EPISODE · Jan 20, 2025 · 3 MIN
အောင်လအန်ဆန်းကို အနိုင်ယူပြခဲ့ဖူးသူ ဒီရစ်ဒါ က UFC မှာ ဆက်တိုက် အစွမ်းပြနေပြီ
from Dawei Watch Podcast · host Dawei Watch
UFC 311 မှာ ဟော်လန်ဖိုက်တာ ရိုင်နီရာ ဒီရစ်ဒါကတော့ နှစ်ပွဲထိုး၊ နှစ်ပွဲနိုင် မှတ်တမ်းကို ရယူသွားခဲ့ပါပြီ။ ONE ကနေ UFC ဆီကို ကူးပြောင်းလာခဲ့ပြီးတဲ့နောက် ပုံစံကောင်းကို ထုတ်ဖော်ပြသနိုင်လို့ ဒီရစ်ဒါ က မှတ်ချက်ကောင်းတွေကို ရရှိနေပြီလည်းဖြစ်ပါတယ်။ ONE မှာတုန်းက အောင်လအန်ဆန်းကို အနိုင်ယူပြခဲ့ဖူးတဲ့ ဒီရစ်ဒါ ဟာ UFC ဘက်ကို ကူးပြောင်းလာခဲ့ပြီးတဲ့နောက် ပထမဆုံးပွဲမှာ အောင်လအန်ဆန်းရဲ့သူငယ်ချင်းကို အနိုင်ယူပြခဲ့တာပါ။ အခုပွဲစဉ်မှာတော့ အောင်လအန်ဆန်းနဲ့အတူတကွလေ့ကျင့်ပြီး ဒီရစ်ဒါက အနိုင်ယူပြသွားခဲ့တာဖြစ်ပါတယ်။ UFC 311 မှာ ပြိုင်ဘက်ဖြစ်တဲ့ ကီဗင်ဟော်လန်ကို ပထမပွဲချီမှာတင် လည်ပင်းချုပ်ကွက်နဲ့ အနိုင်ယူပြပြီး ဘောနပ်စ်ဆုကိုလည်း ဒီရစ်ဒါက ရရှိသွားခဲ့ပါပြီ။ နောက်ပွဲကိုရောက်ရင် သူ့ကို Top 5 စာရင်းဝင်ဖိုက်တာတွေထဲက တစ်ယောက်လောက်နဲ့ ပွဲတည်ပေးဖို့အကြောင်းလည်း ဒီရစ်ဒါက တောင်းဆိုသွားခဲ့ပါသေးတယ်။
Embed this episode
Ready to play
အောင်လအန်ဆန်းကို အနိုင်ယူပြခဲ့ဖူးသူ ဒီရစ်ဒါ က UFC မှာ ဆက်တိုက် အစွမ်းပြနေပြီ
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.