EPISODE · Jul 4, 2026 · 3 MIN
Always Separate Work And Personal Life.
from ဒီနေ့အတွက်စကား · host Padamyar FM
လုပ်ငန်းခွင်မှာအလုပ်လုပ်ကိုင်တဲ့အခါ အရေးအကြီးဆုံး အချက်ကတော့ အလုပ် နဲ့ ကိုယ်ရေး ကိုယ်တာခွဲခြားထားခြင်းပဲ ဖြစ်ပါ တယ်။ အလုပ် နဲ့ ကိုယ်ရေး ကိုယ်တာကို မခွဲခြားထားတဲ့အခါစိတ်ဖိစီးမှုများလာမယ်၊ မိမိရဲ့ စွမ်းဆောင်ရည် ကျလာမယ်၊ မနိုင်ဝန် ထမ်းနေရမယ်။မိမိရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ပဲဖြစ်ဖြစ်၊ အထက်လူကြီးနဲ့ပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးအရခင်မင်မှုရှိတဲ့အတွက်ကြောင့် ကိုယ့်ဘက်က အားနာနေရင် ကိုယ်ပဲ ခံစားသွားရပါလိမ့်မယ်။ လုပ်ငန်းခွင်မှာ စည်းတစ်ခု ခြားထားဖို့ လိုအပ်ပါတယ်။စည်းချထားတဲ့အခါသုံးမျိုးသုံးစား ခွဲခြားထားနိုင်ပါတယ်။ ရုပ်ပိုင်း ဆိုင်ရာ အရ စည်းတားထားခြင်း၊စိတ်ခံစားချက်အရ စည်းတားထားခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအရ စည်းတား ထားခြင်းတို့ပဲ ဖြစ်ပါတယ်။အပြင်ပိုင်းမြင်သာတဲ့ပုံစံနဲ့ စည်းတားထားချင်တယ်ဆိုရင် အခုလို လုပ်နိုင်ပါတယ်။ ကိုယ်အလုပ်ရှုပ်နေကြောင်း၊ ကိုယ့်ကို စကား လာမပြောစေချင်တဲ့အခါ နားကြပ်တပ်ထားပြီးအလုပ်လုပ်တာမျိုး၊ နေ့လည်စာ ထမင်းစားတဲ့အခါ အမြဲတမ်း အတူတူ သွားမစား ဘဲ တစ်ယောက်တည်းသွားစားတာမျိုး၊ ကိုယ့်ဆီက ပစ္စည်းတစ်ခုခု ချေးငှား မယ်ဆိုရင် အချိန်အကန့် အသတ်တစ်ခု ခြားထား ခြင်း၊လူတစ်ယောက်ကို ဖက်တာထက်စာရင် လက်ဆွဲနှုတ်ဆက်ခြင်း ကို ဦးစားပေးခြင်း ဒါတွေကို လုပ်ဆောင်နိုင်ပါတယ်။
Embed this episode
NOW PLAYING
Always Separate Work And Personal Life.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.