Achieve Daily Success By Integration.         episode artwork

EPISODE · Mar 9, 2026 · 3 MIN

Achieve Daily Success By Integration.

from ဒီနေ့အတွက်စကား · host Padamyar FM

အရာအားလုံးကဆက်စပ်နေကြတယ်၊ပစ္စည်းတစ်ခုထုတ်လုပ်ဖို့ အစအဆုံးဆိုရင် လေ့လာထားတဲ့ဘာသာရပ်တွေပေါင်းစပ် ထားကြ တယ်၊ဥပမာ ကုန်ပစ္စည်းတစ်ခုထုတ်ကြမယ်ဆိုပါစို့။ စက်ရုံတွေမှာ နယ်ပယ်စုံကကျွမ်းကျင်သူတွေကိုခေါ်ထည့်ထားရ တယ်မဟုတ် လား။ ဘယ်အပိုင်းက စက်ပိုင်းဆိုင်ရာကိုကြီးကြပ်၊ ဘယ်အပိုင်းက ဒီဇိုင်းအပိုင်း၊ အချိုးအစားရောထည့်ရမည့် အပိုင်းစသဖြင့်လူစုံ သက်စုံအောင်ပါပဲ။ ပေါင်းစပ်လုပ်ကိုင်ခြင်း integration ဆိုတဲ့၀ေါဟာရဟာလူတွေရဲ့တစ်နေ့တာမှာလည်း အကျုံး၀င်ပါတယ်။ integration ကိုပြောရရင်ကိုယ့်က တစ်ရက်တာမှာ အစီစဥ်လိုက်ကြီးသွားရတာ အဆင်မပြေရင်လုပ်လို့ ရတာက၊တစ်ရက်တာမှာ ကိုယ်က လေ့ကျင့်ခန်း မိနစ် ၃၀-၁နာရီခန့်လုပ်နေကြလူဆိုရင်လေ့ကျင့်ခန်းကို မနက် အချိန်ရရင် မနက်လုပ်လိုက်၊ (သို့) ညနေမှအချိန်ပိုရရင်ညနေလုပ်လိုက်လို့ရတယ်။ ဆိုတော့ ဒီလေ့ကျင့်ခန်းကြီးကမပျက်ကွက်သွားသလို၊ ကိုယ့်အနေနဲ့ အဆင်ပြေတဲ့ အချိန် အပိုင်းအခြားမှာထည့်သွင်းလိုက်ရလို့အရမ်းကြီး ၀န်မပိတော့ဘူး။ ကိုယ်ကမနက်  ၈နာရီ မှာလေ့ကျင့်ခန်းထလုပ်တဲ့အကျင့် ရှိတဲ့လူ က အကြောင်းအမျိုးမျိုးကြောင့် မနက်၈နာရီမှာ မလုပ်နိုင်တော့တဲ့အခါ ညနေမှာ အစားထိုးပြန်လုပ်လိုက်လို့ရတယ်။ ဆိုတော့မပျက်ကွက်ဘူး၊ အချိန်လေးတွေပဲ ဖြည့်စွက်ရွေ့လိုက်ကြလို့ ကိုယ့်အတွက် အပန်းမကြီးတော့ဘူးလို့ မြင်လို့ရတယ်။  လုပ်ငန်းခွင် ထဲမှာလည်းအကြာကြီးထိုင်နေမိမယ့်အစား ခဏတဖြုတ်ဟိုသွားဒီသွား ပြီးကိုယ်လက်အညောင်းအညာဖြေလို့ရပါတယ်။ ဒီနေရာမှ ဒါလုပ်လို့ရမယ်ဆိုတဲ့အတွေးကိုမတွေးထားသင့်ပါဘူး။ အားလုံးကဘက်ပေါင်းစုံပေါင်းစပ်ထားတာကိုမြင်နိုင်ပါတယ်။    

Episode metadata supplied by the publisher feed · Published Mar 9, 2026

Embed this episode

NOW PLAYING

Achieve Daily Success By Integration.

0:00 3:00

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of ဒီနေ့အတွက်စကား?

This episode is 3 minutes long.

When was this ဒီနေ့အတွက်စကား episode published?

This episode was published on March 9, 2026.

Can I download this ဒီနေ့အတွက်စကား episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!