EPISODE · Jan 27, 2026 · 3 MIN
A proportional combination of happiness and sadness is called life.
from ဒီနေ့အတွက်စကား · host Padamyar FM
အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ရင့်ကျက်တယ် ဆိုတာကျနော်တို့ဆီကို လူတွေအများကြီး ဝင်လာပြီးလူတွေအများကြီးပြန်ထွက်သွားတာမျိုးဖြစ်လိမ့်မယ်လို့ထင်မိတယ်။ လူတစ်ယောက်ကို ရင့်ကျက်စေတာဟာအခြားလူတစ်ယောက်ကပဲ သင်ပေး တာဖြစ်လိမ့်မယ်။ လူတွေ တစ်ယောက်ပြီး တစ်ယောက်ဝင်လာလိုက်၊ ပြန်ထွက်သွားလိုက်နဲ့ ဘဝဟာ စိတ်လှုပ်ရှား စရာ ကောင်း လွန်းပါတယ်။ တွေ့ဆုံခြင်းတိုင်းဟာ အစပိုင်းမှာ အရမ်းကောင်းနေမှာပါပဲ။ဝဋ်ကြွေး ကြောင့်လားရေစက်ကြောင့်လား ဆိုတာကိုတော့ သူတို့ ထွက်သွားတဲ့အချိန်မှ ကွဲကွဲပြား ပြားသိရမှာပါ။ ပုံစံအမျိုးမျိုး နဲ့ဝင်လာမယ်။ မတည်နိုင်တဲ့ ကတိတွေပေးမယ်။ စကားတွေ အများကြီး ပြောမယ်။မျှော်လင့်ချက်တွေပေးကြမယ်။ ပျော်စရာတွေလည်း ပေးကောင်း ပေးမယ်။ နာကျင်စရာတွေလည်းပေးမှာပဲ။ သင်ခန်းစာတွေလည်းရလိမ့်မယ်။ တစ်ချိန်မှာဒါတွေအားလုံးဟာ လေထဲ မှုတ်ထုတ်လိုက်တဲ့စီးကရက် ငွေ့တွေလို အမှတ်မထင် ပျောက်ကွယ်သွားကြမှာပါ။
Embed this episode
NOW PLAYING
A proportional combination of happiness and sadness is called life.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.