EPISODE · Jul 15, 2026 · 3 MIN
𝗪𝗵𝗲𝗻 𝗼𝗻𝗲 𝗱𝗼𝗼𝗿 𝗰𝗹𝗼𝘀𝗲𝘀, 𝗮𝗻𝗼𝘁𝗵𝗲𝗿 𝗱𝗼𝗼𝗿 𝗼𝗽𝗲𝗻𝘀.
from ဒီနေ့အတွက်စကား · host Padamyar FM
ငြင်းဆိုခံရခြင်း ဆိုတာ ဘဝမှာ မလွှဲသာမရှောင်သာကြုံတွေ့ရတတ်တဲ့ ဘဝအစိတ်အပိုင်းတစ်ခုဆိုလည်း မမှားပါဘူး။ ကိုယ် ချစ်တဲ့ သူ (သို့)သံယောဇဉ်ရှိသူရဲ့ ငြင်းဆိုမှုကို ခံရတယ်။ ကိုယ်လျှောက်တဲ့ အလုပ်မှာ ကိုယ့်ကိုငြင်းပယ်ခံရတယ်။ ကိုယ် တီထွင် ဖန်တီးထားတဲ့တန်ဖိုးထားတဲ့အရာတွေအပေါ် ငြင်းဆိုခံရတယ်။ အလုပ်မှာ ကိုယ်တင်သွင်းတဲ့အဆိုကိုငြင်းပယ်ခံရတယ်။ အနီးရှိသူတွေထံက ကိုယ့်တောင်းဆိုမှုတွေအပေါ် ငြင်းပယ်ခံရတယ် စသဖြင့်အမျိုးမျိုးပေါ့။ ဒီလိုငြင်းဆိုခံရမှုတွေဟာ တချို့တွေအတွက် စိတ်ပျက်အားလျော့စရာဖြစ်စေတယ်။ ယုံကြည်မှု ပျောက်ရှစေတယ်။နာကျင် ခံစားစေတယ်ပေါ့။ ဘယ်သူမှတော့ ကိုယ့်ကို ငြင်းဆိုနေမှုကို လိုချင်ကြမှာမဟုတ်ပါဘူး။ ဒါတွေဟာ Self-Doubt ကိုယ့်ကို ကိုယ်သံသယဖြစ်စေဖို့၊ inner fear စိတ်တွင်းအကြောက်တရားတွေရရှိလာဖို့ လှုံ့ဆော်နိုင်တဲ့ triggerတွေ လို့လည်းပြောနိုင် ပါတယ်။
Embed this episode
NOW PLAYING
𝗪𝗵𝗲𝗻 𝗼𝗻𝗲 𝗱𝗼𝗼𝗿 𝗰𝗹𝗼𝘀𝗲𝘀, 𝗮𝗻𝗼𝘁𝗵𝗲𝗿 𝗱𝗼𝗼𝗿 𝗼𝗽𝗲𝗻𝘀.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.