EPISODE · Sep 8, 2025 · 3 MIN
A Person Without A Goal In Life Is Like A Kite With A Broken String.
from ဒီနေ့အတွက်စကား · host Padamyar FM
A Person Without A Goal In Life Is Like A Kite WithA Broken String. လူတစ်ယောက်ရယ်လို့ ဖြစ်လာပြီဆိုရင် ရှင်သန်ရာဘဝတစ်လျှောက်လုံးမှာကိုယ်ဖြစ်ချင်တဲ့ ပုံစံ၊ လိုချင်တဲ့ပန်းတိုင်၊ တတ်လှမ်း ချင်တဲ့ အောင်မြင်မှုစတဲ့တစ်ခု ဖြစ်စေ၊ တစ်ခုထက်ပိုသော ရည်မှန်းချက်တွေ ဖြစ်စေ ရှိသင့်ပါတယ်။ ဘဝရည်မှန်းချက်ဆိုတာက တစ်ခါတစ်လေမှာ ရေရှည် အတွက် ဖြစ်သလို၊ တစ်ခါတစ်လေမှာအချိန်အပိုင်းအခြားတစ်ခုအတွက်ပဲ ဖြစ်တတ်ပါတယ်။ အဓိကကတော့ ရည်မှန်း ချက် ရှိဖို့ပဲလိုတာပါ။ ဘဝ ရည်မှန်းချက်မရှိသူတွေရဲ့ ဘဝက ကြိုးပြတ်နေတဲ့ စွန် လိုပါပဲ။ လေနှင်ရာလွင့်မြောပြီး ခိုင်မာတဲ့ အောင်မြင်မှု၊ နေရာတွေကို ရရှိပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။ ကိုယ် ဘယ်အရာကို စိတ်အားထက်သန်လဲဆိုတာ စဉ်းစားပါ။ ဘဝ ရည်မှန်းချက်ပန်းတိုင်ကို ဘယ်လိုချမှတ်ရမလဲဆိုတဲ့ လုပ်ငန်း စဉ်ရဲ့တစ်စိတ်တစ်ပိုင်းကတော့ စိတ်အားထက်သန်စေတဲ့အရာနဲ့ ကျွန်တော်တို့ရဲ့ တန်ဖိုး၊ကိုယ့်အတွက် အဓိပ္ပါယ်ရှိတာ ဘာလဲ ဆိုတာကို အရင်ဆုံး ဆုံးဖြတ်သင့်ပါတယ်။ ရေရှည်မှာအောင်မြင်ချင်တယ်ဆိုရင်တော့ ရည်မှန်းချက် တွေကို စိတ်အားထက်သန် နေဖို့ လိုပါတယ်။ဒါမှသာ အနေနဲ့ ထိုရည်မှန်းချက် ပန်းတိုင်တွေဆီ အရောက်သွားနိုင်ဖို့ ပထမဆုံး ခြေလှမ်းကို စတင်နိုင်မှာပါ။
Embed this episode
NOW PLAYING
A Person Without A Goal In Life Is Like A Kite With A Broken String.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.