EPISODE · Jun 7, 2024 · 4 MIN
အိမ်ရှင် ဂျာမနီအတွက် လွယ်လွန်းနေတဲ့ အုပ်စု(က)
from Dawei Watch Podcast · host Dawei Watch
လေးနှစ်ကြာမှ တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကြီးရဲ့အုပ်စု(က)မှာ အိမ်ရှင် ဂျာမနီ၊ စကော့တလန်၊ ဟန်ဂေရီနဲ့ ဆွစ်ဇာလန်တို့ တစ်အုပ်စုတည်း ကျရောက်လို့ နေပါတယ်။ အိမ်ရှင် ဂျာမနီ ဟာ ခြေစစ်ပွဲ ဝင်စရာ မလိုခဲ့ပေမယ့် ခြေစမ်းပွဲ ကစားခဲ့တဲ့ ရလဒ်တွေအရတော့ အားရစရာ မဖြစ်ခဲ့ပါဘူး။ ဒါကြောင့်လည်း နည်းပြ ဟန်ဆီဖလစ်ခ်ကို ရာထူးက ဖယ်ရှားပြီး နာဂျယ်လ်မန်းစ် ကို အစားထိုးတဲ့အထိ ဖြစ်သွားခဲ့တာပါ။ နာဂျယ်လ်မန်းစ် ဟာ လူငယ်နည်းပြတစ်ယောက်ဖြစ်သလို လူငယ်ကစားသမားတွေကို ပိုပြီး နေရာပေးတတ်လေ့ ရှိပါတယ်။ ဝါရင့်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေအကြားမှာ ဟန်ချက်ညီတဲ့ ကစားဟန်တစ်ခုကို နာဂျယ်လ်မန်းစ် တည်ဆောက်ပြနိုင်မှပဲ ဂျာမနီက ကိုယ့်မြေ ကိုယ့်ပရိသတ်ရှေ့မှောက်မှာ မျက်နှာပန်းလှနိုင်ပါလိမ့်မယ်။ အုပ်စုကတော့ ဂျာမနီကို အုပ်စုဗိုလ်ဖြစ်အောင် ဖန်တီးပေးထားတဲ့အုပ်စုပါပဲ။ အုပ်စုတွင်း ပြိုင်ဘက်တွေထဲမှာ ဂျာမနီကို အခက်တွေ့အောင် လုပ်နိုင်လောက်တာက ဆွစ်ဇာလန် ပဲ ရှိပါတယ်။ စကော့တလန်နဲ့ ဟန်ဂေရီတို့ကတော့ အိမ်ဖြည့်အသင်းတွေပါ။ ပြိုင်ပွဲကြီးတွေမှာ ဒီနှစ်သင်းက သိပ်မစွံလှပါဘူး။ အုပ်စုရေးဆွဲထားမှုအရ ဂျာမနီဟာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်ဆီ တက်လှမ်းလိမ့်မယ်လို့ ယူဆမိပါတယ်။ ဆွစ်ဇာလန်နဲ့ စကော့တလန်တို့က အုပ်စုဒုတိယနဲ့ အကောင်းဆုံး အုပ်စုတတိယနေရာရယူဖို့ အားပြိုင်ကြမှာပါ။
Embed this episode
Ready to play
အိမ်ရှင် ဂျာမနီအတွက် လွယ်လွန်းနေတဲ့ အုပ်စု(က)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.