EPISODE · Mar 11, 2026 · 3 MIN
Accept that you cannot change. Accept that you cannot control. Accept the reality of the situation.
from ဒီနေ့အတွက်စကား · host Padamyar FM
ပြောင်းလဲလို့မရတာကို လက်ခံလိုက်ပါ။ ထိန်းချုပ်လို့မရတာကိုလက်ခံလိုက်ပါ။ အခြေအနေအမှန်ကို လက်ခံလိုက် ပါ။ လက်ခံလိုက်ပါ ဆိုတဲ့ စကားလေးကသာလွယ်ကူရိုးရှင်းပြီး အကောင်းဆုံးအဖြေတွေဆီ ခေါ်ဆောင် သွားနိုင်တာ မှန်ပေမယ့်လည်းတကယ့်တကယ် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်နေတဲ့ အခြေ အနေတွေအပေါ် လက်ခံနိုင်ဖို့ ဆိုရာမှာတော့ဖြတ်သန်းရတဲ့လူအတွက် ခက်ခဲလွန်း လှပါတယ်။ အန္တရာယ်တွေကြုံလာရင်တောင် Body ရဲ့ Auto Response အရ ကိုယ့်ကိုကိုယ် ကာကွယ်တတ်တဲ့ လူသားတွေ အတွက် ထိန်းချုပ်လို့မရတာတွေ၊ ဝမ်းနည်းစရာတွေ၊ ဆုံးရှုံးရတာတွေ၊ ဝေးကွာသွား ရတာတွေနဲ့ပြန်မရမနိုင်တော့တဲ့ အခြေ အနေ တွေကို ရင်ဆိုင်ကြုံတွေ့ကြရတဲ့အခါ လက်ခံဖို့ထက်အံ့သြတုန်လှုပ်မှုတွေ၊ နာကျင်ခံစားခြင်းတွေ၊ ဒေါသတွေ၊ မကျေနပ်ချက်တွေနဲ့အဆင်မပြေမှုတွေ ကသာ ကိုယ့်ဆီ ဦးဆုံးတိုးဝင်လာကြတာ ထုံးစံပါပဲ။ ဒါကြောင့်လက်ခံလိုက်ပါ ဆိုတဲ့စကားလုံး လေးဟာ သိမ်မွေ့လွန်းပြီး အချိန်ယူတည်ဆောက်ရတဲ့ဖြစ်စဉ်တစ်ခုလိုပါပဲ။
Embed this episode
NOW PLAYING
Accept that you cannot change. Accept that you cannot control. Accept the reality of the situation.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.