်ဘုရားကိုယ်တော်၏လူတိုမှတဆင့် အကူအညီနှင့် နှစ်သိမ့်မှုကို အကျွန်ုပ်အား ပေးသနားတော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။ အခြားသူများကို ကိုယ်တော်ဂရုစိုက်တော်မူသည့်အ ခါအတွက်လည်း အကျွန်ုပ်၏အသက်တာကို အသုံး ပြုတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• မိမိ ဒုက္ခရောက်နေချိန် သက်သာရာရဖိုအတွက် အဘယ်အရာကို အားကိုးလေ့ရှိသနည်း။• သခင်ယေရှု၏လူတိုသည် မိတ်ဆွေ အားကိုးမည့်လူစာရင်းထဲတွင် ပါပါသလား။ အဘယ်ကြောင့်နည်း။အဘယ်ကြောင့် မပါရသနည်း။• အပြစ်ရှိပြီး ကျိုးနွံနေသောသခင်ယေရှု၏နောက် လိုက်တစ်ဦးမှတစ်ဆင့် မိမိကိုသိုမဟုတ် အခြားသူတစ်ဦးကို ချစ်ခြင်းမေတ္တာဖြင့်အကူအညီပေးဖိုရန် သခင်ယေရှုလုပ်ဆောင်သည်ကို မည်သည့်အချိန်ကမြင်တွေ့ခဲ့ရသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
37
26th March_Lenten Devotions 2026 _ WOH
ဘုန်းတန်ခိုးလား သိုမဟုတ် အားနည်းချက်လား။ကြာသပတေးနေ့၊ မတ်လ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။လမ်းမှာ သွားလာသောသူတိုကလည်း၊ ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်ပြန်သောသူ၊ ကိုယ်ကိုကိုယ်ကယ်တင်လော့။ ဘုရားသခင်၏သားတော်မှန်လျှင် လက်ဝါးကပ်တိုင်မှ ဆင်းလော့ဟု မိမိတိုခေါင်းကိုညိတ်၍ ကဲ့ရဲ့သောစကားနှင့်ပြောဆိုကြ၏။ ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတိုက၊ ဤသူသည် သူတစ်ပါးတိုကို ကယ်တင်တတ် ၏။ ကိုယ်ကို မကယ်တင်နိုင်ပါတကား။ ဣသရေလရှင်ဘုရင်မှန်လျှင် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေစေ။ ဆင်းလျှင် ငါတိုယုံကြည်မည်။ သူသည် ဘုရားသခင်ကို ကိုးစားပြီ။ ငါသည် ဘုရားသခင်၏သားဖြစ်၏ဟု ဆိုပြီ။ သိုဖြစ်၍ ဘုရားသခင်သည် သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ပြက်ရယ်ပြု၍ ပြောဆိုကြ၏။(ရှင်မဿဲ ၂၇:၃၉-၄၃)သူတိုပြောသည်ကို လိုက်လုပ်ဖို၊ သူတိုတကယ်ယုံ ကြည်လာမည်ဟူသော မျှော်လင့်ချက်ဖြင့် လက်ဝါး ကပ်တိုင်မှ ဆင်းလာဖို သခင်ယေရှုကို သွေးဆောင်ခြင်းဖြစ်မည်လားဟု ကျွန်တော်တွေးမိသည်။ သူတိုသည် မိမိကို ပြက်ရယ်ပြုနေကြောင်းကို သခင်ယေရှုသိတော်မူသည်။ သိုရာတွင်သခင်ယေရှု၏ဓမ္မအမှုကိုဆောင်ရွက်သည့် ခြေလှမ်းတိုင်းတွင် အား နည်းခြင်းအစား တန်ခိုးပြမှုများမှကတစ်ဆင့် လူတို ယုံကြည်လာအောင်၊ အံ့ဖွယ်အမှုများဖြင့် မြေကြီးပေါ်၌ အောင်ပွဲခံရန်၊ ကတိတော်များမှတစ်ဆင့် နောက်လိုက်များကို စုဆောင်းဖို သွေးဆောင်မှုများကို သခင်ယေရှု ရင်ဆိုင်ခဲ့ရသည်။ ထိုနည်းတူစွာ ဘု ရားသခင်၏ သားတော်အနေဖြင့် မိမိ၏တန်ခိုးတော်ကို အံ့ဖွယ်အမှုတစ်ခုကနေတစ်ဆင့် မိမိကိုယ်ကို ကယ်တင်ဖို အသုံးပြုသင့်တော််မူသလား။ သိုမ ဟုတ် ဘုရားသခင်၏အစီအစဉ်အတိုင်း ဒုက္ခခံခြင်း၊ အသေခံခြင်းတိုကို ခံယူ၍၊ ခမည်းတော်ဘုရားသခင်မှ မိမိကို သေခြင်းထဲမှ ထမြောက်စေမည်ကိုယုံ ကြည်ခြင်းဖြင့် ဖြတ်သန်းသွားသင့်ပါသလား။မည်သည်ကို သခင်ယေရှုရွေးချယ်ခဲ့သည်ကို ကျွန်ုပ်တိုသိကြသည်။ ကျွန်ုပ်တို၏အသက်တာထဲ၌လည်း သခင်ယေရှုမှ ဆက်လက်ရွေးချယ်နေဆဲဖြစ်တော်မူသည်။ ဘုရားသခင်ထံ ကျွန်ုပ်တိုအတွက် အံ့ဖွယ်အမှုများလုပ်ဆောင်ဖို တောင်းလျှောက်သည့်အချိန်တိုင်း “ငါ့ကျေးဇူးသည် သင့်အဖိုလောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟုမိန့်တော်မူ၏” ဟုပြန်ဖြေတော်မူသည်။ (၂ ကောရိန္သု ၁၂:၉က)ဆုတောင်းချက်။ ။သခင်ယေရှု၊ ကျွန်ုပ်အတွက် အံ့ ဖွယ်အမှုများကိုပြုလုပ်ပေးမည့်အစား ကျွန်ုပ်၏ဘဝခရီးခက်ခဲစွာဖြတ်သန်းနေရချိန် ကိုယ်တော်ကိုသာ ယုံကြည်ကိုးစားမှုရှိစေရန် ကူညီပေးတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• သခင်ယေရှုသည် သူတိုအကြံပြုသည့်အတိုင်း လုပ် ဆောင်ခဲ့ပါက—ကျွန်ုပ်တိုအပေါ် မည်သိုဖြစ်ပျက်ခဲ့မည်နည်း။• ဘုရားသခင်သည် အံ့ဖွယ်အမှုများကိုတောင်းလျှောက်သော ကျွန်ုပ်တို၏ဆုတောင်းချက်များကို အဘယ်ကြောင့် မကြာခဏ ငြင်းဆိုတော်မူရသနည်း။• ဘုရားသခင်ထံမှ အဖြေမရသော်လည်း မိမိအပေါ်ထားသောဘုရားသခင်၏မေတ္တာတော်ကို မည်သိုဆက်လက်ယုံကြည်ကိုစားမည်နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
36
25th March_Lenten Devotions 2026 _ WOH
သခင်ယေရှု၏အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။လူများတိုသည်လည်း ကြည့်ရှုလျက် ရပ်နေကြ၏။ (ရှင်လုကာ ၂၃:၃၄ခ-၃၅က) လူတိုကွယ်လွန်သွားသည့်အခါ ထိုသူ၏အမွေကို တာဝန်ယူဖြေရှင်းပေးသူတစ်ယောက်ရှိမြဲဖြစ်သည်။ သေတမ်းစာရှိပါက ကွယ်လွန်သွားသူ၏ ညွှန်ကြား ချက်များကို လိုက်နာကြပြီး ထိုကွယ်လွန်သူ၏ အမွေဆက်ခံမည့်သူများ သိုမဟုတ် သူမ သည် ကွယ်လွန်သူနှင့် သက်ဆိုင်ခဲ့သူဖြစ်၊မဖြစ်ကို သေချာစေသည်။သခင်ယေရှု၏ပိုင်ဆိုင်မှုသည် အလွန်ရိုးရှင်းသည်။ သခင်ယေရှု၏ခန္ဓာပေါ်ရှိ ဝတ်ရုံ၊ အင်္ကျီ၊ ခါးစည်း၊ ခြေညှပ်ဖိနပ်၊ ဦးခေါင်းကိုဖုံးရန် အဝတ်တစ်ထည်မှလွဲ၍ ခွဲဝေယူရန် ဘာမှမရှိပါ။ဤသည်ကိုပင် သခင်ယေရှု၏ပိုင်ဆိုင်မှုများကို ခွဲဝေယူဖိုရန် လက်ဝါးကပ်တိုင်ခြေရင်းတွင် စစ်သားများ စာရေးတံချနေခဲ့ကြသည်။သိုတိုင်အောင် သခင်ယေရှုသည် သူ၏အမွေခံများအကြား ခွဲဝေရန် အခြားပစ္စည်းများကိုလည်း ချန်ထားခဲ့တော်မူသည်။ သိုသော် အကောင်အထည်ဖော်လုပ်ဆောင်နေသူမှာ သန့်ရှင်းသောဝိညာဉ်တော်ဖြစ်တော်မူသည်။ သခင်ယေရှုသည် ကျွန်ုပ်တို၏အပြစ်များကို ခွင့်လွှတ်ပေးတော်မူသည်။ ကျွန်ုပ်တို၏ရှက်ရွံမှုနှင့် အပြစ်အားလုံးကို ထာဝရဆေးကြောပေးခဲ့တော်မူသည်။ ဘုရားသခင်၏ငြိမ်သက်ခြင်းနှင့် ဘု ရားသခင်၏မိသားစုဝင်သားသမီးများအဖြစ် ထာဝရနေရာတစ်ခုကို ချန်ထားခဲ့သည်။ မကောင်းမှုမှ ကျွန်ုပ်တို၏ဘဝထဲသို ယူဆောင်လာသော ကျိုးပဲ့ပျက်စီးမှုအားလုံးအတွက် ကုစားခြင်းကို ချန်ထားခဲ့သည်။ ထိုအပြင် ထာဝရအသက်ကို ချန်ထားခဲ့တော်မူသည်။ ယခု သေခြင်းထဲမှ ထမြောက်ပြီးနောက်ထာဝရအသက်ရှင်တော်မူသောကြောင့်ဝမ်းမြောက်စွာဖြင့်ကျွန်ုပ်တိုအတွက်ထာဝရအသက်တည်းဟူသောလက်ဆောင်ကိုပေးတော်မူသည်။ဆုတောင်းချက်။ ။ချစ်စွာသောသခင်ယေရှု၊ ကိုယ် တော်ပေးတော်မူသော ကိုယ်တော်၏ဆုကျေးဇူးများအတွက် ကျေးဇူးတင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• တစ်စုံတစ်ခု အမွေဆက်ခံဖူးပါသလား။ အဘယ်အရာနည်း။• ယခု သခင်ယေရှုသည် ပြန်လည်အသက်ရှင်တော်မူပြီဖြစ်သောကြောင့် သူ၏ပိုင်ဆိုင်မှုများကို ပြန်လည်ယူဆောင်သွားပြီလော။• ယခုချိန်တွင် မိတ်ဆွေ၏အမြင်အရ သခင်ယေရှုသည် မိတ်ဆွေကို ပေးခဲ့သော အကောင်းဆုံးလက် ဆောင်ကားအဘယ်လက်ဆောင်ဖြစ်မည်• နည်း။ အ ဘယ်ကြောင့်နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
35
24th March_Lenten Devotions 2026 _ WOH
တော်ဝင်တရားခုံရုံးအင်္ဂါနေ့၊ မတ်လ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက်တိုကိုလည်း သတ်အံ့သောငှာ ထုတ်သွားကြ၏။ကရာနိအမည်ရှိသောအရပ်သို ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွ ထိုလူဆိုးတိုကို လက်ယာတော်ဘက်၌တစ်ယောက်၊ လက်ဝဲတော်ဘက်၌တစ်ယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ယေရှုကလည်း၊ အို အဘ၊ သူတို၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတိုသည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွက်ဆိုတော်မူ၏။(ရှင်လုကာ ၂၃:၃၂-၃၄က)သူတိုသည် ရာဇဝတ်သားနှစ်ယောက်ကို သခင်ယေ ရှု၏တစ်ဖက်တစ်ချက်စီမှာ ထားကြသည်။ သခင်ယေရှုကို ဂျူးလူမျိုးတို၏ဘုရင်အဖြစ် ရည်ညွှန်းနိုင်စေဖိုရန် သူတိုသည် တော်ဝင်တရားခုံရုံးကဲ့သို ဖြစ်အောင် ကြိုးစားနေသည်ဟု ကျွန်တော်ထင်သည်။ သခင်ယေရှုသည် အရေးအကြီးဆုံးပုဂ္ဂိုလ်အဖြစ် ကားတိုင်၏အလယ်တွင်ရှိနေပြီး၊ နန်းတွင်းသားများတစ်ဖက်တစ်ချက်စီမှာရှိနေသည့်ပုံစံမျိုးဖြစ်သည်။ ထိုနောက် သခင်ယေရှုကို ကြည့်ဖို လာသောသူအား လုံးသည် ဘုရင်၏ပလ္လင်ရှေ့တွင်ခစားဖိုရန်လာကြသည့် လူတို၏အခန်းကဏ္ဍကို သရုပ်ဆောင်ကြမှာဖြစ်ပြီး ဂါရဝပြုဖို သိုမဟုတ် တစ်ခုခု တောင်းဆိုဖို လာကြခြင်းဖြစ်မည်။ဟုတ်ပါသည်၊ဤသည်မှာကြောက်စရာကောင်းသောဟာသတစ်ခုဖြစ်ဖိုရည်ရွယ်ခဲ့ခြင်းဖြစ်သည်။၎င်းသည်သခင်ယေရှုကိုအလွဲသုံးစားပြုသည့်နောက်ထပ်နည်းလမ်းတစ်ခုဖြစ်ပြီးရောမစစ်သားများထံမှ ဂျူးဆန့်ကျင်ရေးခံစားချက်အချိုလည်း ရှိကောင်းရှိနိုင်သည်၊ အံ့သြစရာမဟုတ်ပါ။ သိုသော် သူတိုသတိမထားမိသည်မှာ သခင်ယေရှုသည် ကျွန်ုပ်တို၏ဘုရင်နှင့် ကယ်တင်ရှင်အဖြစ် စိုးစံသည့် စစ်မှန်သောပလ္လင်ခန်းတစ်ခုကို တည်ဆောက်ထားခြင်းဖြစ်သည်။သခင်ယေရှု ၏လက်ဝါးကပ်တိုင်ကို ပလ္လင်အဖြစ်မိတ်ဆွေ၏ စိတ်ထဲတွင်မြင်ယောင်ကြည့်ပါ။ သခင်ယေရှု၏သရဖူသည် ဆူးပင်များနှင့်ဖြစ်ပြီး၊ နန်း တွင်းသားများသည် သူခိုးများဖြစ်ကြသည်။ သခင်ယေရှု၏လက်ထဲတွင် လှံတံအစား သံမှိတစ်ချောင်းရှိသည်။ သခင်ယေရှု၏တော်ဝင်ဝတ်ရုံကမူ အဘယ်မှာနည်း? ကျွန်ုပ်တို၏အပြစ်နှင့်အရှက်များကို ဖုံး အုပ်ဖိုနှင့် ကျွန်ုပ်တိုကို ထာဝရအပိုင်ဖြစ်စေဖို သွန်းတော်မူသောအသွေးတော်သည် တော်ဝင်ဝတ်ရုံဖြစ်တော်မူ၏။ဆုတောင်းချက်။ ။သခင်၊ ကိုယ်တော်သည် ကျွန်ုပ်အတွက် အသေခံပြီး ပြန်လည်ထမြောက်တော်မူပြီ။ ကိုယ်တော်အား ချစ်သောမေတ္တာဖြင့် ကိုယ်တော်၏ အလိုတော်အတိုင်း နေထိုင်နိုင်ရန် အကျွန်ုပ်အား ကူညီပေးတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• သခင်ယေရှုသည် ရန်သူများအတွက် ဆုတောင်းပေးတော်မူခဲ့သည်။ မိတ်ဆွေတွင် ရန်သူများ ရှိပါသ လား။• ထိုသိုဆိုလျှင် သခင်ယေရှု၏ဉာဏ်ပညာနှင့် မေတ္တာတော်နှင့်အညီ ၎င်းတိုကို မည်သိုဆက်ဆံရမည်ကို သွန်သင်ပေးရန် သခင်ယေရှုအား တောင်းလျှောက်ပါ။• လူတိုသည် အကူအညီတောင်းဖို တရားရုံးများသိုသွားကြသည်။ ယနေ့ သခင်ယေရှုထံမှ ဘာကိုတောင်းလျှောက်မည်နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
34
23rd March_Lenten Devotions 2026 _ WOH
ဂရုစိုက်ပေးဆပ်သူ။တနင်္လာနေ့၊ မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်၊။ကျမ်းချက်။ ။ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါလဂေါသ အမည်တွင်သောအရပ်သို ရောက်ကြသော်၊ဆေးခါးနှင့် ရောသောပုံးရည်ကို ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလျှင်၊ မြည်းစမ်းတော်မူ၍ မသောက်ချင်ဘဲ နေလေ၏။ ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင် အဝတ်တော်တိုကို စာရေးတံချ၍ ဝေဖန်ကြ၏။(ရှင်မဿဲ ၂၇:၃၃-၃၅)သခင်ယေရှုသည် ဆေးခါးနှင့်ရောထားသော ပုံးရည်ကို မသောက်ပါ။ ၎င်းသည် စိတ်ငြိမ်စေ၍ နာကျင်မှုကိုသက်သာစေသောဆေးဖြစ်ပြီး စစ်သားများမှ သ ခင်ယေရှုကို လက်ဝါးကပ်တိုင်သိုတင်ခြင်းအလုပ်ကို ပိုမိုလွယ်ကူစေရန် ရည်ရွယ်ခဲ့ပုံရသည်။ သိုသော်သ ခင်ယေရှုသည် မိမိ၏ဒုက္ခကို စိတ်ကြည်လင်စွာဖြင့် ဖြတ်သန်းလိုပုံရသည်။ ထိုကြောင့် ငြင်းပယ်တော်မူခဲ့သည်။အဘယ်ကြောင့်နည်း။ သခင်ယေရှုသည် ကျွန်ုပ်တိုအတွက် သူ၏အမှုကို ပြီးမြောက်အောင် လုပ်ဆောင်နေခဲ့သည်။ ၎င်းမှာ ကျွန်ုပ်တိုအားလုံးကို အပြစ်၊ သေခြင်း နှင့် မကောင်းမှုတို၏ကျွန်ဘဝမှ လွတ်မြောက်စေမည့် အမှုဖြစ်သည်။ သခင်ယေရှုသည် အရာများ မှားယွင်းသွားမည်ကို လုံးဝလက်မခံပါ။ ထိုအတွက် မိမိသည် ပို၍နာကျင်ရမည်ဆိုပါကလည်း နာကျင်မှုဝေဒနာကိုသာရွေးယူတော်မူသည်။နောက်ထပ်အကြောင်းရင်းတစ်ခုကို ကျွန်တော်တိုသိမြင်နိုင်သည်။ သခင်ယေရှုသည် မိမိပတ်ဝန်းကျင်ရှိ လူပုဂ္ဂိုလ်များကို ဂရုစိုက်မြဲဖြစ်တော်မူသည်။ လက်ဝါးကပ်တိုင်ခြေရင်းမှာ ရပ်နေသောနောက် လိုက်အနည်းငယ်၊ အသက်ဆုံးခါနီး မိမိကိုယုံကြည်ဖို နောက်ဆုံးအခွင့်အရေးရခဲ့သော ဘေးနှစ်ဖက်မှာ ရာဇဝတ်သားများ၊ မည်သူ့ကို လက်ဝါးကပ်တိုင်မှာ တင်ထားကြောင်း မသိနားမလည်ကြသောစစ်သားများကိုပင် ဂရုစိုက်ဆဲဖြစ်တော်မူသည်။ လက်ဝါး ကပ်တိုင်၌ ချိတ်ဆွဲထားခြင်းကိုခံယူနေရစဥ်မှာပင်ထိုသူတို၏လိုအပ်ချက်ကို ဖြည့်ပေးတော်မူခဲ့သည်။ ကိုယ်တော်တိုင် သေခြင်းကိုခံယူရသည့်အချိန်အထိ၊ ထိုနောက် ရှင်ပြန်ထမြောက်ချိန်အထိ သူတိုနှင့် ကျွန်တော်တိုကို ဂရုစိုက်ပေးဆပ်မြဲဖြစ်တော်မူသည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်၏လိုအပ် ချက်များကို ကိုယ်တော်၏လိုအပ်ချက်များထက် အမြဲဦးစားပေးတော်မူ၏။ ကျွန်ုပ်အား ဤမျှချစ်တော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• မိမိ ပေးဆပ်ရသည့်တိုင်အောင် တစ်စုံတစ်ယောက်ကို မည်သည့်အချိန်က ဂရုစိုက်ပေးခဲ့ဖူးသနည်း၊• ပေးဆပ်လိုက်ရသည့်အတွက် ဝမ်းသာကာသလား။ အဘယ်ကြောင့်နည်း။• သခင်ယေရှုသည် မိတ်ဆွေအတွက် သူလုပ်ဆောင်ပေးခဲ့သည့်အမှုအရာကို သတိရသောအခါ - ၎င်းနှင့်ပတ်သက်၍ မည်သည့်ခံစားချက်ရှိမည်နည်း။ မိတ်ဆွေအပေါ် မည်သိုသောသဘောထားရှိမည်နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
33
22nd March_Lenten Devotions 2026 _ WOH
စိုးရိမ်၍ဂရုစိုက်ပေးခြင်း။တနင်္ဂနွေနေ့၊ မတ်လ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်ကျမ်းချက်။ ။ နောက်တော်၌ လိုက်သောလူများအပေါင်းတိုတွင်၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းသော မိန်းမအချိုပါ၏။ထိုသူတိုကိုယေရှုသည်လှည့်ကြည့်၍၊ ယေရုရှလင်မြိုသမီးတို၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတိုနှင့် မိမိတိုသားများကြောင့် ငိုကြွေးကြလော့။ အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓေမယူဖူးသောဝမ်းနှင့် သူငယ်မစိုဖူးသော သားမြတ်သည် မင်္ဂလာရှိ၏ဟု ပြောရသောနေ့ရက်ကာလ ရောက်လိမ့်မည်။ ထိုအခါ သူတိုက၊ အို တောင်များတို၊ ငါတိုအပေါ်သို ကျကြပါ။ အို ကုန်းများတို၊ ငါတိုကို ဖုံးအုပ်ကြပါဟု ခေါ်ကြလိမ့်မည်။အကြောင်းမူကား၊ စိမ်းသောအပင်ကို ဤသိုပြုကြလျှင်၊ ခြောက်သောအပင်၌ အဘယ်သို ဖြစ်လိမ့်မည်နည်းဟု မိန့်တော်မူ၏။(ရှင်လုကာ ၂၃:၂၇-၃၁)လက်ဝါးကပ်တိုင်သို လျှောက်ရာလမ်းမှာပင် တခြားလူတစ်ယောက်၏ဒုက္ခကို သခင်ယေရှု ဂရုစိုက်ပေးနိုင်ဆဲဖြစ်နေသည်ကို ကျွန်တော်အံ့သြမိသည်။ ဤအမျိုးသမီးများ မိမိအတွက်ငိုကြွေးနေသည်ကို သ ခင်ယေရှုမြင်ပြီး သူတိုအတွက် စိုးရိမ်စိတ်ရှိတော်မူသည်။ နောက် နှစ် ၄၀ မျှကြာပြီးနောက် ယေရုရှလင်မြိုသည် ရောမစစ်သားများလက်ထဲသို ကျရောက်လိမ့်မည်၊ ပြည်တွင်းစစ်၊ ငတ်မွတ်ခေါင်းပါးမှု၊ ညှဉ်း ပန်းနှိပ်စက်မှုနှင့်မီးလျှံများဖြင့် သုံးနှစ်ကြာရုန်းကန်ပြီးနောက်မှာ ကျဆုံးသွားမည်ဖြစ်ကြောင်းကို သခင်ယေရှုသိတော်မူသည်။ အပြစ်နှင့်ကင်းသောဘုရား သခင်၏သားတော်ကိုပင် ထိခိုက်နာကျင်စေသူများမှ ထိုကာလတွင် အသက်ရှင်ကျန်ရစ်မည့် အမျိုးသ မီးများနှင့်ကလေးများကိုလည်း အသက်ချမ်းသာပေးမည်မဟုတ်ပါ။သခင်ယေရှုသည် သူ၏နောက်လိုက်များအတွက် ညွှန်ကြားချက်များထားခဲ့ပြီးဖြစ်သည့်အတွက် မြိုကျသောအခါ သူတိုသည် အံ့အားသင့်မည်မဟုတ်ပါ။ (ရှင်လုကာ ၂၁:၂၀-၂၄ ကိုဖတ်ပါ) သိုသော်ထိုအမျိုးသမီးများအတွက် သခင်ယေရှုသည် ဒုက္ခဝေ ဒနာခံယူပြီး အသေခံခြင်းမှလွဲ၍ ဘာမှမတတ်နိုင်ပါ။သူတိုသည်လည်း သခင်ယေရှုကို ယုံကြည်လိမ့်မည်။ ကယ်တင်ခြင်းခံရမည်ဟု ဆုတောင်းပေး သည်။လူတို၏ မကောင်းမှုဝန်ထုပ်ဝန်ပိုးအားလုံးကို လက် ဝါးကပ်တိုင်သို သယ်ဆောင်ခြင်းကို သခင်ယေရှုလုပ်ဆောင်ပေးတော်မူသည်။ လက်ဝါးကားတိုင်တွင် သ ခင်ယေရှုသည် မိမိ၏ခန္ဓာနှင့် အသွေးတော်ကို အားဖြင့် မကောင်းမှု၏တန်ခိုးကို ဖျက်ဆီးပြီး မိမိ၏သေခြင်းဖြင့် ၄င်းကို အဆုံးသတ်စေတော်မူသည်။သုံးရက်ကြာပြီးနောက် သေခြင်းထဲမှပြန်လည်ရှင်ပြန်ထမြောက်တော်မူသောအခါ၊ သခင်ယေရှုသည် မိမိကို ယုံကြည်ကိုးစားသူကျွန်ုပ်တိုအားလုံးအားထာဝရ အသက်၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတိုကို ပေးတော်မူ၏။ဆုတောင်းချက်။ ။ သခင်ဘုရား၊ ကျွန်ုပ်တိုအတွက် အမြဲစိုးရိမ်ပူပန်ဂရုစိုက်ပေးသည့်အတွက် ကျေးဇူး တင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ယခုချိန်တွင် မိတ်ဆွေ စိုးရိမ်၍ဂရုစိုက်စဥ်းစားပေးနေရသူမှာ အဘယ်သူနည်း။• သူတိုကို မိတ်ဆွေ အဘယ်သိုကူညီနိုင်မည်နည်း။• ခဏလောက် သူတိုအတွက် ဆုတောင်းပေးပါ။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
