EPISODE · May 21, 2026 · 3 MIN
Always Keep Work-Life Balance.
from ဒီနေ့အတွက်စကား · host Padamyar FM
လုပ်ငန်းခွင်ဝင်နေရတဲ့ ဝန်ထမ်းတိုင်းမှာ ရာထူးကြီးငယ်အလိုက် ဖိအားနဲ့ စိတ်ဖိစီးမှုတွေဟာ အမြဲတမ်း ရှိကြစမြဲပါ။စိတ်ဖိစီးမှု တွေကို ကောင်းစွာထိန်းညှိ ကိုင်တွယ်နိုင်ခြင်းမရှိရင် ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ အပါ အဝင် ခန္ဓာကိုယ်ရဲ့အလုံးစုံကျန်းမာ ရေးကို ထိခိုက်လာစေနိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ လုပ်ငန်းစွမ်း ဆောင်ရည်ကျဆင်းလာတဲ့အထိ ဘေးထွက် ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ အလုပ်တာဝန်တွေကိုသေချာစီမံခန့်ခွဲပါ။ လုပ်ငန်းတာဝန်တွေအပေါ် ကောင်းကောင်းသေချာစီမံခန့်ခွဲမှုရှိမယ်ဆိုရင် လုပ်ငန်းခွင် ဆိုင်ရာ အခက်အခဲနဲ့ပြဿနာတွေကို ကျော်လွှားနိုင်ပြီး ဖိအားတွေ လျော့ပါးသက်သာလာတာကို ခံစား ရစေမှာပါ။ဒါကြောင့် တစ်နေ့တာ လုပ်ဆောင်ရမယ့် အလုပ်တာဝန်တွေကို စနစ်တကျ စီမံခန့်ခွဲပါ။စိန်ခေါ်မှုများတဲ့ အလုပ်တွေ ၊ အခက်ခဲဆုံးအပိုင်း တွေကိုဦးစားပေးလုပ်ပါ။ လုပ်စရာအလုပ်တာဝန်တွေကို စာရင်းတစ်ခုရေးဆွဲပြီး တစ်ပိုင်းစီကိုတစ်ခုချင်းဖြတ်သွားမယ်ဆိုရင် အလုပ်ပိုတွင်သလို အလုပ်ပြီးမြောက်မှုလည်း မြန်ဆန်ပြီးစိတ်ဖိစီးမှု တွေ နည်းလာစေမှာပဲ ဖြစ်ပါတယ်။
Embed this episode
NOW PLAYING
Always Keep Work-Life Balance.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.