EPISODE · Aug 22, 2024 · 3 MIN
အင်္ဂလန်ချန်ပီယံရှစ်မှာ ခြေချခွင့်ရတဲ့အထိ အောင်မြင်သွားတဲ့ ပထမဆုံး အင်ဒိုနီးရှားဘောလုံးသမား
from Dawei Watch Podcast · host Dawei Watch
မြန်မာနဲ့ပြိုင်ဘက်တွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား တို့ကတော့ ဘောလုံးဘက်မှာ တိုးတက်သထက် တိုးတက်လာခဲ့ပါပြီ။ အင်ဒိုနီးရှားဆိုရင်လည်း ဥရောပဘောလုံးလောကမှာ ခြေချခွင့်ရရှိတဲ့ကစားသမား ရှိလာခဲ့ပြီဖြစ်လို့ ဒါဟာ လမ်းသစ်တစ်ခု ပွင့်သွားတာလို့ ပြောနိုင်ပါတယ်။ အာရှရဲ့ထိပ်တန်းလိဂ်တွေမှာတောင် အရှေ့တောင်အာရှကစားသမားတွေ နေရာတစ်ခုရနိုင်ဖို့ မလွယ်ကူသေးချိန်မှာ ဥရောပလိဂ်တွေက မျက်စိကျပြီး ခေါ်ယူသွားတယ်ဆိုရင် ဒီကစားသမားရဲ့အရည်အသွေးကို တွက်ဆနိုင်ပါပြီ။ အင်ဒိုနီးရှားဘောလုံးသမားတွေထဲကနေပြီး အင်္ဂလန်ချန်ပီယံရှစ်မှာ ကစားခွင့်ရဖို့ ကံထူးသွားခဲ့သူက မာဆီလီနို ဖာဒီနန် ပါပဲ။ မာဆီလီနို ဖာဒီနန် ဟာ အသက် ၁၉ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ “မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့”ဆိုတဲ့စကားဟာ စကားအဖြစ် ပြောရုံ၊ ဆိုင်းဘုတ်မှာ ရေးပြီး ဆိုင်းဘုတ်ထောင်ထားရုံနဲ့ အကောင်အထည် ပေါ်မလာနိုင်ပါဘူး။ တကယ်လုပ်ရင် အဟုတ်ဖြစ်တယ်ဆိုတဲ့စိတ်နဲ့ မဆုတ်မနစ် ကြိုးစားမှပဲ အခုလို အရာထင်ထင် ဖြစ်လာနိုင်တာပါ။ မြန်မာဟာ အခုဆိုရင် ဖိလစ်ပိုင်ကိုတောင် အသည်းအသန် ကစားလို့နေရပါပြီ။ ဒီအတိုင်းဆိုရင် သိပ်မကြာခင်မှာပဲ အင်ဒိုနီးရှားနဲ့လည်း ဘောလုံးအဆင့်အတန်း ကွာဟမှုတွေ ဖြစ်လာတော့မှာပါ။
Embed this episode
Ready to play
အင်္ဂလန်ချန်ပီယံရှစ်မှာ ခြေချခွင့်ရတဲ့အထိ အောင်မြင်သွားတဲ့ ပထမဆုံး အင်ဒိုနီးရှားဘောလုံးသမား
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.