32
21st March_Lenten Devotions 2026 _ WOH
သူတစ်ပါး၏ဝန်ထုပ်ကို ထမ်းပိုးခြင်း။စနေနေ့၊ မတ်လ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ ကိုယ်တော်ကို ထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတစ်ယောက်သည် တောရွာမှ လာသည်ကို သူတိုသည်တွေ့လျှင်၊ ဖမ်းဆီး၍ ယေရှုနောက်တော်၌ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။ (ရှင်လုကာ ၂၃:၂၆)အထက်ပါ အဖြစ်၏နောက်တွင် သခင်ယေရှုသည် ကြီးစွာသောအခြေအနေထဲသို သက်ဆင်းရ၏။ ဗုဒ္ဓ ဟူးနေ့ညမှစ၍ အိပ်ပျော်တော်မမူ ကြာသပတေးနေ့ ပသခါညစာစားစဥ်၌လည်း အစာကိုကောင်းစွာမစားခဲ့ရပါ။ အဘယ်သူကမျှ သခင်ယေရှုကို ရေတိုက်သည်ဟူ၍ မှတ်တမ်းမရှိပါ။ ၄င်းအစား သခင်ယေရှုသည် ရိုက်နှက်ခံရသည်။ ပါးရိုက်ခံရသည်။ တံတွေး ထွေးခံရသည်။ တစ်နေရာမှ တစ်နေရာသိုဆွဲခေါ်သွားခံရသည်။ သေလုမျောပါး ရိုက်နှက်ခံရသည်။ သွေးအများကြီး ဆုံးရှုးခဲ့ရသည်။ ပိုဆိုးသောအခြေအနေများကိုကြုံတွေ့ရဦးမည်။သခင်ယေရှုသည် လေးလံသော လက်ဝါးကပ်တိုင်ကို ကွပ်မျက်ရာနေရာဖြစ်သည့်ဂေါလဂေါသသို သယ်ဆောင်သွားရမည်။ သိုသော် ရုပ်ခန္ဓာမှာ သယ်ဆောင်နိုင်စွမ်းမရှိတော့ပါ။ လက်ဝါးကပ်တိုင်သို မရောက်မီ သခင်ယေရှု၏ အသက်ဆုံးပါက ကြီးမား သော ဒုက္ခများနှင့် ရင်ဆိုင်ရမည်ကို စစ်သားများ သိကြသည်။ ထိုကြောင့် သူတိုသည် လမ်းဘေး၌ရပ်၍ ကြည့်နေသူတစ်ဦးဖြစ်သည့် ကုရေနေမြိုသား ရှိမုန်ကို ဖမ်းဆီးကြသည်။ရှိမုန်သည်လည်း ထိတ်လန့်တုန်လှုပ်သွားမိသာဖြစ် သည်။ သာမန်ရာဇဝတ်သားတစ်ယောက်နည်းတူ လက်ဝါးကပ်တိုင်ကို ထမ်းရမည်လား။ သိုသော်ရော မစစ်သားများမှ သူ့ကို အတင်းအကျပ် ထမ်းခိုင်းပိုင်ခွင့်ရှိသောကြောင့် သူလည်း လုပ်ခဲ့ရသည်။ ရှိမုန်သည် သခင်ယေရှုကိုဂေါလဂေါသအထိ လိုက်ပါ ပိုဆောင်၍ ကူထမ်းပေးခဲ့သည်။ထိုနေ့က ရှိမုန်သည် အဘယ်သူ၏လက်ဝါးကပ်တိုင်ကို ထမ်းနေခဲ့သနည်း။ သခင်ယေရှုကိုယ်တော်တိုင် မှ သူ့အတွက်ထမ်းနေကြောင်းကိုရှိမုန်သိပါမည်လားဟု ကျွန်တော်တွေးမိသည်။ ရှိမုန်သည် ခရစ်ယာန်တစ်ယောက် ဖြစ်လမည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သူ၏နာမည်နှင့် သူ့သားများ၏ နာ မည်များကို ကနဦးအသင်းတော်က သိကြသည်။ ထို ကြောင့် သခင်ယေရှုသည် ရှိမုန်အတွက်၊ ကျွန်တော်တိုအားလုံးအတွက်ပါ - ကျွန်တော်တို၏အပြစ်များ၊ရှက်ရွံမှုများကို သေခြင်းအထိ - ထာဝရဖျက်ဆီးပေးဖိုရန် သယ်ယူသွားတော်မူသည်။ ထိုနောက်သခင်ယေရှုသည် ကျွန်တော်တို၏ ကယ်တင်ရှင်နှင့် ကျွန် တော်တို၏ဝမ်းမြောက်ခြင်းအဖြစ်အသက်ရှင်လျက် ကျွန်တော်တိုထံသို ပြန်လာတော်မူခဲ့သည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်အတွက် သယ်ဆောင်ပေးသောအရာများအတွက် ကျေးဇူး တင်ပါသည်။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• နောက်ပိုင်းတွင် ဆိုင်မွန်သည် ဂုဏ်ယူနေမည်ဟု ထင်ပါသလား။• မိမိမလုပ်ချင်သော ကောင်းမှုတစ်ခုကို လုပ်ဖို အခွင့် အရေးရခဲ့ဖူးပါသလား။• ယခု မည်သိုခံစားရပါသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
31
20th March_Lenten Devotions 2026 _ WOH
သည်းခံနိုင်စွမ်း။သောကြာနေ့၊ မတ်လ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ထိုအခါ မြိုဝန်မင်း၏ စစ်သူရဲတိုသည် ယေရှုကို အိမ်တော်ဦးသို ဆောင်သွား၍ စစ်သူရဲတစ်တပ်လုံးကို အထံတော်၌ စုရုံးစေပြီးမှ၊ အဝတ်တော်ကို ချွတ်၍ နီသောဝတ်လုံကို ခြုံစေကြ၏။ ဆူးပင်နှင့် ရက်သောဦးရစ်ကို ခေါင်းတော်၌ တင်ကြ၏။ ကျူတစ်လုံးကိုလည်း လက်ယာလက်တော်နှင့် ကိုင်စေပြီးလျှင် ရှေ့တော်မှာဒူးထောက်လျက် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟူ၍ ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။ ကိုယ်တော်ကို တံတွေးနှင့် ထွေးကြ၏။ ကျူလုံးကိုယူ၍ ခေါင်းတော်ကို ရိုက်ကြ၏။ ထိုသို ကိုယ်တော်ကို ပြက်ရယ်ပြုသည်နောက်၊ မင်းဝတ်လုံကိုချွတ်၍ အဝတ်တော်ကို ဝတ်ပြန်စေပြီးလျှင် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှာ ထုတ်သွားကြ၏။ (ရှင်မဿဲ ၂၇:၂၇-၃၁)ဤသည်မှာ တုန်လှုပ်စရာပင်ဖြစ်သည်။ လက်ဝါး ကပ်တိုင်တွင် သခင်ယေရှု အသက်ရှင်နေသရွေ့ သူတိုစိတ်ကြိုက် ဆိုးဆိုးရွားရွား နှိပ်စက်ညှဉ်းပန်းဖို လူ ၆၀၀ ရှိနေသည်ကို မြင်ယောင်ကြည့်ပါ။ လူအများကြီးကို ခွင့်ပြုထားသည်။ လှောင်ပြောင်ခြင်း၊ အဝတ်ချွတ်ယူခြင်း၊ တံတွေးထွေးခြင်းများကို လုပ်ဆောင်ကြသည်။ ဆူးဖြင့်ရက်သောဦးရစ်ကို ဦးခေါင်းတွင်ဆောင်းပေးဖို၊ တုတ်နှင့်ခေါင်းကို ရိုက်ဖို၊ ထိုနောက် ပျက်ရယ်ပြုသံများဖြင့် လူတိုတွင် အဆိုးရွားဆုံးလူတိုကို မည်သူကမျှဆီးတားခြင်းမရှိဘဲ အပြစ်မဲ့သူကို နှိပ်စက်ညှဉ်းပန်းဖို လွှတ်ပေးထားသည်။သခင်ယေရှုသည် ထိုသူတိုကို ရပ်တန့်စေနိုင်တော်မူသည်။ မည်သည့်အချိန်တွင်မဆို မိမိ၌ ဤအရာအား လုံးကို ရပ်တန့်နိုင်သော တန်ခိုးရှိကြောင်းကို သခင်ယေရှုသိတော်မူ၏။(မဿဲ ၂၆:၅၃ ကိုဖတ်ပါ)သိုသော် သခင်ယေရှုသည် ရပ်တန့်တော်မမူခဲ့ပါ။အကြောင်းရင်းမှာ သခင်ယေရှု၏စိတ်ထဲတွင် ကျွန်ုပ်တို ရှိနေသောကြောင့်ဖြစ်သည်။ နှိပ်စက်ခံနေရသူ များ၊ ရိုက်နှက်ခံရဖူးသူများ၊ ထိခိုက်ဒဏ်ရာရဖူးသူ များ၊ လှောင်ပြောင်ခံရသူများ၊ မတရားသဖြင့် သေ ဒဏ်ပေးခံရသူများသည်၊ ယခု သခင်ယေရှုတွေ့ကြုံနေရသော မကောင်းမှု၏တန်ခိုးနှင့်အတူတူပင်ဖြစ် သည်။ ထိုမကောင်း၏တန်ခိုးကို မိမိ၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဖျက်ဆီးပစ်တော်မူမည်။ ထိုအပြင် ထိုကဲ့သို မကောင်းမှုကိုလုပ်ဆောင်သောသူတိုအပေါ်၌လည်း သခင်ယေရှု ဂရုဏာစိတ်ရှိတော်မူသည်။ အကြောင်းမူကား သခင်ယေရှုသည် သူတိုအတွက် အသေခံရန် ကြွလာတော််မူခဲ့သည်။ သူတိုကို ရွေးနှုတ်ဖို၊ ခွင့်လွှတ်ဖိုနှင့်အသစ်ပြန်လည်ပြုပြင်ပေးဖိုရန် ဆင်းကြွလာခြင်းဖြစ်တော်မူသည်။ဆုတောင်းချက်။ ။ကျွန်ုပ်အတွက် သည်းခံပေးတော်မူသည့်အတွက် ကျေးဇူးတင်ပါ၏သခင်။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ကြောက်စရာကောင်းသော သိုမဟုတ် နာကျင်စရာအဖြစ်မျိုးကို မည်သည့်အချိန်က ကြုံတွေ့ခဲ့ရသနည်း။• မိမိ၏သည်းခံနိုင်ရည်ကြောင့် ကောင်းသောအကျိုးကိုရရှိခဲ့ပါသလား။• ချစ်ရသူတစ်ယောက်အတွက် လုပ်ဆောင်နေရပါက ခံနိုင်ရည်ရှိဖို ပို၍လွယ်ကူပါသလား။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
30
19th March_Lenten Devotions 2026 _ WOH
ပြကွက်နှင့် လက်တွေ့ကြာသပတေးနေ့၊ မတ်လ ၁၉ ရက်၊၂၀၂၆ခုနှစ်။ကျမ်းချက်။ ။ပိလတ်မင်းသည် မိမိမနိုင် လူများသာ ၍ ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ ၍ လူများရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သောသူ၏အသွေးနှင့် ငါသည် ကင်းရှင်း ၏။ ဤအမှုကို သင်တို ကြည့်ကြလော့ဟု ဆို၏။ထိုလူအပေါင်းတိုက သူ၏အသွေးသည် ငါတို၏ ခေါင်းပေါ်၌လည်းကောင်း သားမြေးတိုခေါင်းပေါ်၌လည်း ကောင်း တည်ရှိပါစေဟု ပြန်ပြောကြ၏။ ပိလတ်မင်းသည်လည်း ဗာရဗ္ဗကို လူများတိုအား လွှတ်လေ၏။ ယေရှုကိုကား ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှာ အပ်လိုက်လေ၏။ (ရှင်မဿဲ ၂၇: ၂၄-၂၆)ပိလတ်မင်းသည် သခင်ယေရှု၏သွေးကို လက်ဆေးကြောခြင်းဖြင့် ပြဇာတ်ဆန်ဆန် ပြုမူနေတာဖြစ်ပြီး ဖြစ်လာတော့မည့်အရာများကို သူတတ်နိုင်သ လောက် ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်ဖို ကြိုးစားနေခြင်းသာဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်မရှိပါ။ သခင်ယေရှုကို သတ်ဖို တရားဝင်အာဏာရှိသူမှာ ပိလတ်မင်းတစ်ဦးတည်းသာရှိကြောင်း လူတိုင်းသိကြသည်။လူအုပ်ကြီးမှလည်း သူတို၏ပြင်းထန်သောစကားလုံးများဖြင့်"သူ၏အသွေးသည် ငါတို၏ ခေါင်းပေါ်၌လည်းကောင်းသားမြေးတိုခေါင်းပေါ်၌လည်းကောင်းတည်ရှိပါစေ" ဟု ပြဇာတ်ဆန်ဆန် ပြောဆိုနေကြသည်။ သူတို တကယ်ဆိုလိုကြသည် မဟုတ်ပါ။ ပိလတ်မင်းကို ပွဲဆက်ကစေလို၍ဖြစ်သည်။ သခင်ယေရှု၏သေခြင်းအတွက် သူတို တာဝန်ယူရမည်မဟုတ်ဟု သူတိုသေချာသိနေ၍ဖြစ်သည်။မည်သူကမျှ သူတိုပြုသောမကောင်းမှုအတွက် အတင်းပြန်၍ပေးဆပ်ရလိမ့်မည်မဟုတ်။သိုသော် သခင်ယေရှုသည် ပြကွက်ဆန်ဆန်လုပ်ဆောင်ခြင်းမျိုး မဟုတ်ပါ။ တကယ့်အဖြစ်မှန်ကို ပြသနေခြင်းသာဖြစ်သည်။ နာကျင်ရသော ခြေလှမ်းတိုင်း၊ သွေးစက် သွန်းလောင်းသည့်အချိန်တိုင်းသည် လက်တွေ့ကြုံတွေ့နေရခြင်းဖြစ်သည်။မိမိလုပ် ဆောင်နေသောအမှုအရာသည် မိမိကို ယုံကြည်သူတိုင်းကို အပြစ်၊ သေခြင်းနှင့်မာရ်နတ်၏တန်ခိုးထဲမှ ကယ်တင်နိုင်မည်ဖြစ်ကြောင်းကို သခင်ယေရှုသိတော်မူသည်၊သခင်ယေရှု၏ဆင်းရဲဒုက္ခခံခြင်း၊သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းတိုသည်ကျွန်ုပ်တိုအပေါ်ဖြစ်ပျက်ခဲ့ဖူးသမျှတွင်အမှန်ကန်ဆုံးသောအရာများဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် အပြစ်နှင့် ရှက်ရွံမှုတွင်သေဆုံးနေသူများကို ခေါ်ဆောင်သွားပြီး ဘုရား သခင်၏ ခွင့်လွှတ်ခြင်းခံရသော၊ ကောင်းချီးခံစားရသော သားသမီးများအဖြစ်သို ပြောင်းလဲပေးသော ကြောင့်ဖြစ်သည်။ဆုတောင်းချက်။ ။ဘုရားသခင်၊ ကျွန်ုပ်ကို အမှန်တကယ်ကယ်တင်တော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• လူအုပ်၏စကားများသည် ကျိန်စာတစ်ခုသာဖြစ် သည်။ ဘုရားသခင်မှ အဘယ်သို ထိုကျိန်စာကို ကောင်းချီးတစ်ခုအဖြစ် ပြောင်းလဲပေးတော်မူသ နည်း။• ဘုရားသခင်သည် သခင်ယေရှု၏အသွေးတော်ကို ကျွန်ုပ်တိုနှင့် ကျွန်ုပ်တို၏သားသမီးများအပေါ် မည် သိုသွန်းလောင်းတော်မူသနည်း။• သခင်ယေရှု၏အသွေးတော်ကြောင့် ကျွန်ုပ်တိုရရှိသောအကျိုးများကား အဘယ်နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
29
18th March_Lenten Devotions 2026 _ WOH
ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိ။ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှာ ရှာကြံလေ၏။ ယုဒလူတိုကလည်း၊ ထိုသူကိုလွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏အဆွေ မဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား၊ ကဲသာဘုရင်၏ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ၏။ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် ယေရှုကိုပြင်သိုထုတ်ပြီးမှ၊ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသအမည်ရှိ၍ ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ်၌ တရားပလ္လင်ပေါ်မှာထိုင်လေ၏။ ထိုနေ့အချိန်ကား၊ ပသခါအဖိတ်နေ့ တစ်ချက်တီးအချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်၊ သင်တို၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတိုအား ပြောဆိုလျှင်၊ ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း၊ သင်တို၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားရမည်လောဟု မေးပြန်လျှင်၊ ယဇ်ပုရာဟိတ်အကြီးတိုက၊ အကျွန်ုပ်တို၌ ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိဟု ပြန်ပြောကြ၏။ ထိုအခါ ပိလတ်မင်းသည် ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှာ ထိုသူတိုလက်သို အပ်သဖြင့်၊ သူတိုသည် ကိုယ်တော်ကိုယူ၍ ထုတ်သွားကြ၏။(ရှင်ယောဟန် ၁၉:၁၂-၁၆)ဆုံးဖြတ်ချက်ချလုပ်ဆောင်ဖို မည်မျှကြောက်စရာကောင်းသနည်း။ အကြောင်းမူကား ထိုလူတိုသည် ဘုရားသခင်ရွေးချယ်ထားသောလူမျိုး၊ အစ္စရေး၏ သားစဉ်မြေးဆက်များဖြစ်ပြီး ဘုရားသခင်သည်သာ သူတို၏ဘုရင်ဖြစ်ရမည်ဟု လက်ခံထားသူများဖြစ်ကြသည်။ သိုသော် ယခု လူ့ဇာတိခံယူပြီး ကြွလာတော်မူသောသခင်ယေရှုကိုမူ သူတို လက်မခံကြပါ။ သခင်ယေရှုကို မေရှိယနှင့် ဘုရင်အဖြစ် လက်ခံမည့်အစား၊ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သည်အထိ ဘာမဆိုသူတို လုပ်ကြလိမ့်မည်။ သူတိုသည် ကဲသာကို ပိုနှစ်သက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ကဲသာသည် သူတို၏ရာထူးကို ခြိမ်းခြောက်မည်မဟုတ်ဟု သူတိုထင်သောကြောင့်ဖြစ်သည်။ (နောက်အနှစ် ၄၀ လောက်ကြာပြီးနောက် ဂျေရုဆလင်မြိုသည် တိတုနှင့် ဗက်စပါစီယန်တိုလက်ထဲကျရောက်သွားသည့်အခါ သင်ခန်းစာရရှိခဲ့ကြသည်။)သိုသော်ကျွန်တော်တိုသည်လည်း ဤရွေးချယ်မှုနှင့် ရင်ဆိုင်နေကြရသည် မဟုတ်ပါလား။ ကျွန်တော်တိုသည် လောကီအာဏာပိုင်များ - နိုင်ငံရေးသမားများ၊ ချမ်းသာသူများ၊ စစ်သားများနှင့် လက်နက် ကိုင်သူများကို ယုံကြည်ကိုးစားနိုင်ကြသည်။ သိုမ ဟုတ် ကျွန်တော်တိုအတွက် သူ၏အသက်ကို စွန့်လှူပေးဆပ်ခြင်းဖြင့် သူ့ကို ယုံကြည်ကိုးစားသူများအား ဘုရားသခင်၏နိုင်ငံတော်၌ ခိုလှုခွင့်ပေးကာ ထာဝရအသက်ကို ပေးသနားတော်မူရန် သေခြင်းမှ ထ မြောက်တော်မူသော သခင်ယေရှုကို ယုံကြည်ကိုးစားနိုင်ကြသည်။ဆုတောင်းချက်။ ။သခင်ယေရှုဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၏။ ကိုယ် တော်ကို အစဉ်အမြဲယုံကြည်ကိုးစားပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• မြေကြီးပေါ်ရှိ အုပ်စိုးရှင်များသည် သခင်ယေရှုကို အဘယ်ကြောင့် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ကြသနည်း။• မည်သူ့ကို တခြားသူများထက် ဦးဆုံး သစ္စာစောင့်သနည်း။• အဘယ်ကြောင့်နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
28
17th March_Lenten Devotions 2026 _ WOH
မည်သူ့ကို ရုံးတင်စစ်ဆေးနေသနည်း။အင်္ဂါနေ့၊ မတ်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်ကျမ်းချက်။ ။ယဇ်ပုရောဟိတ်အကြီးတိုနှင့် လုလင်များတိုက၊ ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။ ဘုရားသခင်၏သားတော် ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို၌ရှိသော ဓမ္မသတ်အတိုင်း သေထိုက်ပါသည်ဟုလျှောက်ကြ၏။ထိုစကားကိုကြားလျှင် ပိလတ်မင်းသည်သာ၍ ကြောက်သဖြင့်၊ အိမ်တော်ဦးထဲသို ဝင်ပြန်၍၊ ပိလတ်မင်းကလည်း၊ ငါနှင့်စကားမပြောသလော။ ငါသည် သင့်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင်သည်ကိုလည်းကောင်း၊ လွှတ်ပိုင်သည်ကိုလည်းကောင်း၊ သင်မသိလောဟုဆိုသော်၊အထက်အရပ်မှ အခွင့်ကိုမရလျှင် မင်းကြီးသည် ငါ့ကိုအဘယ်သိုမျှမပြုပိုင်။ ထိုကြောင့်ငါ့ကို မင်းကြီးလက်သို အပ်နှံသောသူသည် သာ၍ ကြီးသောအပြစ်ရှိသည်ဟု မိန့်တော်မူ၏။ (ရှင်ယောဟန် ၁၉:၆က၊ ၇ခ-၈က၊ ၁၀ခ -၁၁ )ဤအချိန်တွင် ပိလတ်သည် ရုံးတင်စစ်ဆေးမှုကို မထိန်းချုပ်နိုင်တော့ပါ။ သခင်ယေရှုသည် အပြစ်မရှိကြောင်း သူသိသော်လည်း လွတ်မြောက်အောင် မလုပ်နိုင်ပါ။ သခင်ယေရှုကိုယ်တိုင်သည် တရားသူ ကြီးတစ်ဦးကဲ့သို ပြုမူနေပြီး ပိလတ်အား သူလုပ်နေသည့်အရာသည် အပြစ်ဖြစ်ကြောင်း ရှင်းပြနေသော် လည်း ယုဒရှကာရုတ်၏ အပြစ်လောက် မဆိုးပါ။ အဘယ်ကြောင့်ဆိုသော် ပိလတ်တွင် အနည်းဆုံး ဘုရားသခင်ခန့်အပ်ထားသော တရားသူကြီးအဖြစ် တရားစီရင်ရသောကြောင့်ဖြစ်သည်။ပိလတ်မင်းသည် ကောင်စီကဲ့သိုပင်၊ ဟေရုဒ်နှင့် ယုဒရှကာရုတ်တိုကဲ့သိုပင် ရုံးတင်စစ်ဆေးခံရသည်။ ဆုံး ဖြတ်ချက်ချရမည့် မေးခွန်းမှာ အတူတူပင်ဖြစ် သည်။ "ဤအပြစ်မဲ့သူ၊ ဘုရားသခင်၏သားတော် ဖြစ်သော ယေရှုကို သင်ဘာလုပ်မည်နည်း။"သူတိုဘာလုပ်ခဲ့ကြောင်းကို ကျွန်တော်တိုသိကြသည်။ ကျွန်တော်တိုလည်း ပါဝင်ပတ်သက်ခဲ့ကြသည်။ အကြောင်းမှာ သခင်ယေရှုကို လက်ဝါးကပ် တိုင်ပေါ် ပိုဆောင်ခဲ့သည်က ကျွန်တော်တို၏အပြစ်များဖြစ်သည်။ ကျွန်တော်တို၏အပြစ်များကြောင့်ဖြစ်သည်။ သခင်ယေရှုသည် ကျွန်တော်တိုကို ချစ်တော်မူသည့်အတွက် ကျွန်တော်တို၏ သေခြင်းကို ယူဆောင်သွားပြီး သူ၏ရှင်ပြန်ထမြောက်ခြင်း၌ ပါဝင်ခွင့်ပေးတော်မူခဲ့သည်။ ရလဒ်အနေဖြင့် ဘုရား သခင်သည် ကျွန်တော်တိုကိုကြည့်ပြီး "အပြစ်မရှိဘူး" ဟုမိန့်တော်မူ၏။ သခင်ယေရှု၏အပြစ်ကင်းစင်မှုဖြင့် ဖုံးအုပ်ထားသော ထာဝရခွင့်လွှတ်မှုကိုရရှိကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တိုကို သူ၏ သား သမီးများအဖြစ် သားတော်ယေရှု၏အသက်တာမှတဆင့် ရှုမြင်တော်မူသည်။ဆုတောင်းချက်။ ။ကျွန်ုပ်တို၏ တရားစီရင်ခြင်းကို လက်ခံတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ သ ခင်။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ဘုရားသခင်၏ တရားစီရင်ခြင်းအတွက် မိတ်ဆွေစိုးရိမ်ပါသလား။• သခင်ယေရှုသည် ထိုကြောက်ရွံမှုကို ကျွန်ုပ်တိုထံမှ မည်သိုဖယ်ရှားတော်မူသနည်း။• ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်သည် အဘယ်ကြောင့် မိတ်ဆွေအတွက် ထိုသိုလုပ်ဆောင်ရန် စီစဉ်ထားတော်မူသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
