EPISODE · Dec 14, 2025 · 3 MIN
After setting goals, you need to work towards them and win.
from ဒီနေ့အတွက်စကား · host Padamyar FM
ကျွန်တော်တို့ရဲ့စိတ်တွေ၊ အတွေးတွေကကောင်းတဲ့အရာထက် မကောင်းတဲ့ အရာတွေကို ပိုပြီး အလေးပေးမိကြတယ် မဟုတ်ပါ လား။ထို့အတူပါပဲ၊ ကိုယ်ကိုယ်တိုင်နဲ့ ပတ်သတ်ပြီး အပြုသဘောဆောင်တဲ့ အတွေးတွေထက် အဆိုးမြင်တဲ့အတွေးတွေ တွေးမိ တတ်ကြပါတယ်။ အပျက်သဘောဆောင်တဲ့ အတွေးတွေနဲ့ အဆိုးမြင်စိတ်တွေက မိတ်ဆွေတို့အတွက် ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု၊ တန်ဖိုးထားမှုတွေကို လျော့ကျစေနိုင်ပါတယ်။ နားဆင်သူတို့အနေနဲ့ “ငါမအောင်မြင်နိုင်ဘူး”“ငါ သူ့လိုလုပ်နိုင်ပါ့မလား” ဆိုတဲ့ အပျက်သဘောဆောင်တဲ့အတွေးတွေ၊ကိုယ့်ကိုယ်ကို အဆိုးမြင်စိတ်တွေ နေရာမှာ “ငါလည်းကြိုးစားရင် ဖြစ်တာပဲ”“ငါလည်း အောင်မြင်အောင် လုပ်နိုင်တယ်” စတဲ့ အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ အစားထိုးလိုက်ပါ။ ရည်မှန်းချက် ပန်းတိုင် တွေဆီသွားမယ့်လမ်းကြောင်း ဖြောင့်တန်းစေဖို့ အဆိုးမြင်စိတ်တွေကို လွှတ်ချခဲ့ဖို့လိုပါတယ်။ ကိုယ့်အနေနဲ့ ရည်မှန်းချက် ပန်းတိုင်ကိုလည်း ရှင်းရှင်းသိပြီ။သွားလည်းသွားနေပြီဆိုရင် မလွဲမသွေကြုံရမယ့် အခက်အခဲတွေ စိန်ခေါ်မှုတွေဆို ရှိပါသေးတယ်။
Embed this episode
NOW PLAYING
After setting goals, you need to work towards them and win.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.