Always Remember Our Life Is Oneness.
from ဒီနေ့အတွက်စကား Hosted by Padamyar FM
ဘ၀မှာ သမမျှတစွာနေထိုင်နိုင်ဖို့နဲ့အဓိပ္ပါယ်ရှိစွာနေထိုင်ဖို့ ဆိုရင် ကျွန်တော်တို့လူသားတွေဟာ လုပ်စရာရှိတာတွေနဲ့လုပ်သင့် လုပ်ထိုက်တဲ့အရာတွေကို လုပ်သွားကြရမှာဖြစ်ပါတယ်။ မိမိတို့ကဘဲတစ်ဖက်သတ်ပေးနေတာမျိုး၊ တစ်ဖက်သတ်ကြီး ယူနေ တာမျိုးမဟုတ်ပဲ အပေးအယူ၊ အပြန်အလှန်နဲ့ကိုယ့်တာ၀န်၊ သူ့တာ၀န်တွေကို ကျရာ နေရာကနေယူခဲ့မယ်ဆိုရင် ကမ္ဘာကြီးဟာ လည်းသာယာလှပါလာနိုင်မှာ အသေအချာပါပဲမဟုတ်လား။ မိမိတို့ဘ၀မှာ လူဖြစ်လာတဲ့အခါဆာလောင်မှုတွေပါလာကြပါတယ်။ဘာကိုအငမ်းမရဆာလောင်မှု ရှိနေတာ လဲ? အိပ်ဖို့နဲ့စားဖို့သောက်ဖို့ချည်းမဟုတ်ပဲရရှိပိုင်ဆိုင်ထားတဲ့ဘ၀အတွင်းမှာကိုယ်ဖြစ်ချင်ရချင်တဲ့အရာတွေ၊တောင်းတ ချင်တဲ့အရာတွေ အပေါ်မှာ ရရှိဖို့ဆိုရင် ငတ်မွတ်မှုရှိနေရပါမယ်။ ဒီတော့မှအနောက်ကနေလုပ်ချင်ကိုင်ချင်တဲ့ စိတ်တွေ ပေါ်လာမှာဖြစ်ပါတယ်။ လိုချင်စိတ်မရှိရင်ဘယ်လိုပဲ အခွင့်အရေးကောင်းတွေဘေးမှာရှိလင့်ကစား မယူဖြစ်ပါဘူး။ဒီတော့နောက်တစ်ဆင့်တက်ချင်ရင် အငမ်းမရတဲ့စိတ်ထားပါ။ ကိုယ့်အတွက်တိုးတက်ချင်တဲ့အရာတွေကို ဆာလောင်မှုရှိစွာနဲ့လုပ်ပါ။
Embed this episode
No transcript yet.