Always Evaluate Your Self, Progress Slowly And Steadily, Never Fear.
from ဒီနေ့အတွက်စကား Hosted by Padamyar FM
လူတိုင်းမှာ ဖြစ်ချင်တဲ့ စိတ်ကူးအိမ်မက်တွေရှိပေမဲ့ လူတိုင်းတော့ ၎င်းတို့ရဲ့ စိတ်ကူး အိမ်မက်တွေကို အောင်မြင်အောင် မစွမ်း ဆောင်နိုင်ကြပါဘူး။အိမ်မက်တွေက လက်တွေ့ဖြစ်မလာဘဲ အိမ်မက်တွေ အဖြစ်နဲ့သာ ပြီးဆုံးသွားကြပါတယ်။ ဒီလိုအောင်မြင်မှု ဆီကိုမတက်လှမ်းနိုင်တဲ့ အကြောင်းပြချက်တွေကတော့ မိမိကိုယ်ကိုယ်သံသယဖြစ်ခြင်း၊ စိတ်အားထက်သန်မှုမရှိခြင်း၊ လမ်းညွှန် မှုမရှိခြင်း သို့မဟုတ်မိမိတို့ကိုယ်တိုင် လိုချင်သည့်အရာကိုပင် မသိခြင်းဖြစ် စတာတွေ ဖြစ်နိုင်ပါတယ်။ဒါပေမဲ့လည်း အိမ်မက် စိတ်ကူးတွေကနေ အောင်မြင်မှုဆိုတဲ့ကြယ်ကို အရယူချင်တဲ့သူတွေအများကြီး ရှိနိုင်ပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပါ။ ဘဝ မှာအောင်မြင်မှု ရချင်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့လည်း အရေးကြီးပါ တယ်။ကိုယ်လျှောက်နေတဲ့ လမ်းဟာမှန်ရဲ့လား။ ကိုယ်ရဲ့ လိုအပ်ချက်တွေက ဘာပါလဲ။ဘယ်လိုနည်းလမ်းက ကိုယ့်အတွက် ပိုပြီး အကျိုးရှိစေမလဲ စသည်ဖြင့် အမြဲသုံးသပ်ဖို့လိုပါတယ်။ လိုအပ်သေးလျှင် ထပ်ကြိုးစားပါ။ မှားနေလျှင် အချိန်မှီပြုပြင်ပါ။ မိမိ ကိုယ်တိုင်ထက်ဘယ်သူမှ ပိုမသိနိုင်ပါဘူး။
Embed this episode
No transcript yet.