27
16th March_Lenten Devotions 2026 _ WOH
"ထိုသူကိုကြည့်ကြလော့"တနင်္လာနေ့၊ မတ်လ ၁၆ ရက်၊ ၂၀၂၆ခုနှစ်။ကျမ်းချက်။ ။ထိုအခါ ပိလတ်မင်းသည် ယေရှုကိုယူ၍ရိုက်ပြီးမှ၊ စစ်သူရဲတိုသည် ဆူးပင်နှင့် ရက်သော ဦးရစ်ကို ခေါင်းတော်၌တင်၍၊ နီမောင်းသောဝတ်လုံနှင့် ခြုံစေပြီးလျှင် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟုဆို၍ ရိုက်ပုတ်ကြ၏။ပိလတ်မင်းကလည်း၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တိုသိစေခြင်းငှာ၊ သူ့ကို သင်တိုရှိရာသို ငါထုတ်ပြသည်ဟု ဆို၏။ ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီးမောင်းသောဝတ်လုံတိုကို ဝတ်လျက် ပြင်သိုထွက်ကြွတော်မူ၏။ ပိလတ်မင်းကလည်း သူ့ကိုကြည့်ကြလော့ဟု ဆို၏။(ရှင်ယောဟန် ၁၉:၁-၅)ပိလတ်မင်းသည် လူအုပ်နှင့် သခင်ယေရှု၏ရန်သူများကို “ထိုသူကိုကြည့်လော့” ဟု ဆို၏။ သခင်ယေရှုကိုကြည့်ပါ။ ရိုက်နှက်ခံရပြီး သွေးထွက်ကာမတ်တပ်ရပ်ရန်ပင် မနည်းကြိုးစားနေရသော ထိုသခင်ယေရှုကိုကြည့်ပါ။ ကိုယ်ခန္ဓာ၏ ဒဏ်ရာများနှင့် အရောင်တူ ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆူးပင်များဖြင့်ရက်သောဆူးရစ်သရဖူကို ဆောင်းထားရသည်။ သခင်ယေရှုသည် မိတ်ဆွေအတွက် မည်သူနည်း။သခင်ယေရှုသည် မိတ်ဆွေ၏ရှင်ဘုရင်ဖြစ်တော််မူပါသလား။ ဒဏ်ရာရပြီး သွေးစွန်းနေသော သခင်ယေရှုကို လက်ခံမည်လား။ သခင်ယေရှုကို မိတ်ဆွေ၏ အ ရှင်အဖြစ် အသိအမှတ်ပြုပါမည်လား။ လက်ဝါးကပ် တိုင်တိုင်အောင်ပင် သခင်ယေရှုနောက်သို လိုက်ပါမည်လား။ မိတ်ဆွေ၏အပြစ်အတွက် ခွင့် လွှတ်ခြင်း၊ မိတ်ဆွေ၏ရှက်ကြောက်ခြင်းကို ဖုံးအုပ်ပေးခြင်း၊ မိတ်ဆွေအတွက် မေတ္တာပေးခြင်းစသည့် ထာဝရဆုကျေးဇူးများကို လက်ခံပါမည်လား။သခင်ယေရှုကို မိတ်ဆွေ ပိုင်ဆိုင်လိုပါက ရယူနိုင် သည်။ အကြောင်းမှာ သခင်ယေရှု ကတိပေးထား သည့်အတွက်ဖြစ်တော်မူသည်။ သခင်ယေရှုသည် မည်သည့်အခါမျှ လိမ်ညာတော်မမူ။ "ငါ့ထံသိုလာသောသူကို ငါသည် အလျင်းမပယ်" (ယောဟန် ၆: ၃၇ခ) သခင်ယေရှုသည် မိတ်ဆွေကိုအလိုရှိတော်မူသည်။ ၄င်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ "ရေငတ်သောသူရှိလျှင်ငါ့ထံသိုလာ၍သောက်လော့" နှင့် "ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို၊ ငါ့ထံသိုလာကြလော့။ ငါသည် သင်တိုကို ချမ်းသာပေးမည်" (ယောဟန် ၇:၃၇ခ၊ မဿဲ ၁၁:၂၈) ယခု သခင်ယေရှုသည် မိတ်ဆွေအတွက် အသေခံတော်မူပြီး သေခြင်းမှ ထမြောက်တော်မူပြီဖြစ်သောကြောင့် ဘုရားသ ခင်၏လူတိုနှင့်အတူ ထာဝရအသက်နှင့် ဝမ်းမြောက်ခြင်းကို မျှဝေပေးတော်မူမည်။(ယောဟန် ၁၇:၂၄ ကိုဖတ်ပါ)ဆုတောင်းချက်။ ။သခင်၊ ကျွန်ုပ်သည် ကိုယ်တော်ကို လိုပါ၏။ ကိုယ်တော်ပိုင်သောလူအဖြစ် ကျွန်ုပ်ကို စောင့်ရှောက်ပေးတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• သခင်ယေရှုပိုင်သောလူရဖြစ်ခြင်းဆိုသည်မှာ အဘယ်နည်း။• သခင်ယေရှုသည် မိတ်ဆွေထံ မည်သို ကိုယ်တော်တိုင်ပေးသနားတော်မူသနည်း။• မိတ်ဆွေသည် အချိန်အတော်ကြာ သခင်ယေရှုနှင့် သက်ဆိုင်ခဲ့ပါက - ဝမ်းမြောက်ပါမည်လား။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
26
15th March_Lenten Devotions 2026 _ WOH
ဤရည်ရွယ်ချက်အတွက်သာ။တနင်္ဂနွေနေ့၊ မတ်လ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ ပိလတ်မင်းသည် အိမ်တော်ဦးထဲသို တစ်ဖန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟုမေး၏။ ယေရှုကလည်း၊မင်းကြီးသည်ကိုယ်အလိုအ လျောက် ဤသိုမေးသလော၊ သိုမဟုတ် သူတစ် ပါးတိုသည် ငါ၏အကြောင်းကို လျှောက်ကြပြီလောဟု မေးတော်မူ၏။ ပိလတ်မင်းက၊ ငါသည်ယုဒလူဖြစ်သလော။ သင်၏လူမျိုးနှင့်တကွ ယဇ်ပုရောဟိတ်အကြီးတိုသည် သင့်ကိုငါ၌အပ်ကြပြီ။ သင်သည် အဘယ်သိုပြုမိသ နည်းဟု မေးလျှင်၊ ယေရှုက၊ ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင်၊ ငါသည် ယုဒလူတိုလက်သို မရောက်စေခြင်းငှာ၊ ငါ၏လူတိုသည် တိုက်လှန်ကြလိမ့်မည်။ ပိလတ်မင်းကလည်း၊ သိုဖြစ်လျှင် သင်သည် ရှင်ဘုရင်မှန်သလောဟု မေးသော်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်း ငါသည်ရှင်ဘုရင်မှန်၏။ သမ္မာတရားဘက်၌ သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလောကသိုကြွလာပြီ။ သမ္မာတရားနှင့်စပ် ဆိုင်သမျှသော သူတိုသည် ငါ့စကားကိုနား ထောင်ကြသည်ဟု မိန့်တော်မူ၏။ ပိလတ်မင်းကလည်း၊ သမ္မာတရားကား အဘယ်သိုနည်းဟုမေးပြီးမှ တစ်ဖန် ယုဒလူတိုရှိရာသိုထွက်၍၊ ဤ သူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့။ (ရှင်ယောဟန် ၁၈:၃၃-၃၆က၊ ၃၇-၃၈ )သခင်ယေရှုအသက်တာ၏အပိုင်းသည်ကျွန်မကိုမျက်ရည်ကျစေသည်။အဘယ်ကြောင့်ဆိုသော်သခင်ယေရှုသည်စိတ်အာရုံစူးစိုက်နေစဉ် အတွင်းတိတ်ဆိတ်နေလေ့ရှိသောကြောင့်ဖြစ် သည်။ သိုသော် ဤတစ်ကြိမ်တွင် သခင်ယေရှုသည် အတော်လေး စကားပြောနေသည်။ အ ဘယ်ကြောင့်နည်း။သခင်ယေရှုမှ ကျွန်ုပ်တိုအား ဤသိုပြောပြ သည်။“သမ္မာတရားဘက်၌ သက်သေခံခြင်းငှာ” ဖြစ်သည်။ မိမိအား သေဒဏ်ချမှတ်မည့် ပုန္တိပိလတ်အား ဧဝံဂေလိတရားဟောပြောနေသည်။ ထိုမျှလောက် သခင်ယေရှု ဂရုစိုက်တော်မူ၏။သခင်ယေရှုသည် ပိလတ်မင်းကို ထိုမျှလောက်ချစ်တော်မူသည်။ ပိလတ်မင်း၏အသက်၊ ကယ်တင်ခြင်းနှင့် ကောင်းချီးမင်္ဂလာတိုကို ထိုမျှလောက်ဂရုစိုက်သည်။ ဤအချက်ကို လွဲ ရှောင်၍ရနိုင်မည်မဟုတ်ပါ။ ဆိုလိုသည်မှာ သခင်ယေရှုသည် ကျွန်ုပ်နှင့် မိတ်ဆွေကိုထိုမျှလောက်ဂရုစိုက်တော်မူသည်။ကျွန်ုပ်တိုသညသခင်ယေရှုအတွက်မျက်နှာလွဲခြင်းခံရမည့်လူစားမျိုးမဟုတ်ကြပါ။သခင်ယေရှုသည် ကျွန်ုပ်တိုကို ကယ်တင်ရန်နှင့် အသေခံတော်မူပြီးနောက်ထမြောက်တော်မူရန်အတွက်လူ့ဇာတိခံယူရခြင်းဖြစ်တော်မူသည်။ ထိုရည်ရွယ် ချက်အတွက်သာ သခင်ယေရှု ကြွလာတော်မူခဲ့သည်။ဆုတောင်းချက်။။သခင်ဘုရား၊ကိုယ်တော်သည်ကျွန်ုပ်အားထိုမျှလောက်အလိုရှိတော်မူသောကြောင့်ကျွန်ုပ်သည်ကိုယ်တော်၏အပိုင်ဖြစ်ရပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• သခင်ယေရှုမှ မိတ်ဆွေကို စိတ်ဝင်စားတော်မမူဟူသော သံသယစိတ်ရှိဖူးပါသလား။• ထိုသခင်သည် သခင်ယေရှုဖြစ်ကြောင်းကို မိတ်ဆွေမည်သိုသေချာပြောနိုင်မည်နည်း။• မိတ်ဆွေ ထာဝရအသက်ရရှိစေရန် သခင်ယေရှုသည် သူကိုယ်သူ ရည်ရွယ်ချက်ရှိရှိဖြင့်ချည် နှောင်ထားခြင်းကိုခံယူတော်မူသည်။ အဘယ် ကြောင့် ထိုသိုပြုတော်မူရသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
25
14th March_Lenten Devotions 2026 _ WOH
လှည့်ကွက်။စနေနေ့၊ မတ်လ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ပိလတ်မင်းသည် ဂါလိလဲဟူသောစကားကိုကြားလျှင်၊ ထိုအခါ ဟေရုဒ်မင်းသည် ယေရုရှလင်မြို၌ ရှိသတည်း။ အကြောင်းမူကား၊ အထက်က သတင်းတော်များကိုကြား၍၊ ကိုယ်တော်ကိုမြင်ခြင်းငှာ ကြာမြင့်စွာ အလိုရှိသည်ဖြစ်၍၊ ပြတော်မူသော နိမိတ်လက္ခဏာတစ်စုံတစ်ခုကို မြင်ရမည်ဟု မျှော်လင့်လျက်နေ၏။ ကိုယ်တော်ကို များစွာမေးမြန်းသော်လည်း အဘယ်စကားကိုမျှ ပြန်တော်မမူ။ဟေရုဒ်မင်းသည် စစ်သူရဲတိုနှင့်တကွ ကိုယ်တော်ကို မခန့်မညားဘဲ ပြက်ရယ်ပြု၍ တင့်တယ်သောအဝတ်ကို ဝတ်စေပြီးမှ ပိလတ်မင်းထံသို ပိုပြန်စေ၏။ ထိုနေ့၌ ပိလတ်မင်းနှင့် ဟေရုဒ်မင်းတိုသည် အချင်းချင်းအဆွေဖွဲကြ၏။ အထက်က ရန်ဘက်ဖြစ်ကြသတည်း။ (ရှင်လုကာ ၂၃:၆က၊ ၇ခ၊ ၈ခ၊ ၉ခ၊ ၁၁-၁၂)ဤအကြောင်းအရာတွင် လှည့်ကွက်တစ်ခုရှိနေ သည်။ တရားစီရင်ခြင်းသည် သူ၏အလုပ်ဖြစ်နေသော်လည်း ပိလတ်သည် သခင်ယေရှုအတွက် တာ ဝန်ယူချင်တာမျိုး မရှိပါ။ သခင်ယေရှုကို လွှတ်ပေးသင့်ကြောင်းကို ပိလတ်သိသော်လည်း ထိုသိုလွတ်ပေးဖိုနှင့်အကျိုးဆက်များကို ခံယူဖို သူ၌ သတ္တိမရှိကြောင်းကို ပိလတ်မင်းသိသည်။ ထိုကြောင့် ပိလတ်သည် သခင်ယေရှုကို ဟေရုဒ်လက်ထဲ အပ်ဖို ဝမ်း သာအားရ လုပ်ဆောင်ခဲ့သည်။ဟေရုဒ်သည်လည်း သခင်ယေရှုကို မှန်ကန်စွာ ဆုံး ဖြတ်စီရင်ပေးဖို စိတ်မဝင်စားပါ။ အံ့ဖွယ်နိမိတ်လက္ခ ဏာတစ်ခုကိုသာ ရှာနေသည်။ ထိုနိမိတ်လက္ခဏာကို ဟေရုဒ်မမြင်တွေ့ရပါ။ ထိုကြောင့် သခင်ယေရှုကို လှောင်ပြောင်ပြီး ပြန်ပိုခဲ့သည်။ထိုအရာအားလုံး၏ရလဒ်မှာအဘယ်နည်း။ ပိလတ် နှင့် ဟေရုဒ်တိုသည် သခင်ယေရှု၏ကျန်ကြွင်းသော ရုပ်ခန္ဓာကြောကြောင့် မိတ်ဆွေများ ဖြစ်လာကြသည်။ ဤသည်မှာကြီးမားသောလှည့်ကွက်တစ်ခုဖြစ်သည်။လောကတွင် ထိုသိုသောအခြေအနေမျိုး ရှားပါးပါက ကောင်းလိမ့်မည်။ သိုသော် ထိုသို မဟုတ်ပါ။ လူတိုသည် လှည့်ကွက်သုံးတတ်ကြသည်။ ကျွန်တော်တိုသည် မိမိတာဝန်ကို ရှောင်တတ်ကြသည်။ မိမိကိုယ့်ကို ကာကွယ်ဖို သိုမဟုတ် စိတ်သက်သာစရာအချိန်အခိုက်အတန့်ကို ရှာဖိုကိုပင် လျစ်လျူရှုတတ်ကြသည်။ ထိုကြောင့် အပြစ်မဲ့သူများ ပြစ်ဒဏ်ခံရသည်။သိုသော်ဘုရားသခင်သည် ၄င်းကိုအသုံးပြုခဲ့သည်။ သခင်ယေရှု၏အပြစ်ကင်းစင်မှုသည် လျစ်လျူရှုခံရသည်။ ရောင်းစားခံရသည်။ နောက်ဆုံးတွင် ပြစ်ဒဏ်ချမှတ်ခံရပြီး အပြစ်ရှိသော ကျွန်ုပ်တိုသည် အပြစ်မှလွတ်မြောက်ကြရသည်။ သခင်ယေရှုသည် တရား စီရင်ခြင်းအောက်တွင် ကျွန်ုပ်တို၏ကိုယ်စားခံယူပြီးနောက် သူ၏အသက်စွန့်ခြင်းမှတစ်ဆင့် ခွင့်လွှတ်ခြင်းနှင့်ထာဝရအသက်ကို ပေးသနားတော်မူသည်။သုံးရက်ကြာပြီးနောက်သခင်ယေရှုရှင်ပြန်ထမြောက်တော်မူသောအခါ၊သခင်ယေရှုကိုယုံကြည်သောကျွန်ုပ်တိုအားလုံးနှင့် ထိုထာဝရအသက်ကို မျှဝေတော်မူ၏။ဆုတောင်းချက်။ ။ကျွန်ုပ်အား ကိုယ်တော်၏ထာဝရအပိုင်ဖြစ်စေတော်မူသောကြောင့် ကျေးဇူးတင်ပါတ၏၊ သခင်။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• တရားရုံးများတွင် အပြစ်မဲ့သူများသည် အမြဲ မှန်ကန်သောတရားစီရင်မှုကို ရရှိကြပါသလား။• ရရှိသည်ဟု အဘယ်ကြောင့်တွေးရသနည်း။• သခင်ယေရှုနှင့်အတူရှိပါက ဘုရားသခင်၏ တရား စီရင်ခြင်းအကြောင်း မိတ်ဆွေ ထပ်ပြီး စိုးရိမ်ပူပန်စရာ ရှိပါသလား။လှည့်ကွက်။စနေနေ့၊ မတ်လ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ပိလတ်မင်းသည် ဂါလိလဲဟူသောစကားကိုကြားလျှင်၊ ထိုအခါ ဟေရုဒ်မင်းသည် ယေရုရှလင်မြို၌ ရှိသတည်း။ အကြောင်းမူကား၊ အထက်က သတင်းတော်များကိုကြား၍၊ ကိုယ်တော်ကိုမြင်ခြင်းငှာ ကြာမြင့်စွာ အလိုရှိသည်ဖြစ်၍၊ ပြတော်မူသော နိမိတ်လက္ခဏာတစ်စုံတစ်ခုကို မြင်ရမည်ဟု မျှော်လင့်လျက်နေ၏။ ကိုယ်တော်ကို များစွာမေးမြန်းသော်လည်း အဘယ်စကားကိုမျှ ပြန်တော်မမူ။ဟေရုဒ်မင်းသည် စစ်သူရဲတိုနှင့်တကွ ကိုယ်တော်ကို မခန့်မညားဘဲ ပြက်ရယ်ပြု၍ တင့်တယ်သောအဝတ်ကို ဝတ်စေပြီးမှ ပိလတ်မင်းထံသို ပိုပြန်စေ၏။ ထိုနေ့၌ ပိလတ်မင်းနှင့် ဟေရုဒ်မင်းတိုသည် အချင်းချင်းအဆွေဖွဲကြ၏။ အထက်က ရန်ဘက်ဖြစ်ကြသတည်း။ (ရှင်လုကာ ၂၃:၆က၊ ၇ခ၊ ၈ခ၊ ၉ခ၊ ၁၁-၁၂)ဤအကြောင်းအရာတွင် လှည့်ကွက်တစ်ခုရှိနေ သည်။ တရားစီရင်ခြင်းသည် သူ၏အလုပ်ဖြစ်နေသော်လည်း ပိလတ်သည် သခင်ယေရှုအတွက် တာ ဝန်ယူချင်တာမျိုး မရှိပါ။ သခင်ယေရှုကို လွှတ်ပေးသင့်ကြောင်းကို ပိလတ်သိသော်လည်း ထိုသိုလွတ်ပေးဖိုနှင့်အကျိုးဆက်များကို ခံယူဖို သူ၌ သတ္တိမရှိကြောင်းကို ပိလတ်မင်းသိသည်။ ထိုကြောင့် ပိလတ်သည် သခင်ယေရှုကို ဟေရုဒ်လက်ထဲ အပ်ဖို ဝမ်း သာအားရ လုပ်ဆောင်ခဲ့သည်။ဟေရုဒ်သည်လည်း သခင်ယေရှုကို မှန်ကန်စွာ ဆုံး ဖြတ်စီရင်ပေးဖို စိတ်မဝင်စားပါ။ အံ့ဖွယ်နိမိတ်လက္ခ ဏာတစ်ခုကိုသာ ရှာနေသည်။ ထိုနိမိတ်လက္ခဏာကို ဟေရုဒ်မမြင်တွေ့ရပါ။ ထိုကြောင့် သခင်ယေရှုကို လှောင်ပြောင်ပြီး ပြန်ပိုခဲ့သည်။ထိုအရာအားလုံး၏ရလဒ်မှာအဘယ်နည်း။ ပိလတ် နှင့် ဟေရုဒ်တိုသည် သခင်ယေရှု၏ကျန်ကြွင်းသော ရုပ်ခန္ဓာကြောကြောင့် မိတ်ဆွေများ ဖြစ်လာကြသည်။ ဤသည်မှာကြီးမားသောလှည့်ကွက်တစ်ခုဖြစ်သည်။လောကတွင် ထိုသိုသောအခြေအနေမျိုး ရှားပါးပါက ကောင်းလိမ့်မည်။ သိုသော် ထိုသို မဟုတ်ပါ။ လူတိုသည် လှည့်ကွက်သုံးတတ်ကြသည်။ ကျွန်တော်တိုသည် မိမိတာဝန်ကို ရှောင်တတ်ကြသည်။ မိမိကိုယ့်ကို ကာကွယ်ဖို သိုမဟုတ် စိတ်သက်သာစရာအချိန်အခိုက်အတန့်ကို ရှာဖိုကိုပင် လျစ်လျူရှုတတ်ကြသည်။ ထိုကြောင့် အပြစ်မဲ့သူများ ပြစ်ဒဏ်ခံရသည်။သိုသော်ဘုရားသခင်သည် ၄င်းကိုအသုံးပြုခဲ့သည်။ သခင်ယေရှု၏အပြစ်ကင်းစင်မှုသည် လျစ်လျူရှုခံရသည်။ ရောင်းစားခံရသည်။ နောက်ဆုံးတွင် ပြစ်ဒဏ်ချမှတ်ခံရပြီး အပြစ်ရှိသော ကျွန်ုပ်တိုသည် အပြစ်မှလွတ်မြောက်ကြရသည်။ သခင်ယေရှုသည် တရား စီရင်ခြင်းအောက်တွင် ကျွန်ုပ်တို၏ကိုယ်စားခံယူပြီးနောက် သူ၏အသက်စွန့်ခြင်းမှတစ်ဆင့် ခွင့်လွှတ်ခြင်းနှင့်ထာဝရအသက်ကို ပေးသနားတော်မူသည်။သုံးရက်ကြာပြီးနောက်သခင်ယေရှုရှင်ပြန်ထမြောက်တော်မူသောအခါ၊သခင်ယေရှုကိုယုံကြည်သောကျွန်ုပ်တိုအားလုံးနှင့် ထိုထာဝရအသက်ကို မျှဝေတော်မူ၏။ဆုတောင်းချက်။ ။ကျွန်ုပ်အား ကိုယ်တော်၏ထာဝရအပိုင်ဖြစ်စေတော်မူသောကြောင့် ကျေးဇူးတင်ပါတ၏၊ သခင်။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• တရားရုံးများတွင် အပြစ်မဲ့သူများသည် အမြဲ မှန်ကန်သောတရားစီရင်မှုကို ရရှိကြပါသလား။• ရရှိသည်ဟု အဘယ်ကြောင့်တွေးရသနည်း။• သခင်ယေရှုနှင့်အတူရှိပါက ဘုရားသခင်၏ တရား စီရင်ခြင်းအကြောင်း မိတ်ဆွေ ထပ်ပြီး စိုးရိမ်ပူပန်စရာ ရှိပါသလား။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
24
13th March_Lenten Devotions 2026 _ WOH
