EPISODE · Dec 13, 2025 · 3 MIN
A life without a goal is like a kite floating in the wind.
from ဒီနေ့အတွက်စကား · host Padamyar FM
ရည်မှန်းချက်ပန်းတိုင်တွေ ရှိပါသလား။ရည်မှန်းချက်ပန်းတိုင် မရှိတဲ့ ဘဝက လေလွင့်နေတဲ့ စွန်လိုပါပဲ ဦးတည်ရာမရှိဘဲရောက်ချင် တဲ့နေရာကို ရောက်နေမှာပါ။ ထို့အတူပါပဲ၊ ရည်မှန်းချက်တွေ ပန်းတိုင်တွေမရှိရင် ဘဝမှာ တိုးတက်အောင်မြင်မှုတွေ ရရှိနိုင်မှာ မဟုတ်ပါဘူး။ နားဆင်သူတို့အခုဒီအစီအစဉ်ကို နားဆင်နေတဲ့ချိန်မှာ ကိုယ့်ရောက်ချင်တဲ့နေရာ၊ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်က ဘာလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ အချိန်ယူပြီးသုံးသပ်ကြည့်ပါ။ ထို့နောက် ရည်မှန်းချက်ပန်းတိုင်တွေကို သတ်မှတ်ပါ။ရည်မှန်းချက်ပန်းတိုင်တွေကို ထားရှိပြီးရင် ထိုအရာတွေဆီ အရောက်သွားပြီးဆွတ်ခူးနိုင်ဖို့ လိုပါတယ်။ ရည်မှန်းချက်ပန်းတိုင်များထားရှိပြီးရင်လည်း ရှင်းလင်းပြတ်သားဖို့ လိုပါတယ်။ ရည်မှန်းချက်ပန်းတိုင်များမရေမရာ ဖြစ်နေတာ၊ ကိုယ်လိုချင်တာကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မသိတဲ့အခါဘာကို အရင်လုပ်ရမှန်းမသိဖြစ်ပြီး ဇဝေဇဝါ ဖြစ်လာတတ် ပါတယ်။ ထိုအခါစိတ်အားထက်သန်မှုနဲ့ ကြိုးစားချင်စိတ်တွေ နည်းလာတတ်ပါတယ်။ ဒါကြောင့် သေသေချာချာစဉ်းစားသုံးသပ်ပြီး မိတ်ဆွေတို့ရဲ့ ပန်းတိုင်က လုံးဝခိုင်မာပြီး အရှင်းလင်းဆုံးဖြစ်နေပါစေ။
Embed this episode
NOW PLAYING
A life without a goal is like a kite floating in the wind.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.