EPISODE · Dec 11, 2024 · 1 MIN
အာရှဖလားခြေစစ်ပွဲ မြန်မာကို တူရာတူရာ စုပေးလိုက်လေသလား
from Dawei Watch Podcast · host Dawei Watch
၂၀၂၇ ခုနှစ် အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအုပ်စုတွေ ထွက်လာတယ်။ မြန်မာကလည်း တကယ့်ကို ဇာတာပါပဲ။ ခြေစစ်ပွဲအုပ်စု မဲခွဲသူတွေဟာ မြန်မာကို တူရာတူရာ စုပေးလေသလားတောင် ထင်မှတ်ရပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားတော့လည်း ဂျပန်ကလွဲရင် မြန်မာ ရင်ဆိုင်ခဲ့ရတာက ဆီးရီးယားနဲ့ မြောက်ကိုရီးယား ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အုပ်စုမဲခွဲတုန်းကတော့ ဆီးရီးယား ဟာ အာဆတ်ဒ်ရဲ့လက်အောက်မှာပါ။ အခုတော့ အနေအထားချင်း ယှဉ်လိုက်ရင် ဆီးရီးယားက သာသွားခဲ့ပါပြီ။ အာဆတ်ဒ် လက်အောက်ကနေ လွတ်မြောက်သွားပြီဆိုတော့ ဘိန်းစားချင်းအတူတူမှာ ဆီးရီးယားက တစ်လုံးပိုရှူခွင့် ရသွားတာပါပဲ။ အခုလည်း ၂၀၂၇ ခုနှစ် အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအုပ်စုအဆင့်ကို မဲခွဲလိုက်တော့ မြန်မာက ဆီးရီးယားနဲ့ပဲ ပြန်ဆုံပါတယ်။ ထူးခြားတာက မြန်မာနဲ့ ဆီးရီးယားတို့ရဲ့အုပ်စုထဲကို အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ပါ တွဲထည့်ပေးလိုက်တာပါပဲ။
Embed this episode
Ready to play
အာရှဖလားခြေစစ်ပွဲ မြန်မာကို တူရာတူရာ စုပေးလိုက်လေသလား
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.