ကျွန်ုပ်တိုအားလုံး။သောကြာနေ့၊ မတ်လ ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။နံနက်အချိန်တွင် ယဇ်ပုရောဟိတ်အကြီးတိုသည် မဆိုင်းမလင့်ဘဲ လူအကြီးအကဲ၊ ကျမ်းပြုဆရာ၊ လွှတ်အရာရှိအပေါင်းတိုနှင့် တိုင်ပင်ခြင်းကိုပြု၍၊ ယေရှုကိုချည်နှောင်ပြီးလျှင်၊ ပိလတ်မင်းထံသို ဆောင်သွား၍ အပ်လိုက်ကြ၏။ ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု ကိုယ်တော်ကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။ ယဇ်ပုရောဟိတ်အကြီးတိုသည် များစွာသောအပြစ်ကို တင်ကြ၏။ တစ်ဖန် ပိလတ်မင်းက၊ သင်သည် တစ်ခွန်းကိုမျှပြန်၍ မပြောသလော။ သင့်တစ်ဖက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို ကြည့်ပါဟု မေးမြန်းပြောဆိုသော်လည်း၊စကားတစ်ခွန်းကိုမျှပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ၏။နေထွက်သောအခါ ကောင်စီသည် သခင်ယေရှုအား ယုဒပြည်ကို အုပ်ချုပ်သော ရောမဘုရင်ခံ ပုန္တိပိလတ်ထံသို ပိုလိုက်သည်။ သူတိုသည် သခင်ယေရှုကို သေစေလိုသောကြောင့် ဤသိုပြုလုပ်ရပြီး အောင်နိုင်သောလူမျိုးအနေဖြင့် လူများကို သတ်ပိုင်ခွင့်မရှိတော့ပါ။ ထိုကြောင့် သူတိုသည် သခင်ယေရှုကို ဂျူးမဟုတ်သူ၊ ဆိုလိုသည်မှာ တစ်ပါးအမျိုးသားတစ်ဦးထံ အပ်နှံခဲ့ကြသည်။ဤသည်မှာ ယနေ့ ကျွန်တော်တိုခံယူကြသောအဓိ ပ္ပါယ်မှာ သခင်ယေရှုကို စီရင်ဆုံးဖြတ်ကြရာ၌ ကျွန် တော်တို လူအားလုံး ပါဝင်လုပ်ဆောင်ခဲ့ကြခြင်းဖြစ် သည်။ ဂျူးလူမျိုးများနှင့် တစ်ပါးအမျိုးသားများကိုပါ အပြစ်တင်၍မရပါ။ ကျွန်တော်တိုအားလုံးအတူ တူပင်ဖြစ်ကြသည်။ သခင်ယေရှု၏လူမျိုးများမှ သ ခင်ယေရှုကို သစ္စာဖောက်ပြီး အပ်နှံခဲ့ကြသော်လည်း သေဒဏ်ချမှတ်ခဲ့သည်မှာ တစ်ပါးအမျိုးသားများဖြစ်ကြသည်။ သူတိုအားလုံးသည် သခင်ယေရှုကို အပြစ်ကင်းသူဖြစ်ကြောင်းကို သိကြသော်လည်း ထို သိုစိရင်ဆုံးဖြတ်ခဲ့ကြသည်။ထိုကြောင့် အပြစ်ဆိုသည်မှာ လူတိုင်းနှင့်သက်ဆိုင်သည်။ သိုသော် ဘုရားသခင်သည် ကျွန်ုပ်တိုကို ချစ်တော်မူသည့်အတွက် သခင်ယေရှု၏ ကရုဏာနှင့် ခွင့်လွှတ်ခြင်းသည်လည်း လူတိုင်းနှင့်သက်ဆိုင်သည်။ လက်ခံမည့်သူတိုင်းကို ပေးသနားတော်မူသည်။ ဤသည်မှာ သခင်ယေရှုသည် ကမ္ဘာပေါ်မှာရှိလူတိုင်းအတွက် မိမိ၏စိတ်ဆန္ဒအလျောက် ဒုက္ခဝေ ဒနာကိုခံယူတော်မူပြီး အသေခံခဲ့တော်မူခြင်းဖြစ် သည်။ သခင်ယေရှုသည် ကျွန်ုပ်တို၏ မကောင်းမှုအားလုံးကို လက်ဝါးကပ်တိုင်သို ယူဆောင်သွားခဲ့သည်။ သေခြင်းထဲမှ ထမြောက်တော်မူသောအခါ ကျွန်ုပ်တိုသည် အဘယ်သိုသောသူဖြစ်ပါစေ သခင်ယေရှုကို ယုံကြည်သူအားလုံးအတွက် သခင်ယေရှုသည် အသက်၏ အရင်းမြစ် ဖြစ်လာခဲ့သည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်ကို ကိုယ် တော်၏ပိုင်အဖြစ် လက်ခံတော်မူသောကြောင့်ကျေး ဇူးတင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-1. သခင်ယေရှုသည် “ဂျူးတို၏ရှင်ဘုရင်” ဖြစ်သည်ဟုဆိုခြင်းကား အဘယ်အရာကိုဆိုလိုသနည်း။2. ရောမ ၁၅:၁၂ တွင် သခင်ယေရှုနှင့်တစ်ပါးအမျိုး သားများအကြောင်း ဘာပြောထားသနည်း။3. ယောဟန် ၁၀:၁၆ တွင် အဖွဲနှစ်ဖွဲစလုံးသည် မိမိနှင့်အဘယ်သိုဆက်စပ်နေကြောင်းကို သခင်ယေရှုမှ မည်သိုပြောပြထားတော်မူသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
23
12th March_Lenten Devotions 2026 _ WOH
ကျဆုံးခြင်းနှင့် ခွင့်လွှတ်ခြင်းကြာသပတေးနေ့၊မတ်လ ၁၂ ရက်၊၂၀၂၆ခုနှစ်။ကျမ်းချက်။ ။ ပေတရုသည်လည်း သူတိုနှင့် ဝေးစွာလိုက်လေ၏။ အိမ်ဦးအလယ်၌ မီးမွေးပြီးမှ၊ လူများတိုသည် စုဝေး၍ ထိုင်ကြလျှင်၊ ပေတရုသည်လည်း သူတိုအထဲ၌ ထိုင်နေ၏။ထိုသို ပေတရုသည် မီးအနားမှာ ထိုင်နေသည်ကို အစေအပါမိန်းမတစ်ယောက်သည် မြင်လျှင်၊ သူ့ကို စေ့စေ့ကြည့်၍၊ ဤသူသည် ယေရှုနှင့် ပေါင်းဖော်သောသူဖြစ်သည်ဟု ဆိုသော်၊ပေတရုက၊ အချင်းမိန်းမ၊ ထိုသူကို ငါမသိဟု ငြင်းလေ၏။ ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ပြင်သိုထွက်၍ ပြင်းစွာငိုကြွေးလေ၏။(ရှင်လုကာ ၂၂:၅၄ခ-၅၇၊ ၆၁က၊ ၆၂)ပီတာ၏ဖြစ်စဥ်ကို ဖတ်ရသည်မှာ နာကျင်စရာပင်။ ကျွန်တော်သည်လည်း ထိုနည်း၄င်းပင်ဖြစ်ခဲ့မည်ဟု အလွယ်နားလည်နိုင်သည်။ပေတရုသည် သခင်ယေရှုအတွက် အသက်ပေးရမည်ဆိုပါက မည်သည်အခါမျှ မငြင်းပယ်ပါဟု ကျိန် ဆိုခဲ့သည်။ (ရှင်မဿဲ ၂၆:၃၅ ကိုဖတ်ပါ) သိုသော် တခြားတမန်တော်များနည်းတူ သခင်ယေရှု၏ရန်သူများမှ သူ့ကိုဖမ်းဖိုလာသည့်အခါ ကြောက်လန့် တကြား ထွက်ပြေးသွားခဲ့သည်။ ထိုနောက် စိတ်ပြောင်းသွားပြီး သခင်ယေရှုနောက်သို ပြန်လိုက်ဖို ကြိုးစားသော်လည်း "ဝေးဝေးကနေ" သာလိုက်ခဲ့သည်။ ထိုနည်းမှာသခင်ယေရှုနောက်သိုလိုက်ဖိုဘေးကင်းသည့်နည်းလမ်းမဟုတ်ပါ - အထူးသဖြင့် ကြောက်ရွံမှုကမိမိကို မောင်းနှင်နေတဲ့အခါမျိုးတွင်ဖြစ်သည်။ထိုနောက်သခင်ယေရှု၏ ရုံးတင်စစ်ဆေးမှု စတင် သည်နှင့် ပေတရုသည် ဝင်ထိုင်လိုက်သည်။ အဘယ်မှာနည်း။ သခင်ယေရှုကို ဖမ်းဆီးသူများကြားတွင်ပင် ဝင်ထိုင်လေသည်။ သခင်ယေရှု၏ ရန်သူများကြားတွင်ပင်။ သူတိုသည် ပေတရုကို သတိပြုမိပြီး မေးခွန်းများ မေးကြသည်။ ပေတရုသည် သူ၏ အ သက်အတွက် စိုးရိမ်သောကြောင့် သခင်ယေရှုကို လုံးဝမသိဟု ငြင်းဆိုခဲ့သည်။ သူ၏ပျက်စီးကျရှုးမှုက ပြီးပြည့်စုံသွားပြီ။သိုရာတွင် ပေတရုအတွက် ထိုအဖြစ်က အဆုံးသတ်မဟုတ်ပါ။ လုကာမှ “သခင်ဘုရားသည် လှည့်၍ ပေတရုကို ကြည့်တော်မူ၏”ဟုမှတ်တမ်းတင်ထား သည်။ ထိုအကြည့်ထဲတွင် ဘာပါသနည်း။ ဝမ်းနည်းမှုပါမည်က သေချာပါသည်။ သိုသော်ချစ်ခြင်းမေ တ္တာလည်းပါဝင်သည်။ ပေတရု၏အပြစ်များ၊ ကျွန် တော်၏အပြစ်များနှင့် မိတ်ဆွေ၏အပြစ်များကို လက်ဝါးကပ်တိုင်သို သယ်ဆောင်သွားတော်မူသော ကယ်တင်ရှင်၏မေတ္တာတော်လည်း ပါဝင်သည်။သ ခင်ယေရှုသည် သေခြင်းထဲမှ ထမြောက်ပြီးနောက်၊ ပေတရုကို ဘုရားသခင်၏သားတစ်ယောက်အဖြစ် ပြန်လည်ခေါ်ဆောင်လာချိန်တွင် ဘုရားသခင်၏ ခွင့် လွှတ်တတ်သောမေတ္တာတော်သည် အပြည့်အဝ ထွက်ပေါ်လာတော်မူသည်။ဆုတောင်းချက်။ ။ကိုယ်တော်၊ အကျွန်ုပ်ကျရှုးသော အခါ ခွင့်လွှတ်တော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ပေတရု အဘယ်ကြောင့် ဤမျှလောက်မြန်မြန် လဲကျရသနည်း။• သခင်ယေရှုမှ သူ့ကို ခွင့်လွှတ်ပြီးနောက် ပေတရု၏ အသက်တာမှာ မည်သိုဖြစ်သွားသနည်း။• အချိန်ယူစဉ်းစားကြည့်ပါ- သခင်ယေရှုသည် မိတ်ဆွေကို အဘယ်အရာအတွက် ခွင့်လွှတ်တော်မူခဲ့သ နည်း။• သခင်ယေရှုကို ကျေးဇူးတင်ရန် အချိန်ခဏယူပါ။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
22
11th March_Lenten Devotions 2026 _ WOH
သခင်ယေရှုမိန့်တော်မူသည်။ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၁ ရက်၊ ၂၀၂၆ခုနှစ်။ကျမ်းချက်။ ။ ယဇ်ပုရောဟိတ်မင်းသည် ထ၍၊ သင်သည် တစ်ခွန်းမျှ ပြန်၍မပြောသလော။ ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း သင်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် မှန်သည် မမှန်သည်ကို ငါတိုအား ပြောစေခြင်းငှာ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ငါတိုင်တည်၍ သင့်ကို ကျိန်ဆိုစေ၏ဟု ဆိုလျှင် ယေရှုက၊ သင်ဆိုသည်အတိုင်း မှန်၏။ ထိုမျှမက ငါဆိုသည်ကား၊ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏ လက်ယာဘက်၌ထိုင်လျက် မိုးတိမ်ကိုစီး၍ ကြွလာသည်ကို သင်တို မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကိုဆုတ်လျက် ဤသူသည် ဘုရားကိုလွန်ကျူး ၍ ပြောပြီ။ အဘယ်သို ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူတိုက ဤသူသည် အသေခံထိုက်ပေ၏ဟု ပြန်၍စီရင်ကြ၏။ ထိုအခါ မျက်နှာတော်ကို တံတွေးနှင့် ထွေးကြ၏။ လက်သီးနှင့် ထိုးကြ၏။အချိုတိုသည်လည်း ပါးတော်ကို လက်နှင့်ပုတ်၍၊ အချင်းခရစ်တော်၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု၍ ဟောတော်မူပါဟု ဆိုကြ၏။(ရှင်မဿဲ ၂၆:၆၂က၊ ၆၃-၆၅က၊ ၆၆-၆၈)သခင်ယေရှုသည် ယဇ်ပုရောဟိတ်မင်းများနှင့် အ ခြားခေါင်းဆောင်များရှေ့တွင် ရုံးတင်စစ်ဆေးခံရစဉ်အတွင်း တိတ်ဆိတ်နေခဲ့သည်။ ဤအချက်သည် သ ခင်ယေရှု၏ရန်သူများကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတိုသည် ၎င်းတို၏မှားယွင်းသောသက်သေများကိုလည်းအလား တူဇာတ်လမ်းကို ပြောပြရန် မဆွဲဆောင်နိုင်ခဲ့သော ကြောင့်ဖြစ်သည်။ ထိုဇာတ်လမ်းမရှိလျှင် ၎င်းတို၏ အမှုသည် မအောင်မြင်နိုင်ပါ။ သူတို၏တစ်ခုတည်းသောမျှော်လင့်ချက်မှာ သခင်ယေရှုကိုယ်တိုင်မှ စွပ် စွဲချက်ဖြစ်စေသော တစ်စုံတစ်ခုကို ပြောရန် အတင်း အကျပ်လုပ်ဆောင်ခြင်းဖြစ်သည်။ထိုကြောင့် ယဇ်ပုရောဟိတ်မင်းသည် ဘုရားသခင် ၏နာမတော်ကို အသုံးပြု၍ သခင်ယေရှုသည် ခရစ် တော်၊ ဘုရားသခင်၏သားတော်နှင့် လူသားစင်စစ်ဖြစ်ကြောင်း အတင်းအကျပ်ပြောရန် စေခိုင်းခဲ့သည်။ ၎င်းသည် လုံးဝတရားမဝင်သော်လည်း အ လုပ်ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုသည် သူ၏ခမည်းတော်၏နာမတော်ကို ဘယ်သောအခါမှ မရှုတ်ချသောကြောင့်ဖြစ်သည်။သခင်ယေရှုကိုယ်တိုင်မိန့်သောစကားများသည် မိမိ ၏သေဒဏ်အမိန့်ကို တံဆိပ်ခတ်ပေးခဲ့သည်။ အ ကြောင်းမှာ သူ၏ရန်သူများထဲမှာ မည်သူကမျှ သ ခင်ယေရှုပြောသည်ကို အမှန်ဟုယူဆမထားကြပါ။ ဘုရားသခင်၏သားတော် ခရစ်တော်သည် သူတိုရှေ့မှာ ရပ်နေပြီး သူ၏အသက်အတွက် ရုံးတင်စစ်ဆေးခံရလိမ့်မည်ဟု သူတိုမတွေးခဲ့ကြ၍ဖြစ်သည်။ ကျွန်ုပ်တို၏အသက်အတွက် ရုံးတင်စစ်ဆေးခံရခြင်းဖြစ်သည်။ အကြောင်းမှာ သခင်ယေရှု၏အသက်စွန့်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းသာ် ကျွန်ုပ်တို၏ အ သက်ဖြစ်ပြီး၊သခင်ယေရှုကိုယုံကြည်သူတိုင်း ဘုရား သခင်၏သားသမီးများ ထာဝရဖြစ်လာမည်ဟု မိန့်တော်မူထား၏။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်နှင့် ကျွန်ုပ်၏ကယ်တင်ရှင်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်ပါ၏။ ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• သခင်ယေရှုသည်အဘယ်ကြောင့် စကားတစ်ခွန်းမျှ မိန့်တော်မမူဘဲနေရသနည်း။• ဟေရှာယ ၅၃:၇-၈ တွင် ဤအကြောင်းအရာကို အဘယ်သိုပရောဖတ်ပြုပြောထားသနည်း။• သခင်ယေရှု၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်တိုအား မည်သို အသက်ကိုပေးတော်မူသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
21
10th March_Lenten Devotions 2026 _ WOH
အဝတ်အစားအင်္ဂါနေ့၊ မတ်လ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ထိုအခါတပည့်တော်အပေါင်းတိုသည် ကိုယ်တော်ကိုစွန့်ပစ်၍ ပြေးကြ၏။ လုလင်တစ်ယောက်သည် စောင်တစ်ထည်ကိုသာ ဝတ်လျက် နောက်တော်သိုလိုက်သည်ဖြစ်၍၊ မင်းလုလင်တိုသည် ထိုသူကို ဖမ်းဆီးကြ၏။ သူသည်လည်း စောင်ကိုစွန့်ပစ်၍ အဝတ်မရှိဘဲလုလင်တိုလက်မှထွက်ပြေးလေ၏။ (ရှင်မာကု ၁၄:၅၁-၅၂)ထိုလုလင်အကြောင်း ကျွန်တော် တွေးမိသည်။ ခရစ်ဝင်ကျမ်းရေးသူမှာ မာကုကိုယ်တိုင်ဖြစ်ပြီး သခင်ယေရှု၏နောက်ဆုံးညစာစားပွဲကို လက်ခံပြင်ဆင်ပေးသော မိသားစုနှင့် ဆက်စပ်နေသည်ဟုဆိုကြသည်။ အကယ်၍ ထိုသိုဆိုပါက စပ်စုတတ်သော လူငယ်လေးတစ်ယောက်သည် ညဉ့်နက်မှ အိပ်ရာမှထပြီးနောက် သခင်ယေရှုနှင့်တပည့်တော်များနောက်ဂေသရှေမန်ဥယျာဥ်သို လိုက်သွားခဲ့ပုံရသည်။သူ မြန်မြန်သွားရမည်ဆိုပါက လက်ထဲ အရင်ဆုံးရောက်လာသည့် အရာကို ဆုပ်ကိုင်ထားမိလိမ့်မည်။ ရေချိုးဝတ်စုံဝတ်ထားသလိုမျိုးဖြစ်လိမ့်မည်။လုလင်ငယ်သည် သူမျှော်လင့်ထားသည်ထက် ပိုပြီးရခဲ့သည်။ သခင်ယေရှု ဖမ်းဆီးခံရမည်ဟု သူမျှော်လင့်မထားပါ။ လူအုပ်ဖြင့် သခင်ယေရှုကိုလာဖမ်းလိမ့် မည်ဟု သူမျှော်လင့်မထားပါ။ သိုသော် သူ လွတ်ဖို အတော်လေးခက်ခဲခဲ့သည်။ ပိတ်ချောထည်ကို ထား ခဲ့ပြီး သူ၏ခန္ဓာကိုသာ ကာကွယ်ခဲ့သည်။ ဟုတ်ပါ သည်။ သူ၏ဂုဏ်သိက္ခာကို စွန့်လွှတ်ခဲ့သည်။သူသည် သခင်ယေရှုကိုလည်း စွန့်ခွာခဲ့သည်။ ၎င်းသည် သူ၏ဆုံးရှုးမှုမဟုတ်ဘဲ သူ၏ကောင်းချီးဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုသည် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ဒုက္ခဆင်းရဲတွင် သူ ၏နေရာကိုယူမည်ဖြစ်ပြီး ကျွန်ုပ်တို၏နေရာကိုလည်း ယူမည်ဖြစ်သောကြောင့်ဖြစ်သည်။ လူအားလုံးကို အပြစ်၊ သေခြင်းနှင့် မာရ်နတ်မှ ကယ်တင်ရန်အတွက် သခင်ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် ရိုက်နှက်ခြင်းနှင့် သေခြင်းတရားကို လက်ခံမည်သည်။ ထိုနောက် သုံးရက်အကြာတွင် ကျွန်ုပ်တို၏အပြစ်နှင့် ရှက်ရွံမှုများကို ခွင့်လွှတ်ခြင်းနှင့် ကရုဏာတော်၏ဝတ်လုံဖြူဖြင့် ဖုံးအုပ်ပေးတော်မူရန် သေခြင်းမှ ထမြောက်တော်မူလိမ့်မည်။ သခင်ယေရှုသည် ကျွန်ုပ်တိုကို ချစ်တော်မူပြီး ကျွန်ုပ်တို ၏နေရာကို ယူထားသောကြောင့် ကျွန်ုပ်တိုသည် ဘု ရားသခင်၏သားသမီးများအဖြစ် သခင်ယေရှုနှင့်အတူ ထာဝရနေထိုင်ကြရသည်။ဆုတောင်းချက်။ ။ သခင်ဘုရား၊ ကျွန်ုပ်၏ရှက်ရွံမှုကို ဖုံးကွယ်ပေးပြီး ကိုယ်တော်၏လူဖြစ်စေတော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ပုံမှန်အတိုင်း အဝတ်အစားဝတ်ဖို အလျင်စလိုဖြစ်နေသည့်အခါ ဘာကိုယူလေ့ရှိသနည်း။• ရှက်ရွံခြင်း သိုမဟုတ် အရှက်ကွဲသည်ဟု ခံစားရသည့်အခါ မည်သို ရင်ဆိုင်ဖြေရှင်းလေ့ရှိသနည်း။• သခင်ယေရှုသည် မိတ်ဆွေ၏အပြစ်၊ ရှက်ရွံမှုနှင့် အပြစ်ရှိမှုအားလုံးကို ဖယ်ရှားပြီး ဘုရားသခင်၏ ခွင့်လွှတ်ခြင်းတည်းဟူသောဝတ်လုံဖြူဖြင့် အစား ထိုးလိုက်ပြီဖြစ်ကြောင်း သိရခြင်းသည် မိတ်ဆွေအတွက် အထောက်အကူဖြစ်ပါသလား။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
20
9th March_Lenten Devotions 2026 _ WOH
လိုအပ်နေသောလူတိုကိုရှုမြင်တော်မူ၏။တနင်္လာနေ့၊ မတ်လ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ထိုအခါ ယေရှုက၊ သင်တိုသည် ဓားပြကိုဖမ်းသကဲ့သို ငါ့ကိုဖမ်းအံ့သောငှာ ဓားနှင့် တုတ်များကို လက်စွဲလျက် လာကြသည်တကား။ ငါသည် ဗိမာန်တော်၌ နေ့တိုင်း ဆုံးမဩဝါဒပေးလျက် သင်တိုအလယ်၌ ထိုင်နေစဉ်အခါ၊ သင်တိုသည် ငါ့ကို မဖမ်းဆီးကြ။ ထိုအကြောင်းအရာမူကား၊ အနာဂတ္တိကျမ်းစာ ပြည့်စုံမည်အကြောင်းတည်းဟု လူအစုအဝေးတိုကို မိန့်တော်မူ၏။ ထိုအခါ တပည့်တော်အပေါင်းတိုသည် ကိုယ်တော်ကို စွန့်ပစ်၍ပြေးကြ၏။(ရှင်မဿဲ ၂၆:၅၅-၅၆)တပည့်တော်များ မှောင်မိုက်ထဲသို ထွက်ပြေးသွားစဉ် ဤအသံသည် နောက်ဆုံးကြားခဲ့ရသော အသံဖြစ်ရမည်။ ရန်သူများ၏လုပ်ဆောင်နေသည့်အရာသည် မှားယွင်းပြီး ရယ်စရာကောင်းကြောင်း သခင်ယေရှု ရှင်းလင်းစွာ ဖော်ပြနေသော်လည်း သမ္မာ ကျမ်းစာပါ ပရောဖက်ပြုချက်များကို ပြည့်စုံစေရန် ဖြစ်ပျက်နေခြင်းသာ ဖြစ်သည်။ သခင်ယေရှုငြင်း ဆန်တော်မမူ။ သူတိုနှင့်အတူ လိုက်သွားရန် ငြင်းဆိုမည်မဟုတ်၊ ကောင်းကင်တမန်ထောင်ပေါင်းများစွာကို ကယ်တင်ရန် ခေါ်တော်မမူပါ။ သခင်ယေရှုသည် သူ့အားကာကွယ်ပေးမည့်အချက်ကို ဤတစ်ကြိမ်ကန့်ကွက်တော်မူခဲ့သည်။အဘယ်ကြောင့်နည်း။သခင်ယေရှုသည် အမြဲတမ်း ကျွန်တော်တို၏ ကယ် တင်ရှင်ဖြစ်တော်မူပြီး လူတိုကို ရန်သူများဟူ၍ မမြင်နိုင်ကြောင်း ကျွန်တော်ယုံသည်။ နာရီပိုင်းအတွင်းမှာပင် မိမိအသေခံပေးမယ့် လူတိုအတွက်သာ စဥ်းစားတော်မူသည်။ ထိုကြောင့် ထိုအချိန်တွင် သူတို အလိုအပ်ဆုံး အမှန်တရားကို သခင်ယေရှုပြောပြတော်မူသည်။ နောက်ပိုင်းတွင် ထိုသူတိုသည် သေခြင်းမှ သခင်ယေရှု ထမြောက်ပြီးနောက်မှာ သခင်ယေရှုပြောခဲ့သောစကားများကို မှတ်မိကောင်း မှတ်မိကြပါလိမ့်မည်။ သူတို၏ နှလုံးသားထဲတွင် မျိုးစေ့တစ်စေ့ကဲ့သို ကြီးထွားလာပြီး ယုံကြည်ခြင်း၏ကောင်းသော အသီးအပွင့်များကို သီးပွင့်လာနိုင်ကြမည်။သခင်ယေရှုသည် ကျွန်တော်တိုအတွက်လည်း ဤသိုပြုတော်မူ၏။ ကျွန်တော်တိုသည်အပြစ်ထဲ၌နက်နက်ရှိင်းရှိင်းရှိနေချိန်တွင်ပင် သခင်ယေရှုသည်ကျွန်တော်တိုကို ဂရုစိုက်နေဆဲဖြစ်တော်မူပြီး သူ့ထံသို ပြန်လာရန် နည်းလမ်းများကို ရှာဖွေနေဆဲဖြစ်တော်မူသည်။ သခင်ယေရှုသည် ရန်သူများကို စွန့်လွှတ်မည်မဟုတ်သကဲ့သို ကျွန်ုပ်တိုကိုလည်း စွန့်လွှတ်တော်မူမည်မ ဟုတ်ပါ။ဆုတောင်းချက်။ ။သခင်ယေရှု၊ ကျွန်ုပ်၏နှလုံးသားထဲ၌ ကျိန်းဝပ်တော်မူရန်ကြိုးစားနေချိန်တွင် ကိုယ် တော်၏စကားသံကို ကြားနိုင်ရန် ကူညီတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• မိမိအန္တရာယ်နှင့်ရင်ဆိုင်နေရချိန်တွင် မိမိကို ဆန့်ဘကျင်သောသူတိုကို အဘယ်သိုထင်မြင်မိပါသနည်း။• သခင်ယေရှု၏စိတ်သဘောတော်သည် မိတ်ဆွေ၏ စိတ်သဘောထားနှင့် အဘယ်သိုကွာခြားပါသနည်း။• မည်သူ့ကိုမဆို သခင်ယေရှုသည် အောင်မြင်စွာအနိုင်ယူနိုင်မည်ဟုထင်ပါသလား။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် မအောင်မြင်နိုင်ရမည်နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
19
8th March_Lenten Devotions 2026 _ WOH
