EPISODE · Oct 26, 2025 · 3 MIN
Anyone can become a future millionaire if they invest some time and effort in a methodical manner.
from ဒီနေ့အတွက်စကား · host Padamyar FM
ဒီကမ္ဘာပေါ်မှာလူတိုင်းကချမ်းသာချင်ကြတာချည်းပါပဲ။သို့သော်လည်းအကြောင်းအမျိုးမျိုးကြောင့် ချမ်းသာကြွယ်ဝခြင်းကို လူတိုင်း မပိုင်ဆိုင်နိုင်ကြပါဘူး။ဒါပေမဲ့အနာဂတ်မှာချမ်းသာကြွယ်ဖို့ဆိုတာမဖြစ်နိုင်တဲ့အိပ်မက်တစ်ခုတော့မဟုတ်ပါဘူး။ ကြိုးစားအားထုတ် မှုနဲ့ နည်းစနစ်တကျနဲ့ အချိန်တစ်ခု ရင်းနှီးမြှပ်နှံလိုက်ရင် နားဆင်သူတွေလည်း အနာဂတ် သူဌေးလောင်း တွေ ဖြစ်လာနိုင်ပါတယ်။ ငွေကို စောစောစုပါ။ ချွေတာစုဆောင်း သူဌေးလောင်းဆိုတာ ကြားဖူးကြတယ်မဟုတ်ပါလား။ ဒါကြောင့်အနာဂတ်မှာသူဌေးလောင်း ဖြစ်ချင်ရင် ငွေကြေးကို ချွေတာပြီး စုဆောင်းရပါမယ်။ အရှေ့ကဘဝတစ်လျှောက်လုံး မစုဆောင်းခဲ့မိဘူးဆိုရင်တောင် အခု အချိန်က စပြီး အနည်းငယ်သော ပမာဏကနေ စတင်စုဆောင်းပါ။ ငွေကြေးကို စုဆောင်း တဲ့နေရာမှာ လစဉ်ဝင်ငွေထဲက မဖြစ်မနေ သုံးစွဲဖို့ လိုအပ်တဲ့ ငွေကြေး ပမာဏတစ်ခုကို ဖယ်ပြီးတာနဲ့ တန်းပြီး စုပါ။လစဉ်ဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်းကိုဖြစ်စေ ၊ ပမာဏတစ်ခုကို ဖြစ် စေ စုပါ။ ပြီးမှသာကျန်ငွေထဲက သုံးစွဲပါ။ လစဉ်ဝင်ငွေကို အရင်စုဖို့မဖယ်ပဲ ပိုလျှံမှစုမယ်ဆိုတာမျိုး မလုပ် ပါနဲ့။ လူ့သဘာဝအရ ကုန်အောင်သုံးမိတတ်လို့ပါ။ ထို့အပြင် စုငွေကိုကြိုတင် မဖယ်ထားတဲ့အတွက် လကုန်တဲ့အခါမှာ စုချင်တဲ့ ငွေကြေးပမာဏအတိုင်း စုမိဖို့ မလွယ်တော့ပါဘူး။ ဒါကြောင့်တတ်နိုင်သလောက် ကိုယ်ပိုင်ဝင်ငွေရှိတဲ့ အချိန်ကစပြီး ငွေကို စနစ်တကျနဲ့စောစောစုဖို့ လိုပါ တယ်။
Embed this episode
NOW PLAYING
Anyone can become a future millionaire if they invest some time and effort in a methodical manner.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.