EPISODE · Jul 18, 2026 · 3 MIN
After Reading A Book, Review It.
from ဒီနေ့အတွက်စကား · host Padamyar FM
ဘဝတိုးတက်ချင်လို့ဆိုပြီး တချို့လူငယ်တွေ တက်ကျမ်းချည်း တစ်ချိန်လုံး လှိမ့်ဖတ်တာတွေ မြင်ဖူးတယ်။ အဲလို တက်ကျမ်း ကြိုက် လူငယ်တွေပဲ ဒီလို ပြောကြပြန်ရော၊ အဲဒါတွေ ဖတ်ပြီး ဘာမှ မတိုးတက်ဘူး တဲ့။ တော်တော်များများ သိထားကြတာ က စာဖတ်တာ ကောင်းတယ်၊ စာဖတ်ရင်တိုးတက်တယ်။ စာဖတ်ရင် ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်တိုးတက်လာ၊ ချမ်းသာကြွယ်ဝ လာမယ်။ ထိုနည်းတူ တိုးတက်နေကြတဲ့ လူတွေကလဲပဲ စာအုပ်တွေ အရမ်းဖတ်ကြတာပေါ့။ ဒါပေမဲ့ တကယ့်တကယ် စာတွေ ဖတ်ပြီး မတိုးတက်တဲ့လူတွေ တွေ့တဲ့အခါမှာစဉ်းစားစရာတစ်ခုက စာဖတ်တာ မှားနေလား၊ စာအုပ်နဲ့အချိန်ကုန်နေတာကပဲ မှားနေတာလားပေါ့။ သေသေချာချာ တွေးကြည့်လိုက်ရင်စာအုပ်ဖတ်တာ မမှားဘူး၊ဖတ်ပုံ ဖတ်နည်း မှားနေတာပဲဖြစ်နိုင်တယ်။ တချို့ တက်ကျမ်းတွေ ဆို မဖြစ်နိုင်တာကို အတင်းညှစ်ထုတ်ပြီး ရေးထားတာတွေ။ စဖတ်ချင်း မိုးပေါ်ဒူးနဲ့ တက်ဆောင့်ချင်အောင် မဟာဗန္ဓုလလို သူရဲကောင်းဖြစ်ချင်လာအောင် လောကကို အောင်နိုင်တဲ့ ဘုရားသခင်လိုလို ဖြစ်လာအောင် ဆွပေးတယ်၊ တကယ့် လက်တွေ့ကျ ဘာမှ မဟုတ်နေဘူး။ နောက်ပြီး ဘယ်စာအုပ်က ကိုယ်နဲ့အပ်စပ်တယ်၊ လိုက်ဖက်တယ်ဆိုတာကို ကောင်းကောင်း ကြီး သိထားဖို့ လိုတယ်။ တွေ့ရာ ကောက်ဖတ်နေဖို့ မလိုဘူး။
Embed this episode
NOW PLAYING
After Reading A Book, Review It.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.