သေးငယ်သော နိမိတ်လက္ခဏာ။တနင်္ဂနွေနေ့၊ မတ်လ ၈ ရက်၊ ၂၀၂၆ခုနှစ်။ကျမ်းချက်။ ။ ထိုအခါ ရှိမုန်ပေတရုသည် မိမိ၌ပါသောဓားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် လက်ယာနားရွက်ပြတ်လေ၏။ ထိုကျွန်၏အမည်ကား မာလခုဖြစ်သတည်း။ ယေရှုကလည်း ဓားကို အိမ်၌သွင်းထားလော့။ ခမည်းတော်သည် ငါ့အားပေးတော်မူသောခွက်ကို ငါမသောက်ရာသလောဟု ပေတရုအား မိန့်တော်မူ၏။(ရှင်ယောဟန် ၁၈:၁၀-၁၁)သခင်ယေရှုပြုတော်မူသော ဤနောက်ဆုံးအံ့ဖွယ်နိ မိတ်လက္ခဏာလေးကို ကျွန်ုပ်နှစ်သက်သည်။ သူတိုသည် သခင်ယေရှုအား ဒုက္ခဆင်းရဲခြင်းနှင့် သေခြင်းသို ခေါ်ဆောင်သွားခြင်းမပြုမီ သခင်ယေရှု၏ရန်သူတစ်ဦးဖြစ်သောဖမ်းဆီးရန် စေလွှတ်ခံရသူတစ်ဦးအပေါ် သခင်ယေရှု၏နှလုံးသားသည် စာနာသနားတော်မူ ၏။ သခင်ယေရှုသည် သူ၏နားရွက်ကို တိုထိ၍ ကုသပေးတော်မူ၏။ (လုကာ ၂၂:၄၉-၅၁ ကိုဖတ်ပါ) ရှင်ယောဟန်မှ မာလခု၏အမည်ကို ပြောပြနိုင်ခြင်းသည် ထိုသူသည် နောက်ပိုင်း ကနဦးအသင်းတော်၌ သခင်ယေရှုကို ယုံကြည်သူတစ်ဦးဖြစ်လာကြောင်း သက်သေပြုခြင်းပင်ဖြစ်သည်။ဟုတ်ပါသည်။ ဤနေရာတွင် ရိုးရှင်းသော ကရုဏာတရားထက် ပိုသည်။ သခင်ယေရှုသည် ပေတရုကိုလည်း ကာကွယ်ပေးတော်မူသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူ၌နားရွက်နှစ်ဖက်အကောင်းအတိုင်းရှိသည်ကို လူတိုမြင်ပါက ပေတရုကို တရားရုံးထဲ ဆွဲခေါ်သွားဖို ခက်ခဲလိမ့်မည်ဖြစ်သည်။ထိုနောက် သခင်ယေရှုသည် ကျွန်ုပ်တိုအားလုံး မကြာ ခဏ မေ့လျော့နေတတ်သည့်အရာကို ပေတရုအား နားလည်စေလိုသည်။ သခင်ယေရှုသည် ပေတရု၏ အကာအကွယ်ပေးသူဖြစ်ပြီး ပေတရုသည် သခင်ယေရှုကို ကာကွယ်ပေးသူမဟုတ်ပါ။ ယခုတွင် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသောဘုရားသခင်သည် ကမ္ဘာမတည်မရှိမီကတည်းကပင် ပေတရုနှင့် ကျွန်ုပ်တိုအားလုံးကို မကောင်းမှု၏တန်ခိုးမှ ကယ်တင်ရန် ဆုံးဖြတ်ထားသည့် အစီအစဉ်ကို သခင်ယေရှု အကောင် အထည်ဖော်တော််မူသည်။ သခင်ယေရှုသည် ဆင်းရဲဒုက္ခနှင့်သေခြင်းခွက်ဖလားကိုအကုန်အစင်သောက်တော်မူလိမ့်မည်။သုံးရက်မြောက်သောနေ့တွင်သခင်ယေရှုရှင်ပြန်ထမြောက်တော်မူသောအခါ သခင်ယေရှုကို ယုံကြည်ကိုးစားသူတိုင်းကို ထာဝရအ သက်၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတိုကို မျှ ဝေပေးတော်မူလိမ့်မည်။ဆုတောင်းချက်။ ။သခင်ယေရှု ထိုခွက်ဖလားကို ကျွန်ုပ်အတွက် သောက်သုံးပြီး ကိုယ်တော်၌ ကျွန်ုပ်အား အသက်ရှင်စေတော်မူသည့်အတွက် ကျေးဇူး တင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• မာလာခု အိမ်ပြန်ရောက်ပါက သူ၏မိသားစုကို မည် သိုပြန်ပြောပြခဲ့မည်ဟုထင်ပါသနည်း။• ဘုရားသခင်သည် သူ့အားကာကွယ်ပေးရန် ကျွန်ုပ်တိုကို အမြဲလိုအပ်တော်မူမည်လား။• မှန်သည်ဟုထင်သောကိစ္စကိုလုပ်ဆောင်ဖို ကျွန်ုပ်တိုကို အသင်းတော်မှတွန်းအားပေးခြင်းသည် ကောင်းသည်ဟုထင်ပါသလား။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
18
7th March_Lenten Devotions 2026 _ WOH
ဘယ်သူမျှပျက်စီးခြင်းသို မရောက်ပါ။စနေနေ့၊ မတ်လ ၇ ရက်၊ ၂၀၂၆ခုနှစ်။ကျမ်းချက်။ ။ယေရှုသည် ကိုယ်၌ဖြစ်လတ္တံ့သမျှသော အမှုအရာတိုကို သိတော်မူလျက်၊ လာသောသူတိုဆီသို သွား၍ အဘယ်သူကိုရှာကြသနည်းဟု မေးတော်မူ၏။ နာဇရက်မြိုသား ယေရှုကိုရှာကြသည်ဟုဆိုလျှင်၊ ယေရှုက၊ ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူ၏။ ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူတိုသည် နောက်သိုလှန်၍ မြေပေါ်၌လဲကြ၏။ အဘယ်သူကိုရှာကြသနည်းဟုတစ်ဖန်မေးတော်မူလျှင်၊ နာဇရက်မြိုသားယေရှုကို ရှာကြသည်ဟု ထိုသူတိုသည် ဆိုကြ၏။ ယေရှုကလည်း၊ ငါသည်ထိုသူဖြစ် ၏ဟု ငါပြောပြီ။ သိုဖြစ်၍ ငါ့ကိုရှာလျှင် ဤသူတိုသည် သွားပါလေစေဟု မိန့်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသောသူတိုတွင် အဘယ်သူမျှပျက်စီးခြင်းသို မရောက်ပါဟူသော အထက်ကစကားတော်ကို ပြည့်စုံစေခြင်းငှာ ဤသိုမိန့်တော်မူ၏။(ရှင်ယောဟန် ၁၈:၄-၅က၊ ၆-၉)"ငါသည်" ဟူသော ရိုးရှင်းသောစကားလုံးများဖြင့် သူတိုကို နောက်ပြန်လှန်ပစ်နိုင်သော တန်ခိုးရှိသော အ ကျဉ်းသားတစ်ဦးကို ကင်းသမားများထဲ၌ မည်သူမျှ မတွေ့ဖူးဟု ကျွန်ုပ်ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဂရိစကားလုံးများကို ကြည့်ပါက သခင်ယေရှုသည် ထိုအရာကို မိန့်တော်မူခဲ့ခြင်းဖြစ်ပြီး ၎င်းသည် "သင်တိုရှာနေသော ငါကား" ဟူသော ရိုးရိုးရှင်းရှင်းထက် ပိုမိုအဓိပ္ပာယ်ရှိသည်။ "ငါသည်" ဆိုသည်မှာ ဘုရားသခင်၏ နာမတော်ဖြစ်သည်။ (ထွက်မြောက်ရာ ၃:၁၄ ကိုဖတ်ပါ)သခင်ယေရှုသည် လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်တော်မူပြီး မိမိ၏နာမတော်ကို မိန့်တော်မူခြင်းဖြင့် သခင်ယေရှုသည် ဖမ်း ဆီးခြင်းကိုပင် ကိုယ် တော်တိုင် ထိန်းချုပ်သူဖြစ် ကြောင်း လုံးဝရှင်းလင်းစွာ ဖော်ပြခဲ့သည်။ထိုကြောင့် သခင်ယေရှုတွင် ဘုန်းတန်ခိုးရှိတော်မူသည်။ သိုသောမည်သို အသုံးပြုတော်မူသနည်း။ မိမိကိုယ်ကိုကာကွယ်ဖိုမဟုတ်ဘဲ ဘုရားသခင်ပေးသနားတော်မူသောလူများကို ကာကွယ်ဖိုသုံးတော်မူသည်။ သခင်ယေရှုသည် တပည့်တော်များကို သူနှင့်အတူဖမ်းဆီးခြင်းကို ခွင့်မပြုပါ။ မိမိတစ်ပါးတည်းသာ ဆင်းရဲဒုက္ခ၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းသို လျှောက်လှမ်းတော်မူသည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုသည် ကျွန်ုပ်တို၏ကာကွယ်သူလည်းဖြစ်ပြီး၊ ကိုယ်တော်၏အသက်ကို ပေးဆပ်၍ မကောင်းမှု၏တန်ခိုးမှ ကျွန်ုပ်တိုကို ကယ်တင်တော်မူသောအရှင်ဖြစ်သောကြောင့်ပင်။ဆုတောင်းချက်။ ။ကိုယ်တော်၏မေတ္တာနှင့် တန်ခိုးတော်ဖြင့် ကျွန်ုပ်ကိုကာကွယ်ပေးသည့်အတွက် ကျေးဇူးတင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• တစ်စုံတစ်ယောက် ဖမ်းဆီးခံရသည့်အခါ ပုံမှန်အား ဖြင့် မည်သူက ထိန်းချုပ်ထားလေ့ရှိသနည်း။• သခင်ယေရှုသည် မိမိ၏ရွေးချယ်မှုအတိုင်းပူးပေါင်းဆောင်ရွက်တောင်မူခဲ့ကြောင်း သိရှိရန် ကင်းသမားများနှင့် ကျွန်ုပ်တိုအတွက် အဘယ်ကြောင့် အရေး ကြီးပါသနည်း။• ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၀:၁၇-၁၈ တွင် သခင်ယေရှု၏လုပ်ဆောင်မှုများအကြောင်း အဘယ်သိုပြောပြထားသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
17
6th March_Lenten Devotions 2026 _ WOH
လက္ခဏာနှင့် လက်တွေ့သက်သေ။သောကြာနေ့၊ မတ်လ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ထိုသို မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင် ဖြစ်သော ယုဒရှကာရုတ်လာ၏။ ယဇ်ပုရောဟိတ်အကြီးတိုနှင့် လူတိုတွင်အကြီးအကဲဖြစ်သောသူများ စေလွှတ်သော လူအစုအဝေးအပေါင်းတိုသည် ဓားနှင့် တုတ်များကို ကိုင်လျက်ပါကြ၏။ ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဖမ်းကြဟု ထိုသူတိုအား အမှတ်ပေးခဲ့သည်အတိုင်း၊ကိုယ်တော်ရင်းသို ချက်ချင်းချဉ်းကပ်၍ အရှင်ဘုရား၊ မင်္ဂလာရှိပါစေသောဟု ဆိုလျက် နမ်းလေ၏။ယေရှုကလည်း၊ အဆွေ၊ အဘယ်အခင်းရှိ၍ လာသနည်းဟု မေးတော်မူပြီးမှ၊ ထိုသူများတိုသည် လာ၍ ကိုယ်တော်ကို ဆွဲကိုင်ဖမ်းဆီးကြ၏။(ရှင်မဿဲ ၂၆:၄၇-၅၀)လပြည့်နေ့ဖြစ်သော်လည်း ထိုသစ်ပင်များအောက်တွင် မှောင်မိုက်နေပုံရသည်။ သခင်ယေရှုသည် ရပ်စောင့်နေတော်မူစဉ် တပည့်တော် ၁၁ ပါးသည် လန့် ဖျပ်ပြီး အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်ကာ မျက်လုံးများကို ပွတ်သပ်နေကြသည်။ သစ်ပင်များကြားမှ လူအုပ်ကြီးသည် ဓားနှင့်တုတ်များကိုင်ဆောင်လာပြီး မီးရှူးတိုင်များကိုလည်းင်ဆောင်လာကြသည်။ သူတိုနှင့်အတူ ယုဒရှကာရုတ်သည် ယေရှုထံသို တန်းသွားပြီး နမ်းခြင်းဖြင့် နှုတ်ဆက်သည်။ယုဒရှကာရုတ် ဘာကိုတွေးနေမည်နည်း။ သခင်ယေ ရှုသည် မှောင်မိုက်ထဲ၌ ဖမ်းဆီးခံရမည်ကို ရှောင်ရှားဖို ကြိုးစားလိမ့်မည်ဟုသူတွေးနေခဲ့လိမ့်မည်။ ထိုနည်း တူဖြစ်ပုံရသည်၊ သိုမဟုတ် ကင်းသမားများမှသခင်ယေရှုကို ခွဲခြားသိနိုင်စေဖို လိုအပ်သောနည်းလမ်းတစ်ခု ရှာချင်ရာနေခဲ့လိမ့်မည်။သိုသော် သခင်ယေရှုသည် ထွက်ပြေးဖို မည်သည်အခါမျှ မရည်ရွယ်ခဲ့ပါ။ ယုဒရှကာရုတ်တွင် မေတ္တာလက္ခဏာရှိပေသော်လည်း သခင်ယေရှုတွင် လက်တွေ့မေတ္တာသက်သေရှိတော်မူသည်။ ထိုနောက် ကျွန်ုပ်တိုအတွက် သခင်ယေရှုသည် ဖမ်းဆီးခံရခြင်း၊ ဒုက္ခခံရခြင်း၊ သေခြင်းနှင့် တတိယမြောက်နေ့တွင်ပြန်လည်ရှင်ပြန်ထမြောက်ခြင်းစသည့် အရာအားလုံးကို ဖြတ်သန်းသွားရလိမ့်မည်။ အကြောင်းမူ ကားသခင်ယေရှုသည် ကျွန်ုပ်တိုကို ထိုမျှလောက်ချစ်တော်မူသည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်တိုကို ဤမျှချစ်တော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ယုဒရှကာရုတ်မှ အဘယ်ကြောင့် အနမ်းတစ်ပွင့်ကို သူ၏အမှတ်အသားအဖြစ် ရွေးချယ်ခဲ့ရသနည်း။• တစ်စုံတစ်ယောက်မှ မိတ်ဆွေကို တကယ်ချစ်ကြောင်းကို အဘယ်သိုသိနိုင်မည်နည်း။• သခင်ယေရှု၏လုပ်ဆောင်မှုများသည် မိတ်ဆွေအ ပေါ် ထားရှိသောသူ၏စိတ်သဘောကို မည်သိုမိန့်တော်မူထားသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
16
5th March_Lenten Devotions 2026 _ WOH
မျှော်လင့်ချက်နှင့် မေတ္တာတော်။ကြာသပတေးနေ့၊ မတ်လ ၅ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ထိုအခါ ဂေသရှေမန်အရပ်သိုရောက်ကြလျှင် ကိုယ်တော်က၊ ငါဆုတောင်းစဉ်တွင် သင်တိုသည် ဤအရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တိုအား မိန့်တော်မူပြီးမှ၊ပေတရု၊ ယာကုပ်၊ ယောဟန်တိုကိုခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို ရောက်တော်မူ၏။ ထိုအခါ ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိးငယ်ခြင်းရှိ၏။ ဤအရပ်၌ စောင့်နေကြလော့ဟု တပည့်တော်သုံးယောက်တိုအား မိန့်တော်မူ၍၊ထိုမှ အနည်းငယ်လွန်ပြန်လျှင်၊ မြေပေါ်မှာ ပျပ်ဝပ်၍ အို အဘခမည်းတော်၊ ကိုယ်တော်သည် အလုံးစုံတိုကို တတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှ လွှတော်မူပါ။ သိုသော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟူ၍ ထိုအချိန် နာရီသည် မိမိနှင့် လွန်သွားနိုင်လျှင် လွန်သွားပါမည်အကြောင်း ဆုတောင်းတော်မူပြီးမှ၊ (ရှင်မာကု ၁၄:၃၂၊ ၃၃-၃၆ )တစ်ခါတစ်ရံ မျှော်လင့်ချက်သည် အဆိုးရွားဆုံး ဝေ ဒနာကို ဖြစ်စေတတ်သည်။ ဤအချိန်အထိ သခင်ယေရှုသည် တပည့်တော်များအား အနာဂတ်တွင် မိမိသည် ရန်သူများလက်သို အပ်နှံခြင်း၊ လှောင်ပြောင်ခြင်း၊ ရိုက်နှက်ခြင်းနှင့် လက်ဝါးကပ်တိုင်မှာ အသေ ခံခြင်းတိုကို ခံရမည်၊ ထိုနောက် သေခြင်းမှ ထ မြောက်လိမ့်မည်ဟု အလွန်ရှင်းလင်းစွာ မိန့်တော်မူခဲ့သည်။ သခင်ယေရှုမိန့်တော်မူသမျှတွင် သံသယဖြစ်စရာ မရှိပါ။သိုသော် ယခု၊ အသက်တာ၏ နောက်ဆုံးညတွင် ဥ ယျာဉ်ထဲ၌ရှိနေရသည်မှာ ပြီးပြည့်စုံသောယုံကြည်ချက်ကို ရုပ်သိမ်းလိုက်သလိုပင်ဖြစ်သည်။ လူတိုင်းနည်းတူ သခင်ယေရှုသည် မျှော်လင့်ချက်၏နှိပ်စက်ညှဉ်းပန်းမှုကို ခံစားနေရပြီး၊ ဘုရားသခင်သည်ကမ္ဘာကြီးကို ကယ်တင်ဖို တခြားနည်းလမ်းတစ်ခုကို ရှာတွေ့နိုင်သည်ဟူသော အတွေးမျိုးဖြစ်သည်။ ထိုနည်းလမ်းသည် သခင်ယေရှုနှစ်ပေါင်းများစွာ သိထားတော်မူသော အနာဂတ်မှလွဲသွားလိမ့်မည်။ထိုကြောင့် အခြားသောသူများနည်းတူဆုတောင်း တော်မူသည်။ သခင်ယေရှုသည် ခက်ခဲစွာဖြင့် ဘုရားသ ခင်ထံ ထိုလွတ်လမ်းအတွက် တောင်းလျှောက်သော်လည်း “ကိုယ်တော်သည် အလုံးစုံတိုကို တတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှ လွှတော်မူပါ။ သိုသော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်” ဟု အမြဲထပ်လောင်းဆုတောင်းတော်မူသည်။ အကြောင်းမှာ သခင်ယေရှုသည် ခမည်းတော်ကို ချစ်တော်မူပြီး ကျွန်ုပ်တိုကိုလည်း ချစ်တော်မူသည်။ မိမိ၏အသက်ကိုစွန့်ရသော်လည်း ကျွန်ုပ်တိုကို ဆုံးရှုးရန် ဆန္ဒရှိတော်မမူ။မျှော်လင့်ချက် ကင်းမဲ့သွားသောအခါ သခင်ယေရှုသည် မေတ္တာရှင်ထံသို ပြန်လှည့်တော်မူ၏။ တပည့် တော်များ ထွက်ပြေးနိုင်ရန် နှိးဆော်တော်မူ၏။ ထို နောက် ကျွန်ုပ်တိုအားလုံးအတွက် လက်ဝါးကပ်တိုင်သို မျက်နှာမူတော်မူ၏။ဆုတောင်းချက်။ ။ကယ်တင်ရှင်၊ ကျေးဇူးတင်ပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• မှားယွင်းသောမျှော်လင့်ချက်မျိုး ကြုံဖူးပါသလား။• မှားယွင်းသောမျှော်လင့်ချက်များ ရောနှောလာသည့်အခါ အဘယ်ကြောင့် ဒုက္ခက ပို၍နာကျင်ရသနည်း။• ဤဆုတောင်းချက်ဆွေးနွေးချက်တွင် ခမည်းတော်ဘုရားသခင်သည် သခင်ယေရှုအပေါ် မည်သည့်စိတ်သဘောထားရှိမည်ဟု ထင်ပါသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
15
4th March_Lenten Devotions 2026 _ WOH
ယုဒရှကာရုတ် ဗုဒ္ဓဟူးနေ့၊မတ်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကျမ်းချက်။ ။ငါအမှန်အကန်ဆိုသည်ကား၊ သင်တိုတွင် တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုအပ်နှံ လိမ့်မည်ဟု သက်သေခံလျက်မိန့်တော်မူ၏။အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသည်ကို တပည့်တော်တိုသည် တွေးတောခြင်းရှိသဖြင့်၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုကြ၏။ ယေရှုချစ်တော်မူသော တပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့်၊ အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသနည်းဟု မေးစေခြင်းငှာ၊ရှိမုန်ပေတရုသည် ထိုတပည့်တော်ကို အမှတ်ပေး၏။ ထိုတပည့်တော်သည် ယေရှု၏ရင်တော်ကိုမှီ၍ လျောင်းနေလျက် သခင်၊အဘယ်သူနည်းဟု လျှောက်၏။ယေရှုကလည်း၊ ဤမုန့်တစ်လုပ်စာကို ငါနှစ်၍ပေးသောသူဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ မုန့်တစ်လုပ်စာကို နှစ်ပြီးမှ ရှိမုန် ၏သားယုဒရှကာရုတ်အား ပေးတော်မူ၏။ ထိုသူသည် မုန့်တစ်လုပ်စာကိုခံပြီးမှ၊ စာတန်သည် သူ့အထဲသိုဝင်လေ၏။ ယေရှုကလည်း၊ သင်ပြုရသောအမှုကို အလျင်အမြန်ပြုလော့ဟု ထိုသူအားမိန့်တော်မူ ၏။ ယုဒရှကာရုတ်သည် မုန့်တစ်လုပ်စာကိုခံပြီးမှ ချက်ချင်းထွက်သွား၏။ထိုအချိန်ကားညအချိန်ဖြစ် ၏။ (ရှင်ယောဟန် ၁၃:၂၁ခ-၂၇၊ ၃၀) သခင်ယေရှုသည် ယုဒရှကာရုတ်ကို မုန့်တစ်လုပ်ပေးပြီး မည်သူမှ မကြားအောင် စကားပြောနိုင်ဖို ယုဒရှကာရုတ်နှင့် အလွန်နီးကပ်စွာ လဲလျောင်းနေခဲ့လိမ့်မည်။ သခင်ယေရှု၏ကျောသည် ယုဒရှကာရုတ်၏ ရင်ဘတ်နှင့် နီးကပ်နေသကဲ့သို၊ ယောဟန်၏ကျောသည်လည်း သခင်ယေရှု၏ရင်ဘတ်နှင့် နီးကပ်နေတမည်ဟု ကျွန်တော်ထင်သည်။ အကယ်၍ ထိုသိုဆိုပါက သခင်ယေရှုသည် မိမိအားသစ္စာဖောက်မိသူနှင့်အတူ ညစာစားလျှက်ဖြတ်သန်းနေခြင်းဖြစ်သည်။ သစ္စာဖောက်ခြင်းခံရမည်ကိုလလည်း သခင်ယေရှုသိထားတော်မူပြီးဖြစ်သည်။ သိုတိုင်အောင် ထိုအသိပညာသည် ယုဒရှကာရုတ်အား မှန်သောလမ်းသို ပြန်လှည့်ရန် ကြိုးစားခြင်းမှ သခင်ယေရှုကို မတားဆီးခဲ့ပါ။ သခင်ယေရှုသည် သူ၏ခြေကိုဆေးကြောခဲ့သည်။ မုန့်တစ်လုပ်ဖြင့် သူကို ဂုဏ်ပြုခဲ့သည်။ ယုဒရှကာရုတ်မှ သစ္စာဖောက်တော့မည်ဖြစ်ကြောင်း မိမိသိကြောင်းကိုပင် သက်သေပြတော်မူခဲ့သည်။ (မဿဲ ၂၆:၂၅ ကိုဖတ်ပါ) သခင်ယေရှုသည် ယုဒရှကာရုတ်ကို အဆုံးထိချစ်တော်မူခဲ့သည်။ ကျွန်ုပ်တိုကိုလည်း သခင်ယေရှု ချစ်တော်မူပြီး ကျွန်ုပ်တို အပြစ်လုပ်သောအခါတွင် ထိုကရုဏာတော်ကို ပြသကာ ကျွန်ုပ်တိုကို သူ၏အထံတော်သို ပြန်ရောက်စေရန် ကြိုးစားခဲ့သည်။ လက် ဝါးကပ်တိုင်ပေါ်တွင် အသေခံရန် လိုအပ်သည့်တိုင် အောင် ကျွန်ုပ်တိုကို စွန့်လွှတ်ရန် ငြင်းဆိုခဲ့သည်။ ယခု သခင်ယေရှုသည် သေခြင်းမှ ထမြောက်တော်မူပြီဖြစ်သောကြောင့် ထာဝရအသက်နှင့် မေတ္တာတော်ကို ကျွန်ုပ်တိုအား ပေးတော်မူ၏။ ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်၏စိတ်နှလုံးကို ကိုယ်တော်အပေါ်၌သာ ထာဝရသစ္စာရှိစေတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ယုဒရှကာရုတ်သည် သူ၏စိတ်ကို ပြောင်းလဲနိုင်ခဲ့ပါသလား။• အဘယ်ကြောင့် ထိုသိုထင်သနည်း။• ကျွန်ုပ်တိုအပြစ်လုပ်မိသောအခါ သခင်ယေရှုသည် ကျွန်ုပ်တိုကို ပြန်လည်ခေါ်ဆောင်မည်လား။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
