၇ ပွဲကစား ၇ ပွဲနိုင် ရလဒ်ကို မွန်ဖိုက်တာ ပုညစိုင်း အရယူပြနိုင်မလား episode artwork

EPISODE · Nov 26, 2024 · 2 MIN

၇ ပွဲကစား ၇ ပွဲနိုင် ရလဒ်ကို မွန်ဖိုက်တာ ပုညစိုင်း အရယူပြနိုင်မလား

from Dawei Watch Podcast · host Dawei Watch

လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့ရောက်ရင် ဖိလစ်ပိုင်ဖိုက်တာ ဂျွန်ကော်လန် နဲ့ မြန်မာဖိုက်တာ ပုညစိုင်း ထိုးကြတော့မှာပါ။ ဒီပွဲကို MMA ပွဲစဉ်အဖြစ် ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့မှာ ကျင်းပမယ့် Soma Fight Series -13 ပြိုင်ပွဲမှာ မွန်ဖိုက်တာ ပုညစိုင်းဟာ ဖိလစ်ပိုင်ဖိုက်တာဂျွန်ကော်လန်နဲ့ အဓိက ခေါင်ပွဲအဖြစ် ထိုးရမှာပါ။ ဖယ်သာဝိတ်တန်း ၁၄၅ ပေါင်ပွဲအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဂျွန်ကော်လန်က အသက် ၂၃ နှစ်၊ အရပ် ၅ ပေ ၈ လက်မ ရှိပါတယ် ။ပရော်ဖက်ရှင်နယ်ပွဲ ၄ ပွဲထိုးသတ်ထားဖူးပြီး ၂ ပွဲနိုင် ၂ ပွဲရှုံး ရလဒ် ရရှိထားသူဖြစ်ပါတယ်။ မြန်မာကိုယ်စားပြု မွန်ဖိုက်တာပုညစိုင်းကတော့ အသက် ၂၆ နှစ်ပါ။ ပုညစိုင်းရဲ့ထူးခြားချက် ပရော်ဖက်ရှင်နယ်ဖိုက်တာဘဝမှာ ရှုံးပွဲ လုံးဝမရှိသေးတာပါပဲ။ MMA ပွဲစဉ် ၆ ပွဲ ထိုးထားမှာ ပုညစိုင်းက ၆ ပွဲလုံး အနိုင်ရရှိထားပါတယ်။

Episode metadata supplied by the publisher feed · Published Nov 26, 2024

Embed this episode

Ready to play

၇ ပွဲကစား ၇ ပွဲနိုင် ရလဒ်ကို မွန်ဖိုက်တာ ပုညစိုင်း အရယူပြနိုင်မလား

0:00 2:29

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of Dawei Watch Podcast?

This episode is 2 minutes long.

When was this Dawei Watch Podcast episode published?

This episode was published on November 26, 2024.

Can I download this Dawei Watch Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!