14
3rd March_Lenten Devotions 2026 _ WOH
ခြေဆေးခြင်းအင်္ဂါနေ့၊ မတ်လ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင်၊ ပဝါကိုယူ၍ ခါးကိုစည်းတော်မူ၏။ ထိုနောက်မှ ရေကိုအင်တုံ၌လောင်း၍ တပည့်တော်တို၏ ခြေကိုဆေးပြီးမှ ခါး၌စည်းထားသောပဝါနှင့် သုတ်တော်မူ၏။ ထိုသိုသူတို၏ ခြေကိုဆေးတော်မူပြီးမှ တစ်ဖန်ဝတ်လုံကိုဝတ်၍ လျောင်းတော်မူလျက်၊ သင်တို၌ ငါပြုခဲ့သောအမှုကို နားလည်ကြသလော။ ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို၏ခြေကိုဆေးလျှင် သင်တိုသည် အချင်းချင်းတို ၏ခြေကို ဆေးရကြမည်။ (ရှင်ယောဟန် ၁၃:၄-၅၊ ၁၂၊ ၁၄)သခင်ယေရှုသည် ကျွန်ုပ်တိုကို ပြုတော်မူပြီး၊ ကျွန်ုပ်တို အချင်းချင်းလည်း ထိုနည်းတူကျင့်ကြံရန် မိန့်မှာတော်မူသော ဤဆေးကြောခြင်းကား အဘယ်နည်း။"သင့်ကို ငါမဆေးရလျှင် သင်သည် ငါနှင့် မဆက်ဆံရဟု မိန့်တော်မူ" ချက်သည် အဘယ်ကြောင့် ဤမျှအရေးကြီးသနည်း။ သခင်ယေရှုမှ “ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေးခြင်းမှတစ်ပါး ဆေးရသောအကြောင်းမရှိ၊ တစ်ကိုယ်လုံးစင်ကြယ်၏။ သင်တိုသည် စင်ကြယ်သော်လည်း အချိုမစင်ကြယ်ဟု မိန့်တော်မူ”သောအခါ ကျွန်ုပ်တိုသဲလွန်စတစ်ခုရရှိသည်။ လူတစ်ဦးကို သန့်ရှင်းစေသောဆေးကြောခြင်းမှာ ဗတ္တိဇံခံယူခြင်းဖြင့်သာဖြစ်သည်။ ထိုသိုဆိုပါက ဤသိုနေ့စဉ်ခြေဆေးခြင်းဆိုသည်မှာ အဘယ်နည်း။ ကျွန်ုပ်တိုအသက်တာ၏နေ့စဉ်ကျူးလွန်သောအပြစ်များအတွက် သခင်ယေရှုပေးသော စဉ်ဆက်မပြတ် ခွင့်လွှတ်ခြင်းဖြစ်ရမည်။ သခင်ယေရှုမှ ကျွန်ုပ်တိုကိုဆေးကြောပေးခြင်းတည်းဟူသော ဗတ္တိဇံခံယူချိန်တွင် ပြီးပြည့်စုံသောသန့်ရှင်းမှုဖြင့် ကျွန်ုပ်တိုကို ပြန်လည်ပြုပြင်ပေးသောကြောင့် ကျွန်ုပ်တို ဝမ်းမြောက်ကြသည်။သခင်ယေရှု ဤသိုပြုလုပ်နိုင်ရခြင်းမှာလက်ဝါးကပ် တိုင်၌ ကျွန်ုပ်တို၏ သန့်စင်ခြင်းအတွက် အဖိုးအခကို ပေးဆောင်ခဲ့သောကြောင့်ဖြစ်သည်။ သခင်ယေ ရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကြောင့် သခင်ယေရှုကို ယုံကြည်ကိုးစားသော ကျွန်ုပ်တို သည် ပျက်စီးခြင်းသို ရောက်ရမည့် အပြစ်သားများ မဟုတ်တော့ပါ။ သခင်ယေရှုပေးသော အသက်ဖြင့် နေထိုင်သော ဘုရားသခင်၏ သားသမီးများဖြစ်ကြသည်။ သခင်ယေရှုသည် ကျွန်ုပ်တိုကို ခွင့်လွှတ်သကဲ့သိုပင် ကျွန်ုပ်တိုသည် သခင်ယေရှု၏ စံနမူနာကို လိုက်လျှောက်ကြသည်။ ညီအစ်ကိုမောင်နှမများ၏ ခြေကိုဆေးကြောခြင်း၊ သူတိုမှ ကျွန်ုပ်တိုကို ပြစ်မှားသောအခါ ခွင့်လွှတ်ခြင်းတိုကို ပြုကြသည်။ဆုတောင်းချက်။ ။ချစ်စွာသောသခင်ယေရှု၊ ကျွန်ုပ်ကိုဆေးကြောပေးသည့်အတွက် ကျေးဇူးတင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• သခင်ယေရှုသည် မိတ်ဆွေ၏နေ့စဉ်အပြစ်များကို မည်သည့်အချိန်တွင် ဆေးကြောသန့်စင်ပေးတော်မူသနည်း။• မိမိနှင့်စပ်ဆိုင်သူများကို မည်သို၊ မည်သည့်အချိန်တွင် ခွင့်လွှတ်လေ့ရှိသနည်း။• ခွင့်လွှတ်ဖို အခက်အခဲရှိသောအခါ အကူအညီကို အဘယ်မှာရှာနိုင်သနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
13
2nd March_Lenten Devotions 2026 _ WOH
ပြင်ဆင်ထားသည်။တနင်္လာနေ့၊မတ်လ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ ပသခါသိုးသငယ်ကို သတ်ရသောနေ့တည်းဟူသော အဇုမပွဲနေ့ ရောက်သောအခါ ကိုယ်တော်က၊ ငါတို စားဖိုရာ သင်တိုသည်သွား၍ ပသခါပွဲကို ပြင်ဆင်ကြလော့ဟု ပေတရုနှင့် ယောဟန်ကို စေလွှတ်တော်မူ၏။ သူတိုကလည်း၊ အဘယ်အရပ်၌ ပြင်ဆင်စေခြင်းငှာ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော် ကိုယ်တော်က၊ သင်တိုသည် မြိုထဲသိုဝင်သောအခါ ရေအိုးဆောင်သောသူကို တွေ့လိမ့်မည်။ ထိုသူနောက်သို လိုက်၍ သူဝင်သောအိမ်သိုဝင်ပြီးမှ၊ ငါသည် ငါ့တပည့်တိုနှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။ ထိုသူသည် ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကို ပြလိမ့်မည်။ ထိုအခန်း၌ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။(ရှင်လုကာ ၂၂:၇-၁၂)သခင်ယေရှုသည် ဤအစားအစာအတွက် မိမိဘာ သာ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ထင်ရှားသည်။ ထိုယဉ်ကျေးမှုတွင် အမျိုးသမီးတစ်ဦးအစား အမျိုး သားတစ်ဦး ရေထမ်းခြင်းသည် ထူးဆန်းလွန်းသဖြင့် ကြိုတင်စီစဉ်ထားသော အချက်ပြမှုတစ်ခုကဲ့သို ထင်ရခြင်း ဖြစ်နိုင်သည်။ အိမ်ရှင်သည် အမည်မဖော်လိုသော “ဆရာ”ကို မည်သူဖြစ်ကြောင်း ထင်ရှားစွာသိပြီး သူတိုအတွက် အပေါ်ထပ်အခန်းကို ပြင်ဆင်ပြီးဖြစ်သည်။ သခင်ယေရှုသည် သီးသန့်နေထိုင်လိုသည်။ ရန်သူများမှ သခင်ယေရှုကို ဖမ်းဆီးရန် စီစဉ်ထားသော်လည်း တပည့်တော်များနှင့်အတူ နောက် ဆုံးအစားအစာစားပြီးမှသာ နှစ်သိမ့်မှု၊ သွန်သင်မှုနှင့် နောင်လာမည့်အရာများအတွက် ပြင်ဆင်နိုင်မည်ဖြစ်သည်။ထိုကြောင့် ယခု တပည့်တော်များသည် သိုးသငယ်ကို ပူဇော်ပြီး ချက်ပြုတ်ကာ တခြားဟင်းလျာများအားလုံးကို ပြင်ဆင်ကြတယ်။ ညစာလည်း အဆင် သင့်ဖြစ်ပြီ။ဘုရားသခင်သည်ကျွန်ုပ်တို၏အ ပြစ်များကို ထာဝရယူဆောင်သွားမည့် ပြီးပြည့်စုံသော၊အပြစ်ကင်းသောသိုးသငယ်အဖြစ် သခင်ယေရှုကို စေလွှတ်ခြင်းဖြင့် ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည်။ သခင်ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၏ရလဒ်အနေဖြင့် သခင်ယေရှုကိုယုံကြည်သူအားလုံးသည် သခင်ယေရှုဘုန်းအသရေဖြင့် ပြန်ကြွလာသောအခါ ကျွန်ုပ်တိုသည် ကယ်တင်ရှင် သခင်ယေရှုနှင့်အတူ ကောင်းကင်ပွဲတော်တွင် စားသုံးကြရလိမ့်မည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်၏စိတ်နှလုံးကို ကိုယ်တော်အတွက် ပြင်ဆင်ပေးတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ဂုဏ်သရေရှိ ဧည့်သည်တော်များအတွက် မည်သည့်ပြင်ဆင်မှုများပြုလုပ်ထားလေ့ရှိသနည်း။• သခင်ယေရှုသည် ကောင်းကင်ဘုံ၌ မိတ်ဆွေအ တွက် နေရာတစ်ခုကို မည်သိုပြင်ဆင်ပေးနေတော်မူသနည်း။ (ယောဟန် ၁၄:၁-၆ ကိုဖတ်ပါ။)• ဤသည်မှာ ဘုရားသခင်မှ မိတ်ဆွေကို အဘယ်မျှတန်ဖိုးထားကြောင်းနှင့်သက်ဆိုင်ပြီး အဘယ်အရာကိုပြောပြသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
12
1st March_Lenten Devotions 2026 _ WOH
အသက်စွန့်ရန်အချိန်ကျပြီ။တနင်္ဂနွေနေ့၊ မတ်လ ၁ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ကိုးကွယ်ခြင်းအမှုနှင့် ထိုပွဲသို ရောက်လာသောသူတိုတွင် ဟေလသလူအချိုပါ၏။ ထိုသူတိုသည် ဂါလိလဲပြည်ဗက်ဇဲဒမြိုသားဖြစ်သော ဖိလိပ္ပုထံသိုသွား၍ အကျွန်ုပ်တိုသည် ယေရှုကို မြင်ချင်ပါသည်ခင်ဗျားဟု တောင်းပန်ကြ၏။ ယေရှုကလည်း၊ လူသားသည် ဘုန်းပွင့်ရသောအချိန်ရောက်ပြီ။ ငါအမှန်အကန်ဆိုသည်ကား၊ မြေ၌ကျသောစပါးစေ့သည် မပျက်လျှင် တစ်ခုတည်းနေ၏။ ပျက်လျှင်မူကား များစွာသောအသီးကို သီးတတ်၏။ ငါသည် ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏။ အဘယ်သို ငါလျှောက်ရမည်နည်း။ ထိုအချိန်မှစ၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ၊ အဘဟု လျှောက်ရမည်လော။ အကြောင်းရှိ၍သာ ထိုအချိန်သိုရောက်လာပြီ။ အို အဘ၊ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွက်တော်မူ၏။ ထိုအခါ ကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တစ်ဖန် ချီးမြှောက်ဦးမည်ဟုလာ၏။ ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကို အစိုးရသောမင်းသည် ပြင်သို နှင်ထုတ်ခြင်းကိုခံရလိမ့်မည်။ငါသည်လည်း မြေကြီးနှင့်ခွာ၍ မြှောက်ထားခြင်းကို ခံရလျှင် လူအပေါင်းတိုကို ငါ့ထံသို ငါဆွဲမည်ဟု မိန့်တော်မူ၏။ ထိုသို မိန့်တော်မူသော်၊ မိမိသည် အဘယ်သိုသေရမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို မိန့်တော်မူပြီးမှ ယေရှုသည်ထွက်ကြွ၍ ထိုသူတိုကို တိမ်းရှောင်လျက်နေတော်မူ၏။ (ရှင်ယောဟန် ၁၂: ၂၀၊ ၂၁ခ၊ ၂၃-၂၄၊ ၂၇-၂၈က၊ ၃၁-၃၃၊ ၃၆ခ)ဂရိလူမျိုးများ ရောက်ရှိလာခြင်းအပေါ် သခင်ယေရှု ၌ ထူးဆန်းသော တုံပြန်မှုရှိသည်။ သခင်ယေရှုသည် မိမိသေဆုံးခြင်းအကြောင်းကို တွေးတောဆင်ခြင်ပြီးနောက် ထွက်ခွာ၍ ပုန်းအောင်းနေတော်မူ၏။ အ ဘယ်ကြောင့်နည်း။သခင်ယေရှု၏ တိုတောင်းသော ဓမ္မအမှုတော်ကို ဂျူးလူမျိုးများကြားတွင် အဓိကအားဖြင့် ကုန်ဆုံးစေခဲ့သည်။ လူမျိုးတကာတိုအား ဧဝံဂေလိတရားဟောပြောခြင်းသည် မိမိ၏ခန္ဓာတည်းဟူသောအသင်းတော်၏ အလုပ်ဖြစ်ကြောင်းကို သခင်ယေရှုသိတော်မူ၏။ ဂရိလူမျိုးကိုယ်စားလှယ်အဖွဲသည် သခင်ယေ ရှုထံသို ရောက်ရှိလာသောအခါ၊ အသင်းတော်၏ ခေတ်သည် စတင်နေပြီဖြစ်ပြီး သခင်ယေရှုကိုယ် တော်တိုင်မှ အသက်တော်ကိုစွန့်ရတော့မည်ဖြစ် သည်။ ဤအချက်သည် သခင်ယေရှုအား လွှမ်းမိုးနေသည်။သိုတိုင်အောင်၊ ကျွန်ုပ်တိုတွင် ဝမ်းမြောက်စရာအ ကြောင်းရှိသည်။ သခင်ယေရှုသည် မိမိကိုယ်ကို ကယ်တင်ရန် သွေးဆောင်မှုကို အောင်နိုင်ပြီးနောက် လက်ဝါးကပ်တိုင်နှင့် ရှင်ပြန်ထမြောက်ခြင်းကို ဝန် ခံတော်မူသည်။ ဆိုလိုသည်မှာ ယခုတွင် ဂျူးလူမျိုးဖြစ်စေ၊ တစ်ပါးအမျိုးသားဖြစ်စေ သခင်ယေရှုကို ယုံကြည်သူတိုင်းသည် ထာဝရအသက်ကို ရရှိကြသည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်တိုကို ကယ် တင်မည့်လမ်းကို ရွေးချယ်တော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။ အာမင်။• သုံးသပ်ချက်မေးခွန်းများ-• မိမိ၏ကျန်းမာရေးနှင့် မိမိချစ်ရသူတစ်ယောက်၏ ကျန်းမာရေးကြားမှာ ရွေးချယ်ရဖူးပါသလား။• လွယ်ကူပါသလား၊ ခက်ခဲသလား။ အဘယ်ကြောင့်နည်း။• မိတ်ဆွေအပေါ် ထားရှိသောသူ၏ခံစားချက်ကို သခင်ယေရှု၏ရွေးချယ်မှုမှ မည်သည်ကိုပြောပြပေးလျှက်ရှိသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
11
28th February_Lenten Devotions 2026 _ WOH
သခင်ယေရှုနှင့်အတူသွားလာပါ။စနေနေ့၊ ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ပသခါပွဲခံချိန် ခြောက်ရက်လိုသေးသောအခါ၊ အထက်ကသေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို ယေရှုသည်ရောက်တော်မူ၏။ ထိုကြောင့် ထိုသူတိုသည်ပွဲလုပ်ကြသဖြင့် မာသသည် လုပ်ကျွေးမှုကိုဆောင်၍၊ လာဇရုသည် ကိုယ်တော်နှင့်အတူ လျောင်းသောသူတို အဝင်ဖြစ်၏။ ထိုအခါ မာရိသည် အဖိုးများစွာထိုက်သော နာဒုဆီမွှေးစစ် အကျပ်သုံးဆယ်ကိုယူ၍၊ ယေရှု၏ခြေတော်ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့်သုတ်သဖြင့်၊ ထိုဆီ၏အမွှေးသည် တစ်အိမ်လုံးကိုနှံပြား၏။ (ရှင်ယောဟန် ၁၂:၁-၃)ထိုကြောင့် မာရိသည် သန့်စင်သော နာဒုဆီဖြင့် ပြု လုပ်ထားသော အဖိုးထိုက်သော ဆီမွှေးတစ်ပေါင်ကို ယူ၍ သခင်ယေရှု၏ခြေတော်ကို လိမ်းပြီး မိမိဆံပင်ဖြင့် သုတ်လေ၏။ အိမ်သည် ဆီမွှေး၏ရနံ့နှင့် ပြည့်လေ၏။နာဒုဆီစစ်စစ်ကို ရှူရှိက်ဖူးပါသလား။ အနံ့ပြင်းပြင်းဖြင့် ထိုးဖောက်ဝင်ရောက်နိုင်သော အနံ့မျိုးရှိ၏။ ထိုအနံ့သည် အရေပြားတွင် ရက်အတော်ကြာ ကပ်ငြိနေတတ်သည်။ အိမ်တစ်ခုလုံး၌ ရနံ့များပြည့်နေသည်ကအံ့သြစရာတော့ မဟုတ်ပါ။မာရိ၏ဆံပင်၌ ထိုရနံ့ကို အတော်ကြာကြာ ရနေမှာသေချာသည်။ သခင်ယေရှု၏ခြေတော်ရင်း၌လည်း ရနံ့ရသည်။ လက်ဝါးကပ်တိုင်အထိ ရနံ့ရသည်။ ထို သိုဆိုပါက သူမကိုယ်တိုင် မသွားနိုင်သောနေရာသို သခင်ယေရှုနှင့်အတူ သေခြင်းအထိ လိုက်ပါသွား မည့် မေတ္တာလက်ဆောင်တစ်ခုကို သခင်ယေရှုအား သူမ ပေးနိုင်ခဲ့သည်။သခင်ယေရှုသွားရာအရပ်သို တပည့်တော်များထဲမှ မည်သူမျှ မသွားနိုင်ခဲ့ကြပေ။ သခင်ယေရှုကို အချစ်ဆုံးသူများပင် မသွားနိုင်ခဲ့ကြပေ။ ယောဟန်နှင့် မာရိတိုသည် သခင်ယေရှု၏ လက်ဝါးကပ်တိုင်အောက်တွင် ရပ်၍ စောင့်ကြည့်နေကြသည်။ သိုသော် လူတိုည၏ အပြစ်နှင့် ရှက်ရွံမှုဝန်ထုပ်ဝန်ပိုးကို သခင်ယေ ရှုထမ်းပိုးထားစဉ်၊ ရန်သူများသည် သခင်ယေရှုကို ရဲရင့်စွာ စိန်ခေါ်သကဲ့သို လက်ဝါးကပ်တိုင်မှ ဆင်းလာရန် သွေးဆောင်မှုများကို ရင်ဆိုင်ရစဉ်၊ မ ကောင်းမှု၏ တန်ခိုးများကို တိုက်ခိုက်ပြီး အောင်နိုင်တော်မူစဉ် သူတိုသည် သခင်ယေရှုအား မကူညီနိုင်ကြပေ။ သခင်ယေရှုသည် ကျွန်ုပ်တိုကို ချစ်တော်မူသောကြောင့် ထိုသို တစ်ယောက်တည်း လုပ်ဆောင်ခဲ့သည်။ သုံးရက်အကြာတွင် သေခြင်းထဲမှ ထမြောက်တော်မူပြီး ဘုရားသခင်၏ ထာဝရအသက်ဆုကျေး ဇူးကို ကျွန်ုပ်တိုနှင့်အတူ မျှဝေကာ အောင်ပွဲခံလျက် ကျွန်ုပ်တိုထံ ပြန်၍ကြွလာတော်မူမည်။ဆုတောင်းချက်။ ။သခင်ဘုရား။ ကျွန်ုပ်နှင့်အတူ အမြဲရှိတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• မိတ်ဆွေဒုက္ခခံစားရသည့်အခါ အဖော်ပြုပေးသည်ကို လိုချင်ပါသလား။ အဖော်ပြုပေးသည်ကို မလိုချင်ဘူးလား?• မိတ်ဆွေဒုက္ခရောက်နေချိန်မှာ သခင်ယေရှုသည် မည်သိုကူညီဖို မိတ်ဆွေအနားမှာရှိတော်မူသနည်း။• သခင်ယေရှုသည် မိတ်ဆွေနှင့်အတူ အမြဲရှိမည်ဟု ကတိပေးထားသည့်အတွက် ဝမ်းမြောက်ပါသလား။ (မဿဲ ၂၈:၂၀ ကိုဖတ်ပါ။)#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
10
27th February_Lenten Devotions 2026 _ WOH
"ထိုကြောင့်"သောကြာနေ့၊၊ ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ညီအစ်မ မာရိနှင့် မာသတိုနေသော ဗေသနိရွာသား၊ လာဇရုအမည်ရှိသော သူတစ်ယောက်သည် နာလျက်နေလေ၏။ ညီအစ်မတိုသည် အထံတော်သိုစေလွှတ်၍၊ သခင်၊ ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက်နေပါသည်ဟု လျှောက်ကြ ၏။ထိုစကားကို ယေရှုသည် ကြားတော်မူလျှင်၊ ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသောအနာ ဖြစ်၏။ ယေရှုသည် မာသကိုလည်းကောင်း၊ သူ၏ညီမနှင့် လာဇရုကိုလည်းကောင်း ချစ်တော်မူ၏။ လာဇရု နာသည်ကိုကြားတော်မူလျှင်၊ ကြွတော်မမူဘဲ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။ (ရှင်ယောဟန် ၁၁:၁၊ ၃-၄က၊ ၅- ၆)လာဇရုနာသည်ကို ကြားတော်မူလျှင်၊ မိမိရှိရာအရပ် ၌ သခင်ယေရှုနှစ်ရက်နေတော်မူ၏။အခန်းငယ် ၆ ရှိ ဂရိစကားလုံးကို များသောအားဖြင့် "ထိုကြောင့်" ဟု ဘာသာပြန်ဆိုလေ့ရှိသည်။ "ယေရှုသည် ဤမိသားစုကို ချစ်တော်မူ၏။ ထိုကြောင့် သူတိုသည် ကိုယ်တော်ကို လိုအပ်ကြောင်း ကြားသော အခါ ယေရှုသည် အချိန်နှောင်းသွားသည်အထိ တ မင်တကာ ဝေးဝေးနေခဲ့သည်။"ဘယ်လို! ဤသည်မှာ တစ်ယောက်ယောက်ကို ချစ်ဖိုထူးဆန်းသောနည်းလမ်းပင် မဟုတ်ပါလား။ သူတို ၏အစ်ကိုသည် မိတ်ဆွေကို အလွန်အမင်း လိုအပ်နေသည်ဟု ကြားသိသော်လည်း မိတ်ဆွေရှိသောနေရာမှာပင် နေလိုက်သည်။ လူအများစုမှ ထိုသိုပြုမူခြင်းကို အချစ်ဟု မခေါ်ဘဲ မုန်းတီးခြင်းဟု ခေါ်ကြလိမ့်မည်။ထိုသို လူတိုပြောကြမည်ကို သခင်ယေရှု သိတော်မူသည်။ ဘုရားသခင်မှ သခင်ယေရှု၏ဘုန်းတော်ကို ခထင်ရှားစေဖို ရည်ရွယ်ချက်ရှိရှိ ထိုသိုလုပ်ဆောင်ရသည်ကို မိသားစုသည် အဆုံးထိ နားမလည်ကြပါ။ သူတို နာကျင်ရကြလိမ့်မည်။ မည်သူသည် နာကျင်ရသည်အထိ သခင်ယေရှုကို ယုံကြည်နိုင်မည်နည်း။ အကြောင်းပြချက်မရှိဘဲ နောက်ကျပြီးမှ ရောက်လာသောသခင်ယေရှုကို အဘယ်သူက ချစ်နိုင်မည်နည်း။မာရိနှင့် မာသတိုသည် သခင်ယေရှုကို ထိုနည်းအ တိုင်း ချစ်ကြသည်။ သူတို၏မောင်ကို သေခြင်းထဲမှ ထမြောက်စေသောအခါ သူတို၏ယုံကြည်မှုသည် တရားမျှတသည်။သခင်ယေရှုသည် ကျွန်ုပ်တိုကို ကယ်တင်ရန် အသေ ခံတော်မူပြီး ထမြောက်ခဲ့သောကြောင့် ကျွန်ုပ်တိုကို ချစ်တော်မူသည်။ သိုသော် ဘုရားသခင်သည် ကျွန်ုပ်တိုလိုချင်သောအရာ သိုမဟုတ် လိုအပ်သောအရာအတွက် "နောက်ကျလွန်း" သည်ဟု ထင်ရသည့်အ ချိန်များလည်း ကျွန်ုပ်တိုတွင်ရှိသည်။ ထိုနောက် ဘာဆက်လုပ်မည်နည်း။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကိုယ်တော်၏လမ်း စဉ်များကို ကျွန်ုပ်နားမလည်သည့်တိုင် ကိုယ်တော်ကို ချစ်၍ ယုံကြည်သောသူဖြစ်စေရန် ကျွန်ုပ်အား ပုံသွင်းပြုပြင်ပေးတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• မိတ်ဆွေ၏ဘဝတွင် အဘယ်သူသည် မိတ်ဆွေကို ဤမျှလောက်ယုံကြည်ပြီး ကူညီပေးဖို ကတိပေးမည်နည်း။• တစ်စုံတစ်ယောက်မှ မိတ်ဆွေကို ထိုသို ယုံကြည်ခဲ့သောအချိန်ကအကြောင်းကို ပြောပြပါ။• မိတ်ဆွေနာကျင်ထိခိုက်ရသော်လည်း၊ သခင်ယေရှုမှမိတ်ဆွေကို ထိုမျှလောက် ယုံကြည်စိတ်ချစိတ်ရှိစေလိုပါသလား။ အဘယ်ကြောင့်နည်း သိုမဟုတ် အဘယ်ကြောင့် မရှိစေရသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
9
26th February_Lenten Devotions 2026 _ WOH
ဟောရှဏ္ဏ။ကြာသပတေးနေ့၊ ဖေဖော်ဝါရီလ ၂၆ ရက်၊၂၀၂၆ခုနှစ်။ကျမ်းချက်။ ။ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို ဝင်တော်မူပြီးလျှင်၊ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတိုကို နှင်ထုတ်၍၊ ငွေလဲသောသူတို၏ ခုံများကိုလည်းကောင်း၊ ချိုးငှက်ရောင်းသောသူတို၏ ထိုင်နေရာကိုလည်းကောင်း တွန်းလှဲတော်မူလျက်၊ ထိုအခါ ဗိမာန်တော်၌ မျက်စိကန်းသောသူ၊ ခြေမစွမ်းသောသူတိုသည် အထံတော်သိုလာ၍ သူတို အနာရောဂါကို ငြိမ်းစေတော်မူ၏။ ကိုယ်တော်ပြုတော်မူသော အံ့ဩဖွယ်အမှုတိုကိုလည်းကောင်း၊ သူငယ်တိုကလည်း၊ ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်းဟု ဗိမာန်တော်၌ ကြွေးကြော်ကြသည်ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတိုသည် ကြားမြင်လျှင် အမျက်ထွက်ကြ၍၊ ဤသူတိုသည် အဘယ်သိုပြောဆိုသည်ကို ကြားသလောဟု ယေရှုအား မေးကြလေသော်၊ ငါကြား၏။ နိုစိုသူငယ်တို နှုတ်ထဲမှ ကိုယ်တော်သည် ချီးမွမ်းခြင်းကို ပြင်ဆင်တော်မူသည်ဟူသော စကားကို သင်တိုသည် တစ်ရံတစ်ခါမျှ မဖတ်ဖူးသလောဟု မိန့်တော်မူ၏။ (ရှင်မဿဲ ၂၁:၁၂၊ ၁၄-၁၆)"ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း" ဟူသောသူငယ်တို၏ ကြွေးကြော်သံကြောင့် ဘာသာရေးခေါင်းဆောင်များသည် သခင်ယေရှုထံစုဝေးလာကြသည်မှာ စိတ်ဝင်စားရာကောင်းလှသည်။ သူတို သည် ဗိမာန်တော်ထဲမှကုန်သည်များကို သခင်ယေရှုမောင်းထုတ်ခဲ့သောကြောင်း၊ လူတိုကို ကုသပေးခဲ့သည်များကို မြင်တွေ့ခဲ့ရသော်လည်း မဖော်ပြကြပါ။ဒါဝိဒ်မိသားစုမှ ဆင်းသက်သောကတိထားရာမေရှိယအဖြစ် ယေရှုကို အသိအမှတ်ပြုနေသော ကလေးများအတွက် ညည်းညူရသည်က လုံခြုံသည်ဟု သူတိုခံစားရပုံရသည်။သခင်ယေရှုသည် ဘာသာရေးခေါင်းဆောင်များအား ဤသိုဆက်ဆိုထားသော ဆာလံ ၈:၂ခ ကို ရည်ညွှန်းပြီး " ရန်သူကိုလည်းကောင်း၊ အငြိုးထားသောသူကိုလည်းကောင်း၊ တိတ်ဆိတ်စွာနေစေခြင်းငှာ" ပြုတော်မူ၏။ သခင်ယေရှု၏အဆိုအရ ကလေးများ၏ချီးမွမ်းခြင်းသည် ဘုရားသခင်ထံမှ တိုက် ရိုက်လာသည်ဖြစ်၍ ညည်းညူမှုများသည် ဘုရား သခင်၏ရန်သူများထံမှ လာခြင်းဖြစ်သည်။အံ့သြစရာတော့မဟုတ်ပါ။ကလေးများကြွေးကြနေသည်မှာ"ဟောရှဏ္ဏ"ဟူ၍ဖြစ်သည်။အဓိပ္ပာယ်မှာ"ကျွန်ုပ်တိုကိုကယ်တင်ပါ!"ဟူ၍ဖြစ်သည်။သခင်ယေရှုသည် သူတိုနှင့်ကျွန်ုပ်တိုအားလုံးကို ကယ် တင်ဖိုရန် အမှန်ကြွလာတော်မူသည်။ သခင်ယေရှု၏ အသေခံခြင်းအားဖြင့် မာရ်နတ်အပါအဝင်ဘုရားသခင်၏ရန်သူများ၏တန်ခိုးကိုရိုက်ချိုးဖျက်ပြီး၊ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ယုံကြည်ကိုးစားသောဘုရားသခင်၏သားသမီးအားလုံးကို ထာဝရအသက်ပေးတော်မူမည်။ဆုတောင်းချက်။ ။ကျွန်ုပ်ကို ကယ်တင်တော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။အာမင်။သုံးသပ်ချက်မေးခွန်းများ-• သခင်ယေရှု နှင်ထုတ်လိုက်သောကုန်သည်များအ ကြောင်းကို ခေါင်းဆောင်များက အဘယ်ကြောင့်မပြောကြသနည်း။• သခင်ယေရှုသည်မေရှိယဖြစ်တော်မူကြောင်းကို ကလေးများသည် အဘယ်က သိလာကြသနည်း။• ဘုရားသခင်ကို မည်သည့်အချိန်၌ မည်သိုချီးမွမ်းတော်မူမည်နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
8
25th February_Lenten Devotions 2026 _ WOH
အလျင်အမြန်။ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီလ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။ကျမ်းချက်။ ။ယေရုရှလင်မြိုသို တက်သွားကြရာ၊ လမ်းမှာ ယေရှုသည် တပည့်တော်တိုရှေ့၌ ကြွတော်မူစဉ်၊ သူတိုသည် မိန်းမောတွေဝေ၍ ကြောက်ရွံသောစိတ်နှင့် လိုက်ကြ၏။ ထိုအခါ ကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးတိုကို တစ်ဖန်ခေါ်၍၊ ငါတိုသည်ယေရုရှလင်မြိုသို ယခုသွားကြ၏။ လူသားသည် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတိုလက်သို ရောက်လိမ့်မည်။ ထိုသူတိုသည် သေပြစ်ကို စီရင်၍ တစ်ပါးအမျိုးသားတိုလက်သို အပ်နှံကြလိမ့်မည်။ သူတိုသည်လည်း လူသားအား ပြက်ရယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ တံတွေးနှင့်ထွေးခြင်း၊ အသေသတ်ခြင်းကို ပြုကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူ၍ မိမိကိုယ်၌ရောက်လတ္တံ့သော အမှုအရာတိုကို တပည့်တော်တိုအား မိန့်တော်မူ၏။(ရှင်မာကု ၁၀:၃၂-၃၄)သခင်ယေရှု၏နောက်လိုက်များမိန်းမောတွေဝေ၍ ကြောက်စိတ်ရှိသည်ကိုကြားသိရသော်လည်း ကျွန် တော်မအံ့သြမိပါ။ ကျွန်တော်လည်း ကြောက်စိတ်ရှိမည်သာဖြစ်သည်။ သခင်ယေရှုမှ သူခံယူတော်မူရ မည့်ဒုက္ခဝေဒနာနှင့်သေခြင်းအကြောင်း အားလုံးကို တစ်ကြိမ်မက ကျွန်တော့်ကိုပြောပြမည်ဆိုပါက မိန်းမောတွေဝေ၍ ကြောက်စိတ်ရှိမည်သာဖြစ်သည်။(ရှင်မာကု ၈:၃၁၊ ၉:၃၁ ကိုဖတ်ပါ)သိုသော် ထူးဆန်းသည်မှာ သခင်ယေရှုသည် ထိုနေ ရာကိုရောက်ဖို အလျင်စလိုဖြစ်နေပုံရသည်။ တပည့်တော်တို၏ အရှေ့မှ သခင်ယေရှု လျှောက်တော်မူသည်။ သခင်ယေရှုကို ကွပ်မျက်ဖို မည်သူတိုကအ လျင်စလိုလုပ်နေကြသနည်း။သခင်ယေရှုက တရားဟောနေစဉ် “ထိုဗတ္တိဇံကို မခံမီတိုင်အောင် ငါသည် အလွန်ငြီးငွေ့သောစိတ်ရှိ၏” ဟု မိန့်တော်မူ၏။ (ရှင်လုကာ ၁၂:၅၀)ယုဒရှကာရုတ်သည် သခင်ယေရှုကို အပ်နှံရန်သွားသောအခါ “သင်ပြုရသောအမှုကို အလျင်အမြန်ပြုလော့” ဟု မိန့်တော်မူ၏။ (ရှင်ယောဟန် ၁၃:၂၇)ဒုက္ခဆင်းရဲများကို အဆုံးသတ်လိုခြင်းမှာ လူသားဆန်သောကိစ္စဖြစ်သည်။ သခင်ယေရှုသည်လည်း ကျွန်ုပ်တိုနည်းတူ လူသားတစ်ဦးဖြစ်တော်မူသည်။ သိုရာတွင် အလျင်စလိုလုပ်ဆောင်ရခြင်းထက်ပိုသော အဓိပ္ပါယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သ ခင်ယေရှုသည် ချစ်တော်မူသောကျွန်ုပ်တိုအားလုံးကို၊ မာရ်နတ်၏မကောင်းမှုတန်ခိုးမှ ကယ်တင်ဖိုရန် တာဝန်ပေးအပ်ခံထားသူဖြစ်တော််မူသည်။ သခင်ယေရှုမှ သူ၏သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တိုကို လွတ်မြောက်စေပြီး အသက်သစ်ကိုပေးနိုင်မည်ဖြစ်ကြောင်းကိုသိထားတော်မူသည်။ သခင်ယေရှုအလျင်စလိုလုပ်ဆောင်နေရခြင်းမှာ အံ့သြစရာမရှီပါ။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်ကို ဤမျှချစ်တော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-1. ဒုက္ခခံရသည့်အခါ မြန်မြန်သွားပါသလား၊ သိုမဟုတ် တွန့်ဆုတ်နေပါသလား။2. သခင်ယေရှုသည် သူ၏အသေခံခြင်းနှင့် ရှင်ပြန်ထ မြောက်ခြင်းအားဖြင့် မည်သည့်ကောင်းသောအရာများကို ကျွန်ုပ်တိုအား ပေးသနားတော်မူသနည်း။3. မိတ်ဆွေကို ထာဝရအသက်ပေးရန်အတွက် လိုအပ်သမျှကို သခင်ယေရှုလုပ်ဆောင်ပြီးဖြစ်ကြောင်း သိရှိသောအခါ ယခု မည်သိုခံစားရသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
7
24th February_Lenten Devotions 2026 _ WOH
သခင်ယေရှု၏စကားကို နားထောင်ပါ။အင်္ဂါနေ့၊ ဖေဖော်ဝါရီလ ၂၄ ရက်၊၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ ဆုတောင်းတော်မူစဉ်တွင် မျက် နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက် ဖြူ၏။မောရှေနှင့် ဧလိယတည်းဟူသော လူနှစ်ယောက်တို့သည် ဘုန်းအသရေနှင့် ထင် ရှား၍၊ကိုယ်တော်နှင့်အတူ ဆွေးနွေးလျက် ယေရုရှလင်မြို့၌ စုတေတော်မူမည် အကြောင်းအ ရာကို ပြောကြ၏။ ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ထိုသို့လျှောက်ပြီးမှ မိုးတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ မောရှေနှင့် ဧလိယသည် တိမ်ထဲသို့ဝင်သည်ကို တပည့်တော်တို့ သည် ကြောက်ခြင်းရှိကြသည်ဖြစ်၍၊ဤသူကား ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့ ဟု မိုးတိမ်ကအသံတော် ဖြစ်လေ၏။ (ရှင်လုကာ ၉:၂၉၊ ၃၀-၃၁၊ ၃၃က၊ ၃၄၊ ၃၅)ပေတရုသည် “ထိုသူတို့သည်အထံတော်မှ သွားကြစဉ်” တဲများအကြောင်း အကြံပြုခဲ့သည်။ အ ကြံပြုရသည့်အကြောင်းအရင်းမှာ သူတို့နှုတ် ဆက်နေသည်ဖြစ်ကြောင်းကို သဘောပေါက်ပြီး ထိုသူတို့၏ခွဲခွါခြင်းကို တားမြစ်လိုခဲ့ပုံရသည်။ ထိုတောင်ပေါ်တွင် သခင်ယေရှု၊ အခြားသူများနှင့်အတူ ဘုန်းအသရေရှိသော အချိန်ကို ပေတရု ကြာရှည်စွာ ဖြတ်သန်းလိုခဲ့သည်။သို့သော် ပေတရုဆန္ဒရှိသလို ဖြစ်လာမည်မ ဟုတ်ပါ။ ကျွန်ုပ်တို့၏အသက်တာ၌ပင် ဘုရား သခင်၏ဘုန်းတော်ကို ခဏတာ မြင်တွေ့ခဲ့ရသည်။ ထိုနောက် အိမ်မှုကိစ္စ၊ အလုပ်နှင့် ချိန်းဆိုမှုများ၏ အလယ် ပြန်ရောက်သွားကြသည်။ သို့မဟုတ် ပိုဆိုးသည်က ကျွန်ုပ်တို့သည် ကရာ နီလမ်းကို လျှောက်နေပြီး ဘုန်းတော်ကို ဝေးကွာသည့်အမှတ်တရတစ်ခုအဖြစ်သာအမှတ်ရနေသည့်ဒုက္ခတစ်မျိုးကို ရင်ဆိုင်နေရသည်။ထိုသို့ဖြစ်လာသောအခါ၊ ကျွန်ုပ်တို့လုပ်နိုင် သည်မှာ ဘုရားသခင်၏စကားကို နာခံရန်ဖြစ်သည်- “ဤသူသည် ငါရွေးချယ်သောသူ၊ ငါ၏ သားတော်ပေတည်း။ သူ့စကားကို နားထောင်ကြလော့!” သခင်ယေရှုသည် လက်ဝါးကပ်တိုင်သို့သွားရာလမ်းကို ကောင်းစွာသိတော်မူ၏။ သခင်ယေရှုသည် ဆင်းရဲဒုက္ခနှင့် သေခြင်းတရားကို သိတော်မူပြီး ရှင်ပြန်ထမြောက်ခြင်းကိုလည်း သိတော်မူ၏။ သခင်ယေရှု၏အစေခံများအနေဖြင့် ထိုလမ်းများကို လျှောက်လှမ်းရသောအခါ ကျွန်ုပ်တို့နှင့်အတူရှိမည်ဟု သခင်ယေရှုကတိပေးတော်မူသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရွေး နှုတ်တော်မူပြီ။ ကျွန်ုပ်တို့သည် ဘုရားသခင် ၏လူများဖြစ်သည်။ဆုတောင်းချက်။ ။ သခင်ဘုရား၊ ဒုက္ခများ အ ကျွန်ုပ်ကို လွှမ်းမိုးနေချိန်တွင် ကိုယ်တော်၏ စ ကားကိုသာ နားထောင်ရန် ကျွန်ုပ်အား ကူညီတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• မိတ်ဆွေ၏အသက်တာထဲတွင် "ဘုန်းအသရေ" များကို အဘယ်သို့ကြုံတွေ့ခဲ့ရပါသနည်း။• သခင်ယေရှုမှ “ကျွန်သည် မိမိသခင်ထက် သာ ၍ကြီးမြတ်သည်မဟုတ်” ဟု မိန့်တော်မူ၏။ (ရှင်ယောဟန် ၁၅:၂၀ခ) ဤအချက်သည် ကျွန်ုပ်တို့၏အသက်တာထဲတွင် ကြုံတွေ့နေရသော နာကျင်မှုအကြောင်း မည်သည်ကိုပြောပြသနည်း။• မိတ်ဆွေ၏နေ့စဉ်အသက်တာတွင် သခင်ယေရှု ၏စကားကို အဘယ်သို့နားထောင်လျှက်ရှိသ နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
6
23rd February_Lenten Devotions 2026 _ WOH
ပုဂ္ဂိုလ်ရေးရာ။တနင်္လာနေ့၊ ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၆ခုနှစ်။ကျမ်းချက်။ ။တရံရောအခါ၊ ယေရှုသည် တပည့်တော်တိုနှင့်တကွ ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူစဉ်၊ လူများတိုသည် ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ လူအချိုက၊ ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန်ဖြစ်သည် ဟူ၍ လည်းကောင်း၊ အချိုက၊ ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချိုက၊ ရှေးပရောဖက် တစ်ပါးပါးထပြန်သည် ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊ သင်တိုလည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေး မြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်သည် ဘုရားသခင်၏ ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှာ တပည့်တော်တိုကို ကြပ်တည်းစွာ ပညတ်တော်မူ၏။ ထိုမှတစ်ပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို၏ ငြင်းပယ်ခြင်းကိုလည်းကောင်း၊ အသေသတ်ခြင်းကိုလည်းကောင်း ခံရမည်။သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အ ကြောင်းများတိုကို မိန့်တော်မူ၏။ (ရှင်လုကာ ၉:၁၈-၂၂)သခင်ယေရှု၏ကိုယ်ပိုင်သီးသန့်အချိန်၌ ဖိတ်ခေါ်ခံရသော တပည့်တော်များ မည်သို ရှိခဲ့ကြမည်နည်းဟု ကျွန်တော်တွေးမိသည်။ သခင်ယေရှု တစ်ယောက်တည်း ဆုတောင်းနေခြင်းကိုဆိုလိုသည်။ "တပည့်တော်တိုနှင့်အတူ ရှိနေ ၏"ဟု ဖော်ပြထားသည်။ ထိုနောက် သခင်ယေ ရှု နှုတ်မြွတ်သော စကားတိုင်း၊ နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုအားလုံးကိုသူတိုကြားခဲ့ကြမည်သာ။အဘယ်ကြောင့်ဆိုသော်ထိုကဲ့သိုသောအရပ်၌လူတိုသည်အမြဲအသံလွှင့်၍ဆုတောင်းတတ်ကြသည်။ သခင်ယေရှု၏ စိတ်နှလုံးရှိသမျှသွန်းလောင်းတော်မူသည့်အချိန်လည်းဖြစ်ခဲ့လိမ့်မည်။ခမည်းတော်နှင့် စကားပြောရန် အလွန်အရေး ကြီးသော အကြောင်းအရာအချို သခင်ယေရှု၌ ရှိနေသည်မှာ ထင်ရှားပါသည်။ ကျွန်ုပ်တိုကို အပြစ်နှင့်သေခြင်းထဲမှ ကယ်တင်ဖိုရန်မှာ သ ခင်ယေရှုတာဝန်ယူရမည့်စာရင်း၏ထိပ်ဆုံးတွင် ရှိနေမည်ဖြစ်သည်။ ပေတရုသည် သခင်ယေရှုကို “ခရစ်တော်” အဖြစ် ခွဲခြားသိမြင်နိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပါ။ သခင်ယေရှုသည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရန်အတွက် ဒုက္ခခံယူရန်၊ အသက်စွန့်ရန်နှင့် သေခြင်းထဲမှ ထမြောက်ရန် စီစဉ်နေကြောင်း ပေတရု နားမလည်ပုံရသည်။ သခင်ယေရှု၏ ဆုတောင်းချက်ကို နားထောင်ခြင်းနှင့် နေ့စဉ် သခင်ယေရှုနှင့်အတူ နေထိုင်ခြင်းသည် ပေတရုအတွက် နားလည်ရန် မလုံလောက်ပါ။ မလုံ လောက်သေးပါ။ သိုသော် ကျွန်ုပ်တိုနားလည်ကြသည်။အဘယ်ကြောင့်ဆိုသော်သခင်ယေရှုသည်ဤအရာများကိုကျွန်ုပ်တိုအတွက်လည်းပြုလုပ်ခဲ့သောကြောင့်ဖြစ်တော်မူသည်။ဆုတောင်းချက်။ ။မေတ္တာတော်ရှင်အဖ၊ အ ကျွန်ုပ်ကို ချစ်တော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• သီးသန့်ဆုတောင်းလေ့ရှိသလား။ သိုမဟုတ် တခြားသူများနှင့်အတူ ဆုတောင်းလေ့ရှိပါသ လား။• အဘယ်ကြောင့်နည်း။• သခင်ယေရှုမှ မိတ်ဆွေအတွက် ဆုတောင်းပေးနေသည်ကို ကြားလိုက ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး ၁၇၊ အထူးသဖြင့် အခန်းငယ် ၂၀ မှ ၂၆ အထိကို ဖတ်ပါ။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
5
22nd February_Lenten Devotions 2026 _ WOH
သခင်ယေရှု၏စိတ်နှလုံးကို သိကျွမ်းခြင်း။တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီလ ၂၂ ရက်၊၂၀၂၆ ခုနှစ်။ တနင်္ဂနွေနေ့ကျမ်းချက်။ ။သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြိုတွင် မင်္ဂလာဆောင်ပွဲကိုခံကြစဉ်၊ စပျစ်ရည်ကုန်သောအခါ၊ ယေရှု၏ မယ် တော်က၊ စပျစ်ရည်မရှိဟုကြားပြော၏။ ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည် ငါနှင့် အ ဘယ်သိုဆိုင်သနည်း။ ငါ့အချိန်မရောက်သေးဟု မိန့်တော်မူ၏။ မယ်တော်ကလည်း၊ သူစေ ခိုင်းသမျှတိုကို ပြုကြလော့ဟု အစေခံတိုအားဆိုလေ၏။ ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဖိုအလိုငှာ၊ ထိုအရပ်၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်းခြောက်လုံး ထားလျက်ရှိ၏။ယေရှုကလည်း၊ ဤရေအိုးတိုကိုရေဖြည့်ကြဟု အစေခံတိုအား မိန့်တော်မူလျှင်၊ (ရှင်ယောဟန် ၂:၁က၊ ၃-၇က)မာရိ၏သားဖြစ်သူ သခင်ယေရှုအပေါ်ထားသော ယုံကြည်စိတ်ကို ကျွန်မ သဘောကျမိ သည်။ ဘုရားသခင်ထံ အကူအညီတောင်း သည့်အခါ သိုမဟုတ် ထူးဆန်းသောအဖြေတစ်ခုရသည့်အခါ ငြင်းခုံခြင်း၊မေးခွန်းများပြန်မေးခြင်းပင်မလုပ်ပါ။ အစေခံများကို "သူစေ ခိုင်းသမျှတိုကို ပြုကြလော့"ဟူ၍သာပြောခဲ့သည်။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotionသခင်ယေရှုသည် ထိုအမှုအရာကိုအသိအမှတ် ပြုတော်မူသည်။ ရေကို စပျစ်ရည်အဖြစ်သို ပြောင်းလဲခြင်းဖြင့် မိမိ၏ပထမဆုံးအံ့ဖွယ်အမှုကို ပြုတော်မူ၏။မင်္ဂလာပွဲကျင်းပသူ၏ဂုဏ်သတင်းကိုသခင်ယေရှုမှကယ်တင်ခဲ့သည်။သခင်ယေရှု၏နောက်တော်သိုလိုက်ခါစတပည့်တော်များသည်လည်း သခင်ယေရှုကို ယုံကြည်ကြသည်။မိမိစိတ်ချထားနိုင်ရသည်အထိ သားဖြစ်သူသခင်ယေရှု ပြုတော်မူမည့်အကြောင်း မိခင်မာရိသည် မည်သည်ကိုသိထားခဲ့ပါသနည်း။ သ ခင်ယေရှုသည် ကြင်နာတတ်သူ၊ ကိုယ်ချင်းစာစိတ်ရှိသူဖြစ်ကြောင်း၊ အဆုံးတိုင်တာဝန်ယူစိတ် ရှိကြောင်းကို မိခင်မာရိသိထားသည်။ ထိုသို အံ့ ဖွယ်နိမိတ်လက္ခဏာပြုမည်ကိုမူ သိထားလိမ့် မည် မဟုတ်ပါ။ သိုသော်သခင်ယေရှုသည် မေ တ္တာစိတ်ဖြင့် ပြုတော်မူမည်ဖြစ်ကြောင်း၊ ကူညီပေးမည်ဖြစ်ကြောင်းကို မိခင်မာရိသိထား သည်။နောက်ဆုံးသခင်ယေရှု၏အချိန်ရောက်သောအခါကျွန်ုပ်တိုအတွက်ဒုက္ခခံ၍အသေခံတော်မူရန်လက်ဝါးကပ်တိုင်သိုလျှောက်လှမ်းသည့်အခါ၌လည်း သခင်ယေရှုသည် ထိုနည်းတူပင်ပြုတော်မူခဲ့သည်။ (ယောဟန် ၁၇:၁ ကိုဖတ်ပါ) ကျွန်ုပ်တိုကို ချစ်သောကြောင့် မကောင်းမှု၏ တန်ခိုးမှ ကယ်တင်ပေးတော်မူခဲ့သည်။ သေခြင်းထဲမှ ရှင်ပြန်ထမြောက်တော်မူသောအခါသခင်ယေရှုကို ယုံကြည်ကိုးစားသော ကျွန်ုပ်တိုအားလုံးကို ထာဝရအသက်ပေးမည်ဟု ကတိ ထားတော်မူခဲ့သည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကိုယ်တော်၏ စိတ်နှလုံးကို အကျွန်ုပ်သိကျွမ်းရပါ၏။ ကျွန်ုပ်ကိုကယ်တင်တော်မူသည့်အတွက် ကျေးဇူးတင်ပါသည်။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• မယ်တော်မာရိနှင့်သခင်ယေရှု နောက်ပိုင်းမှာ မည်သည်ကို အပြန်အလှန် ပြောဖြစ်ခဲ့ကြမည်နည်း။• သတိုသားမှ အဘယ်သိုမှတ်ချက်ချပြောဆိုခဲ့လိမ့်မည်နည်း။• မိမိရင်ဆိုင်နေရသော ပြဿနာကို သခင်ယေရှု ဘာပြောမည်ဟု ထင်သနည်း။ ယခုပင် မေးကြည့်ပါ။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
4
21st February_Lenten Devotions 2026 _ WOH
သခင်ယေရှု နားလည်တော်မူ၏။စနေနေ့၊ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ တစ်ရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတိုသည် ဘုရားသ ခင်၏ နှုတ်ကပတ်တရားကို နားထောင်ခြင်းငှာ ကိုယ်တော်အနီးသို တိုးဝင်ကြစဉ်တွင်၊ ကမ်းနားမှာဆိုက်သော လှေနှစ်စင်းကို မြင်တော်မူ၏။ လှေကိုကမ်းနားမှာ အနည်းငယ်ခွာဖွင့်စေခြင်းငှာ ရှိမုန်ကို အခွင့်တောင်းတော်မူ၏။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတိုကို ဆုံးမဩဝါဒ ပေးတော်မူ၏။ စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို ရွေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့ဟု ရှိမုန်အားမိန့်တော်မူ၏။ ရှိမုန်ကလည်း၊ သခင်၊ အကျွန်ုပ်တိုသည် တစ်ညလုံးကြိုးစားသော်လည်း တစ်ကောင်ကိုမျှ မရပါ။ သိုရာတွင် အမိန့်တော်ရှိလျှင် ပိုက် ကွန်ကို ချပါမည်ဟု လျှောက်လေ၏။ထိုသိုချကြပြီးလျှင်၊ အလွန်များစွာသော ငါးတိုကို အုပ် မိသဖြင့် ပိုက်ကွန်သည် စုတ်ပြတ်စရှိ၏။ရှိမုန်ပေတရုသည် မြင်လျှင်၊ ယေရှု၏ ပုဆစ်တော်ကို ဦးတိုက်၍၊ သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူ ဖြစ်ပါ၏။ အကျွန်ုပ်ဆီမှ ကြွသွားတော်မူပါဟု လျှောက်လေ၏။ယေရှုကလည်း၊ကြောက်ရွံခြင်းမရှိနှင့်။သင်သည်ယခုမှစ၍လူတိုကိုဖမ်းမိသောသူဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏။ကမ်းနားမှာလှေကို ဆိုက်ပြီးလျှင်၊ ထိုသူတိုသည် ရှိသမျှတိုကို စွန့်ပစ်၍ နောက်တော်သို လိုက်ကြ၏။ (ရှင်လုကာ ၅:၁၊ ၃ခ-၆၊ ၈၊ ၁၀ခ-၁၁)လှေပေါ်၌ သခင်ယေရှု၏ရှေ့တွင် ဒူးထောက်နေေသာပေတရုတစ်ယောက်မည်သိုခံစားရမည်ကို ကျွန်တော် တွေးကြည့်မိသည်။ ငါးများ ခါးလောက်ထိ ခုန်ပေါက်နေသည်ကို ပေတရုမြင်တွေ့လိုက်ရသည်။ ထိုအချင်းအရာမတိုင်မီက ပေတရုသည် သခင်ယေရှုပြောသည်ကို နားမလည်သလိုပြုမူပြောဆိုခဲ့သည်။ထိုနောက်သူသဘောပေါက်ခဲ့ရသည်မှာသခင်ယေရှုသည်ငါးများကိုသိနားလည်ကြောင်းပင်မဟုတ်ပါလား။ပို၍အရေးကြီးသည်မှာ သခင်ယေရှုသည် လူတိုကို နားလည်တော်မူ၏။ ပေတရုသည် အား နည်းပြီး အပြစ်သားဖြစ်ကြောင်းကို သခင်ယေ ရှုသိတော်မူသည်သိုသော်တခြားလူတိုကိုဘုရားသခင်၏နိုင်ငံတော်သိုခေါ်ဆောင်လာဖိုပေတရုကိုရွေးချယ်ခေါ်ယူတော်မူ၏။ကျွန်ုပ်တို၌အပြစများနှင့်အားနည်းချက်များရှိသော်လည်းသခင်ယေရှုသည်ကျွန်ုပ်တိုကိုခေါ်ယူတော်မူသည်။ကျွန်ုပ်တိုအားလုံးကိုချစ်တော်မူ၍အပြစ်ငရဲထဲမှကယ်တင်ပေးတော်မူရန်အသက်တော်ကိုစွန့်၍ရှင်ပြန်ထမြောက်တော်မူသောသခင်ယေရှု၏အကြောင်း တခြားသူများကို ပြောပြဖို၊ ကျွန်ုပ်တိုကို ဘုရားသခင်မှအသုံး ပြုတော်မူသည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်အား နည်းကြောင်း ကိုယ်တော်သိတော်မူ၏။ မည်သိုပင်ဖြစ်စေ အကျွန်ုပ်ကို အသုံးပြုတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• သခင်ယေရှုသည် သာမန်တံငါသည်များကို တ ပည့်တော်များအဖြစ် ရွေးချယ်တော်မူခဲ့သည် မှာ သအဘယ်ကြောင့်ဟုထင်ပါသနည်း။• ထိုနည်းတူ မိတ်ဆွေ ရွေးချယ်ခဲ့မည်လား။ အ ဘယ်ကြောင့်နည်း သိုမဟုတ် အဘယ်ကြောင့် မရွေးချယ်မည်နည်း။• သခင်ယေရှုသည် မိတ်ဆွေကိုလည်း ချစ်တော်မူ၍ ခေါ်ယူတော်မူ၏။ သခင်ယေရှုကို ဖြေကြားရန် စဉ်းစားသောအခါ မိမိ၏စိတ်ထဲတွင် မည်သည့်အရာများ ပေါ်လာသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
3
20th February_Lenten Devotions 2026 _ WOH
ထူးဆန်းသောအဖော်ပြုလုပ်ကျွေးကြသူများ။သောကြာနေ့၊ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၆ခုနှစ်။ကျမ်းချက်။ ။ထိုခဏချင်းတွင် ဝိညာဉ်တော်သည် ယေရှုကို တောသို သွားစေတော်မူ၏။ အရက်လေးဆယ်ပတ်လုံး ထိုတော၌နေ၍ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲတိုနှင့်အတူ ရှိတော်မူ၏။ ကောင်းကင်တမန်တိုသည်လည်း လုပ်ကျွေးကြ၏။ (ရှင်မာကု ၁:၁၂-၁၃)သခင်ယေရှုနောက် တောထဲသို လိုက်ကြည့်ကြရ အောင်။ ပတ်ဝန်းကျင်ကိုကြည့်ပါက မည်သည့်အရာများကို မြင်တွေ့ရမည်နည်း။ သန့်ရှင်းသောဝိညာဉ်တော်ကိုယ်တိုင်မှ သခင်ယေရှုကို တောထဲသိုစေ လွှတ်ခဲ့သည်။ ဘုရားသခင်သည် ထိုတောအရပ်၌ရှိတော်မူ၏။ စာတန်သည်လည်း ထိုအရပ်၌ရှိနေပြီးသခင်ယေရှုကို သွေးဆောင်ဖို ကြိုးစားနေသည်။ ကောင်းကင်တမန်များလည်းရှိကြသည်။ သိုသော် သူတို ဘာလုပ်နေသည်ကို အတိအကျ မသိရပေ။ ထိုအပြင် သားရဲတိရစ္ဆာန်များလည်း ရှိကြသည်။ ဤသည်မှာ သခင်ယေရှုကို အဖော်ပြုပေးသူများဖြစ်ကြသည်။ဘုရားသခင်မှစ၍ တိရစ္ဆာန်များအထိ သက်ရှိများ ၏ စာရင်းသည် အတော်လေး ကောင်းပါ၏။ သိုသော် တစ်ခု လိုနေ၏။ လူတိုသည် အဘယ်မှာနည်း။သခင်ယေရှုသည် လူသားတစ်ယောက်ဖြစ်တော်မူ ၏။ သခင်ယေရှုသည် ကျွန်ုပ်တို၏ကိုယ်စားဖြစ်တော်မူပြီး ကျွန်ုပ်တို မတတ်နိုင်သောအမှုအရာကို ကျွန်ုပ်တိုကိုယ်စား လုပ်ဆောင်ပေးတော်မူသည်။ “ကိုယ်တော်ရဲ့လို အပ်ချက်တွေကို ဖြည့်ဆည်းဖို အံ့ဖွယ်အမှုတွေကို လုပ်ဆောင်ပါ။ ဘုရားသခင်ကို ယုံကြည်မယ့်အစား ကိုယ်တော်ရဲ့ တန်ခိုးနဲ့ သစ္စာတရားကို သက်သေပြဖို ဘုရားသခင်ကို တောင်းဆိုပါ။ ဘုရားသခင်ကိုကျော ခိုင်းပြီး လောကီအာဏာကို ရယူလိုက်ပါ” စသည်ဖြင့်သ ခင်ယေရှုသည် ရက်ပေါင်း ၄၀ ကြာ စုံစမ်းနှောင့်ယှက်ခြင်းကို ခံယူတော်မူခဲ့သည်။ ကျွန်ုပ်တိုနှင့်မတူ၊ သခင်ယေရှုသည် သစ္စာစောင့်တော်မူ၏။ဤနေရာတွင် နှစ်သက်ဖွယ်ကောင်းသောအရာမှာ ဘုရားသခင်၏သားတော်သခင်ယေရှုသည် လူသားလည်းဖြစ်တော်မူသည်။ သခင်ယေရှုသည် ကျွန်ုပ်တိုထဲမှ တစ်ဦးဖြစ်လာပြီး တူညီသောလိုအပ်ချက်များနှင့် ဒုက္ခများကို ဆာလောင်မွတ်သိပ်ခံကာ တစ်ဦးတည်း စုံစမ်းသွေးဆောင်မှုကို ခံယူတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုသည် ကျွန်ုပ်တိုကို ချစ်တော်မူပြီး မကောင်းမှုမှ ကယ်တင်တော်မူလို သည်။ ဘုရားသခင်၏အိမ်သိုလည်း ပြန်လည်ပို ဆောင်ပေးလိုတော်မူသောကြောင့်ဖြစ်သည်။ လက် ဝါးကပ်တိုင်ပေါ်တွင် အသေခံ၍ သေခြင်းထဲမှ ထ မြောက်ရခြင်းသည်လည်း ကျွန်ုပ်တိုကို ကယ်တင်ရန်စေလွှတ်တော်မူသော ခမည်းတော်ကို ချစ်တော်မူသောကြောင့်ဖြစ်သည်။ဆုတောင်းချက်။ ။သခင်ယေရှုဘုရား၊ လူ့ဇာတိခံယူတော်မူခဲ့သည့်အတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်ဒုက္ခရောက်ပြီး ကိုယ်တော်ကို အလွန်လိုအပ်သည့်အခါ ကိုယ်တော်ကို ခေါ်နိုင်ရန်မစတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ဘုရားသခင်သည် ကျွန်ုပ်တိုကို ကယ်တင်ရန် ကောင်းကင်တမန်တစ်ပါးကို စေလွှတ်ခဲ့မည်ဆိုပါက လုံလောက်ပါမည်လော။• အဘယ်ကြောင့်နည်း သိုမဟုတ် အဘယ်ကြောင့်မလုံလောက်ရသနည်း။ အကြောင်းပြချက်များ ဖော်ပြပါ။• သခင်ယေရှုသည် ထာဝရလူသားတစ်ယောက်ဖြစ်တော်မူ၏။ ၄င်းနှင့်သက်ဆိုင်၍ မည်သိုခံစားရသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
2
19th February_Lenten Devotions 2026 _ WOH
ထင်မှတ်မထားသော။ကြာသပတေးနေ့၊ ဖေဖော်ဝါရီလ ၁၉ ရက်၊၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။ ထိုမှတစ်ပါး ဝိညာဉ်တော်သည်ကောင်းကင်မှ ချိုးငှက်ကဲ့သို ဆင်းသက်၍ ထိုသူ၏အပေါ်၌ နားတော်မူသည်ကို ငါမြင်ရပြီ။ အစက ထိုသူကိုငါမသိ။ ရေ၌ဗတ္တိဇံကိုပေးစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူသောသူက၊ အကြင်သူ၏အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍ နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကား သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကိုပေးသောသူပေတည်းဟု မိန့်တော်မူသည်နှင့်အညီ။ ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။ (ရှင်ယောဟန် ၁:၂၉၊ ၃၂-၃၄)ယောဟန် ၁:၂၅-၃၇ တွင် ထူးဆန်းသောအကြောင်းအရာတစ်ခု ဖြစ်ပေါ်နေသည်။ ယောဟန် ဗတ္တိဇံပေးပေးနေသည့်လူအုပ်ကြားတွင် သခင်ယေရှုသည် လှည့် လည်သွားလာနေပုံရသည်။ လူအုပ်ကြားထဲ၌ မထင်မရှား ရက်အတော်ကြာ အတူသွားလာနေပုံရသည်။အဘယ်သူကမျှ သခင်ယေရှုကို သတိထားမိပုံမရပါ။ယောဟန်မှလွဲ၍ လူတိုသတိထားမိပုံမရပါ။ ယောဟန်သည် တစ်ကြိမ်ထက်မက စိတ်အားထက် သန်စွာ ဖြင့် သခင်ယေရှုကြွလာမည့်အကြောင်းကို ဖော်ပြခဲ့ပြီး သခင်ယေရှု ဗတ္တိခံယူသည့်နေ့၌ သူမြင်တွေ့ခဲ့ရသောမြင်ကွင်းကို ပြောပြခဲ့သည်။ သူ၏ သက်သေခံချက်ကြောင့် သူ၏တပည့်နှစ်ဦးကို သခင်ယေရှုထံ ဆုံးရှုးခဲ့ရသည်။ ထိုအတွက် ယောဟန်ဝမ်း မြောက်ခဲ့သည်။အဘယ်ကြောင့်ဆိုသော် ယောဟန်သည် ဘုရားသ ခင်ပေးတော်မူသော တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့၍ဖြစ်မည်ဟု ကျွန်တော်ထင်သည်။ယခုတာဝန်သည်ဘုရားသခင်ရွေးချယ်ထားသောပူဇော်သက္ကာဖြစ်သောသခင်ယေရှုထံရောက်သွားပြီ၊ဘုရားသခင်၏လူတိုကို ကယ်တင်ဖိုရန် အသက်ကို စွန့်လွှတ်မယ့် သိုးသငယ်ဖြစ်တော်မူသည်။ သခင်ယေရှု၏လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအား ဖြင့် ကျွန်ုပ်တိုရဲ့အပြစ်အားလုံးကိုဖယ်ရှားပေးတော်မူသည်။ကျွန်ုပ်တိုကိုအပြစ်မှလွှတ်တော်မူသည်။သခင်ယေရှုကိုယုံကြည်ကြသောကျွန်ုပ်တိုအားလုံးကိုသေခြင်းထဲမှထမြောက်စေပြီးထာဝရအသက်ကိုပေးတော်မူမည်။ဘုရားသခင်၏ဝိညာဉ်တော်ဖြင့်ကျွန်ုပ်တိုကိဗတ္တိဇံပေးတော်မူမည်ဖြစ်ပြီး ကျွန်ုပ်တို သည် ထာဝရဘုရားသခင်၏သားသမီးများ ဖြစ်ကြရလိမ့်မည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်ထင်မှတ်မထားချိန်၌ ကိုယ်တော်ကို သိမှတ်မိနိုင်စေရန် ကူညီတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• သခင်ယေရှုသည် လူအုပ်ကြားတွင် အဘယ်ကြောင့် မထင်မရှားသွားလာနေရသနည်း။• ဝိညာဥ်တော်ကြွဆင်းလားခြင်း၏ ရလဒ်ကား အဘယ်နည်း။• သခင်ယေရှုသည် မိတ်ဆွေ၏ဘဝထဲသို ထင်မှတ်မထားသော မည်သည့်အချိန်တွင် ကြွလာတော်မူခဲ့သနည်း။ မည်သိုဖြစ်လာခဲ့သနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
-
1
18th February_Lenten Devotions 2026 _ WOH
ဘုရားသခင်ကို မြင်နိုင်မည်ဆိုပါက...ပြာဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီလ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို၏အလင်းဖြစ်၏။ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည် မခံမယူ။ သူသည် မိမိဒေသအရပ်သို ကြွလာသော်လည်း၊ မိမိလူမျိုးတိုသည် သူ့ကိုလက်မခံဘဲ နေကြ၏။ ထိုသူကိုလက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတိုအား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါတိုတွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို သူ၏ဘုန်းတော်ကို ငါတိုသည် မြင်ရကြပြီ။ ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။ (ရှင်ယောဟန် ၁:၁၊ ၄-၅၊ ၁၁-၁၂၊ ၁၄၊ ၁၈ )ဘုရားသခင်ကို မြင်ရပြီး ဘုရားသခင်သည် အဘယ် သိုသောဘုရားဖြစ်ကြောင်းသိနိုင်ပါက ကောင်းလိမ့်မည်။ ကျွန်တော်အပေါ် ထားသော ဘုရားသခင်၏စိတ်သဘောထားကိုသိနိုင်ရင်ကောင်းလိမ့်မည်။ကျွန်တော်၏မိသားစု၊သူငယ်ချင်းများကိုသိသလိုမျိုးဘုရားသခင်ကိုသိခဲ့မည်ဆိုပါက....စသည်ဖြင့်လူတိုင်း၌လူသားဆန်သည့်စိတ်ဆန္ဒများရှိကြသည်။ဘုရားသခင်သည်ကျွန်တော်တို၏ ကယ်တင်ရှင်အ ဖြစ် သခင်ယေရှုတည်းဟူ၍ လူ့ဇာတိကိုခံယူလျှက် ကမ္ဘာမြေသို ကြွလာတော်မူသောကြောင့် ဘုရားသ ခင်ကို ကျွန်ုပ်တို သိနိုင်ကြောင်း သမ္မာကျမ်းစာမှပြောပြ ထားသည်။ ခရစ်ဝင်ကျမ်းလေးစောင်တွင်လည်းဖော်ပြထားသည်။ ထိုကြောင့် ယခုအခါ ကျွန်ုပ်တို သည် အခြားလူများကို သိသကဲ့သို တစ်ချိန်က မျက် မြင်မရသော ဘုရားသခင်ကို သိနိုင်ပြီဖြစ်သည်။ ကျွန်ုပ်တိုကို အလွန်ချစ်တော်မူသော ဤဘုရားသခင်သည် ကျွန်ုပ်တိုကို ကယ်တင်ရန် သူ၏အသက်ကို စွန့်တော်မူခဲ့သည်။ သခင်ယေရှုသည် သေခြင်းထဲမှ ထမြောက်တော်မူပြီး မိမိကို ယုံကြည်ကိုးစားသူတိုင်းကို ထာဝရအသက်ပေးမည်ဟု ကတိပေးထားသော ကြောင့် ကျွန်တော်တို၌ သခင်ယေရှုအား ပိုမိုနက်ရှိင်းစွာ သိကျွမ်းပြီး ချစ်နိုင်မည့် ထာဝရအချိန်ကာလရှိသည်။ဆုတောင်းချက်။ ။ချစ်စွာသောဘုရားသခင်၊ နှုတ် ကပတ်တော်အားဖြင့် ကိုယ်တော်ကိုသိမြင်ရစေရန် အကျွန်ုပ်အား သွန်သင်ပေးတော်မူပါ။ အထူးသဖြင့် ကိုယ်တော်သည် အကျွန်ုပ်ကို အဘယ်မျှချစ်တော်မူကြောင်းကို သိမြင်စေရန် သွန်သင်ပေးတော််မူပါ။ အာမင်။ သုံးသပ်ချက်မေးခွန်းများ-• ဘုရားသခင်အကြောင်း ပိုမိုသိရှိလာရသည်နှင့်အမျှ ဘုရားသခင်သည် မိတ်ဆွေထံမှ အလိုချင်ဆုံးအရာကား အဘယ်နည်း။• အဘယ်ကြောင့် ထိုသိုထင်သနည်း။• ဘုရားသခင်နှင့်သက်ဆိုင်၍ အဘယ်အရာကို မိတ်ဆွေအလိုချင်ဆုံးဖြစ်သနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
ABOUT THIS SHOW
“သင်တို၏ဘုရင်ကိုကြည့်လော့” Behold Your King!Lenten Devotion (ခရစ်ယာန်တို၏ ဝါတွင်းအချိန်အခါ ဆင်ခြင်ခွန်အားယူစရာဘုရားသခင်သည် လောကသားတိုကို ချစ်လွန်းသဖြင့် အပြစ်မှရွေးနှုတ်ရန် သားတော်ယေရှုကို စေလွှတ်ခဲ့သည်။ သိုသော် ကိုယ်တော်သည် လူသားတို၏ငြင်းပယ် ခြင်း၊ ကဲ့ရဲ့ခြင်းနှင့် အရှက်ခွဲခြင်းတိုကိုခံကာ ကျွန်ုပ်တိုကိုယ်စား ကားတိုင်ထက်၌ အသက်စွန့်ခဲ့သည်။အပြစ်စီရင်ခြင်းခံရသူအဖြစ် လူအများ ထင်မှတ်ခဲ့သော်လည်း၊ ကိုယ်တော်သည် အမှန်တကယ်တွင် ကျွန်ုပ်တိုကို အပြစ်မှလွတ်မြောက်စေရန် လူ့ဇာတိခံယူ၍ ကြွလာသော ဘုရင်မြတ်ဖြစ်ပါသည်။ လူသားတိုအတွက် အသက်ကိုပင် စွန့်လွှတ်ခဲ့ခြင်းမှာ ဘုရားသခင်၏အတိုင်းအဆမရှိသော မေတ္တာတော်ပင် ဖြစ်ပါသည်။ ထိုကြောင့် သခင်ယေရှု၏အသက်စွန့်ချစ်ခြင်းမေတ္တာတော်ကို အောက်မေ့သတိရလျက် ဆင်ခြင်ခွန်အားယူဖိုရန် မိတ်ဆွေများကို ဖိတ်ခေါ်အပ်ပါသည်။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
HOSTED BY
Hope For Youth (WOH-LHM)
CATEGORIES
Loading similar podcasts...